“မိန်းမ”ပုံပြင်

တစ်ခါတုန်းက ဘုရားသခင်ဟာ လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘု ရားသခင်အား “ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ”ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရား သခင် က “ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့လား”ဟုမေးလိုက်လေ၏ ။နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး..”ဒီလက်နှစ်ချောင်းနဲ့သူမဟာ အဝတ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ဒီရွေ့လုပ်နိုင်တယ် ။ အစားအသောက်မျိူးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် “ဟု ဖန် တီးနေရင်းမှ ရှင်းပြသည် ။ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။”လက်နှစ်ဖက်ထဲနဲ့အဲ့ဒါတွေ အကုန်လုံးလုပ်လို့ရတယ်…မဖြစ်နိုင်တာ” ဟုပြောပြီးခေါင်းခါနေပြန်၏ ။ထို့နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး..”ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား” ဟုထပ်မေးပြန်၏ ။”ဒီနေ့တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ရလိမ့်မယ်”ဘုရားသခင်က ဆက်ပြောပြန်၏ ။”ဒီနေ့မှာတော့ လူသားမိန်းမရဲ့ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ “”နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့တိုးသွား၏ ။ ထို့နောက် လူသားမိန်းမ ကို တို့ထိကြည့်လိုက်၏ ။”နူးညံ့လွန်းလှချည်လား””ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အ ခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်””သူမကတွေးတတ်လား”ဟုနတ်သမီးကမေးလိုက်ပြန်ပါ သည် ။”တွေးတတ်ယုံတင်မကပါဘူး ။ ကျိူးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်” နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏”ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့သူမမှာ ဝန်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး””ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ခေါ်ပါတယ်” “ဘာအတွက်လဲ””သူမရဲ့ဘဝမှာ ဝမ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာ ကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ”ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။”သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။

သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်”ဟုဆိုလိုက်သည် ။ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။”ဟုတ်တယ်.. လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ဒုက္ခတွေနဲ့ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်””သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့မှုတွေတွေ့ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်””အဲ့ဒီလောက်တောင်ပဲလား””ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွံ့တဲ့ အချိန်မှာလည်း သီချင်းဆိုတယ် “”အို””သူ့မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့မိသားစုအတွက် အခရာလို့ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့အပေါ်မှာတည်မှီနေတယ်လို့ ယူဆထားတတ်တဲ့ လူသားတစ်မျိူးပါ ။ သူမရဲ့နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး””သူမရဲ့သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်”နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။”သူမရဲ့ နှလုံးသားဟာ ဆွေမျိူးမိသားစုထဲက တစ် ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .. သူမဟာ ထိုကြေကွဲမှုတွေကို ဘဝရဲ့ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်””အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်” “ဒါပေမဲ့ သူမမှာ ချိူ့ယွင်းချက်တစ်ခုတော့ ရှိတယ်””ဘယ်လို”နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏”ချိူ့ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ပြောတာပါ” “ဘာချိူ့ယွင်းချက်လဲ””သူမဟာ သူမရဲ့အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်””ဟင်””နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်”ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်တော့တယ်။သင်ခန်းစာ – လုပ်နိုင်စွမ်းတွေကို အရင်မြင်အောင် ကြည့်ပါ။ လက်တွေ့မှာ လောကကြီးက ပြောသလောက်မလွယ်ကူနိုင်ပါဘူး။ အဲ့လောကကြီးမှာ ရပ်တည်ဖို့ အမှန်တစ်ကယ် လိုအပ်တာ အခြားသူတွေ အခြားအရာတွေ မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ လုပ်နိုင်စွမ်းရည်တွေပါပဲ။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ အရည် အချင်းတွေ လုပ်နိုင်စွမ်းအားတွေကို ဘယ်တော့မှ မမေ့ပါနဲ့..။

Credit – original

[zawgyi]

တစ္ခါတုန္းက ဘုရားသခင္ဟာ လူသားမိန္းမအား ဖန္ဆင္းေနစဥ္အတြင္း ၆ ရက္ေျမာက္ေန႔တြင္ နတ္သမီးတစ္ပါးေရာက္လာၿပီး ဘု ရားသခင္အား “ဒီတစ္ခုေလးကို ဘာေၾကာင့္ အခ်ိန္အမ်ားႀကီး ယူၿပီး ဖန္ဆင္းေနရတာလဲ”ဟု အျပစ္တင္စကားဆိုေလ၏ ။ ထိုအခါ ဘုရား သခင္ က “ဖန္တီးေနတဲ့လူသားမိန္းမရဲ႕ အစိတ္အပိုင္းေတြကိုေတြ႕လား”ဟုေမးလိုက္ေလ၏ ။နတ္သမီးက ဖန္တီးလက္စ လူသားမိန္းမကို ေသခ်ာၾကည့္ေန၏ ။ဘုရားသခင္ကဆက္ေျပာျပသည္ ။ ဘုရားသခင္သည္ သူဖန္တီးၿပီးျဖစ္ေသာ လူသားမိန္းမ ၏ လက္ႏွစ္ေခ်ာင္း အားၫႊန္ျပလိုက္ၿပီး..”ဒီလက္ႏွစ္ေခ်ာင္းနဲ႔သူမဟာ အဝတ္ေလွ်ာ္ႏိုင္ေအာင္ လုပ္ထားတယ္ ။ အိမ္ကပစၥည္း ၂၀၀ ေလာက္ကိုလည္း ဟိုေ႐ႊ႕ဒီေ႐ြ႕လုပ္ႏိုင္တယ္ ။ အစားအေသာက္မ်ိဴးစုံကိုလည္း ခ်က္ျပဳတ္ျပင္ဆင္ေပးႏိုင္တယ္ ။ ဒါ့အျပင္ ကေလးငယ္ေတြကို တစ္ႀကိမ္တည္းမွာ ခ်ီမျပဳစုႏိုင္တယ္ ။ ေနာက္ၿပီး ဒူးနာေနတာကေနစၿပီး အသည္းကြဲေနတာအထိ သူမက ေပ်ာက္ကင္းေအာင္ စြမ္းေဆာင္ေပးႏိုင္တယ္ “ဟု ဖန္ တီးေနရင္းမွ ရွင္းျပသည္ ။ဘုရားသခင္၏စကားေၾကာင့္ နတ္သမီးမွာ လူသားမိန္းမကို အထင္ႀကီးေလးစားသြား၏ ။”လက္ႏွစ္ဖက္ထဲနဲ႔အဲ့ဒါေတြ အကုန္လုံးလုပ္လို႔ရတယ္…မျဖစ္ႏိုင္တာ” ဟုေျပာၿပီးေခါင္းခါေနျပန္၏ ။ထို႔ေနာက္ ဘုရားသခင္အားတစ္ခ်က္ၾကည့္လိုက္ၿပီး..”ဒါဟာလူသားမိန္းမ ျဖစ္ေပၚရမဲ့ ပုံစံ အျပည့္အစုံပဲလား” ဟုထပ္ေမးျပန္၏ ။”ဒီေန႔ေတာ့ သူမကို ဖန္တီးရတာေတြအရမ္းမ်ားေနၿပီ ..မနက္ျဖန္ကို တစ္ခ်က္ၾကည့္ပါဦး ၊ အဲ့ဒီအခါက်ရင္ ၿပီးျပည့္စုံတဲ့ လူသားမိန္းမပုံစံကိုေတြ႕ရလိမ့္မယ္”ဘုရားသခင္က ဆက္ေျပာျပန္၏ ။”ဒီေန႔မွာေတာ့ လူသားမိန္းမရဲ႕ပုံစံဟာ ၿပီးသင့္သေလာက္ေတာ့ၿပီးေနပါၿပီ ။ ဖန္ဆင္းခဲ့သမွ်ထဲမွာ လူသားမိန္းမကို ဖန္ဆင္းရတာ အႀကိဳက္ႏွစ္သက္ဆုံးပါပဲ “”နာမက်န္းျဖစ္တဲ့အခါေတြဆိုရင္ သူမဟာ သူမဘာသာ သူမ ျပဳစုေစာင့္ေရွာက္တတ္တယ္ ။ ၿပီးေတာ့ တစ္ေန႔မွာ ၁၈ နာရီေလာက္ အလုပ္လုပ္ႏိုင္တယ္ ။နတ္သမီးသည္ ဘုရားသခင္ စကားကို နားေထာင္ေနရင္း မွ လူသားမိန္းမ အနီသို႔တိုးသြား၏ ။ ထို႔ေနာက္ လူသားမိန္းမ ကို တို႔ထိၾကည့္လိုက္၏ ။”ႏူးညံ့လြန္းလွခ်ည္လား””ဟုတ္တယ္ ႏူးညံ့တယ္ ။ ဒါေပမဲ့ စိတ္ဓာတ္ သန္မာေအာင္ေတာ့ ဖန္တီးထားတယ္ ။ အ ခက္အခဲေတြ ၊ အတားအဆီးေတြကိုလည္း ေက်ာ္လႊားႏိုင္ေအာင္ ဖန္တီးထားတယ္””သူမကေတြးတတ္လား”ဟုနတ္သမီးကေမးလိုက္ျပန္ပါ သည္ ။”ေတြးတတ္ယုံတင္မကပါဘူး ။ က်ိဴးေၾကာင္းဆီေလ်ာ္ေအာင္စဥ္းစားႏိုင္ၿပီး ညႇိႏႈိင္းမႈေတြကိုလည္း လုပ္တတ္ေသးတယ္” နတ္သမီးသည္ ဘုရားသခင္ဖန္တီးလက္စ လူသားမိန္းမ၏ ပါးျပင္ကို ထိလိုက္ျပန္၏”ဟင္..ဒီမွာ အေရေတြ စိမ့္က်ေနပါလား ။ ဖန္ဆင္းထားတာေတြမ်ားလြန္းလို႔သူမမွာ ဝန္တုတ္ဝန္ပိုး ျဖစ္ေနၿပီလား မသိဘူး””ဒါဟာ အရည္ေတြစိမ့္က်တာမဟုတ္ပါဘူး ။ အဲ့ဒါကို မ်က္ရည္လို႔ေခၚပါတယ္” “ဘာအတြက္လဲ””သူမရဲ႕ဘဝမွာ ဝမ္းနည္းမႈေတြ ၊ ေၾကကြဲမႈေတြ ၊ အမုန္းတရားေတြ ၊ ခ်စ္ျခင္းေတြ ၊ အထီးက်န္ဆန္မႈေတြ ၊ ၿပီးေတာ့ နာ က်င္မႈေတြ ၊ ဂုဏ္ယူမႈေတြ စတဲ့ စိတ္ခံစားမႈေတြကို ေဖာ္ျပဖို႔အတြက္ပါ”ထိုအခါ နတ္သမီးသည္ လူသားမိန္းမအတြက္ မ်က္ရည္ဖန္တီးမႈကို လြန္စြာ အထင္ႀကီးသြားေလ၏ ။”သင္ဟာ ႀကီးက်ယ္ျမင့္ျမတ္လွေပတယ္ ။ အရာရာ အားလုံးကိုလည္း စစ္စစ္ေပါက္ေပါက္ေတြးေတာႏိုင္ေပတယ္ ။သင္အခု ဖန္တီးထားေသာ လူသားမိန္းမကလည္း ကမာၻေလာကႀကီးအတြက္ ထူးျခားၿပီး အလိုအပ္ဆုံး ျဖစ္လာပါလိမ့္မယ္”ဟုဆိုလိုက္သည္ ။ဘုရားသခင္က နတ္သမီးစကားကို တစ္ခ်က္ ၿပဳံးလိုက္သည္ ။”ဟုတ္တယ္.. လူသားမိန္းမက ကမာၻေလာကႀကီးအတြက္ တကယ္လိုအပ္တယ္ ။ သူမမွာ လူသားေယာက်ၤားေတြ အံ့ၾသသြားေလာက္ေစမယ့္ ခြန္အားေတြ ရွိတယ္ ။ မိသားစုရဲ႕ဒုကၡေတြနဲ႔ဝန္ထုတ္ဝန္ပိုးေတြကိုလည္း ေျဖရွင္းႏိုင္ေသးတယ္””သူမေၾကာင့္ ေပ်ာ္႐ႊင္ျခင္းေတြ ၊ ခ်စ္ျခင္းေတြ ၊ အေတြးအေခၚေတြ ျဖစ္ေပၚလာႏိုင္တယ္ ။ ေၾကာက္႐ြံ႕မႈေတြေတြ႕ႀကဳံခံစားေနရေတာင္တာမွ သူမက ၿပဳံးျပႏိုင္တယ္””အဲ့ဒီေလာက္ေတာင္ပဲလား””ဒါ့အျပင္ ငိုေႂကြးရမယ့္ ဒုကၡေတြႀကဳံလာခ်ိန္မွာလည္း သူမက သီခ်င္းဆိုတယ္ ။ ေပ်ာ္႐ႊင္ရယ္ေမာတဲ့ အခ်ိန္မွာလည္း သီခ်င္းဆိုတယ္ ။ ေၾကာက္႐ြံ႕တဲ့ အခ်ိန္မွာလည္း သီခ်င္းဆိုတယ္ “”အို””သူ႔မိသားစုအတြက္ ယုံၾကည္ရာကို ျပဳလုပ္တယ္ ။ သူမဟာ သူ႔မိသားစုအတြက္ အခရာလို႔ခံယူထားတတ္ၿပီး မိသားစု ေအာင္ျမင္ျခင္းဟာလည္း သူ႔အေပၚမွာတည္မွီေနတယ္လို႔ ယူဆထားတတ္တဲ့ လူသားတစ္မ်ိဴးပါ ။ သူမရဲ႕ႏွလုံးသား ဟာ ပုံသ႑ာန္အမွန္မရွိပါဘူး””သူမရဲ႕သားသမီးေတြ ေအာင္ျမင္ေနတာၾကည့္ၿပီး ငိုေႂကြးရင္လည္း ငိုေႂကြးေနတတ္ေသးတယ္ ။ ေနာက္ၿပီး သားသမီးရတဲ့ အေၾကာင္းတို႔ၾကားရရင္လည္း တစ္စုံတစ္ဦးအတြက္ ဂုဏ္ယူေနတတ္ေသးတယ္”နတ္သမီးမွာ ဘုရားသခင္စကားကို နားေထာင္ေနရင္း သေဘာက်ေနပုံရ၏ ။ ဘုရားသခင္က လူသားမိန္းမ၏ ေနာက္အေၾကာင္းအရာတစ္ခုကို ဆက္ရွင္းျပေနျပ၏ ။”သူမရဲ႕ ႏွလုံးသားဟာ ေဆြမ်ိဴးမိသားစုထဲက တစ္ ေယာက္ေယာက္ ၊ ဒါမွမဟုတ္ သူငယ္ခ်င္းတစ္ေယာက္ဆုံးတယ္လို႔သတင္းၾကားရရင္ပဲ ကြဲေၾကတတ္ပါတယ္ ။ ဒါေပမဲ့ .. သူမဟာ ထိုေၾကကြဲမႈေတြကို ဘဝရဲ႕ခြန္အားအျဖစ္ ေျပာင္းလဲအသုံးျပဳတတ္ေသးတယ္””အနမ္းရယ္ ၊ယုယတဲ့ ေထြးေပြ႕မႈဟာ အသည္းကြဲျခင္းကို သက္သာေစႏိုင္တယ္ဆိုတာ ကိုလည္း သူမကသိေသးတယ္” “ဒါေပမဲ့ သူမမွာ ခ်ိဴ႕ယြင္းခ်က္တစ္ခုေတာ့ ရွိတယ္””ဘယ္လို”နတ္သမီးမွာ မၾကားလိုက္၍ျပန္ေမး၏”ခ်ိဴ႕ယြင္းခ်က္တစ္ခုေတာ့ ရွိတယ္လို႔ေျပာတာပါ” “ဘာခ်ိဴ႕ယြင္းခ်က္လဲ””သူမဟာ သူမရဲ႕အဲ့ဒီလို တန္ဖိုးရွိမႈေတြကို ေမ့ေနတတ္တယ္””ဟင္””ေနာက္ၿပီး သူမဟာ ကမာၻေလာကအတြက္ အဖိုးတန္ လူသားတစ္ေယာက္ပါလား ဆိုတာကို သူ႔ကိုသူ အၿမဲတမ္းလည္း ေမ့ေနတတ္တယ္”ဟုေျပာၿပီး သူ၏ဖန္ဆင္းျခင္းကို အဆုံးသတ္လိုက္ေတာ့တယ္။သင္ခန္းစာ – လုပ္ႏိုင္စြမ္းေတြကို အရင္ျမင္ေအာင္ ၾကည့္ပါ။ လက္ေတြ႕မွာ ေလာကႀကီးက ေျပာသေလာက္မလြယ္ကူႏိုင္ပါဘူး။ အဲ့ေလာကႀကီးမွာ ရပ္တည္ဖို႔ အမွန္တစ္ကယ္ လိုအပ္တာ အျခားသူေတြ အျခားအရာေတြ မဟုတ္ဘဲ ကိုယ့္ရဲ႕ စိတ္ဓာတ္ခြန္အားေတြနဲ႔ လုပ္ႏိုင္စြမ္းရည္ေတြပါပဲ။ ဒါေၾကာင့္ ကိုယ့္မွာရွိေနတဲ့ အရည္ အခ်င္းေတြ လုပ္ႏိုင္စြမ္းအားေတြကို ဘယ္ေတာ့မွ မေမ့ပါနဲ႔..။