မီးဖိုချောင်သုံး ပစ္စည်းတွေမှာ စွဲကျန်ခဲ့တဲ့ အနံ့ဆိုးတွေကို ဘယ်လိုဖယ်ရှားမလဲ

ထမင်းဟင်းချက်ပြုတ်ရတာ ဝါသနာပါတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်တော့ မီးဖိုချောင်ဆိုတာ ပျော်ရွှင်စရာ ကမ္ဘာငယ်လေးတစ်ခုပါ။ မိသားစုအတွက်ရော၊ ကိုယ်တိုင် မြိန်ရေရှက်ရေ စားသောက်နိုင်ဖို့ ချက်ပြုတ်ရတယ်၊ ဒါ့အပြင် ကျန်းမာရေးအတွက်ပါ အာဟာရဓာတ် စုံလင်အောင် စဉ်းစားပေးရပါတယ်နော်။ဒါပေမယ့်လည်း ဘယ်လောက်ပဲ ချက်ပြုတ်ရတာ ဝါသနာပါနေပါစေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ စိတ်အညစ်ရဆုံးအချိန်ဆိုရင်တော့ ချက် ပြုတ်ခဲ့သမျှ အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုးတွေကို ဆေးကြောသန့်ရှင်းရတဲ့ အချိန်ပါနော်။အိုးခွက်ပန်းကန်တွေကတော့ ဆေးကြောဖို့ လွယ်တယ်ဆိုပေမယ့် ချက်ပြုတ်ရတဲ့ ဒယ်အိုးတွေက သန့်ရှင်းဆေးကြောဖို့ အရမ်းခက်ပါတယ်။ ဆီတွေပြောင်သွားခဲ့ရင်တောင် နေ့တိုင်း အသုံးပြုနေရတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့အတွက် အနံ့တွေက စွဲကျန်နိုင်ပါတယ်။ဒီလိုမျိုး အနံ့တွေ ကျန်နေတဲ့အခါ ကိုယ်ချက်လိုက်တဲ့ ဟင်းအပေါ် သွားပြီးအနံ့သက်ရောက်မှုဖြစ်စေနိုင်တယ်။ အနံ့အသက်ကနေ တခြားပိုးကောင်တွေ၊ ပုရွက်ဆိတ်တွေ၊ ယင်ကောင်တွေ တက်နိုင်တယ်။ ဆီမပြောင်ရင်လည်း ချိုးတွေအဖြစ် ဒယ်အိုးမှာကပ်ကျန်ခဲ့ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ မိသားစုကျန်းမာရေးကို သွားပြီးထိခိုက်နိုင်ပါတယ်။မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်ခြင်း – ၁။ ကော်ဖီမှုန့် – ပထမဆုံး နည်းလမ်းကတော့ ကော်ဖီစေ့ကို သေချာကြိတ်ထားတဲ့ အမှုန့်လေးတွေနဲ့ သန့်ရှင်းလို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။ ကော်ဖီစေ့မရှိဘူးဆိုရင်လည်း အသင့်ဖျော် ကော်ဖီမှုန့်ထုပ်ကို တစ်ထုပ်စာ အသုံးပြုရင် ရပါတယ်။ နည်းလမ်းကတော့ – မီးဖိုကိုမီးဖွင့်ပြီး အနံ့ထွက်နေတဲ့ မီးဖိုချောင်သုံးပစ္စည်းကို တင်ထားပါ။ကော်ဖီမှုန့် ၂ဇွန်း ထည့်ပြီး ရေတစ်ခွက်ထပ်ဖြည့်ပါ။၃ မိနစ်ကြာအောင် အပူပေးပြီးသွားရင် မီးပိတ်လိုက်ပါ။အပူပေးထားတဲ့ ကော်ဖီကို မီးဖိုချောင်သုံးပစ္စည်းထဲ မိနစ် ၂၀ ခန့် ဒီအတိုင်းထားထားပါ။ပြီးသွားရင် ကော်ဖီတွေကို သွန်ပစ်ပြီး ပုံမှန်အတိုင်း ရေ၊ ပန်းကန်ဆေးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောရုံပါပဲ။

၂။ အာလူး – မျက်နှာပေါ်က အမည်းစက်နဲ့ ကိုယ်ခန္ဓာပေါ်က အနံ့ဆိုးတွေကို ဖျောက်တဲ့နေရာမှာ အာလူးကို အသုံးပြုသလိုပဲ သံတွေနဲ့ လုပ်ထားတဲ့ ဒယ်အိုး၊ ဒယ်ပြားတွေကို အနံ့ဖျောက်ရင်လည်း သုံးလို့ ရပါတယ်။ အာလူးကို မထူမပါး အဝိုင်းပြားပုံစံ ရအောင် လှီးပါ။ အခွံနွှာစရာ မလိုပါဘူး။အာလူးပြား နှစ်ဘက်လုံးကို ဆားနည်းနည်းဖြူးပါ။ပြီးနောက် ဒယ်အိုး၊ ဒယ်ပြားပေါ် ၁၅ မိနစ်ခန့် တင်ထားပါ။အချိန်ပြည့်သွားရင် အာလူးကို ဖယ်လိုက်လို့ ရပါတယ်။ထို့နောက် ရေ၊ ပန်းကန်ဆေးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးပါ။၃။ သစ်ကြံပိုးခေါက်မှုန့် – သစ်ကြံပိုးခေါက်မှုန့်ဟာ အနံ့အသက်ဆိုးတွေကို ပျောက်ကင်းစေရုံသာမက ရောဂါပိုးမွှားများကိုလည်း ဖယ်ရှားပေးလို့ အနံ့ချွတ်တဲ့နေရာတင်မကဘဲ ပိုးသန့်စင်ပေးဖို့အတွက်ပါ အသုံးဝင်ပါတယ်။ အသုံးပြုပုံကတော့ – မီးဖိုချောင်သုံးပစ္စည်းထဲ ရေ ၄ခွက်ခန့် ထည့်ပြီး အပူပေးပါ။ရေဆူလာပြီဆိုရင် သစ်ကြံပိုးခေါက်အမှုန့် (အမှုန့်မဟုတ်ဘဲ အခေါက်ကို ထည့်လို့လည်း ရပါတယ်) ကို ထည့်ပြီး ၅မိနစ်ခန့် မွှေပေးပါ။ထို့နောက် မီးပိတ်ပြီး အေးသွားတဲ့အထိ ထားထားလိုက်ပါ။ပြီးသွားမှ အရည်တွေကို သွန်ပစ်ပြီး ထုံးစံအတိုင်း ရေ၊ ဆပ်ပြာနဲ့ ဆေးလိုက်ရုံပါပဲ။၄။ ရှာလကာရည် – ရှာလကာရည်ကို အသား၊ ငါးတွေမှာ အညှီနံ့ချွတ်ဖို့အတွက်သာမက အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုး ဒယ်ပြားနဲ့ ဇလုံးတွေရဲ့ ဟင်းနံ့တွေကို ချွတ်ဖို့လည်း အသုံးပြုနိုင်ပါတယ်။ ပုံမှန်အကြည်ရောင် ရှာလကာရည်ကိုသာမက ပန်းသီးရှာလကာရည် (Apple Cider Vinegar) ကိုပါ အသုံးပြုလို့ရပါတယ်။အနံ့ထွက်နေတဲ့ ဒယ်အိုးထဲသို့ ရှာလကာရည် လက်ဖက်ရည်ခွက် တစ်ခွက်စာ ထည့်ပြီး ၁၅ မိနစ်လောက် ဆူနေအောင် မီးဖိုမှာတည်ထားပါ။ပုံမှန်အားဖြင့်တော့ ပြန်ဆေးစရာ မလိုဘဲ အနံ့ပျောက်ပါတယ်။ ရေနဲ့ ဆပ်ပြာနဲ့ ပြန်ဆေးမယ်ဆိုလည်း အဆင်ပြေပါတယ်။မီးဖိုချောင်သုံးပစ္စည်းလေးတွေ အနံ့စွဲတာကို ဘယ်လိုဖျောက်ဖျောက်မရတဲ့ လေဒီလေးတွေလည်း ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

Credit – Hello Sayarwon

[zawgyi]

ထမင္းဟင္းခ်က္ျပဳတ္ရတာ ဝါသနာပါတဲ့ အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြအတြက္ေတာ့ မီးဖိုေခ်ာင္ဆိုတာ ေပ်ာ္႐ႊင္စရာ ကမာၻငယ္ေလးတစ္ခုပါ။ မိသားစုအတြက္ေရာ၊ ကိုယ္တိုင္ ၿမိန္ေရရွက္ေရ စားေသာက္ႏိုင္ဖို႔ ခ်က္ျပဳတ္ရတယ္၊ ဒါ့အျပင္ က်န္းမာေရးအတြက္ပါ အာဟာရဓာတ္ စုံလင္ေအာင္ စဥ္းစားေပးရပါတယ္ေနာ္။ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ ခ်က္ျပဳတ္ရတာ ဝါသနာပါေနပါေစ၊ မီးဖိုေခ်ာင္နဲ႔ ပတ္သက္တဲ့ စိတ္အညစ္ရဆုံးအခ်ိန္ဆိုရင္ေတာ့ ခ်က္ျပဳတ္ခဲ့သမွ် အိုးခြက္ပန္းကန္ေတြ၊ ဒယ္အိုးေတြကို ေဆးေၾကာသန႔္ရွင္းရတဲ့ အခ်ိန္ပါေနာ္။အိုးခြက္ပန္းကန္ေတြကေတာ့ ေဆးေၾကာဖို႔ လြယ္တယ္ဆိုေပမယ့္ ခ်က္ျပဳတ္ရတဲ့ ဒယ္အိုးေတြက သန႔္ရွင္းေဆးေၾကာဖို႔ အရမ္းခက္ပါတယ္။ ဆီေတြေျပာင္သြားခဲ့ရင္ေတာင္ ေန႔တိုင္း အသုံးျပဳေနရတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းျဖစ္တဲ့အတြက္ အနံ႔ေတြက စြဲက်န္ႏိုင္ပါတယ္။ဒီလိုမ်ိဳး အနံ႔ေတြ က်န္ေနတဲ့အခါ ကိုယ္ခ်က္လိုက္တဲ့ ဟင္းအေပၚ သြားၿပီးအနံ႔သက္ေရာက္မႈျဖစ္ေစႏိုင္တယ္။ အနံ႔အသက္ကေန တျခားပိုးေကာင္ေတြ၊ ပု႐ြက္ဆိတ္ေတြ၊ ယင္ေကာင္ေတြ တက္ႏိုင္တယ္။ ဆီမေျပာင္ရင္လည္း ခ်ိဳးေတြအျဖစ္ ဒယ္အိုးမွာကပ္က်န္ခဲ့ၿပီး ဗိုက္ေအာင့္ဗိုက္နာျဖစ္ကာ မိသားစုက်န္းမာေရးကို သြားၿပီးထိခိုက္ႏိုင္ပါတယ္။မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို သန႔္ရွင္းေရးလုပ္ျခင္း – ၁။ ေကာ္ဖီမႈန႔္ – ပထမဆုံး နည္းလမ္းကေတာ့ ေကာ္ဖီေစ့ကို ေသခ်ာႀကိတ္ထားတဲ့ အမႈန႔္ေလးေတြနဲ႔ သန႔္ရွင္းလို႔ရမယ့္ နည္းလမ္းျဖစ္ပါတယ္။ ေကာ္ဖီေစ့မရွိဘူးဆိုရင္လည္း အသင့္ေဖ်ာ္ ေကာ္ဖီမႈန႔္ထုပ္ကို တစ္ထုပ္စာ အသုံးျပဳရင္ ရပါတယ္။ နည္းလမ္းကေတာ့ – မီးဖိုကိုမီးဖြင့္ၿပီး အနံ႔ထြက္ေနတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းကို တင္ထားပါ။ေကာ္ဖီမႈန႔္ ၂ဇြန္း ထည့္ၿပီး ေရတစ္ခြက္ထပ္ျဖည့္ပါ။၃ မိနစ္ၾကာေအာင္ အပူေပးၿပီးသြားရင္ မီးပိတ္လိုက္ပါ။အပူေပးထားတဲ့ ေကာ္ဖီကို မီးဖိုေခ်ာင္သုံးပစၥည္းထဲ မိနစ္ ၂၀ ခန႔္ ဒီအတိုင္းထားထားပါ။ၿပီးသြားရင္ ေကာ္ဖီေတြကို သြန္ပစ္ၿပီး ပုံမွန္အတိုင္း ေရ၊ ပန္းကန္ေဆးဆပ္ျပာနဲ႔ တိုက္ခြၽတ္ေဆးေၾကာ႐ုံပါပဲ။၂။ အာလူး – မ်က္ႏွာေပၚက အမည္းစက္နဲ႔ ကိုယ္ခႏၶာေပၚက အနံ႔ဆိုးေတြကို ေဖ်ာက္တဲ့ေနရာမွာ အာလူးကို အသုံးျပဳသလိုပဲ သံေတြနဲ႔ လုပ္ထားတဲ့ ဒယ္အိုး၊ ဒယ္ျပားေတြကို အနံ႔ေဖ်ာက္ရင္လည္း သုံးလို႔ ရပါတယ္။ အာလူးကို မထူမပါး အဝိုင္းျပားပုံစံ ရေအာင္ လွီးပါ။ အခြံႏႊာစရာ မလိုပါဘူး။အာလူးျပား ႏွစ္ဘက္လုံးကို ဆားနည္းနည္းျဖဴးပါ။ၿပီးေနာက္ ဒယ္အိုး၊ ဒယ္ျပားေပၚ ၁၅ မိနစ္ခန႔္ တင္ထားပါ။အခ်ိန္ျပည့္သြားရင္ အာလူးကို ဖယ္လိုက္လို႔ ရပါတယ္။ထို႔ေနာက္ ေရ၊ ပန္းကန္ေဆးဆပ္ျပာနဲ႔ တိုက္ခြၽတ္ေဆးေၾကာေပးပါ။၃။ သစ္ႀကံပိုးေခါက္မႈန႔္ – သစ္ႀကံပိုးေခါက္မႈန႔္ဟာ အနံ႔အသက္ဆိုးေတြကို ေပ်ာက္ကင္းေစ႐ုံသာမက ေရာဂါပိုးမႊားမ်ားကိုလည္း ဖယ္ရွားေပးလို႔ အနံ႔ခြၽတ္တဲ့ေနရာတင္မကဘဲ ပိုးသန႔္စင္ေပးဖို႔အတြက္ပါ အသုံးဝင္ပါတယ္။ အသုံးျပဳပုံကေတာ့ – မီးဖိုေခ်ာင္သုံးပစၥည္းထဲ ေရ ၄ခြက္ခန႔္ ထည့္ၿပီး အပူေပးပါ။ေရဆူလာၿပီဆိုရင္ သစ္ႀကံပိုးေခါက္အမႈန႔္ (အမႈန႔္မဟုတ္ဘဲ အေခါက္ကို ထည့္လို႔လည္း ရပါတယ္) ကို ထည့္ၿပီး ၅မိနစ္ခန႔္ ေမႊေပးပါ။ထို႔ေနာက္ မီးပိတ္ၿပီး ေအးသြားတဲ့အထိ ထားထားလိုက္ပါ။ၿပီးသြားမွ အရည္ေတြကို သြန္ပစ္ၿပီး ထုံးစံအတိုင္း ေရ၊ ဆပ္ျပာနဲ႔ ေဆးလိုက္႐ုံပါပဲ။၄။ ရွာလကာရည္ – ရွာလကာရည္ကို အသား၊ ငါးေတြမွာ အညႇီနံ႔ခြၽတ္ဖို႔အတြက္သာမက အိုးခြက္ပန္းကန္ေတြ၊ ဒယ္အိုး ဒယ္ျပားနဲ႔ ဇလုံးေတြရဲ႕ ဟင္းနံ႔ေတြကို ခြၽတ္ဖို႔လည္း အသုံးျပဳႏိုင္ပါတယ္။ ပုံမွန္အၾကည္ေရာင္ ရွာလကာရည္ကိုသာမက ပန္းသီးရွာလကာရည္ (Apple Cider Vinegar) ကိုပါ အသုံးျပဳလို႔ရပါတယ္။အနံ႔ထြက္ေနတဲ့ ဒယ္အိုးထဲသို႔ ရွာလကာရည္ လက္ဖက္ရည္ခြက္ တစ္ခြက္စာ ထည့္ၿပီး ၁၅ မိနစ္ေလာက္ ဆူေနေအာင္ မီးဖိုမွာတည္ထားပါ။ပုံမွန္အားျဖင့္ေတာ့ ျပန္ေဆးစရာ မလိုဘဲ အနံ႔ေပ်ာက္ပါတယ္။ ေရနဲ႔ ဆပ္ျပာနဲ႔ ျပန္ေဆးမယ္ဆိုလည္း အဆင္ေျပပါတယ္။မီးဖိုေခ်ာင္သုံးပစၥည္းေလးေတြ အနံ႔စြဲတာကို ဘယ္လိုေဖ်ာက္ေဖ်ာက္မရတဲ့ ေလဒီေလးေတြလည္း ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို အသုံးျပဳၾကည့္ဖို႔ အႀကံေပးလိုက္ပါတယ္ေနာ္။