မီးအား မတော်တဆများသွားပြီး အင်္ကျီတွေကျွမ်းသွားလို့ မီးပူဖင်မှာကပ်ကျန်ခဲ့တဲ့အရာတွေကို ဖယ်ရှားဖို့နည်းလမ်း (၄) သွယ်

မီးပူတိုက်တဲ့အခါမှာ မီးအား မတော်တဆများသွားလို့ အင်္ကျီတွေကျွမ်းသွားတဲ့အခါမှာ အဲဒါတွေဟာ ခွာမရပဲ ကပ်ကျန်နေနေတတ်ပါတယ်။ ဒါတွေဟာ တော်တော့်ကို ဆိုးဝါးပြီးတော့ ခွာမရပဲ မီးပူထပ်တိုက်မိတဲ့အခါမှာ အလွယ်တကူပဲ တစ်ခြားသောအင်္ကျီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်နော်။ ဒီလိုပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။မုန့်ဖုတ်ဆိုဒါ – မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ စေးပျစ်အောင် ဖျော်ပေးရမှာ ဖြစ်ပါတယ်။ အင်္ကျီစတွေ ကပ်ကျန်ခဲ့တဲ့ မီးပူအောက်ခြေမှာ အဲဒီ့ ပြုလုပ်ထားတဲ့ အရောအနှောကို နူးညံတဲ့ brush လေးနဲ့ ယူပြီး ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ မုန့်ဖုတ်ဆိုဒါတွေကို ဖယ်ရှားပေးဖို့ ရေစိုဝတ်လေးကို သုံးပေးရမှာပါ။ သတိထားရမှာက မီးပူကို အသုံးမပြုခင်မှာ သေချာခြောက်အောင် သုတ်ပေးဖို့ကို မမေ့ပါနဲ့။ ဒီနည်းလမ်းက မီးပူမှာ ကပ်ကျန်နေတဲ့ အရာတွေကို လွယ်ကူစွာ ဖယ်ရှားပေးနိုင်ပါတယ်။ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ – ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို အရည်ရအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်။ အရည်ရဖို့အတွက်ဆို ရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါထက် များများထည့်ဖို့ လိုအပ်ပါတယ်။ပြီးရင်တော့ အဝတ်စတစ်ခုကို အဲဒီ့ဖျော်ထားတဲ့ အရည်ထဲမှာ နှစ်လိုက်ပါ။

ပြီးသွားရင်တော့ အဲဒီ့အဝတ်စကို မီးပူနဲ့ မီးပူတိုက်သလို တိုက်ပေးရမှာ ဖြစ်ပါတယ်။ မီးပလပ်ထိုးထားစရာမလိုပါဘူးနော်။ သွားတိုက်ဆေး – သွားတိုက်ဆေးဆိုတာ အိမ်တွေရဲ့ လွယ်ကူရိုးရှင်းတဲ့ အစွန်းချွတ်ဆေးတစ်ခုဖြစ်ပါတယ်။ အင်္ကျီတွေမှာ စွန်းပေသွားတဲ့ အစွန်းအထင်းတွေကို သွားတိုက်ဆေးလူူး တစ်ညထားပြီး ပြန်လျှော်လိုက်ရင် အစွန်းတွေဖယ်ရှားနိုင်သလိုပဲ မီးပူမှာ ကပ်နေတဲ့အရာတွေကို သွားတိုက်ဆေးနဲ့ လွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။ မီးပူအောက်ခြေမှာ သွားတိုက်ဆေးအနည်းငယ်ကို ရေအနည်းငယ်စိုနေတဲ့ အဝတ်စနဲ့ ပွတ်တိုက်ခြင်းက မီးပူရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဆား – ဒီနည်းလမ်းလေးပြုလုပ်ဖို့အတွက် မီးပူကို မီးဖွင့်ထားဖို့ လိုအပ်ပါတယ်။ စာရွက်တစ်ရွက်ပေါ်ကို ဆားတော်တော်များများ လောင်းချလိုက်ပြီး အပေါ်ကနေ မီးပူနဲ့ တိုက်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ်ရေ အနည်းငယ်လောက် ပွတ်တိုက်ပြီးရင်တော့ မီးပူကို ပလပ်ဖြုတ်ပြီး အအေးခံထားလိုက်ပါ။ အေးသွားတဲ့အခါမှာ မီးပူမှာ ကပ်ကျန်ခဲ့တဲ့ ဆားတွေကို ခြောက်သွေ့တဲ့ အဝတ်စနဲ့ ဖယ်ရှားပေးရမှာ ဖြစ်ပြီး မီးပူမှာ ကပ်ကျန်နေတဲ့ ဂျီးတွေပြောင်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Credit: aunty may

[zawgyi]

မီးပူတိုက္တဲ့အခါမွာ မီးအား မေတာ္တဆမ်ားသြားလို႔ အက်ႌေတြကြၽမ္းသြားတဲ့အခါမွာ အဲဒါေတြဟာ ခြာမရပဲ ကပ္က်န္ေနေနတတ္ပါတယ္။ ဒါေတြဟာ ေတာ္ေတာ့္ကို ဆိုးဝါးၿပီးေတာ့ ခြာမရပဲ မီးပူထပ္တိုက္မိတဲ့အခါမွာ အလြယ္တကူပဲ တစ္ျခားေသာအက်ႌေတြကို ေလာင္ကြၽမ္းေစႏိုင္ပါတယ္ေနာ္။ ဒီလိုျပသနာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေလးကို ဗဟုသုတအေနနဲ႔ ေဝမွ်ေပးခ်င္ပါတယ္။မုန႔္ဖုတ္ဆိုဒါ – မုန႔္ဖုတ္ဆိုဒါကို ေရအနည္းငယ္နဲ႔ ေစးပ်စ္ေအာင္ ေဖ်ာ္ေပးရမွာ ျဖစ္ပါတယ္။ အက်ႌစေတြ ကပ္က်န္ခဲ့တဲ့ မီးပူေအာက္ေျခမွာ အဲဒီ့ ျပဳလုပ္ထားတဲ့ အေရာအေႏွာကို ႏူးညံတဲ့ brush ေလးနဲ႔ ယူၿပီး ပြတ္တိုက္ေပးရမွာျဖစ္ပါတယ္။ ၿပီးသြားရင္ေတာ့ မုန႔္ဖုတ္ဆိုဒါေတြကို ဖယ္ရွားေပးဖို႔ ေရစိုဝတ္ေလးကို သုံးေပးရမွာပါ။ သတိထားရမွာက မီးပူကို အသုံးမျပဳခင္မွာ ေသခ်ာေျခာက္ေအာင္ သုတ္ေပးဖို႔ကို မေမ့ပါနဲ႔။ ဒီနည္းလမ္းက မီးပူမွာ ကပ္က်န္ေနတဲ့ အရာေတြကို လြယ္ကူစြာ ဖယ္ရွားေပးႏိုင္ပါတယ္။ရွာလကာရည္နဲ႔ မုန႔္ဖုတ္ဆိုဒါ – ရွာလကာရည္နဲ႔ မုန႔္ဖုတ္ဆိုဒါကို အရည္ရေအာင္ ေရာေႏွာေပးရမွာ ျဖစ္ပါတယ္။ အရည္ရဖို႔အတြက္ဆို ရွာလကာရည္ကို မုန႔္ဖုတ္ဆိုဒါထက္ မ်ားမ်ားထည့္ဖို႔ လိုအပ္ပါတယ္။ၿပီးရင္ေတာ့ အဝတ္စတစ္ခုကို အဲဒီ့ေဖ်ာ္ထားတဲ့ အရည္ထဲမွာ ႏွစ္လိုက္ပါ။ၿပီးသြားရင္ေတာ့ အဲဒီ့အဝတ္စကို မီးပူနဲ႔ မီးပူတိုက္သလို တိုက္ေပးရမွာ ျဖစ္ပါတယ္။ မီးပလပ္ထိုးထားစရာမလိုပါဘူးေနာ္။ သြားတိုက္ေဆး – သြားတိုက္ေဆးဆိုတာ အိမ္ေတြရဲ႕ လြယ္ကူ႐ိုးရွင္းတဲ့ အစြန္းခြၽတ္ေဆးတစ္ခုျဖစ္ပါတယ္။ အက်ႌေတြမွာ စြန္းေပသြားတဲ့ အစြန္းအထင္းေတြကို သြားတိုက္ေဆးလူူး တစ္ညထားၿပီး ျပန္ေလွ်ာ္လိုက္ရင္ အစြန္းေတြဖယ္ရွားႏိုင္သလိုပဲ မီးပူမွာ ကပ္ေနတဲ့အရာေတြကို သြားတိုက္ေဆးနဲ႔ လြယ္ကူစြာ ဖယ္ရွားႏိုင္ပါတယ္။ မီးပူေအာက္ေျခမွာ သြားတိုက္ေဆးအနည္းငယ္ကို ေရအနည္းငယ္စိုေနတဲ့ အဝတ္စနဲ႔ ပြတ္တိုက္ျခင္းက မီးပူရဲ႕ အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ဆား – ဒီနည္းလမ္းေလးျပဳလုပ္ဖို႔အတြက္ မီးပူကို မီးဖြင့္ထားဖို႔ လိုအပ္ပါတယ္။ စာ႐ြက္တစ္႐ြက္ေပၚကို ဆားေတာ္ေတာ္မ်ားမ်ား ေလာင္းခ်လိုက္ၿပီး အေပၚကေန မီးပူနဲ႔ တိုက္ေပးရမွာ ျဖစ္ပါတယ္။ အႀကိမ္ေရ အနည္းငယ္ေလာက္ ပြတ္တိုက္ၿပီးရင္ေတာ့ မီးပူကို ပလပ္ျဖဳတ္ၿပီး အေအးခံထားလိုက္ပါ။ ေအးသြားတဲ့အခါမွာ မီးပူမွာ ကပ္က်န္ခဲ့တဲ့ ဆားေတြကို ေျခာက္ေသြ႕တဲ့ အဝတ္စနဲ႔ ဖယ္ရွားေပးရမွာ ျဖစ္ၿပီး မီးပူမွာ ကပ္က်န္ေနတဲ့ ဂ်ီးေတြေျပာင္သြားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။