မုန်လာဥနီကြိုက်လို့ အစားများသူများ အသားဝါလာသလိုဖြစ်ရင် ဒီအချက်ကိုသတိပြုပါ

မုန်လာဥနီ အဆိပ်သင့်ခြင်း – ၁။ အသားတွေဝါလာတယ်။ လက်ဖဝါးတွေလည်း ဝါတယ်။ ဒါပေမယ့် အသည်းနဲ့ပက်သက်လို့ သွေးစစ်တာတော့ ကောင်းတယ်။၂။ အသားတွေက ခပ်ဝင်းဝင်း ဖြစ်နေပါလား။ အသားအရည်တွေ ပိုစိုပြေနေသလိုပဲ။ကင်ဆာလူနာတွေမှာ ဒါမျိုးတွေကြားလာရင် သူဘာစားသလဲမေးကြည့်ပါ။ မုန်လာဥနီ ကို တရက် တရက် ဘယ်လောက် ဖျော်သောက်နေလဲဆိုတာ သူ ပြောပြပါလိမ့်မယ်။ဘယ်သူစခဲ့သလဲ တော့မသိပါဖူး။ ဘယ်သူစခဲ့သလဲ ဆိုတာထက် ဒီ အတွေးအခေါ်အမှား ရပ်သွားဖို့ ပိုအရေးကြီးပါတယ်။ကင်ဆာကို ဗိုက်တာမင်များများ စားပြီး တွန်းလှန်နိုင်မယ်ဆိုတာ အမှားဆိုတာ လူတွေ သိဖို့လိုပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့ ပညာရှိစကားကို မပစ်ပယ်သင့်ပါဖူး။ မုန်လာဥနီ မှာ ဗိုက်တာမင်အေ ပါပါတယ်။ နီနေတာ ဗိုက်မင်အေ ကြောင့်ပါ သွေးအားကောင်းတာနဲ့လည်းမဆိုင်ပါ။ ဗိုက်တာမင် အေ ကို လူကြီးတယောက် တနေ့ ၉၀၀ မိုက်ခရိုဂရမ်(အမျိုးသား)/၇၀၀ မိုက်ခရိုဂရမ် (အမျိုးသမီး) သာလိုပါတယ်။

ပိုစားရင် ခန္ဓာကိုယ်ထဲ ဗိုက်တာမင်အေ တွေစုစုလာပြီး အဆိပ်သင့်ပါလိမ့်မယ်။အဆိပ်သင့်တဲ့ အဆင့်ရောက်လာရင် အသားဝါတာ၊ခေါင်းမူးခေါင်းကိုက်တာ၊ အရေပြား ယားတာ အကွက်ထွက်တာ၊အမြင်းဝါးလာတာ၊ အစားအသောက်ပျက်တာ၊ ပျို့ချင်အန်ချင်တာ၊ ဆံပင်ကျွတ်တာ တွေခံစားလာရပါလိမ့်မယ်။သိပ်ဆိုးလာရင် အရိုးပွတာ၊ အသည်း ကျောက်ကပ် ပျက်ဆီးတာတွေ ဖြစ်လာနိုင်ပါတယ်။ (အသည်းမပျက်ဆီးသေးလျင် မျက်စိမဝါပါ)မုန်လာဥနီ အဆိပ်သင့်ခံနေရပြီဆို ပြန်လည်ကုသနည်းကတော့ ဆက်မစားဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် “ဆရာ လျော့စားမယ်လေ” လို့ ပြန်ပြောတဲ့ သူတွေလည်း တွေ့ရပါတယ်။ခန္ဓာကိုယ်ထဲ များလွန်းလို့ အဆိပ်သင့်တဲ့ ပမာဏ ရောက်ရှိနေပြီး ကိုယ့်ကို ဒုက္ခပေးတဲ့ အခြေနေရောက်နေတာတောင် ဆက်စားသောက် ဖို့ ဘာလို့ယုံကြည် နေသေးလဲ စဉ်းစာမရပါဘူး။ “အသားတွေဝါလာတယ်။ နေ့တိုင်း မုန်လာဥနီ တွေစားနေ ဖျော်သောက်နေတယ်။ မျက်စိဝါတာတော့မရှိဖူး” ဒါဆို မုန်လာဥနီ အဆိပ်သင့်နေပြီဆိုတာ သိကြပါ။

Credit – Dr.Aung Kyaw Win

[zawgyi]

မုန္လာဥနီ အဆိပ္သင့္ျခင္း – ၁။ အသားေတြဝါလာတယ္။ လက္ဖဝါးေတြလည္း ဝါတယ္။ ဒါေပမယ့္ အသည္းနဲ႔ပက္သက္လို႔ ေသြးစစ္တာေတာ့ ေကာင္းတယ္။၂။ အသားေတြက ခပ္ဝင္းဝင္း ျဖစ္ေနပါလား။ အသားအရည္ေတြ ပိုစိုေျပေနသလိုပဲ။ကင္ဆာလူနာေတြမွာ ဒါမ်ိဳးေတြၾကားလာရင္ သူဘာစားသလဲေမးၾကည့္ပါ။ မုန္လာဥနီ ကို တရက္ တရက္ ဘယ္ေလာက္ ေဖ်ာ္ေသာက္ေနလဲဆိုတာ သူ ေျပာျပပါလိမ့္မယ္။ဘယ္သူစခဲ့သလဲ ေတာ့မသိပါဖူး။ ဘယ္သူစခဲ့သလဲ ဆိုတာထက္ ဒီ အေတြးအေခၚအမွား ရပ္သြားဖို႔ ပိုအေရးႀကီးပါတယ္။ကင္ဆာကို ဗိုက္တာမင္မ်ားမ်ား စားၿပီး တြန္းလွန္ႏိုင္မယ္ဆိုတာ အမွားဆိုတာ လူေတြ သိဖို႔လိုပါတယ္။ တန္ေဆးလြန္ေဘး ဆိုတဲ့ ပညာရွိစကားကို မပစ္ပယ္သင့္ပါဖူး။ မုန္လာဥနီ မွာ ဗိုက္တာမင္ေအ ပါပါတယ္။ နီေနတာ ဗိုက္မင္ေအ ေၾကာင့္ပါ ေသြးအားေကာင္းတာနဲ႔လည္းမဆိုင္ပါ။ ဗိုက္တာမင္ ေအ ကို လူႀကီးတေယာက္ တေန႔ ၉၀၀ မိုက္ခ႐ိုဂရမ္(အမ်ိဳးသား)/၇၀၀ မိုက္ခ႐ိုဂရမ္ (အမ်ိဳးသမီး) သာလိုပါတယ္။ပိုစားရင္ ခႏၶာကိုယ္ထဲ ဗိုက္တာမင္ေအ ေတြစုစုလာၿပီး အဆိပ္သင့္ပါလိမ့္မယ္။အဆိပ္သင့္တဲ့ အဆင့္ေရာက္လာရင္ အသားဝါတာ၊ေခါင္းမူးေခါင္းကိုက္တာ၊ အေရျပား ယားတာ အကြက္ထြက္တာ၊အျမင္းဝါးလာတာ၊ အစားအေသာက္ပ်က္တာ၊ ပ်ိဳ႕ခ်င္အန္ခ်င္တာ၊ ဆံပင္ကြၽတ္တာ ေတြခံစားလာရပါလိမ့္မယ္။သိပ္ဆိုးလာရင္ အ႐ိုးပြတာ၊ အသည္း ေက်ာက္ကပ္ ပ်က္ဆီးတာေတြ ျဖစ္လာႏိုင္ပါတယ္။ (အသည္းမပ်က္ဆီးေသးလ်င္ မ်က္စိမဝါပါ)မုန္လာဥနီ အဆိပ္သင့္ခံေနရၿပီဆို ျပန္လည္ကုသနည္းကေတာ့ ဆက္မစားဖို႔ပဲျဖစ္ပါတယ္။ ဒါေပမယ့္ “ဆရာ ေလ်ာ့စားမယ္ေလ” လို႔ ျပန္ေျပာတဲ့ သူေတြလည္း ေတြ႕ရပါတယ္။ခႏၶာကိုယ္ထဲ မ်ားလြန္းလို႔ အဆိပ္သင့္တဲ့ ပမာဏ ေရာက္ရွိေနၿပီး ကိုယ့္ကို ဒုကၡေပးတဲ့ အေျခေနေရာက္ေနတာေတာင္ ဆက္စားေသာက္ ဖို႔ ဘာလို႔ယုံၾကည္ ေနေသးလဲ စဥ္းစာမရပါဘူး။ “အသားေတြဝါလာတယ္။ ေန႔တိုင္း မုန္လာဥနီ ေတြစားေန ေဖ်ာ္ေသာက္ေနတယ္။ မ်က္စိဝါတာေတာ့မရွိဖူး” ဒါဆို မုန္လာဥနီ အဆိပ္သင့္ေနၿပီဆိုတာ သိၾကပါ။