မောင်းနေရင်း ရုတ်တရက် ကားဘရိတ်ပေါက်သွားခဲ့ရင် အရေးပေါ်လုပ်သင့်တဲ့ အချက် (၅) ချက်

အရေးပေါ် ကားဘရိတ်ပေါက်သွားရင် ဘာလုပ်သင့်လဲ.? ကားစတီယာရင် ကို ကိုင်နေတဲ့ လူတိုင်းသိထားသင့်တဲ့ အချက်လေးတွေ ဖြစ်လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။အခြေခံအားဖြင့်တော့ ကား မှာ ပုံမှန် ဘီးလေးဘီး စလုံးအလုပ်လုပ်တဲ့a- Hydraulic Brake – ဘရိတ်ဆီ Fluid Pressure နဲ့ ကားဘီးလေးဘီးကို ထိန်းချူပ်ပါတယ်။b- Electromagnetic Brake – Electric Motor နဲ့ ကားကို ထိန်းချူပ်ပါတယ်။ အထူးသဖြင့် Fuel + Battery Hybrid Car တွေမှာပါပါတယ်။c- Servo Brake – Vacuum Pressure နဲ့ ကားဘီးလေးဘီးကို ထိန်းချူပ်ပါတယ်။အစရှိတဲ့ ဘရိတ် စနစ် တွေထဲက တစ်ခုခု ပါပါတယ်။ တကယ်လို့များ တခုခုချွတ်ယွင်းသွားလို့ ဘရိတ်ပေါက်သွားခဲ့ရင် အခုပြောပြပေးမဲ့ SOP အရေးပေါ်လုပ်ဆောင်ချက် တွေကို မှတ်ထားပါ။(၁) ယဉ်ရှင်းသော လမ်းကြောကို ပြောင်းယူပါ။အချက်ပြ စုံမီး ပြပါ။ဟွန်း မီး တောက်ပြီး မိမိကား စက်ချွတ်ယွင်း နေကြောင်း လမ်းကြောတူ အရှေ့ ကားများကို သတိပေးပါ။တချိန်ထဲမှာပဲ Brake Pedal ကို ခြေဖြင့် လေးငါးကြိမ် နင်းစမ်းပြီး Power တပ်အောင် လုပ်ကြည့်ပါ။ (၁) (Manual Transmission) ကားများအတွက်လက်ရှိ သွားနေတဲ့ ဂီယာ ကနေ နံပါတ်အမြင့်ဆုံးကို တဆင့်ချင်းချိန်းချပါ။ ဥပမာ သင့်ကားက ဂီယာ နံပါတ် ၄ မှာဆို နံပါတ် ၁ အထိကို တဆင့်ချင်းချိန်းချ ခြင်းဖြင့် ကားဂီယာဘောက်စ် မှတစ်ဆင့် ကားရဲ့ အရှိန်ကို ပုံမှန်ထက်ပိုပြီး မြန်မြန် အရှိန်လျော့သွားစေမှာ ဖြစ်ပါတယ်။(Automatic Transmission) ကားများအတွက် – အော်တိုဂီယာကားတွေဆိုရင်တော့ ဂီယာ D ကနေ 2.. ထိုမှ L အထိ မန်ယူရယ် ဂီယာတွေ အတိုင်း ပြောင်းထိုးပြီး ကားအရှိန်ကို လျော့သွားအောင်လုပ်ပါ။ဒီလို ဂီယာပြောင်းပြီး ကားအရှိန်လျော့ သွားအောင်လုပ်ခြင်းကို Engine Braking လုပ်တယ်လို့ခေါ်ပါတယ်။

အထူးရှောင်ကြဉ်ရန် – Free Gear/ N Neutral Gear ကို လုံးဝ မထိုးမိဖို့ အထူး သတိပြုပါ။Free Gear ထိုးလိုက်ခြင်းဖြင့် အင်ဂျင် နဲ့ ဂီယာဘောက်စ် ကို Disconnect အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ကားလက်ရှိသွားနေသော ကိန်းသေအလျင် ကို ထိန်းထားနိုင်စွမ်း လုံးဝ မရှိတော့ပါဘူး။(၃) နောက်ထပ်လုပ်ရမှာကတော့ ကားရဲ့ အဲကွန်း..မီး..heater အစရှိတဲ့ accessories အားလုံးကို သုံးပါ။ ဒီလိုလုပ်ခြင်းဖြင့် ကားရဲ့ အရှိန်နဲ့ ပါဝါကို Alternator ကနေတဆင့် ရုတ်လျော့သွားစေမှာဖြစ်ပါတယ်။(Alternator ဆိုတာကတော့ မြန်မာလို မော်တာ လို့ သိကြတဲ့ Battery ကို ကားမောင်းနေစဉ် Charging ပေးပြီး ကားလည်ပတ်ဖို့ လိုအပ်တဲ့ Electric Power ကို Electrical System ကို လျှပ်စစ်ဓါတ် ပို့လွှတ်ပေးနေတဲ့ အရာဖြစ်ပါတယ်။ (၄) နောက်ဆုံးအနေနဲ့ Emergency Brake/ Hand Brake ကို တဖြည်းဖြည်းချင်းဆွဲတင်ပြီး ကားအရှိန်ကို ထိုးကျသွားအောင်လျော့ပါ။အထူးရှောင်ကြဉ်ရန် အရေးပေါ်ဘရိတ် Hand brake သည် ကားရဲ့ နောက်ဘီး နှစ်လုံးကိုသာ ထိန်းကြောင်းပေးသော စနစ်ဖြစ်တာကြောင့် သီအိုရီအရ 20km/hr နှုန်းမှသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ဒီလိုမှမဟုတ်ဘဲ High Speed နဲ့ သွားနေတဲ့ အချိန် အသုံးပြုလိုက်ရင် ကားဟာ ချာလည်ပတ်လည် သွားမှာပါ။(၅) ရွေးချယ်စရာ မရှိတော့တဲ့ အချိန်မျိူးရောက်သွားခဲ့ရင်တော့ အဆုံးအရှုံးနဲနိုင်မဲ့ နည်းကိုပဲရွေးရတော့မှာပါ။ အကာအရံတစ်ခုကို ကားရဲ့ဘေးပါးခြမ်းနဲ့ ပွတ်ဆွဲပြီး ကားရဲ့ အရှိန်ကို လျော့လိုက်ပါ။ဒါကတော့ ဘယ်သူမှ မလိုချင် မလုပ်ချင်တဲ့ ရွေးချယ်မှုပါ။ ဒါပေမဲ့လဲ လိုအပ်ရင်တော့ တခုခု ဆုံးဖြတ်ရမှာပဲလေ။ အားလုံးဘေးးအန္တရာယ်ကင်းရှင်းနိုင်ကြပါစေ..။

Credit ; Programs For Machine

[zawgyi]

အေရးေပၚ ကားဘရိတ္ေပါက္သြားရင္ ဘာလုပ္သင့္လဲ.? ကားစတီယာရင္ ကို ကိုင္ေနတဲ့ လူတိုင္းသိထားသင့္တဲ့ အခ်က္ေလးေတြ ျဖစ္လို႔ ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။အေျခခံအားျဖင့္ေတာ့ ကား မွာ ပုံမွန္ ဘီးေလးဘီး စလုံးအလုပ္လုပ္တဲ့a- Hydraulic Brake – ဘရိတ္ဆီ Fluid Pressure နဲ႔ ကားဘီးေလးဘီးကို ထိန္းခ်ဴပ္ပါတယ္။b- Electromagnetic Brake – Electric Motor နဲ႔ ကားကို ထိန္းခ်ဴပ္ပါတယ္။ အထူးသျဖင့္ Fuel + Battery Hybrid Car ေတြမွာပါပါတယ္။c- Servo Brake – Vacuum Pressure နဲ႔ ကားဘီးေလးဘီးကို ထိန္းခ်ဴပ္ပါတယ္။အစရွိတဲ့ ဘရိတ္ စနစ္ ေတြထဲက တစ္ခုခု ပါပါတယ္။ တကယ္လို႔မ်ား တခုခုခြၽတ္ယြင္းသြားလို႔ ဘရိတ္ေပါက္သြားခဲ့ရင္ အခုေျပာျပေပးမဲ့ SOP အေရးေပၚလုပ္ေဆာင္ခ်က္ ေတြကို မွတ္ထားပါ။(၁) ယဥ္ရွင္းေသာ လမ္းေၾကာကို ေျပာင္းယူပါ။အခ်က္ျပ စုံမီး ျပပါ။ဟြန္း မီး ေတာက္ၿပီး မိမိကား စက္ခြၽတ္ယြင္း ေနေၾကာင္း လမ္းေၾကာတူ အေရွ႕ ကားမ်ားကို သတိေပးပါ။တခ်ိန္ထဲမွာပဲ Brake Pedal ကို ေျချဖင့္ ေလးငါးႀကိမ္ နင္းစမ္းၿပီး Power တပ္ေအာင္ လုပ္ၾကည့္ပါ။ (၁) (Manual Transmission) ကားမ်ားအတြက္လက္ရွိ သြားေနတဲ့ ဂီယာ ကေန နံပါတ္အျမင့္ဆုံးကို တဆင့္ခ်င္းခ်ိန္းခ်ပါ။ ဥပမာ သင့္ကားက ဂီယာ နံပါတ္ ၄ မွာဆို နံပါတ္ ၁ အထိကို တဆင့္ခ်င္းခ်ိန္းခ် ျခင္းျဖင့္ ကားဂီယာေဘာက္စ္ မွတစ္ဆင့္ ကားရဲ႕ အရွိန္ကို ပုံမွန္ထက္ပိုၿပီး ျမန္ျမန္ အရွိန္ေလ်ာ့သြားေစမွာ ျဖစ္ပါတယ္။(Automatic Transmission) ကားမ်ားအတြက္ – ေအာ္တိုဂီယာကားေတြဆိုရင္ေတာ့ ဂီယာ D ကေန 2.. ထိုမွ L အထိ မန္ယူရယ္ ဂီယာေတြ အတိုင္း ေျပာင္းထိုးၿပီး ကားအရွိန္ကို ေလ်ာ့သြားေအာင္လုပ္ပါ။ဒီလို ဂီယာေျပာင္းၿပီး ကားအရွိန္ေလ်ာ့ သြားေအာင္လုပ္ျခင္းကို Engine Braking လုပ္တယ္လို႔ေခၚပါတယ္။အထူးေရွာင္ၾကဥ္ရန္ – Free Gear/ N Neutral Gear ကို လုံးဝ မထိုးမိဖို႔ အထူး သတိျပဳပါ။Free Gear ထိုးလိုက္ျခင္းျဖင့္ အင္ဂ်င္ နဲ႔ ဂီယာေဘာက္စ္ ကို Disconnect အဆက္အသြယ္ျဖတ္လိုက္ျခင္းျဖစ္ၿပီး ကားလက္ရွိသြားေနေသာ ကိန္းေသအလ်င္ ကို ထိန္းထားႏိုင္စြမ္း လုံးဝ မရွိေတာ့ပါဘူး။(၃) ေနာက္ထပ္လုပ္ရမွာကေတာ့ ကားရဲ႕ အဲကြန္း..မီး..heater အစရွိတဲ့ accessories အားလုံးကို သုံးပါ။ ဒီလိုလုပ္ျခင္းျဖင့္ ကားရဲ႕ အရွိန္နဲ႔ ပါဝါကို Alternator ကေနတဆင့္ ႐ုတ္ေလ်ာ့သြားေစမွာျဖစ္ပါတယ္။(Alternator ဆိုတာကေတာ့ ျမန္မာလို ေမာ္တာ လို႔ သိၾကတဲ့ Battery ကို ကားေမာင္းေနစဥ္ Charging ေပးၿပီး ကားလည္ပတ္ဖို႔ လိုအပ္တဲ့ Electric Power ကို Electrical System ကို လွ်ပ္စစ္ဓါတ္ ပို႔လႊတ္ေပးေနတဲ့ အရာျဖစ္ပါတယ္။ (၄) ေနာက္ဆုံးအေနနဲ႔ Emergency Brake/ Hand Brake ကို တျဖည္းျဖည္းခ်င္းဆြဲတင္ၿပီး ကားအရွိန္ကို ထိုးက်သြားေအာင္ေလ်ာ့ပါ။အထူးေရွာင္ၾကဥ္ရန္ အေရးေပၚဘရိတ္ Hand brake သည္ ကားရဲ႕ ေနာက္ဘီး ႏွစ္လုံးကိုသာ ထိန္းေၾကာင္းေပးေသာ စနစ္ျဖစ္တာေၾကာင့္ သီအိုရီအရ 20km/hr ႏႈန္းမွသာ အသုံးျပဳရမွာ ျဖစ္ပါတယ္။ဒီလိုမွမဟုတ္ဘဲ High Speed နဲ႔ သြားေနတဲ့ အခ်ိန္ အသုံးျပဳလိုက္ရင္ ကားဟာ ခ်ာလည္ပတ္လည္ သြားမွာပါ။(၅) ေ႐ြးခ်ယ္စရာ မရွိေတာ့တဲ့ အခ်ိန္မ်ိဴးေရာက္သြားခဲ့ရင္ေတာ့ အဆုံးအရႈံးနဲႏိုင္မဲ့ နည္းကိုပဲေ႐ြးရေတာ့မွာပါ။ အကာအရံတစ္ခုကို ကားရဲ႕ေဘးပါးျခမ္းနဲ႔ ပြတ္ဆြဲၿပီး ကားရဲ႕ အရွိန္ကို ေလ်ာ့လိုက္ပါ။ဒါကေတာ့ ဘယ္သူမွ မလိုခ်င္ မလုပ္ခ်င္တဲ့ ေ႐ြးခ်ယ္မႈပါ။ ဒါေပမဲ့လဲ လိုအပ္ရင္ေတာ့ တခုခု ဆုံးျဖတ္ရမွာပဲေလ။ အားလုံးေဘးးအႏၲရာယ္ကင္းရွင္းႏိုင္ၾကပါေစ..။