မျက်မမြင် ကောင်လေး

တစ်ခါက မျက်မမြင်ကောင်လေးတစ်ယောက်ဟာ လမ်းဘေးမှာ တောင်းရမ်းနေသတဲ့။ သူ့ရှေ့မှာလဲ ဆိုင်းဘုတ်တစ်ခုကို ချထားတယ် ” ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်ပါ ပေးကမ်းစွန့်ကြဲကြပါ”သူတောင်းခံနေပေမယ့်လဲ သူ့ရဲ့ အရှေ့ကခွက်ကလေးထဲမှာ ပိုက်ဆံအ နည်းငယ်သာရပါတယ်။ သိပ်မကြာဘူး လူတစ်ယောက်လမ်းလျှောက်လာတယ်။ ကောင်လေးကို ကြည့်ပြီးတော့ ကောင်လေးရဲ့ခွက်ထဲကို ပိုက်ဆံထည့်လိုက်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ ဆိုင်းဘုတ်ကို ပြောင်းပြန်လှန်ပြီးတော့ စာတစ်ချို့ကို ရေးလိုက်တယ်။ပြီးတော့မှ ဆိုင်းဘုတ်ကို သူရေးထားတဲ့ဘက်နဲ့ ပြန်ထောင်ထားခဲ့ပြီး ထွက်သွားတယ်။မကြာပါဘူး။ လမ်းသွားလမ်းလာတွေ ဝိုင်းထည့်ကြတာ ကောင်လေးရဲ့ ပိုက်ဆံခွက်လေး ပြည့်သွားတယ်။ ကောင်လေးက ပိုက်ဆံတွေယူပြီး ခွက်ပြန်ချတယ်။ လူတွေက ဆိုင်း ဘုတ်ကိုကြည့်လိုက် ကောင်လေးကိုကြည့်လိုက် ပြီးတော့ ပိုက်ဆံအိတ်ကို နှိုက်ပြီးတော့ ပိုက်ဆံတွေ လှူကြပါတယ်။

ပိုက်ဆံခွက်ကလေးလဲ ပြည့်သွားတာပေါ့။ညနေရောက်တော့ မနက်ကလူပြန်ရောက်လာတယ်။ ကောင်လေးကလဲ ထိုလူရဲ့ အနံ့ကို မှတ်မိတယ်။ ဒါနဲ့မေးတယ် ခင်ဗျားကျွန်တော့်ဆိုင်းဘုတ်မှာ ဘာတွေရေးခဲ့လို့ ကျွန်တော်ပိုရတာလဲလို့ပေါ့။ ထိုလူကတော့ ” ဒီနေ့သည် သာယာသောနေ့တစ်နေ့ဖြစ်မည် ငှက်ကလေးတွေပျံနေကြသည် ပန်းပွင့်လေးတွေလဲပွင့်နေကြပြီး နေမင်းကလဲ အလင်းရောင် ဖြန့်ကျက်နေသည် ဒါပေမယ့် ထိုအရာများကို ကျွန်ုပ်မမြင်ရပါ။ ကျွန်ုပ်မှာ လူကြီးမင်းတို့ ပေးမှကမ်းမှ စားရမည့် မျက်မမြင်တစ်ယောက်ဖြစ်ပါသည်” လို့ရေးထားတာလို့ ပြန်ဖြေလိုက်သတဲ့ပြောချင်တာကတော့ ဆိုလိုရင်းကတော့ တူညီပေမယ့် ပြောပုံဆိုပုံခြင်းကွာတာကို ပြချင်တာပါ။စကားအပြောအဆို သတိမူနိုင်ကြပါစေ။ မေတ္တာဓါတ်များပွားများနိုင်ပါစေ။

Credit: မောင်စိုင်း

[zawgyi]

တစ္ခါက မ်က္မျမင္ေကာင္ေလးတစ္ေယာက္ဟာ လမ္းေဘးမွာ ေတာင္းရမ္းေနသတဲ့။ သူ႔ေရွ႕မွာလဲ ဆိုင္းဘုတ္တစ္ခုကို ခ်ထားတယ္ ” ကြၽန္ေတာ္ဟာ မ်က္မျမင္တစ္ေယာက္ပါ ေပးကမ္းစြန႔္ႀကဲၾကပါ”သူေတာင္းခံေနေပမယ့္လဲ သူ႔ရဲ႕ အေရွ႕ကခြက္ကေလးထဲမွာ ပိုက္ဆံအ နည္းငယ္သာရပါတယ္။ သိပ္မၾကာဘူး လူတစ္ေယာက္လမ္းေလွ်ာက္လာတယ္။ ေကာင္ေလးကို ၾကည့္ၿပီးေတာ့ ေကာင္ေလးရဲ႕ခြက္ထဲကို ပိုက္ဆံထည့္လိုက္တယ္။ ၿပီးေတာ့ ဆိုင္းဘုတ္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ ဆိုင္းဘုတ္ကို ေျပာင္းျပန္လွန္ၿပီးေတာ့ စာတစ္ခ်ိဳ႕ကို ေရးလိုက္တယ္။ၿပီးေတာ့မွ ဆိုင္းဘုတ္ကို သူေရးထားတဲ့ဘက္နဲ႔ ျပန္ေထာင္ထားခဲ့ၿပီး ထြက္သြားတယ္။မၾကာပါဘူး။ လမ္းသြားလမ္းလာေတြ ဝိုင္းထည့္ၾကတာ ေကာင္ေလးရဲ႕ ပိုက္ဆံခြက္ေလး ျပည့္သြားတယ္။ ေကာင္ေလးက ပိုက္ဆံေတြယူၿပီး ခြက္ျပန္ခ်တယ္။ လူေတြက ဆိုင္း ဘုတ္ကိုၾကည့္လိုက္ ေကာင္ေလးကိုၾကည့္လိုက္ ၿပီးေတာ့ ပိုက္ဆံအိတ္ကို ႏႈိက္ၿပီးေတာ့ ပိုက္ဆံေတြ လႉၾကပါတယ္။ပိုက္ဆံခြက္ကေလးလဲ ျပည့္သြားတာေပါ့။ညေနေရာက္ေတာ့ မနက္ကလူျပန္ေရာက္လာတယ္။ ေကာင္ေလးကလဲ ထိုလူရဲ႕ အနံ႔ကို မွတ္မိတယ္။ ဒါနဲ႔ေမးတယ္ ခင္ဗ်ားကြၽန္ေတာ့္ဆိုင္းဘုတ္မွာ ဘာေတြေရးခဲ့လို႔ ကြၽန္ေတာ္ပိုရတာလဲလို႔ေပါ့။ ထိုလူကေတာ့ ” ဒီေန႔သည္ သာယာေသာေန႔တစ္ေန႔ျဖစ္မည္ ငွက္ကေလးေတြပ်ံေနၾကသည္ ပန္းပြင့္ေလးေတြလဲပြင့္ေနၾကၿပီး ေနမင္းကလဲ အလင္းေရာင္ ျဖန႔္က်က္ေနသည္ ဒါေပမယ့္ ထိုအရာမ်ားကို ကြၽႏ္ုပ္မျမင္ရပါ။ ကြၽႏ္ုပ္မွာ လူႀကီးမင္းတို႔ ေပးမွကမ္းမွ စားရမည့္ မ်က္မျမင္တစ္ေယာက္ျဖစ္ပါသည္” လို႔ေရးထားတာလို႔ ျပန္ေျဖလိုက္သတဲ့ေျပာခ်င္တာကေတာ့ ဆိုလိုရင္းကေတာ့ တူညီေပမယ့္ ေျပာပုံဆိုပုံျခင္းကြာတာကို ျပခ်င္တာပါ။စကားအေျပာအဆို သတိမူႏိုင္ၾကပါေစ။ ေမတၱာဓါတ္မ်ားပြားမ်ားႏိုင္ပါေစ။