မြင့်မားသော တောင်ဆင်း တောင်တက်လမ်းများတွင် အော်တို ဂီယာကားမောင်းသူများသတိပြုရမည့်အချက်များ

အော်တို ဂီယာအသုံးပြုသူများ မြင့်မားသော တောင်အတက်များတွင်အဲယားကွန်း မဖွင့်ပါနှင့်၊ တောင်တက်ရန်အတွက် Second ဂီယာဖြစ်သောS, 2 တို့ဖြင့်သာ တောင်တက်ပါ။ D သာပါသော အော်တိုကားများတွင်Manual ပြောင်း၍ တက်သင့်ပါသည်။ ဒီဇယ် Pickup ကားများနှင့်Manual ဂီယာသုံး အိမ်သုံးကားငယ်များတွင်ဂီယာကို ကြို ဒေါင်းပါ။ မနိုင်သောဂီယာနှင့် အတင်းဆွဲတက်ပါကManual ဂီယာကားများတွင်ကလပ်ပလိတ်ပြား မျက်နှာပြင်များချော်တတ်ပါသည်။ မြင့်မားသော တောင်အဆင်းတွင်လည်း အော်တိုဂီယာဖြစ်စေ Manual ဂီယာဖြစ်စေ၊ ဂီယာကြီးဖြစ်သော S, 2 စသော ဂီယာကြီးဖြင့်အနည်းဆုံးဆင်းပါ။ အဆင်းရှည်သော တောင်ဆင်းများတွင်ဂီယာအသေးဖြစ်သော 3, 4, D ဖြင့်ဆင်းပြီး ဘရိတ်အားကြာရှည်စွာ မှေးထားပါကတောင်ဆင်းတွင် ဘရိတ်ပျောက်တတ်ပါသည်။ ဘရိတ်ပျောက်ပါက ဘရိတ်အောက်ကျကာ မမိတော့ပါ။ ဘရိတ်ပျောက်ခဲ့ပါက မစိုးရိမ်ပဲ ဂီယာဖြင့် ထိန်းရပ်ကာရပ်ပြီး နာရီဝက်ကျော်ခန့်နားလိုက်ပါက ဘရိတ်နဂိုကဲ့သို့ အပေါ်ပြန်တက်ကာကောင်းသွားပါလိမ့်မည်။ တောင်တက် တောင်ဆင်း မျက်ကွယ်ကွေ့များတွင်ဟွန်းတီးရန် မမေ့ပါနှင့်။ဟွန်းသံသည် ကျဉ်းမြောင်းသောတောင်ကွေ့များတွင် နှစ်ဖက်လုံးအတွက်အန္တရယ်ကာကွယ်နိုင်ပယသည်။တောင်တက် တောင်ဆင်းချောက်ကမ်း ပါးနားကားချင်းကပ်ရှောင်ရာ၌ဘေးကာတန်းနှင့် တိုင်မရှိသောနေရာများတွင်ဖို့မြေသားပေါ် မနင်းပါနှင့်။ မသေချာပါက ရပ်ထားကာ ရှောင်ပါ။ ဘယ်မောင်းကားများ မသေချာပါကရပ်ပြီးသာ ရှောင်သင့်ပါသည်။ တောင်တက် တောင်ဆင်းများတွင်ကားကြီးများကို ဦးစားပေးပါ။ ကားကြီးများသည် ဝန်အလေးချိန်များသဖြင့်အချို့နေရာများ ဖို့မြေသားများတွင်ချောက်နုတ်ခမ်းအထိ ကပ်သွား၍ မရပါ။ ထို့ကြောင့် ကားကြီးများအား လမ်းဦးစားပေးပါ။ တောင်တက် တောင်ဆင်းများတွင် တအိအိ တက်ဆင်းနေသောကားကြီးများ အနှောင့်အယှက်ဖြစ်စေရန်ဟွန်း တတီတီ တီး၍ လမ်းမတောင်းပါနှင့်။

လမ်းလွတ်သောနေရာများတွင်လမ်းမတောင်းသည့်တိုင်နောက်ကားအား ကျော်ရန်နေရာပေးပါလိမ့်မည်။ ကျော်မရသော လမ်းကျဉ်းများလမ်းပေးမရသောနေရာများတွင်ဝန်အလေးဖြင့် တက်ဆင်းနေသောကားကြီးများအား ဟွန်းသံဖြင့် အနှောင့် အယှက်မပေးပါနှင့်။ ရှမ်းအရှေ့ ကိုးကွေ့တောင်ကဲ့သို့အတက်များတွင် ကားကြီးများသည်ညာကွေ့များတွင် ကွေ့၍ မလွတ်သောကြောင့်ဘယ်ဘက်ယာဉ်ကြောမှ ပန်းကွေ့တတ်ပါသည်။ ထို့ကြောင့် ကျဉ်းမြောင်းသော အကွေ့များတွင်ကားကြီး ဘယ်ကြောယူကွေ့ပါက ကားငယ်များ ဘယ်ကြောမှဖြေးညှင်းစွာဆင်း၍ လမ်းပေးပါ။ ဝန်အလေးတင်ထားသော ကားကြီးများသည်ရပ်ပြီးမှ အကွေ့တင်ပြန်တက်ပါက အခန့်မသင့်ပါက နောက်ကရောင်းကြွေခြင်း၊ ကလပ်ပလိတ်ကုန်ခြင်း၊ ရှပ်များကျိုးခြင်းဖြစ်တတ်ပါသည်။ တောင်တက်များတွင် ဖြေးဖြေးမှန်မှန်သာတက်ခြင်းသည် ကားအင်ဂျင်ကို ဝန်ရုန်းရသက်သာစေပြီး အန္တရာယ်ကင်းပါသည်။ အတက် အကွေ့များတွင်ချောက်ကမ်းပါးဘက်မှ ပန်းကွေ့ရပါကအရှိန်ကြိူလျော့ထားပါ။ အကွေ့မနိုင်ပါက တစ်ဘက်ချောက်နုတ်ခမ်းအထိပါသွားတတ်ကာအန္တရာယ် ရှိပါသည်။ တောင်တက် တောင်ဆင်းများတွင်မိတ်ဆွေတို့ကားများ ခေတ္တနားလိုပါကမျက်ကွယ်ကွေ့နေရာများနှင့်လမ်ကျဉ်းသောနေရာများကို ရှောင်ပြီး လမ်းကျယ်သောနေရာတွင်သာနားပါ။ မည်မျှမြင့်မားသော တောင်ပင်ဖြစ်ပါစေ။ အိမ်စီးကားများသည် ရပ်ပြီး ပြန်တက်ရာတွင်ယခုခေတ်ကားများသည် သာသာယာယာပင်တက်နိုင်ကြပါသည်။ ဒါကြောင့် မသေချာသောနေရာများတွင်ရပ်ပြီး ရှောင်ပေးပါ။ မိတ်ဆွေကားအန္တရာယ်ကင်းအောင်မောင်းပြီးအခြားကားများလည်း အန္တရယ်မဖြစ်အောင် ဂရုပြု မောင်းနှင်ပေးပါရန် လိုအပ်ပါသည်။ ခရီးမထွက်ခင် _ ပန်ကာကြိုး။ အင်ဂျင်ဝိုင်။ဂီယာဝိုင်။ဘရိတ်ဆီ။ရေတိုင်ကီ Coolant။ပါဝါဆီ။ရေသုတ်တံနှင့် မှန်ဆေးရည်။ကားဟွန်း။တိုင်မင်ကြိုး။ဘရိတ်ရှုးနှင့် အောက်ပိုင်းစစ်ဆေးရန် မမေ့ပါနှင့်။လေစစ်များ မကောင်းပါက အသစ်လဲလှယ်ပြီးမှ ခရီးထွက်ပါ။ကား တာယာရက်စွဲများကို ခရီးမထွက်ခင်အသေအချာ စစ်ဆေးပါ။တာယာ ပန်း ကောင်း မကောင်း စစ်ဆေးပါ။တာယာရက်စွဲသည် ၄ နှစ်ခန့်အထိသာစိတ်ချရပါသည်။ချစ်မိတ်ဆွေများအားလုံးလိုရာခရီးသို့ ချောမောစွာ ရောက်ကြပါစေ..။

ရိုသေစွာဖြင့် Credit : ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

[zawgyi]

ေအာ္တို ဂီယာအသုံးျပဳသူမ်ား ျမင့္မားေသာ ေတာင္အတက္မ်ားတြင္အဲယားကြန္း မဖြင့္ပါႏွင့္၊ ေတာင္တက္ရန္အတြက္ Second ဂီယာျဖစ္ေသာS, 2 တို႔ျဖင့္သာ ေတာင္တက္ပါ။ D သာပါေသာ ေအာ္တိုကားမ်ားတြင္Manual ေျပာင္း၍ တက္သင့္ပါသည္။ ဒီဇယ္ Pickup ကားမ်ားႏွင့္Manual ဂီယာသုံး အိမ္သုံးကားငယ္မ်ားတြင္ဂီယာကို ႀကိဳ ေဒါင္းပါ။ မႏိုင္ေသာဂီယာႏွင့္ အတင္းဆြဲတက္ပါကManual ဂီယာကားမ်ားတြင္ကလပ္ပလိတ္ျပား မ်က္ႏွာျပင္မ်ားေခ်ာ္တတ္ပါသည္။ ျမင့္မားေသာ ေတာင္အဆင္းတြင္လည္း ေအာ္တိုဂီယာျဖစ္ေစ Manual ဂီယာျဖစ္ေစ၊ ဂီယာႀကီးျဖစ္ေသာ S, 2 စေသာ ဂီယာႀကီးျဖင့္အနည္းဆုံးဆင္းပါ။ အဆင္းရွည္ေသာ ေတာင္ဆင္းမ်ားတြင္ဂီယာအေသးျဖစ္ေသာ3, 4, D ျဖင့္ဆင္းၿပီး ဘရိတ္အားၾကာရွည္စြာ ေမွးထားပါကေတာင္ဆင္းတြင္ ဘရိတ္ေပ်ာက္တတ္ပါသည္။ ဘရိတ္ေပ်ာက္ပါက ဘရိတ္ေအာက္က်ကာ မမိေတာ့ပါ။ ဘရိတ္ေပ်ာက္ခဲ့ပါက မစိုးရိမ္ပဲ ဂီယာျဖင့္ ထိန္းရပ္ကာရပ္ၿပီး နာရီဝက္ေက်ာ္ခန႔္နားလိုက္ပါက ဘရိတ္နဂိုကဲ့သို႔ အေပၚျပန္တက္ကာေကာင္းသြားပါလိမ့္မည္။ ေတာင္တက္ ေတာင္ဆင္း မ်က္ကြယ္ေကြ႕မ်ားတြင္ဟြန္းတီးရန္ မေမ့ပါႏွင့္။ဟြန္းသံသည္ က်ဥ္းေျမာင္းေသာေတာင္ေကြ႕မ်ားတြင္ ႏွစ္ဖက္လုံးအတြက္အႏၲရယ္ကာကြယ္ႏိုင္ပယသည္။ေတာင္တက္ ေတာင္ဆင္းေခ်ာက္ကမ္းပါးနားကားခ်င္းကပ္ေရွာင္ရာ၌ေဘးကာတန္းႏွင့္ တိုင္မရွိေသာေနရာမ်ားတြင္ဖို႔ေျမသားေပၚ မနင္းပါႏွင့္။ မေသခ်ာပါက ရပ္ထားကာ ေရွာင္ပါ။ ဘယ္ေမာင္းကားမ်ား မေသခ်ာပါကရပ္ၿပီးသာ ေရွာင္သင့္ပါသည္။ ေတာင္တက္ ေတာင္ဆင္းမ်ားတြင္ကားႀကီးမ်ားကို ဦးစားေပးပါ။ ကားႀကီးမ်ားသည္ ဝန္အေလးခ်ိန္မ်ားသျဖင့္အခ်ိဳ႕ေနရာမ်ား ဖို႔ေျမသားမ်ားတြင္ေခ်ာက္ႏုတ္ခမ္းအထိ ကပ္သြား၍ မရပါ။ ထို႔ေၾကာင့္ ကားႀကီးမ်ားအား လမ္းဦးစားေပးပါ။ ေတာင္တက္ ေတာင္ဆင္းမ်ားတြင္ တအိအိ တက္ဆင္းေနေသာကားႀကီးမ်ား အေႏွာင့္အယွက္ျဖစ္ေစရန္ဟြန္း တတီတီ တီး၍ လမ္းမေတာင္းပါႏွင့္။လမ္းလြတ္ေသာေနရာမ်ားတြင္လမ္းမေတာင္းသည့္တိုင္ေနာက္ကားအား ေက်ာ္ရန္ေနရာေပးပါလိမ့္မည္။ ေက်ာ္မရေသာ လမ္းက်ဥ္းမ်ားလမ္းေပးမရေသာေနရာမ်ားတြင္ဝန္အေလးျဖင့္ တက္ဆင္းေနေသာကားႀကီးမ်ားအား ဟြန္းသံျဖင့္ အေႏွာင့္ အယွက္မေပးပါႏွင့္။ ရွမ္းအေရွ႕ ကိုးေကြ႕ေတာင္ကဲ့သို႔အတက္မ်ားတြင္ ကားႀကီးမ်ားသည္ညာေကြ႕မ်ားတြင္ ေကြ႕၍ မလြတ္ေသာေၾကာင့္ဘယ္ဘက္ယာဥ္ေၾကာမွ ပန္းေကြ႕တတ္ပါသည္။ ထို႔ေၾကာင့္ က်ဥ္းေျမာင္းေသာ အေကြ႕မ်ားတြင္ကားႀကီး ဘယ္ေၾကာယူေကြ႕ပါက ကားငယ္မ်ား ဘယ္ေၾကာမွေျဖးညႇင္းစြာဆင္း၍ လမ္းေပးပါ။ ဝန္အေလးတင္ထားေသာ ကားႀကီးမ်ားသည္ရပ္ၿပီးမွ အေကြ႕တင္ျပန္တက္ပါက အခန႔္မသင့္ပါက ေနာက္ကေရာင္းေႂကြျခင္း၊ ကလပ္ပလိတ္ကုန္ျခင္း၊ ရွပ္မ်ားက်ိဳးျခင္းျဖစ္တတ္ပါသည္။ ေတာင္တက္မ်ားတြင္ ေျဖးေျဖးမွန္မွန္သာတက္ျခင္းသည္ ကားအင္ဂ်င္ကို ဝန္႐ုန္းရသက္သာေစၿပီး အႏၲရာယ္ကင္းပါသည္။ အတက္ အေကြ႕မ်ားတြင္ေခ်ာက္ကမ္းပါးဘက္မွ ပန္းေကြ႕ရပါကအရွိန္ႀကိဴေလ်ာ့ထားပါ။ အေကြ႕မႏိုင္ပါက တစ္ဘက္ေခ်ာက္ႏုတ္ခမ္းအထိပါသြားတတ္ကာအႏၲရာယ္ ရွိပါသည္။ ေတာင္တက္ ေတာင္ဆင္းမ်ားတြင္မိတ္ေဆြတို႔ကားမ်ား ေခတၱနားလိုပါကမ်က္ကြယ္ေကြ႕ေနရာမ်ားႏွင့္လမ္က်ဥ္းေသာေနရာမ်ားကို ေရွာင္ၿပီး လမ္းက်ယ္ေသာေနရာတြင္သာနားပါ။ မည္မွ်ျမင့္မားေသာ ေတာင္ပင္ျဖစ္ပါေစ။ အိမ္စီးကားမ်ားသည္ ရပ္ၿပီး ျပန္တက္ရာတြင္ယခုေခတ္ကားမ်ားသည္ သာသာယာယာပင္တက္ႏိုင္ၾကပါသည္။ ဒါေၾကာင့္ မေသခ်ာေသာေနရာမ်ားတြင္ရပ္ၿပီး ေရွာင္ေပးပါ။ မိတ္ေဆြကားအႏၲရာယ္ကင္းေအာင္ေမာင္းၿပီးအျခားကားမ်ားလည္း အႏၲရယ္မျဖစ္ေအာင္ ဂ႐ုျပဳ ေမာင္းႏွင္ေပးပါရန္ လိုအပ္ပါသည္။ ခရီးမထြက္ခင္ _ ပန္ကာႀကိဳး။ အင္ဂ်င္ဝိုင္။ဂီယာဝိုင္။ဘရိတ္ဆီ။ေရတိုင္ကီ Coolant။ပါဝါဆီ။ေရသုတ္တံႏွင့္ မွန္ေဆးရည္။ကားဟြန္း။တိုင္မင္ႀကိဳး။ဘရိတ္ရႈးႏွင့္ ေအာက္ပိုင္းစစ္ေဆးရန္ မေမ့ပါႏွင့္။ေလစစ္မ်ား မေကာင္းပါက အသစ္လဲလွယ္ၿပီးမွ ခရီးထြက္ပါ။ကား တာယာရက္စြဲမ်ားကို ခရီးမထြက္ခင္အေသအခ်ာ စစ္ေဆးပါ။တာယာ ပန္း ေကာင္း မေကာင္း စစ္ေဆးပါ။တာယာရက္စြဲသည္ ၄ ႏွစ္ခန႔္အထိသာစိတ္ခ်ရပါသည္။ခ်စ္မိတ္ေဆြမ်ားအားလုံးလိုရာခရီးသို႔ ေခ်ာေမာစြာ ေရာက္ၾကပါေစ..။