မြင်းကောင်ရေ (hP) ဆိုတာ..

အင်ဂျင်တွေမှာအသုံးများတဲ့ ပါဝါ ယူနစ် ၃ မျိုးရှိပါတယ်။ HP (Horsepower)၊ PS (Pferdestärke) – ဂျာမန် မြင်းကောင်ရေ၊ W (watts) တို့ပဲ ဖြစ်ပါတယ်။အရင်ဆုံး အနေနဲ့ HP (Horsepower) ဆိုတာကတော့ အလုပ်ပြီး မြောက်နိုင်စွမ်း ကိုသတ်မှတ်ပေးတဲ့ ယူနစ်တစ်ခု ဖြစ်ပြီ 1 HP ဆိုတာ တစ်စက္ကန့်အတွင်း ပေါင် ၅၅၀ ကို တစ်ပေ အရွေ့ဖြစ်အောင် လုပ်ဆောင်ပေးတဲ့ အားကို ခေါ်တာပဲဖြစ်ပါတယ်။ Horsepower ဆိုတဲ့အခေါ်အဝေါ်ကို စကော့အင်ဂျင်နီယာ တီထွင်သူတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဝပ် ကနေ စတင်သတ်မှတ် ပေးခဲ့ တာပဲ ဖြစ်ပါတယ်။စတင် ဖြစ်ပေါ်လာပုံကတော့ ကျောက်မီးသွေးတွင်း တစ်ခုမှာ ဂျိမ်းစ်ဝပ် အလုပ်လုပ်နေတုန်း တွင်းထဲက မီးသွေးတွေကို မြင်းနဲ့ အပေါ်ဆွဲတင်တဲ့အခါမှာ သာမာန်မြင်းတစ်ကောင်ဟာ တစ်မိနစ် အတွင်း ၃၃၀၀၀ ပေါင်အလေးချိန်ကို ၁ ပေရွေ့အောင် စွမ်းဆောင် နိုင်တာကို သွားတွေ့ပါတယ်။

အဲ့ဒီကနေ ဆက်ပြီး တွက်ကြည့်ရာ ကနေ တစ်စက္ကန့်အတွင်း စွမ်းဆောင်ရေကို ရရှိလာပြီး မြင်ကောင်ရေ ပါဝါ – HP လို့ သတ်မှတ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ (3300 lb ÷ 60 sec = 550lb/s)နိုင်ငံအများစုသုံးတဲ့ ပါဝါကိုတိုင်းတာတဲ့ SI Unit (Standard) ယူနစ်ကတော့ watt ပဲ ဖြစ်ပြီး HP ကတော့ ဗြိတိသျ ယူနစ်တစ်ခု အဖြစ် အသိများ ပါတယ်။Mechanical or Imperial Horsepower လို့လည်းခေါ်ပါတယ်။ လျှပ်စစ်မော်တာတွေမှာလည်း ဒီယူနစ်ကိုပဲ သုံးကြပါတယ်။ ဒီအမျိုးအစားမှာ မြင်းကောင်ရေတစ်ကောင်ကို 746 watts လို့ သတ်မှတ် ထားပေးပါတယ်။PS ကတော့ ဂျာမန်တွေသုံးတဲ့ မြင်းကောင်ရေ ယူနစ်ပဲ ဖြစ်ပါတယ်။ ဒီယူနစ်မှာတော့ မြင်းကောင်ရေ ၁ ကောင်မှာ 736 watts ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ဒီယူနစ်တွေကတော့ အသုံးပြုတဲ့ နိုင်ငံနဲ့ ကားထုတ်လုပ်သူတွေ အပေါ် မူတည်ပြီး ကွဲပြားသွားကြတာပဲ ဖြစ်ပါတယ်။

Credit -မော်တော်ကားများနှင့်မျောလွှင့်ခြင်း

[zawgyi]

အင္ဂ်င္ေတြမွာအသုံးမ်ားတဲ့ ပါဝါ ယူနစ္ ၃ မ်ိဳးရွိပါတယ္။ HP (Horsepower)၊ PS (Pferdestärke) – ဂ်ာမန္ ျမင္းေကာင္ေရ၊ W (watts) တို႔ပဲ ျဖစ္ပါတယ္။အရင္ဆုံး အေနနဲ႔ HP (Horsepower) ဆိုတာကေတာ့ အလုပ္ၿပီး ေျမာက္ႏိုင္စြမ္း ကိုသတ္မွတ္ေပးတဲ့ ယူနစ္တစ္ခု ျဖစ္ၿပီ 1 HP ဆိုတာ တစ္စကၠန႔္အတြင္း ေပါင္ ၅၅၀ ကို တစ္ေပ အေ႐ြ႕ျဖစ္ေအာင္ လုပ္ေဆာင္ေပးတဲ့ အားကို ေခၚတာပဲျဖစ္ပါတယ္။ Horsepower ဆိုတဲ့အေခၚအေဝၚကို စေကာ့အင္ဂ်င္နီယာ တီထြင္သူတစ္ဦးျဖစ္တဲ့ ဂ်ိမ္းစ္ဝပ္ ကေန စတင္သတ္မွတ္ ေပးခဲ့ တာပဲ ျဖစ္ပါတယ္။စတင္ ျဖစ္ေပၚလာပုံကေတာ့ ေက်ာက္မီးေသြးတြင္း တစ္ခုမွာ ဂ်ိမ္းစ္ဝပ္ အလုပ္လုပ္ေနတုန္း တြင္းထဲက မီးေသြးေတြကို ျမင္းနဲ႔ အေပၚဆြဲတင္တဲ့အခါမွာ သာမာန္ျမင္းတစ္ေကာင္ဟာ တစ္မိနစ္ အတြင္း ၃၃၀၀၀ ေပါင္အေလးခ်ိန္ကို ၁ ေပေ႐ြ႕ေအာင္ စြမ္းေဆာင္ ႏိုင္တာကို သြားေတြ႕ပါတယ္။အဲ့ဒီကေန ဆက္ၿပီး တြက္ၾကည့္ရာ ကေန တစ္စကၠန႔္အတြင္း စြမ္းေဆာင္ေရကို ရရွိလာၿပီး ျမင္ေကာင္ေရ ပါဝါ – HP လို႔ သတ္မွတ္ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ (3300 lb ÷ 60 sec = 550lb/s)ႏိုင္ငံအမ်ားစုသုံးတဲ့ ပါဝါကိုတိုင္းတာတဲ့ SI Unit (Standard) ယူနစ္ကေတာ့ watt ပဲ ျဖစ္ၿပီး HP ကေတာ့ ၿဗိတိသ် ယူနစ္တစ္ခု အျဖစ္ အသိမ်ား ပါတယ္။Mechanical or Imperial Horsepower လို႔လည္းေခၚပါတယ္။ လွ်ပ္စစ္ေမာ္တာေတြမွာလည္း ဒီယူနစ္ကိုပဲ သုံးၾကပါတယ္။ ဒီအမ်ိဳးအစားမွာ ျမင္းေကာင္ေရတစ္ေကာင္ကို 746 watts လို႔ သတ္မွတ္ ထားေပးပါတယ္။PS ကေတာ့ ဂ်ာမန္ေတြသုံးတဲ့ ျမင္းေကာင္ေရ ယူနစ္ပဲ ျဖစ္ပါတယ္။ ဒီယူနစ္မွာေတာ့ ျမင္းေကာင္ေရ ၁ ေကာင္မွာ 736 watts ရွိတယ္လို႔ သတ္မွတ္ထားၾကပါတယ္။ဒီယူနစ္ေတြကေတာ့ အသုံးျပဳတဲ့ ႏိုင္ငံနဲ႔ ကားထုတ္လုပ္သူေတြ အေပၚ မူတည္ၿပီး ကြဲျပားသြားၾကတာပဲ ျဖစ္ပါတယ္။