မြင်းခွာ သံတစ်ချက်ပြုတ်နေတယ်

ကုန်သည်တစ်ယောက်က ဈေးပွဲကို ပစ္စည်းတချို့ ရောင်းဖို့သွားခဲ့တယ်။ ပစ္စည်းအားလုံးက ဈေးကောင်းရလိုက်တော့ သူ့ငွေအိတ်ထဲမှာ ရွှေစ ငွေစအပြည့်ရလိုက်တာနဲ့ သူအတော်ပျော်သွားတယ်။” ဒီနေ့ ငါအတော်ကံကောင်းပါလားနော်။ ပြန်ရမယ့်ခရီးကရှည်တော့ အခုပဲအိမ်ပြန်မှတော်တော့မယ် ” လို့ သူ့ကိုယ်သူပြောတယ်။ဒါနဲ့ ထမင်းဆိုင်ထဲ မြင်းယူဖို့သူဝင်သွားတယ်။ အဲ့ဒီမှာမိတ်ဆွေတချို့နဲ့ တွေ့တယ်။” မပြန်ခင် ကျုပ်တို့နဲ့ လက်ဖက်ရည်သောက်ပါဦး။ခင်ဗျားက အတော်လေးရလိုက်တော့ ပျော်ဖို့အချိန်လေးတစ်ခုအတွက်တော့ တတ်နိုင်မှာပါ” လို့ သူတို့က ပြောတယ်။” အေး ကျုပ်ကြာကြာတော့ မနေနိုင်ဘူး။ အပြန်လမ်းက ညဆိုရင် ဓားပြမကြာခဏတွေ့ရတတ်တော့ မမှောင်ခင်အိမ်ပြန်ရောက်မှ လက်ဖက်ရည်ပဲသောက်တော့မယ်လို့”ကုန်သည်ကပြောတယ်။ဘာပဲပြောပြော သူအတော်ပျော်လိုက်တာ သူတို့တစ်တွေနဲ့စကား ပြောရင်း အချိန်အတော်ကုန်သွားတယ်။နောက်မှ သူက ထခုန်လိုက်ရင်း” အလိုလေး ဒီလောက်နောက်ကျသွားမှန်းမသိဘူး။ချက်ချင်းပြန်မှဖြစ်တော့မယ်လို့ပြောလိုက်တယ်။သူ့မြင်းကိုဆွဲလာတယ်။ ဒါပေမယ့် ဆွဲလာတုန်းသူ့မိတ်ဆွေတစ်ယောက်က သူ့မြင်းရဲ့ခွာတွေကိုကြည့်ရင်း ” မြင်းခွာမှာ သံတစ်ချက်ပြုတ်နေတယ်။ခဏစောင့်ပြီးရိုက်ထည့်လိုက်ရင်ကောင်းမယ်” လို့ပြောတယ်။ ” မဖြစ်ဘူး မဖြစ်ဘူး တစ်မိနစ်တောင် မစောင့်နိုင်ဘူး။ချက်ချင်းထွက်ရမယ်။ သံတစ်ချောင်းက အကြောင်းမဟုတ်ဘူး” လို့ ကုန်သည်ကပြောတယ်။ဒါနဲ့ သူ့မြင်းပေါ်တက်ပြီး မြို့ပြင်ကို ကဆုန်စိုင်းထွက်သွားတယ်။ နာရီအတန်ကြာ ခရီးနှင်လာခဲ့ပြီးနောက်ထမင်းဆိုင်တစ်ဆိုင်မှာ တစ်ခုခုစားဖို့ရပ်လိုက်တယ်။ နောက်တစ်ခါ ပြန်ထွက်မယ်လုပ်တော့ မြင်းဇောင်းကကောင်လေးက” ခင်ဗျားမြင်းမှာ သံခွာတစ်ခုပြုတ်နေတယ်။

မြင်းကိုပန်းပဲဆရာဆီလှည့်ခေါ်ဖို့ ကျွန်တော့်ကိုခွင့်ပြုပါ” လို့ပြောတယ်။” မဖြစ်ဘူး ငါမစောင့်နိုင်ဘူး အခုကိုပဲနောက်ကျနေပြီ မိုင်နည်းနည်းပဲသွားရတော့မှာ ခွာတစ်ခုမပါလည်း မြင်းကဒီလောက်အဝေးကို သွားနိုင်မှာပါ” လို့ ကုန်သည်ကပြောလိုက်တယ်။နောက်တစ်ခါ မြင်းပေါ်တက်ပြီး ဆက်စီးသွားတယ်။ဒါပေမယ့်မိုင်နည်းနည်းရောက်တော့ မြင်းက ထော့နင်းထော့နင်းဖြစ်လာတယ်။ သွားတာ တဖြည်းဖြည်း နှေးသွားတယ်။ ချက်ချင်းဆို ခလုတ်တိုက်မိပြီးကုန်သည်လည်း လိမ့်ကျလုမတတ်ဖြစ်သွားတယ်။သူအောက်ဆင်းပြီး မြင်းခွာကိုကြည့်လိုက်တယ်။” အတော်ဆိုးပါလား။ ခြေလုံးဝကျိုးသွားပြီး အခု ခြေကျင်လျှောက်ပြီး မြင်းကိုဆွဲသွားရတော့မှာပဲ” လို့ သူ့ကိုယ်သူပြောတယ်။သူနည်းနည်းထပ်လျှောက်သွားတယ်။ နောက်ဆုံးမှာတော့မှောင်လာနေပြီ။အိမ်နဲ့အလှမ်းဝေးတဲ့ခရီးမှာပဲရှိသေးတယ်။ချက်ချင်းဆိုသလို ဓားပြ ၂ ယောက် ခြုံတွေကြားက ခုန်ထွက်လာတယ်။ ကုန်သည်လည်း အံ့အားသင့်သွားတယ်။ မောလည်းမော တိုက်ဖို့လည်းမတတ်နိုင်တော့ဘူး။ ဒါနဲ့ဓားပြတွေက သူ့ပိုက်ဆံတွေကို မြန်မြန်ဆန်ဆန်လုယူပြီး သူ့ မြင်းကျိုးဘေးမှာ ထိုင်လျက်သားထားခဲ့ကြတယ်။ အမှောင်ထဲမှာ အညိုအ မည်းစွဲပြီး မောလည်းမောယူကျုံးမရလည်းဖြစ်သွားတယ်။ ” အမယ်လေးဗျ မြင်းခွာတစ်ချက် မနှက်မိလိုက်တာနဲ့ ကျုပ်ငွေတွေ ဆုံးပါပေါ့။ ဒီလောက်မိုက်တဲ့လူ သံရိုက်ဖို့ အချိန်နည်းနည်းပေးခဲ့ရင် ကျုပ်မြင်းလည်းခွာကျွတ်ပြီးကျိုးမှာမဟုတ်ဘူး။ ဒီအချိန်လောက်ဆို ကျုပ်ရှိတဲ့ငွေတွေနဲ့ကျုပ်အိမ်မှာ ဘေးကင်းရန်ကင်းရောက်နေရမှာဗျ” လို့ ဆိုပြီး နောင်တရသွားခဲ့ပါတယ်။

Credit – မူရင်း

[zawgyi]

ကုန္သည္တစ္ေယာက္က ေဈးပြဲကို ပစၥည္းတခ်ိဳ႕ ေရာင္းဖို႔သြားခဲ့တယ္။ ပစၥည္းအားလုံးက ေဈးေကာင္းရလိုက္ေတာ့ သူ႔ေငြအိတ္ထဲမွာ ေ႐ႊစ ေငြစအျပည့္ရလိုက္တာနဲ႔ သူအေတာ္ေပ်ာ္သြားတယ္။” ဒီေန႔ ငါအေတာ္ကံေကာင္းပါလားေနာ္။ ျပန္ရမယ့္ခရီးကရွည္ေတာ့ အခုပဲအိမ္ျပန္မွေတာ္ေတာ့မယ္ ” လို႔ သူ႔ကိုယ္သူေျပာတယ္။ဒါနဲ႔ ထမင္းဆိုင္ထဲ ျမင္းယူဖို႔သူဝင္သြားတယ္။ အဲ့ဒီမွာမိတ္ေဆြတခ်ိဳ႕နဲ႔ ေတြ႕တယ္။” မျပန္ခင္ က်ဳပ္တို႔နဲ႔ လက္ဖက္ရည္ေသာက္ပါဦး။ခင္ဗ်ားက အေတာ္ေလးရလိုက္ေတာ့ ေပ်ာ္ဖို႔အခ်ိန္ေလးတစ္ခုအတြက္ေတာ့ တတ္ႏိုင္မွာပါ” လို႔ သူတို႔က ေျပာတယ္။” ေအး က်ဳပ္ၾကာၾကာေတာ့ မေနႏိုင္ဘူး။ အျပန္လမ္းက ညဆိုရင္ ဓားျပမၾကာခဏေတြ႕ရတတ္ေတာ့ မေမွာင္ခင္အိမ္ျပန္ေရာက္မွ လက္ဖက္ရည္ပဲေသာက္ေတာ့မယ္လို႔”ကုန္သည္ကေျပာတယ္။ဘာပဲေျပာေျပာ သူအေတာ္ေပ်ာ္လိုက္တာ သူတို႔တစ္ေတြနဲ႔စကား ေျပာရင္း အခ်ိန္အေတာ္ကုန္သြားတယ္။ေနာက္မွ သူက ထခုန္လိုက္ရင္း” အလိုေလး ဒီေလာက္ေနာက္က်သြားမွန္းမသိဘူး။ခ်က္ခ်င္းျပန္မွျဖစ္ေတာ့မယ္လို႔ေျပာလိုက္တယ္။သူ႔ျမင္းကိုဆြဲလာတယ္။ ဒါေပမယ့္ ဆြဲလာတုန္းသူ႔မိတ္ေဆြတစ္ေယာက္က သူ႔ျမင္းရဲ႕ခြာေတြကိုၾကည့္ရင္း ” ျမင္းခြာမွာ သံတစ္ခ်က္ျပဳတ္ေနတယ္။ခဏေစာင့္ၿပီး႐ိုက္ထည့္လိုက္ရင္ေကာင္းမယ္” လို႔ေျပာတယ္။ ” မျဖစ္ဘူး မျဖစ္ဘူး တစ္မိနစ္ေတာင္ မေစာင့္ႏိုင္ဘူး။ခ်က္ခ်င္းထြက္ရမယ္။ သံတစ္ေခ်ာင္းက အေၾကာင္းမဟုတ္ဘူး” လို႔ ကုန္သည္ကေျပာတယ္။ဒါနဲ႔ သူ႔ျမင္းေပၚတက္ၿပီး ၿမိဳ႕ျပင္ကို ကဆုန္စိုင္းထြက္သြားတယ္။ နာရီအတန္ၾကာ ခရီးႏွင္လာခဲ့ၿပီးေနာက္ထမင္းဆိုင္တစ္ဆိုင္မွာ တစ္ခုခုစားဖို႔ရပ္လိုက္တယ္။ ေနာက္တစ္ခါ ျပန္ထြက္မယ္လုပ္ေတာ့ ျမင္းေဇာင္းကေကာင္ေလးက” ခင္ဗ်ားျမင္းမွာ သံခြာတစ္ခုျပဳတ္ေနတယ္။ျမင္းကိုပန္းပဲဆရာဆီလွည့္ေခၚဖို႔ ကြၽန္ေတာ့္ကိုခြင့္ျပဳပါ” လို႔ေျပာတယ္။” မျဖစ္ဘူး ငါမေစာင့္ႏိုင္ဘူး အခုကိုပဲေနာက္က်ေနၿပီ မိုင္နည္းနည္းပဲသြားရေတာ့မွာ ခြာတစ္ခုမပါလည္း ျမင္းကဒီေလာက္အေဝးကို သြားႏိုင္မွာပါ” လို႔ ကုန္သည္ကေျပာလိုက္တယ္။ေနာက္တစ္ခါ ျမင္းေပၚတက္ၿပီး ဆက္စီးသြားတယ္။ဒါေပမယ့္မိုင္နည္းနည္းေရာက္ေတာ့ ျမင္းက ေထာ့နင္းေထာ့နင္းျဖစ္လာတယ္။ သြားတာ တျဖည္းျဖည္း ေႏွးသြားတယ္။ ခ်က္ခ်င္းဆို ခလုတ္တိုက္မိၿပီးကုန္သည္လည္း လိမ့္က်လုမတတ္ျဖစ္သြားတယ္။သူေအာက္ဆင္းၿပီး ျမင္းခြာကိုၾကည့္လိုက္တယ္။” အေတာ္ဆိုးပါလား။ ေျခလုံးဝက်ိဳးသြားၿပီး အခု ေျခက်င္ေလွ်ာက္ၿပီး ျမင္းကိုဆြဲသြားရေတာ့မွာပဲ” လို႔ သူ႔ကိုယ္သူေျပာတယ္။သူနည္းနည္းထပ္ေလွ်ာက္သြားတယ္။ ေနာက္ဆုံးမွာေတာ့ေမွာင္လာေနၿပီ။အိမ္နဲ႔အလွမ္းေဝးတဲ့ခရီးမွာပဲရွိေသးတယ္။ခ်က္ခ်င္းဆိုသလို ဓားျပ ၂ ေယာက္ ၿခဳံေတြၾကားက ခုန္ထြက္လာတယ္။ ကုန္သည္လည္း အံ့အားသင့္သြားတယ္။ ေမာလည္းေမာ တိုက္ဖို႔လည္းမတတ္ႏိုင္ေတာ့ဘူး။ ဒါနဲ႔ဓားျပေတြက သူ႔ပိုက္ဆံေတြကို ျမန္ျမန္ဆန္ဆန္လုယူၿပီး သူ႔ ျမင္းက်ိဳးေဘးမွာ ထိုင္လ်က္သားထားခဲ့ၾကတယ္။ အေမွာင္ထဲမွာ အညိဳအ မည္းစြဲၿပီး ေမာလည္းေမာယူက်ဳံးမရလည္းျဖစ္သြားတယ္။ ” အမယ္ေလးဗ် ျမင္းခြာတစ္ခ်က္ မႏွက္မိလိုက္တာနဲ႔ က်ဳပ္ေငြေတြ ဆုံးပါေပါ့။ ဒီေလာက္မိုက္တဲ့လူ သံ႐ိုက္ဖို႔ အခ်ိန္နည္းနည္းေပးခဲ့ရင္ က်ဳပ္ျမင္းလည္းခြာကြၽတ္ၿပီးက်ိဳးမွာမဟုတ္ဘူး။ ဒီအခ်ိန္ေလာက္ဆို က်ဳပ္ရွိတဲ့ေငြေတြနဲ႔က်ဳပ္အိမ္မွာ ေဘးကင္းရန္ကင္းေရာက္ေနရမွာဗ်” လို႔ ဆိုၿပီး ေနာင္တရသြားခဲ့ပါတယ္။