မြင်းလိုလူလား..ငန်းလိုလူလား.?

တစ်ခါက စားကျက် တစ်ခုမှာ မြင်း တစ်ကောင်နဲ့ ငန်း တစ်ကောင် ဆုံမိကြတယ်။ ငန်း က မြင်းကို ကြည့်ပြီး မြင်းရဲ့ အမူအရာကို လှောင် ပြောင် ပြောဆိုသတဲ့။ မြင်းရဲ့ ပုံစံကို သဘောမကျ မထီမဲ့မြင်ဖြင့် ဘဲငန်းတို့ရဲ့ ထုံးစံအတိုင်း အသံ စူးစူးဝါးဝါး နဲ့ပြောဆိုသတဲ့။“ ဟဲ့ မြင်း…ငါတို့က မင်းထက် ပိုကြီးကျယ်တဲ့ အကောင်ပါကွ၊ မင်း ခန္ဓာကိုယ် အကောင်ကြီးကြီး က ဘယ်လောက် ထိအောင်များ အသုံးကျလို့လဲ။ ငါဆိုရင် မြေကြီးပေါ်မှာလဲ ကောင်းကောင်း လမ်းလျှောက်နိုင်တယ်။ လေမှာလည်း ဟောဒီ အတောင်နှစ် ဖက်နဲ့ ပျံချင်သလို ပျံနိုင်ရဲ့။ အဲ ရေစပ်နားကို ရောက်လို့ ရေပြင်မှာလည်း ကူးခပ်လို့ အေးအေးဆေးဆေး ဆော့ကစားနိုင်တယ်။ငါက ကောင်းကင်ဆို ငှက် ၊ ရေ မှာက ငါး ၊ မြေ ကြီးမှာ ဆင်၊ ကျွဲ ၊ နွား လိုသတ္တဝါ သုံမျိုး လုံး ရဲ့ စွမ်အား တွေရှိတယ်ကွ..မြင်းက သည်စကား ကြားတော့ ဟက်ဟက်ပက်ပက် ရယ် ရင်း…။ “ကိုရွှေငန်းရယ် ခင်ဗျားက သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်အားတွေရှိသတဲ့လား။ ဟုတ်ပါပြီ ဘယ်နေရာမှာမဆို မဖြစ်ညစ်ကျယ်လေး လုပ်တတ်သလောက် ကြီးကြီးကျယ်ကျယ် ပြောတတ်ပါဘိ ။ မစို့မပို့ ခင်ဗျား စွမ်းအားလည်း ပြန်သုံးသပ်ပါဦး ။ ဝေဟင်မှာ ပျံတယ်တဲ့ ။ ခန္ဓာကိုယ် မနိုင်မနင်း ကို မသယ်ပြီး မြေကြီးက လွတ်ရုံလေး ပျံတတ်တာကိုပဲ ငှက်စာရင်းသွင်း ၊ စင်ရော် တွေ သိမ်းငှက်တွေ လိုဆိုချင်သေး။ ဘာတဲ့ ရေပြင်မှာ ဆို ငါး ။ ဟုတ်စ ။ ငြိမ်နေတဲ့ ကန်ရေပြင်မှာ တောင် ရွေ့ရုံလေး လှုပ်ရှား လေထန် မိုးထန်တဲ့ အခါ တုန်လှုပ် ခြောက်ခြား ထွက် ပြေး ရတာ များဗျ ။

ရေကူး ချန်ပီယံ ကိုရွှေငါးတွေလို သူ့ကိုသူ ဆိုလို့…။ အဲ မြေကြီးပေါ် လမ်းလျှောက် ပြန်တော့ ရောဗျာ ။ ခြေကားကားကြီးတွေကို ကားရား ကားရား နဲ့ မလှုပ်တလှုပ်လျှောက် ။ လည်ကြီး ဆန့်ငင် ဆန့်ငင်နဲ့ တွေ့တဲ့သူ ပေကြည့်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟောက် မြည်တွန် တောက် တီး တတ်သေး။ခင်ဗျားကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူတွေ မရှိသလောက် ရှားတာကိုရော သတိထားမိရဲ့လား ကွယ် ။ ကျုပ်က ခင်ဗျားပြောသလို တစ်မျိုးတည်း စွမ်းတာ မှန်တယ် ။ ဒါပေမဲ့ တစ်မျိုးဆို တစ်မျိုး ဆိုသလောက် စွမ်းတယ်ဗျ ။ ကျုပ်ခန္ဓာကိုယ်က အပိုအလို အသုံးမဝင်တဲ့ နေရာမရှိ ၊ အရှိန်အဟုန်နဲ့ ပြေးဖို့ အားလုံး နေသားတကျ ဖြစ်ထွန်း လာတဲ့ ကောင်ဗျ။ကျုပ်ခြေတံ လက်တံ ကြွက်သားစိုင်တွေကို ကြည့်ပြီး ဘယ်လောက် ပြေးနိုင်သလဲ ဆိုတာ အကုန်သိတယ် ။ ပြေးရင် ပြေးသလောက် ခန္ဓာကိုယ်က ခွန်အားတွေ ကိန်း အောင်း လို့ ထွက်လာတယ်ဆိုတာ သိနိုင်တယ် ။ ဟုတ်တယ်…ငါက တစ်မျိုးတည်း သမားပါ။ တစ်မျိုးဆို တစ်မျိုး ဆိုသလောက် ထိပ်ဆုံးကို ရောက်အောင် စွမ်းတဲ့ ကောင်မျိုး ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ ဘယ်နေရာမှ တွက်တွင်ကျယ်ကျယ် အသုံးမကျ တတ်တဲ့ ကောင်မျိုးမဟုတ်ဘူး..မြင်းက ဒေါနဲ့မောနဲ့ ပြန်ပြောလိုက် လေပါတော့တယ်။ ကျွန်တော် တို့ရော ငန်းလား ၊ မြင်း လား ။ တစ်ခုဆို တစ်ခုဆိုသ လောက် တစ်မျိုးဆို တစ်မျိုးဆို သလောက် ပေါက်ရောက်အောင် အစွမ်းထက် မြင်းလို မိမိစွမ်းတဲ့ဘက်ကို ထိပ်ဆုံးရောက်အောင် တက်ကြပါစို့….။

Credit – Sayarlay

[zawgyi]

တစ္ခါက စားက်က္ တစ္ခုမွာ ျမင္း တစ္ေကာင္နဲ႔ ငန္း တစ္ေကာင္ ဆုံမိၾကတယ္။ ငန္း က ျမင္းကို ၾကည့္ၿပီး ျမင္းရဲ႕ အမူအရာကို ေလွာင္ ေျပာင္ ေျပာဆိုသတဲ့။ ျမင္းရဲ႕ ပုံစံကို သေဘာမက် မထီမဲ့ျမင္ျဖင့္ ဘဲငန္းတို႔ရဲ႕ ထုံးစံအတိုင္း အသံ စူးစူးဝါးဝါး နဲ႔ေျပာဆိုသတဲ့။“ ဟဲ့ ျမင္း…ငါတို႔က မင္းထက္ ပိုႀကီးက်ယ္တဲ့ အေကာင္ပါကြ၊ မင္း ခႏၶာကိုယ္ အေကာင္ႀကီးႀကီး က ဘယ္ေလာက္ ထိေအာင္မ်ား အသုံးက်လို႔လဲ။ ငါဆိုရင္ ေျမႀကီးေပၚမွာလဲ ေကာင္းေကာင္း လမ္းေလွ်ာက္ႏိုင္တယ္။ ေလမွာလည္း ေဟာဒီ အေတာင္ႏွစ္ ဖက္နဲ႔ ပ်ံခ်င္သလို ပ်ံႏိုင္ရဲ႕။ အဲ ေရစပ္နားကို ေရာက္လို႔ ေရျပင္မွာလည္း ကူးခပ္လို႔ ေအးေအးေဆးေဆး ေဆာ့ကစားႏိုင္တယ္။ငါက ေကာင္းကင္ဆို ငွက္ ၊ ေရ မွာက ငါး ၊ ေျမ ႀကီးမွာ ဆင္၊ ကြၽဲ ၊ ႏြား လိုသတၱဝါ သုံမ်ိဳး လုံး ရဲ႕ စြမ္အား ေတြရွိတယ္ကြ..ျမင္းက သည္စကား ၾကားေတာ့ ဟက္ဟက္ပက္ပက္ ရယ္ ရင္း…။ “ကိုေ႐ႊငန္းရယ္ ခင္ဗ်ားက သတၱဝါ သုံးမ်ိဳးလုံးရဲ႕ စြမ္အားေတြရွိသတဲ့လား။ ဟုတ္ပါၿပီ ဘယ္ေနရာမွာမဆို မျဖစ္ညစ္က်ယ္ေလး လုပ္တတ္သေလာက္ ႀကီးႀကီးက်ယ္က်ယ္ ေျပာတတ္ပါဘိ ။ မစို႔မပို႔ ခင္ဗ်ား စြမ္းအားလည္း ျပန္သုံးသပ္ပါဦး ။ ေဝဟင္မွာ ပ်ံတယ္တဲ့ ။ ခႏၶာကိုယ္ မႏိုင္မနင္း ကို မသယ္ၿပီး ေျမႀကီးက လြတ္႐ုံေလး ပ်ံတတ္တာကိုပဲ ငွက္စာရင္းသြင္း ၊ စင္ေရာ္ ေတြ သိမ္းငွက္ေတြ လိုဆိုခ်င္ေသး။ ဘာတဲ့ ေရျပင္မွာ ဆို ငါး ။ ဟုတ္စ ။ ၿငိမ္ေနတဲ့ ကန္ေရျပင္မွာ ေတာင္ ေ႐ြ႕႐ုံေလး လႈပ္ရွား ေလထန္ မိုးထန္တဲ့ အခါ တုန္လႈပ္ ေျခာက္ျခား ထြက္ ေျပး ရတာ မ်ားဗ် ။ေရကူး ခ်န္ပီယံ ကိုေ႐ႊငါးေတြလို သူ႔ကိုသူ ဆိုလို႔…။ အဲ ေျမႀကီးေပၚ လမ္းေလွ်ာက္ ျပန္ေတာ့ ေရာဗ်ာ ။ ေျခကားကားႀကီးေတြကို ကားရား ကားရား နဲ႔ မလႈပ္တလႈပ္ေလွ်ာက္ ။ လည္ႀကီး ဆန႔္ငင္ ဆန႔္ငင္နဲ႔ ေတြ႕တဲ့သူ ေပၾကည့္ၾကည့္ၿပီး စူးစူးဝါးဝါး ေအာ္ေဟာက္ ျမည္တြန္ ေတာက္ တီး တတ္ေသး။ခင္ဗ်ားကို ခ်စ္လွပါခ်ည့္ရဲ႕ ဆိုတဲ့ လူေတြ မရွိသေလာက္ ရွားတာကိုေရာ သတိထားမိရဲ႕လား ကြယ္ ။ က်ဳပ္က ခင္ဗ်ားေျပာသလို တစ္မ်ိဳးတည္း စြမ္းတာ မွန္တယ္ ။ ဒါေပမဲ့ တစ္မ်ိဳးဆို တစ္မ်ိဳး ဆိုသေလာက္ စြမ္းတယ္ဗ် ။ က်ဳပ္ခႏၶာကိုယ္က အပိုအလို အသုံးမဝင္တဲ့ ေနရာမရွိ ၊ အရွိန္အဟုန္နဲ႔ ေျပးဖို႔ အားလုံး ေနသားတက် ျဖစ္ထြန္း လာတဲ့ ေကာင္ဗ်။က်ဳပ္ေျခတံ လက္တံ ႂကြက္သားစိုင္ေတြကို ၾကည့္ၿပီး ဘယ္ေလာက္ ေျပးႏိုင္သလဲ ဆိုတာ အကုန္သိတယ္ ။ ေျပးရင္ ေျပးသေလာက္ ခႏၶာကိုယ္က ခြန္အားေတြ ကိန္း ေအာင္း လို႔ ထြက္လာတယ္ဆိုတာ သိႏိုင္တယ္ ။ ဟုတ္တယ္…ငါက တစ္မ်ိဳးတည္း သမားပါ။ တစ္မ်ိဳးဆို တစ္မ်ိဳး ဆိုသေလာက္ ထိပ္ဆုံးကို ေရာက္ေအာင္ စြမ္းတဲ့ ေကာင္မ်ိဳး ။ ခင္ဗ်ားလို ဟိုစပ္စပ္ ဒီစပ္စပ္ တတ္သလို နပ္သလိုနဲ႔ ဘယ္ေနရာမွ တြက္တြင္က်ယ္က်ယ္ အသုံးမက် တတ္တဲ့ ေကာင္မ်ိဳးမဟုတ္ဘူး..ျမင္းက ေဒါနဲ႔ေမာနဲ႔ ျပန္ေျပာလိုက္ ေလပါေတာ့တယ္။ ကြၽန္ေတာ္ တို႔ေရာ ငန္းလား ၊ ျမင္း လား ။ တစ္ခုဆို တစ္ခုဆိုသ ေလာက္ တစ္မ်ိဳးဆို တစ္မ်ိဳးဆို သေလာက္ ေပါက္ေရာက္ေအာင္ အစြမ္းထက္ ျမင္းလို မိမိစြမ္းတဲ့ဘက္ကို ထိပ္ဆုံးေရာက္ေအာင္ တက္ၾကပါစို႔….။