မြင်း အဝယ်တော်

တစ်ခါက စစ်ဘုရင်ကြီးတစ်ပါးရှိတယ်။ သူဟာ မြင်းကောင်းတွေကို ဝယ်ယူချင်တယ်။ မြင်းကောင်းတွေကိုလဲ ရွှေတွေဘယ်လောက်ပေးရပေးရ ဝယ်မယ့်သူပေါ့။ခက်တာက မြင်းကောင်းတွေကို ရှာလို့မတွေ့တာပဲ။မြင်းကောင်းတွေဟာ အလွန်ရှားပါးတယ်။ ပြီးတော့ မြင်းကောင်း တွေ့ရင်လဲ စစ်ဘုရင်တွေအားလုံးက လိုချင်တဲ့အတွက် ဝိုင်းလုဝယ်ကြတယ်။ မြင်းပိုင်ရှင်တွေက မြင်းကောင်းတွေ့ရင် ဖုံးကွယ်ထားကြပြီးတော့ သူတို့ကြိုက်တဲ့ ဘုရင်ကိုသာ ရောင်းကြတယ်။ဘုရင်ကြီးဟာ သူလျှိုတွေ လွှတ်ပြီးတော့ မြင်းကောင်းရဖို့ စုံစမ်းစေတယ်။ဒါပေမယ့် လတွေသာကြာသွားတယ် သူ့လူတွေဟာ မြင်းကောင်းကို မရကြဘူး။ နောက်ဆုံး ဘုရင်ကြီးက စိတ်ပျက်နေတယ်။ အဲဒီအချိန်မှာပဲ ပညာရှိအမတ်ကြီးက သူမြင်းလိုက်ဝယ်မယ့် အကြောင်းကိုပြောတယ်။ ဘုရင်ကြီးဆီက ရွှေပြား ၁၀၀၀ တောင်းသွားတယ်။အမတ်ကြီးထွက်သွားပြီး ၃လလောက်ကြာတဲ့အခါမှာ ပြန်ရောက်လာတယ်။ ဘုရင်ကြီးလဲ အရမ်းဝမ်းသာပြီး အမတ်ကြီး အိမ်ကို သွားတယ်။” ဘယ်လိုလဲ အ မတ်ကြီး မြင်းကောင်းရခဲ့လား ” လို့မေးတယ်..။

” ရခဲ့ပါတယ် အရှင် အဲဒီမြင်းဟာ ဒဏ္ဍာရီထဲက မြင်းဖြစ်ပြီးတော့ မိုင်တစ်ထောင်အကွာ အဝေးကို တစ်နေ့ထဲနဲ့ ပြေးနိုင်ပါတယ်”ဘုရင်ကြီးလဲ မြင်းကိုလိုက်ကြည့်တယ်။ ဒါပေမယ့်တွေ့လိုက်ရတာက မြင်းမဟုတ်။ မြင်းအရိုးခေါင်းတစ်ခုသာဖြစ်တယ်။ ဘုရင်ကြီးဟာ စိတ်ဆိုးဆိုးနဲ့ အမတ်ကြီးကို ထောင်ချလိုက်တယ်။သိပ်မကြာခင်မှာ နန်းမြို့ကို မြင်းကုန်သည်တွေရောက်လာတယ်။ မြင်းကုန်သည်တွေက ” ဒီမြို့က ဘု ရင် ကြီးဟာ မြင်းကောင်းရဲ့ အရိုးကိုတောင် ရွှေအပြား ၁၀၀၀ ပေးပြီး ဝယ်တယ် တကယ့် အသက်ရှင်လျှက် မြင်းကောင်းဆိုလျှင်ပိုပေးမှာသေချာတယ် ” လို့ပြောဆိုကြသတဲ့။ဒီလိုနဲ့ ဘုရင်ကြီးဟာ မြင်းကောင်း အစီးနှစ်ဆယ်ကို ဝယ်ယူရရှိလိုက်ပြီးတော့ ကျေနပ်သွားတယ်။ အ မတ်ကြီးကိုလဲ ထောင်ကနေထုတ်ပြီးတော့ ဆုလဒ်များ ပေးသနားလိုက်ပါတယ်။

Credit – မောင်စိုင်း

[zawgyi]

တစ္ခါက စစ္ဘုရင္ႀကီးတစ္ပါးရွိတယ္။ သူဟာ ျမင္းေကာင္းေတြကို ဝယ္ယူခ်င္တယ္။ ျမင္းေကာင္းေတြကိုလဲ ေ႐ႊေတြဘယ္ေလာက္ေပးရေပးရ ဝယ္မယ့္သူေပါ့။ခက္တာက ျမင္းေကာင္းေတြကို ရွာလို႔မေတြ႕တာပဲ။ျမင္းေကာင္းေတြဟာ အလြန္ရွားပါးတယ္။ ၿပီးေတာ့ ျမင္းေကာင္း ေတြ႕ရင္လဲ စစ္ဘုရင္ေတြအားလုံးက လိုခ်င္တဲ့အတြက္ ဝိုင္းလုဝယ္ၾကတယ္။ ျမင္းပိုင္ရွင္ေတြက ျမင္းေကာင္းေတြ႕ရင္ ဖုံးကြယ္ထားၾကၿပီးေတာ့ သူတို႔ႀကိဳက္တဲ့ ဘုရင္ကိုသာ ေရာင္းၾကတယ္။ဘုရင္ႀကီးဟာ သူလွ်ိဳေတြ လႊတ္ၿပီးေတာ့ ျမင္းေကာင္းရဖို႔ စုံစမ္းေစတယ္။ဒါေပမယ့္ လေတြသာၾကာသြားတယ္ သူ႔လူေတြဟာ ျမင္းေကာင္းကို မရၾကဘူး။ ေနာက္ဆုံး ဘုရင္ႀကီးက စိတ္ပ်က္ေနတယ္။ အဲဒီအခ်ိန္မွာပဲ ပညာရွိအမတ္ႀကီးက သူျမင္းလိုက္ဝယ္မယ့္ အေၾကာင္းကိုေျပာတယ္။ ဘုရင္ႀကီးဆီက ေ႐ႊျပား ၁၀၀၀ ေတာင္းသြားတယ္။အမတ္ႀကီးထြက္သြားၿပီး ၃လေလာက္ၾကာတဲ့အခါမွာ ျပန္ေရာက္လာတယ္။ ဘုရင္ႀကီးလဲ အရမ္းဝမ္းသာၿပီး အမတ္ႀကီး အိမ္ကို သြားတယ္။” ဘယ္လိုလဲ အ မတ္ႀကီး ျမင္းေကာင္းရခဲ့လား ” လို႔ေမးတယ္..။” ရခဲ့ပါတယ္ အရွင္ အဲဒီျမင္းဟာ ဒ႑ာရီထဲက ျမင္းျဖစ္ၿပီးေတာ့ မိုင္တစ္ေထာင္အကြာ အေဝးကို တစ္ေန႔ထဲနဲ႔ ေျပးႏိုင္ပါတယ္”ဘုရင္ႀကီးလဲ ျမင္းကိုလိုက္ၾကည့္တယ္။ ဒါေပမယ့္ေတြ႕လိုက္ရတာက ျမင္းမဟုတ္။ ျမင္းအ႐ိုးေခါင္းတစ္ခုသာျဖစ္တယ္။ ဘုရင္ႀကီးဟာ စိတ္ဆိုးဆိုးနဲ႔ အမတ္ႀကီးကို ေထာင္ခ်လိုက္တယ္။သိပ္မၾကာခင္မွာ နန္းၿမိဳ႕ကို ျမင္းကုန္သည္ေတြေရာက္လာတယ္။ ျမင္းကုန္သည္ေတြက ” ဒီၿမိဳ႕က ဘု ရင္ ႀကီးဟာ ျမင္းေကာင္းရဲ႕ အ႐ိုးကိုေတာင္ ေ႐ႊအျပား ၁၀၀၀ ေပးၿပီး ဝယ္တယ္ တကယ့္ အသက္ရွင္လွ်က္ ျမင္းေကာင္းဆိုလွ်င္ပိုေပးမွာေသခ်ာတယ္ ” လို႔ေျပာဆိုၾကသတဲ့။ဒီလိုနဲ႔ ဘုရင္ႀကီးဟာ ျမင္းေကာင္း အစီးႏွစ္ဆယ္ကို ဝယ္ယူရရွိလိုက္ၿပီးေတာ့ ေက်နပ္သြားတယ္။ အ မတ္ႀကီးကိုလဲ ေထာင္ကေနထုတ္ၿပီးေတာ့ ဆုလဒ္မ်ား ေပးသနားလိုက္ပါတယ္။