မြည်း နှင့် ဆားထုပ်

တခါတုန်းက ဆားကုန်သည်တစ်ယောက်မှာ ဆားတွေသယ်ဖို့အတွက် မြည်းတစ်ကောင်ရှိသတဲ့..။သူဟာ မြည်းပေါ်ကို ဆားတွေတင်ပြီး နေရာအနှံ့ လိုက်ရောင်းပါတယ်။ တစ်နေ့တော့ ရွာတစ်ရွာကို ဆားသွားရောင်းဖို့ ချောင်းတစ်ခုကိုကူးဖြတ်ရတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ မြည်းဟာ ချော်လဲသွားပြီး ဆားတွေဟာ အရည်တွေပျော်ကုန်တော့တယ်။ မြည်းဟာ သူ့ကျောကုန်းပေါ်က ဆားတွေပေါ့ပါးသွားလို့ ပျော်ရွှင်နေသတဲ့..။နောက်ခရီးတစ်ခုမှာ မြည်းက သိသိနဲ့(တမင်သက်သက်) ချောင်းထဲ ပြုတ်ကျခဲ့တယ်။ ကုန်သည်က မြည်းရဲ့ရည်ရွယ်ချက်ကို သံသယဝင်လာတယ်။ နောက်နေ့မှာလည်း မြည်းက တမင်သက်သက် အဲဒီအကွက်ကို ထပ်သုံးခဲ့တယ်။

သူ့သခင်က မြည်းရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို သေချာသိသွားခဲ့တယ်။နောက်နေ့မှာတော့ ကုန်သည်က မြည်းပေါ်ကို ဝါဂွမ်းထုပ်တွေနဲ့တင်လိုက်တယ်။ မြည်းက သူ့အကွက်ကို ထပ်မံပြုလုပ်ရန် ချောင်းထဲ ပြုတ်ကျခဲ့တယ်။ ဒီတစ်ခါတော့ အထုပ်တွေက အရမ်းလေးလံသွားတယ်။မြည်းက အရမ်းလေးတဲ့အထုပ်တွေကို သယ်ခဲ့ရတယ်။ ရှေ့ဆက်ဖို့တော်တော် အားစိုက်ခဲ့ရတယ်။ မြည်းက သူ့အမှားကို နားလည်ခဲ့တယ်။ ဒါနဲ့ နောက်ဘယ်တော့မှ ချောင်းထဲ မပြုတ်ကျတော့ဘူး။ လှည့်စားတာ မကောင်းမှန်း မြည်းက တွေးသိလာခဲ့တယ်။ ကုန်သည်က မြည်းကို သင်ခန်းစာကောင်းတစ်ခု ပေးလိုက်တာပါ။သင်ခန်းစာ – လူတစ်ယောက်ကို တစ်ကြိမ်နှစ်ကြိမ်တော့ ညာလို့ရမယ်။ ဒါပေမယ့် အမြဲတော့ မရဘူး။

Credit – မူရင်း

[zawgyi]

တခါတုန္းက ဆားကုန္သည္တစ္ေယာက္မွာ ဆားေတြသယ္ဖို႔အတြက္ ျမည္းတစ္ေကာင္ရွိသတဲ့..။သူဟာ ျမည္းေပၚကို ဆားေတြတင္ၿပီး ေနရာအႏွံ႔ လိုက္ေရာင္းပါတယ္။ တစ္ေန႔ေတာ့ ႐ြာတစ္႐ြာကို ဆားသြားေရာင္းဖို႔ ေခ်ာင္းတစ္ခုကိုကူးျဖတ္ရတယ္။ အဲ့ဒီအခ်ိန္မွာ သူ႔ရဲ႕ ျမည္းဟာ ေခ်ာ္လဲသြားၿပီး ဆားေတြဟာ အရည္ေတြေပ်ာ္ကုန္ေတာ့တယ္။ ျမည္းဟာ သူ႔ေက်ာကုန္းေပၚက ဆားေတြေပါ့ပါးသြားလို႔ ေပ်ာ္႐ႊင္ေနသတဲ့..။ေနာက္ခရီးတစ္ခုမွာ ျမည္းက သိသိနဲ႔(တမင္သက္သက္) ေခ်ာင္းထဲ ျပဳတ္က်ခဲ့တယ္။ ကုန္သည္က ျမည္းရဲ႕ရည္႐ြယ္ခ်က္ကို သံသယဝင္လာတယ္။ ေနာက္ေန႔မွာလည္း ျမည္းက တမင္သက္သက္ အဲဒီအကြက္ကို ထပ္သုံးခဲ့တယ္။သူ႔သခင္က ျမည္းရဲ႕ မေကာင္းတဲ့ရည္႐ြယ္ခ်က္ကို ေသခ်ာသိသြားခဲ့တယ္။ေနာက္ေန႔မွာေတာ့ ကုန္သည္က ျမည္းေပၚကို ဝါဂြမ္းထုပ္ေတြနဲ႔တင္လိုက္တယ္။ ျမည္းက သူ႔အကြက္ကို ထပ္မံျပဳလုပ္ရန္ ေခ်ာင္းထဲ ျပဳတ္က်ခဲ့တယ္။ ဒီတစ္ခါေတာ့ အထုပ္ေတြက အရမ္းေလးလံသြားတယ္။ျမည္းက အရမ္းေလးတဲ့အထုပ္ေတြကို သယ္ခဲ့ရတယ္။ ေရွ႕ဆက္ဖို႔ေတာ္ေတာ္ အားစိုက္ခဲ့ရတယ္။ ျမည္းက သူ႔အမွားကို နားလည္ခဲ့တယ္။ ဒါနဲ႔ ေနာက္ဘယ္ေတာ့မွ ေခ်ာင္းထဲ မျပဳတ္က်ေတာ့ဘူး။ လွည့္စားတာ မေကာင္းမွန္း ျမည္းက ေတြးသိလာခဲ့တယ္။ ကုန္သည္က ျမည္းကို သင္ခန္းစာေကာင္းတစ္ခု ေပးလိုက္တာပါ။သင္ခန္းစာ – လူတစ္ေယာက္ကို တစ္ႀကိမ္ႏွစ္ႀကိမ္ေတာ့ ညာလို႔ရမယ္။ ဒါေပမယ့္ အၿမဲေတာ့ မရဘူး။