မြန်မာ့ရိုးရာ လက်ထပ်ခြင်း မင်္ဂလာ (၁၀) ပါး ဆိုသည်မှာ

မြန်မာ့ရိုးရာ လက်ထပ်ခြင်း (၁၀) ပါး ဆိုသည်မှာ – မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂ လာ (၁၀)ပါး ရှိပါသည်။ ၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း -သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံ မထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသော ပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။ ၂။ လက်စုံစား ထိမ်းမြားခြင်း – ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့ သမီးတို့က လက်စုံ စားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည် ။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိ သည် ။)၃။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း – သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့ သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။၄။ အဝတ်ပေး၍ ထိမ်းမြားခြင်း – သတို့သားက သတို့ သမီးအိမ်သို့ လာသည့် အခါ သတို့သမီး ၏ မိဘများက အဝတ်ပုဆိုးအသစ် လဲလှယ် ဝတ်ပေးခြင်း ကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။၅။ လက်ထပ်ထိမ်းမြားခြင်း – သတို့သမီး လက်ယာ လက်ကို ဖြန့်ထား၍ သတို့သား လက်ယာ ဘက်ကို အပေါ်တင်စေ ကာ ဘိသိက် ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထား သကဲ့သို တူနှစ်ကို တစ်စိတ် တစ်ဝမ်း ထည်းဟု ပရိသတ် အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ် ထိမ်းမြားခြင်း ဟုခေါ်သည်။

၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း – ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်း ဆန့်လောက်တဲ့ လေးတောင်ခန့် ရှိသော ရွှေဆွဲကြိုး ပန်းကုံးသဖွယ်ပြုလုပ် ၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည် ။၇။ စုလျှားရစ်ပတ် ထိမ်းမြားခြင်း – အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှား တဘက်အား သတို့ သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ် သည်။၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း – သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေး သဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေး သဖြင့် ထိမ်းမြားခြင်းကို ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။၉။ လက်ချ၍ ထိမ်းမြားခြင်း – ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ် ဝက် ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာ လက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲ တပြား တသား တည်းနေ သတို့သား၊ သတို့သမီး တို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟု ဆို ၍ လက်ချ ထိမ်းမြား ခြင်းကို ရေခွက်၌ လက် ချ ၍ ထိမ်းမြားခြင်း ဟုခေါ်သည် ။၁၀။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း – ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း ၍ ထိမ်းမြားခြင်း ဟုခေါ်သည် ။

Credit: မူရင်း

[zawgyi]

ျမန္မာ့႐ိုးရာ လက္ထပ္ျခင္း (၁၀) ပါး ဆိုသည္မွာ – ျမန္မာ့ ဓေလ့ ထုံးတမ္းအရ ထိမ္းျမား မဂၤလာ (၁၀)ပါး ရွိပါသည္။ ၁။ ပုဆိုးတန္းတင္ ထိမ္းျမားျခင္း -သတို႔သား၊ သတို႔သမီးႏွစ္ဦးလုံးကို လူလည္ေခါင္တြင္ ကန္ေတာ့ခံ မထြက္ပဲ မိမိအိမ္မွာပင္ လြတ္လပ္စြာေနလွ်င္ ဖိတ္ထားေသာ ပရိတ္သတ္မ်ား စားေသာက္ၿပီး ျပန္သြားၾကမွ သတိုးသမီး အိပ္ခန္းရွိ ႀကိမ္တန္း၊ ႀကိဳးတန္း၌ သတိုးသား ပုဆိုး၊ ပုဝါ လွန္း၍ တင္ကာထိမ္းျမားျခင္းကို ပုဆိုးတန္းတင္ ထိမ္းျမားျခင္း ဟုေခၚသည္။ ၂။ လက္စုံစား ထိမ္းျမားျခင္း – ထမင္း သိုမဟုတ္ မုန႔္တစ္ခုခု ကို သတို႔သား၊ သတို႔သမီးတို႔က လက္စုံ စားေစ ထိမ္းျမားျခင္းကို လက္စုံစား ထိမ္းျမားျခင္း ဟုေခၚသည္ ။ (ယခု လင္မယားအရာ ေျမာက္ၿပီးမွသာ ျပဳလုပ္ေလ့ ရွိ သည္ ။)၃။ လက္စြပ္လဲ၍ ထိမ္းျမားျခင္း – သတို႔သား ဝတ္ဆင္ေသာ လက္စြပ္ကို သတို႔ သမီးအား ဝတ္ဆင္ေပးျခင္း၊ သတို႔သမီး ဝတ္ထားေသာ လက္စြပ္ကို သတို႔သားအား ဝတ္ဆင္ေပးျခင္း၊ အခ်င္းခ်င္းလဲလွယ္၍ ထိမ္းျမားျခင္းကို လက္စြပ္လဲ၍ ထိမ္းျမားျခင္း ဟုေခၚသည္။၄။ အဝတ္ေပး၍ ထိမ္းျမားျခင္း – သတို႔သားက သတို႔သမီးအိမ္သို႔ လာသည့္ အခါ သတို႔သမီး ၏ မိဘမ်ားက အဝတ္ပုဆိုးအသစ္ လဲလွယ္ ဝတ္ေပးျခင္း ကို အဝတ္ေပး၍ ထိမ္းျမားျခင္း ဟုေခၚသည္။၅။ လက္ထပ္ထိမ္းျမားျခင္း – သတို႔သမီး လက္ယာ လက္ကို ျဖန႔္ထား၍ သတို႔သား လက္ယာ ဘက္ကို အေပၚတင္ေစ ကာ ဘိသိက္ ဆရာက ျဖစ္ေစ၊ လူႀကီးတစ္ဦးဦးကျဖစ္ေစ ေ႐ႊႏွင့္ေငြ ဂေဟ ဆက္ထား သကဲ့သို တူႏွစ္ကို တစ္စိတ္ တစ္ဝမ္း ထည္းဟု ပရိသတ္ အလယ္တြင္ ထိမ္းျမားျခင္းကို လက္ထပ္ ထိမ္းျမားျခင္း ဟုေခၚသည္။၆။ ဒါလီဖြဲ႕၍ ထိမ္းျမားျခင္း – ျဖန႔္လွ်င္ႏွစ္ဦးစလုံး ဦးေခါင္း ဆန႔္ေလာက္တဲ့ ေလးေတာင္ခန႔္ ရွိေသာ ေ႐ႊဆြဲႀကိဳး ပန္းကုံးသဖြယ္ျပဳလုပ္ ၍ သတို႔သား၊ သတို႔သမီး ႏွစ္ဦးစလုံး တစ္ခါတည္း စြပ္၍ ထိမ္းျမားျခင္းကို ဒါလီဖြဲ႕၍ ထိမ္းျမားျခင္း ဟုေခၚသည္ ။၇။ စုလွ်ားရစ္ပတ္ ထိမ္းျမားျခင္း – အလွ်ား (၆) ေတာင္၊ အနံ (၂)ေတာင္ ရွိေသာ သတို႔သမီးၿခဳံေသာ စုလွ်ား တဘက္အား သတို႔သား၊ သတို႔သမီးႏွစ္ဦးအား ရစ္ပတ္ထိမ္းျမားျခင္းကို စုလွ်ားရစ္ပတ္ ထိမ္းျမားျခင္း ဟုေခၚသည္။၈။ ပန္းကုံးစြပ္၍ ထိမ္းျမားျခင္း – သတို႔သားက သတို႔သမီးအား ပန္းကုံးစြပ္ေပး သျဖင့္၊ သတို႔သမီးက သတို႔သားအား ပန္းကုံးစြပ္ေပး သျဖင့္ ထိမ္းျမားျခင္းကို ပန္းကုံးစြပ္၍ ထိမ္းျမားျခင္း ဟုေခၚသည္။၉။ လက္ခ်၍ ထိမ္းျမားျခင္း – ေ႐ႊဖလား၊ ေငြဖလား၊ ဖန္ခြက္ စသည္တို႔ ေရတစ္ ဝက္ ထည့္၍ သေျပပန္း၊ ေနဇာျမက္မ်ား ထည့္ၿပီး သတို႔သား၊ သတို႔သမီး တို႔၏ လက္ယာလက္မ်ားကို ခ်ထားေစ၍ ေရၾကည္လင္ေအးျမ၍ မကြဲ တျပား တသား တည္းေန သတို႔သား၊ သတို႔သမီး တို႔ ႐ိုးေျမက် ရာသက္ပန္တည္ပါေစ ဟု ဆို ၍ လက္ခ် ထိမ္းျမား ျခင္းကို ေရခြက္၌ လက္ ခ် ၍ ထိမ္းျမားျခင္း ဟုေခၚသည္ ။၁၀။ ဦးထိပ္၌ ေရစင္သြန္း၍ ထိမ္းျမားျခင္း – ေ႐ႊခြက္၊ေငြခြက္၊ဖန္ခြက္ စသည့္ နဝရတ္ ကိုးပါး၊ နံသာမ်ိဳးငါးပါး ေသြး၍ (သို႔မဟုတ္) ေရေမႊးမ်ားထည့္၍ သတို႔သား၊ သတို႔သမီးတို႔၏ ထိပ္၌ သေျပပန္းခက္ျဖင့္ ပက္ျဖန္း၍ လက္ထပ္ထိမ္းျမားျခင္းကို ဦးထိပ္၌ ေရစင္သြန္း ၍ ထိမ္းျမားျခင္း ဟုေခၚသည္ ။