မြန်မာ့သမိုင်းထဲက တစ္ဆေစစ်သူကြီးတစ်ဦး (သို့မဟုတ်) ဇဝနယက္ခကျော်ခေါင် ဘွဲ့ရသောတစ္ဆေ စစ်သူကြီးတစ်ဦးအကြောင်း

မြန်မာ့သမိုင်းထဲမှာသေဆုံးပြီးမှတစ္ဆေဘဝနဲ့စစ်တိုက်ထွက်ခဲ့တဲ့စစ်သူကြီးတဦးရှိခဲ့ပါတယ်။ သူကတော့ နောင်တော်ကြီးမင်းလက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ ဗိုလ်ဥဒိန်ကျော်ခေါင် ဆိုသူပါ။နောင် တော်ကြီးမင်းက ဇင်းမယ်ကိုချီတက်တိုက်ခိုက်စေခဲ့တဲ့ တပ်မှာပါသွားခဲ့ပြီး လမ်းခရီးမှာ သေဆုံးခဲ့သူပါ။သေဆုံးပြီးတဲ့နောက် တစ္ဆေဖြစ်ခဲ့ပြီး တစ်ညနောင်တော်ကြီးမင်း စက်တော်ခေါ်နေစဉ်မှာ မင်းကြီးခြေထောက်ကို လှုပ်နိုးခဲ့ပြီး မိမိသည်လမ်းတွင်သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်ပြီး အမူတော်ကိုထမ်းလိုပါကြောင်း လျှောက်တင်ခဲ့တဲ့အတွက် မင်းကြီးကလက်ခံခဲ့ပါတယ်။ မုတ္တမမြို့မှာထားတဲ့ ကင်းတပ်ကို ယိုးဒယားတပ်များဝင်ရောက်တိုက်ခိုက်တယ်လို့ ကြားရတဲ့အတွက် မြင်းသည်ကျော် ငသာနှင့် ငရွှန်း တို့ကို ထောက်လှမ်းဖို့ မုတ္တမသို့စေလွှတ်ခဲ့ပါတယ်။ရက်ပေါင်းများစွာ ကြာတဲ့အထိပြန်ရောက်မလာတဲ့အတွက် တစ္ဆေဥဒိန်ကျော်ခေါင်ကိုတစ် ချက်လွှတ်အမိန့်နဲ့ မုတ္တမကို စုံစမ်းဖို့စေလွှတ်ခဲ့ပါတယ်။ နေ့ချင်း ပြန်ရောက်လာပြီးယိုးဒ ယားတပ်များတိုက်ခိုက်သည်မှာ မဟုတ်မှန်ကြောင်း နှင့် ကင်းတပ်မှာ ပုံမှန်အတိုင်းသာရှိနေကြောင်းလျှောက်တင်ပါတယ်။

နောင်တော်ကြီးမင်းက ယုံတော်မမူ၍ ထပ်မေးရာ – မင်းကြီးစေလွှတ်သည့်အထောက်တော်များကို တောင်ငူမြို့ခပေါင်းချောင်းအနီးတွင် စခန်းချနေသည်ကိုတွေ့သည့်အတွက် သစ်ကိုင်းများကိုချိုးပြ ၊ သစ်ကိုင်းကိုလှုပ်ပြ၍ ခြောက်လှန်ခဲ့သေးကြောင်း လျှောက်တင်ပါတယ်။ မကြာမီ အထောက်တော်များပြန်ရောက်လာသဖြင့် မေးမြန်းရာ မုတ္တမကင်းတပ်အထွေအထူးမရှိသည်မှာ မှန်ကန်ပါကြောင်း ၊ ခပေါင်းချောင်းအနီးတွင် ခြောက်လှန့်သည်မှာလည်း မှန်ပါကြောင်း သိရှိရလိုက်ရပါတယ်။နောင်တော်ကြီးမင်းက တစ္ဆေအားဘွဲ့ပေးရန်အတွက် ကိုယ်ထင်ပြခိုင်းပါတယ်။ တစ္ဆေက မိမိရုပ်မှာအလွန်ဆိုးရွားပျက်စီးနေပြီး ကြောက်မက်ဖွယ်ဖြစ်နေသဖြင့် မပြဝံ့ပါဟု ပြန်လျှောက်တဲ့အတွက် “ဇဝနယက္ခ ကျော်ခေါင်” လို့ရေးထားသော ရွှေပြားကို ကလပ်ပ်ါတွင်တင်ထားပြီး ယူစေပါတယ်။ဘွဲ့ရွှေပြားနှင့် ကြိုးတို့သည် ကလပ်ပေါ်မှ သူ့အလိုလိုရွေ့သွားပြီး ထုပ်လျှောက်ကြားမှာ တက်ချိတ်နေတာကို မှူးမတ်အားလုံးမြင်သွားပြီး ကြောက်လန့်ကုန်ကြပါတော့တယ်။ဒီအကြောင်းကို လှေသင်း အတွင်း ဝန်မင်း မဟာဇေယသင်္ခယာ က “တဇ္ဇတ္ထဒီပနီ” ကျမ်းတွင်မှတ်တမ်းတင်ထားခဲ့သလို ဦးဖျော်ရဲ့ ပလိပ်စားဧချင်း (ခေါ်) စဥ့်ကူးမင်းရွှေနားတော်သွင်းဧချင်း မှာ ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။သမိုင်းမှတ်တမ်းထဲမှ ထူးခြားတဲ့အကြောင်းအရာတစ်ရပ် အဖြစ်ဗဟုသုတ အနေနဲ့ ထုတ်နှုတ်ပြခြင်းဖြစ်ပါတယ်။

Credit – မောင်ခင်မင်(ဓနုဖြူ)

[zawgyi]

ျမန္မာ့သမိုင္းထဲမွာေသဆုံးၿပီးမွတေစၦဘဝနဲ႔စစ္တိုက္ထြက္ခဲ့တဲ့စစ္သူႀကီးတဦးရွိခဲ့ပါတယ္။ သူကေတာ့ ေနာင္ေတာ္ႀကီးမင္းလက္ထက္မွာေပၚေပါက္ခဲ့တဲ့ ဗိုလ္ဥဒိန္ေက်ာ္ေခါင္ ဆိုသူပါ။ေနာင္ေတာ္ႀကီးမင္းက ဇင္းမယ္ကိုခ်ီတက္တိုက္ခိုက္ေစခဲ့တဲ့ တပ္မွာပါသြားခဲ့ၿပီး လမ္းခရီးမွာ ေသဆုံးခဲ့သူပါ။ေသဆုံးၿပီးတဲ့ေနာက္ တေစၦျဖစ္ခဲ့ၿပီး တစ္ညေနာင္ေတာ္ႀကီးမင္း စက္ေတာ္ေခၚေနစဥ္မွာ မင္းႀကီးေျခေထာက္ကို လႈပ္ႏိုးခဲ့ၿပီး မိမိသည္လမ္းတြင္ေသဆုံးခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ ဆက္လက္ၿပီး အမူေတာ္ကိုထမ္းလိုပါေၾကာင္း ေလွ်ာက္တင္ခဲ့တဲ့အတြက္ မင္းႀကီးကလက္ခံခဲ့ပါတယ္။ မုတၱမၿမိဳ႕မွာထားတဲ့ ကင္းတပ္ကို ယိုးဒယားတပ္မ်ားဝင္ေရာက္တိုက္ခိုက္တယ္လို႔ ၾကားရတဲ့အတြက္ ျမင္းသည္ေက်ာ္ ငသာႏွင့္ င႐ႊန္း တို႔ကို ေထာက္လွမ္းဖို႔ မုတၱမသို႔ေစလႊတ္ခဲ့ပါတယ္။ရက္ေပါင္းမ်ားစြာ ၾကာတဲ့အထိျပန္ေရာက္မလာတဲ့အတြက္ တေစၦဥဒိန္ေက်ာ္ေခါင္ကိုတစ္ခ်က္လႊတ္အမိန႔္နဲ႔ မုတၱမကို စုံစမ္းဖို႔ေစလႊတ္ခဲ့ပါတယ္။ ေန႔ခ်င္း ျပန္ေရာက္လာၿပီးယိုးဒယားတပ္မ်ားတိုက္ခိုက္သည္မွာ မဟုတ္မွန္ေၾကာင္း ႏွင့္ ကင္းတပ္မွာ ပုံမွန္အတိုင္းသာရွိေနေၾကာင္းေလွ်ာက္တင္ပါတယ္။ေနာင္ေတာ္ႀကီးမင္းက ယုံေတာ္မမူ၍ ထပ္ေမးရာ – မင္းႀကီးေစလႊတ္သည့္အေထာက္ေတာ္မ်ားကို ေတာင္ငူၿမိဳ႕ခေပါင္းေခ်ာင္းအနီးတြင္ စခန္းခ်ေနသည္ကိုေတြ႕သည့္အတြက္ သစ္ကိုင္းမ်ားကိုခ်ိဳးျပ ၊ သစ္ကိုင္းကိုလႈပ္ျပ၍ ေျခာက္လွန္ခဲ့ေသးေၾကာင္း ေလွ်ာက္တင္ပါတယ္။ မၾကာမီ အေထာက္ေတာ္မ်ားျပန္ေရာက္လာသျဖင့္ ေမးျမန္းရာ မုတၱမကင္းတပ္အေထြအထူးမရွိသည္မွာ မွန္ကန္ပါေၾကာင္း ၊ ခေပါင္းေခ်ာင္းအနီးတြင္ ေျခာက္လွန႔္သည္မွာလည္း မွန္ပါေၾကာင္း သိရွိရလိုက္ရပါတယ္။ေနာင္ေတာ္ႀကီးမင္းက တေစၦအားဘြဲ႕ေပးရန္အတြက္ ကိုယ္ထင္ျပခိုင္းပါတယ္။ တေစၦက မိမိ႐ုပ္မွာအလြန္ဆိုး႐ြားပ်က္စီးေနၿပီး ေၾကာက္မက္ဖြယ္ျဖစ္ေနသျဖင့္ မျပဝံ့ပါဟု ျပန္ေလွ်ာက္တဲ့အတြက္ “ဇဝနယကၡ ေက်ာ္ေခါင္” လို႔ေရးထားေသာ ေ႐ႊျပားကို ကလပ္ပ္ါတြင္တင္ထားၿပီး ယူေစပါတယ္။ဘြဲ႕ေ႐ႊျပားႏွင့္ ႀကိဳးတို႔သည္ ကလပ္ေပၚမွ သူ႔အလိုလိုေ႐ြ႕သြားၿပီး ထုပ္ေလွ်ာက္ၾကားမွာ တက္ခ်ိတ္ေနတာကို မႉးမတ္အားလုံးျမင္သြားၿပီး ေၾကာက္လန႔္ကုန္ၾကပါေတာ့တယ္။ဒီအေၾကာင္းကို ေလွသင္း အတြင္း ဝန္မင္း မဟာေဇယသခၤယာ က “တဇၨတၳဒီပနီ” က်မ္းတြင္မွတ္တမ္းတင္ထားခဲ့သလို ဦးေဖ်ာ္ရဲ႕ ပလိပ္စားဧခ်င္း (ေခၚ) စဥ့္ကူးမင္းေ႐ႊနားေတာ္သြင္းဧခ်င္း မွာ ထည့္သြင္းဖြဲ႕ဆိုခဲ့ပါတယ္။သမိုင္းမွတ္တမ္းထဲမွ ထူးျခားတဲ့အေၾကာင္းအရာတစ္ရပ္ အျဖစ္ဗဟုသုတ အေနနဲ႔ ထုတ္ႏႈတ္ျပျခင္းျဖစ္ပါတယ္။