ရန်သူလား မိတ်ဆွေလား

တခါတုန်းကပေါ့..ရွာလေး တစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေထိုင်ကြတယ် ။ တဦးက လယ်သမား ဖြစ်ပြီး နောက်တစ်ဦး ကတော့ မုဆိုးတယောက် ဖြစ်ပါတယ် ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေ မွေးထားတယ် မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေ မွေးမြူထား ခဲ့တယ် ။မကြာခဏ ဆိုသလို အမဲလိုက် ခွေးတွေဟာ လယ်သမားရဲ့ ခြံထဲကို ဝင်ရောက်ပြီး လယ် သမား မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ် စားသောက်လေ့ ရှိကြတယ် ။ အဲဒါနဲ့ လယ်သမားက မုဆိုးဆီသွားပြီး အမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ် ။ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်း နေပြီး ခွေးတွေကို ဒီအတိုင်း လွှတ်ထား ခဲ့တယ် ။ နောက်ဆုံးတော့ လယ်သမားလည်း လုံးဝကို သည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့ အကြီးအကဲဆီ သွားပြီး မုဆိုးရဲ့ ခွေးတွေကို အရေးယူပေးဖို့ တောင်းဆို ခဲ့ပါတယ် ။လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ ပြည့်စုံတဲ့ အကြီးအကဲက အောက်ပါ အတိုင်းပြောတယ် ။“ အဲဒီ မုဆိုးကို ကျုပ် အရေးယူပေးလို့ ရပါတယ်.. ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါတယ် ၊ အဲဒီလို လုပ်လိုက်မယ် ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်း တစ်ယောက် ဆုံးရှုံးသွားနိုင် ပါတယ်.. ခင်ဗျားနဲ့ အတူ နေထိုင်ရမယ့် အိမ်နီး နားချင်းကို ရန်သူ ဖြစ်စေချင်သလား မိတ်ဆွေ ဖြစ်စေချင် ပါသလား ”လယ်သမားဟာ တစ်ချက် စဉ်းစားလိုက်ပြီး “ မိတ်ဆွေပဲဖြစ် ချင်ပါတယ် ” လို့ ဖြေလိုက်တယ် ။

အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ် ။“ ကောင်းပါပြီ ဒါဆို ကျုပ်အကြံ တစ်ခု ပေးပါ့မယ် ဘဲတွေ မဆုံးရှုံးစေရလို မိတ်ဆွေ တစ်ယောက် တိုးလာ ပါလိမ့်မယ် ”လယ်သမားက အကြီးအကဲ ပြောတဲ့အတိုင်း အိမ်ကို ပြန်သွားတယ် ။ ပြီးတော့ အိမ်မှာ မွေးထားတဲ့ ဘဲတွေထဲက အလှဆုံး ဘဲ ၄ ကောင်ကို ရွေးပြီး မုဆိုးရဲ့ သား လေးယောက်ကို လက်ဆောင် အဖြစ် ပေးလိုက်တယ် ။လက်ဆောင်ရတဲ့ ဘဲလေးတွေနဲ့ နေ့တိုင်း ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာ နေ့တိုင်း ဝမ်းသာ ကြည်နူးနေရတယ် ။ ပြီးတော့ သားလေးတွေ လက်ဆောင် ရထားတဲ့ ဘဲတွေကို ကိုက်စားမှာ စိုးလို့ အမဲလိုက်ခွေး တွေကို သေချာ လှောင်ထားလိုက် ပါတော့တယ် ။လယ်သမားကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲလိုက်လို့ ပြန်လာတဲ့အခါ အသားတွေကို ဝေငှပေးတတ် လာပါတယ် ။ လယ်သမားကလည်း ခြံထွက် သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင် အဖြစ် မုဆိုးကို ပေးခဲ့တယ် ။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အိမ်နီး ချင်းကောင်းတွေ ဖြစ်လာကြ ပါတယ် ။ဒါကြောင့်.. ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ ဦးစားမပေးပါနဲ့ ။ သူ့ဖက်ကိုလည်း စာနာပြီး ဦး စားပေးတတ် မှသာ ရန်သူဘဝကနေ မိတ်ဆွေ ဖြစ်သွားနိုင် တာပါ ။သင်ရော.. ရန်သူလိုချင်တာလား ? မိတ်ဆွေလိုချင်တာလား ? ။

Credit – ဓမ္မအလင်းရောင်

[zawgyi]

တခါတုန္းကေပါ့..႐ြာေလး တစ္႐ြာမွာ လူႏွစ္ေယာက္ဟာ အိမ္နီးနားခ်င္းေတြ အျဖစ္ ေနထိုင္ၾကတယ္ ။ တဦးက လယ္သမား ျဖစ္ၿပီး ေနာက္တစ္ဦး ကေတာ့ မုဆိုးတေယာက္ ျဖစ္ပါတယ္ ။ လယ္သမားဟာ သူေနတဲ့ အိမ္ကေလးမွာ ဘဲေတြ ေမြးထားတယ္ မုဆိုးကေတာ့ သူ႔ၿခံဝန္းထဲမွာ အမဲလိုက္ေခြးေတြ ေမြးျမဴထား ခဲ့တယ္ ။မၾကာခဏ ဆိုသလို အမဲလိုက္ ေခြးေတြဟာ လယ္သမားရဲ႕ ၿခံထဲကို ဝင္ေရာက္ၿပီး လယ္သမား ေမြးထားတဲ့ ဘဲေတြကို သတ္ျဖတ္ စားေသာက္ေလ့ ရွိၾကတယ္ ။ အဲဒါနဲ႔ လယ္သမားက မုဆိုးဆီသြားၿပီး အမဲလိုက္ေခြးေတြကို ထိမ္းသိမ္းထားဖို႔နဲ႔ လႊတ္မထားဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့တယ္ ။ဒါေပမယ့္ မုဆိုးဟာ ေနၿမဲအတိုင္း ေနၿပီး ေခြးေတြကို ဒီအတိုင္း လႊတ္ထား ခဲ့တယ္ ။ ေနာက္ဆုံးေတာ့ လယ္သမားလည္း လုံးဝကို သည္းမခံႏိုင္ေတာ့ပဲ ႐ြာမွာရွိတဲ့ အႀကီးအကဲဆီ သြားၿပီး မုဆိုးရဲ႕ ေခြးေတြကို အေရးယူေပးဖို႔ ေတာင္းဆို ခဲ့ပါတယ္ ။လယ္သမားရဲ႕ ေျပာၾကားခ်က္ကို ၾကားၿပီးေတာ့ အသိပညာနဲ႔ ျပည့္စုံတဲ့ အႀကီးအကဲက ေအာက္ပါ အတိုင္းေျပာတယ္ ။“ အဲဒီ မုဆိုးကို က်ဳပ္ အေရးယူေပးလို႔ ရပါတယ္.. ေခြးေတြကိုလည္း ခ်ဳပ္ေႏွာင္ထားဖို႔ အမိန႔္ေပးလို႔ ရပါတယ္ ၊ အဲဒီလို လုပ္လိုက္မယ္ ဆိုရင္ ခင္မ်ားမွာ မိတ္ေဆြေကာင္း အိမ္နီးနားခ်င္း တစ္ေယာက္ ဆုံးရႈံးသြားႏိုင္ ပါတယ္.. ခင္ဗ်ားနဲ႔ အတူ ေနထိုင္ရမယ့္ အိမ္နီးနားခ်င္းကို ရန္သူ ျဖစ္ေစခ်င္သလား မိတ္ေဆြ ျဖစ္ေစခ်င္ ပါသလား ”လယ္သမားဟာ တစ္ခ်က္ စဥ္းစားလိုက္ၿပီး “ မိတ္ေဆြပဲျဖစ္ ခ်င္ပါတယ္ ” လို႔ ေျဖလိုက္တယ္ ။အဲဒီအခါ အႀကီးအကဲက ဆက္ေျပာတယ္ ။“ ေကာင္းပါၿပီ ဒါဆို က်ဳပ္အႀကံ တစ္ခု ေပးပါ့မယ္ ဘဲေတြ မဆုံးရႈံးေစရလို မိတ္ေဆြ တစ္ေယာက္ တိုးလာ ပါလိမ့္မယ္ ”လယ္သမားက အႀကီးအကဲ ေျပာတဲ့အတိုင္း အိမ္ကို ျပန္သြားတယ္ ။ ၿပီးေတာ့ အိမ္မွာ ေမြးထားတဲ့ ဘဲေတြထဲက အလွဆုံး ဘဲ ၄ ေကာင္ကို ေ႐ြးၿပီး မုဆိုးရဲ႕ သား ေလးေယာက္ကို လက္ေဆာင္ အျဖစ္ ေပးလိုက္တယ္ ။လက္ေဆာင္ရတဲ့ ဘဲေလးေတြနဲ႔ ေန႔တိုင္း ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနတဲ့ သားေလးေယာက္ကို ေတြ႕တဲ့အခါ မုဆိုးဟာ ေန႔တိုင္း ဝမ္းသာ ၾကည္ႏူးေနရတယ္ ။ ၿပီးေတာ့ သားေလးေတြ လက္ေဆာင္ ရထားတဲ့ ဘဲေတြကို ကိုက္စားမွာ စိုးလို႔ အမဲလိုက္ေခြး ေတြကို ေသခ်ာ ေလွာင္ထားလိုက္ ပါေတာ့တယ္ ။လယ္သမားကိုလည္း ေက်းဇူးေတြ တင္ၿပီး အမဲလိုက္လို႔ ျပန္လာတဲ့အခါ အသားေတြကို ေဝငွေပးတတ္ လာပါတယ္ ။ လယ္သမားကလည္း ၿခံထြက္ သီးႏွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ ဘဲဥေတြကို လက္ေဆာင္ အျဖစ္ မုဆိုးကို ေပးခဲ့တယ္ ။ ဒီလိုနဲ႔ သူတို႔ႏွစ္ဦးဟာ အိမ္နီးခ်င္းေကာင္းေတြ ျဖစ္လာၾက ပါတယ္ ။ဒါေၾကာင့္.. ကိုယ္ျဖစ္ခ်င္တာ တစ္ခုတည္းကိုပဲ ဦးစားမေပးပါနဲ႔ ။ သူ႔ဖက္ကိုလည္း စာနာၿပီး ဦးစားေပးတတ္ မွသာ ရန္သူဘဝကေန မိတ္ေဆြ ျဖစ္သြားႏိုင္ တာပါ ။သင္ေရာ.. ရန္သူလိုခ်င္တာလား ? မိတ္ေဆြလိုခ်င္တာလား ? ။