ရပိုင်ခွင့်လို့ သတ်မှတ်ကြသူများ

တစ်ခါတုန်းက ကြက်ဥမကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့ဒါက သူ့ကိုပေးကိုပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။ ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။ ဒါနဲ့သူတို့စကားများကြပြီး အခင်အမင်ပျက်သွားကြတယ်။

ကျွန်တော်ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါပဲ တစ်ချိူ့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတစ်ရံ ရလိုက်တဲ့ အရာတွေကို တစ်သက်လုံးရမယ့်အရာလို့ သတ်မှတ်တက်တဲ့ လူတွေရှိတက်ပါတယ်။ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။ကြာလာတော့ သူများ ကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။ တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင်အပြစ်တင်ရှုံ့ချ မိတော့တယ်။တကယ်တန်းကျတော့၊ သူများမကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။ ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီး ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။ ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေသတ်မှတ်မထားသင့်ပါဘူး။ တစ်ကယ်တော့ ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့်ရှိပါတယ်..။

Credit – Original

[zawgyi]

တစ္ခါတုန္းက ၾကက္ဥမႀကိဳက္တဲ့ က်ီးကန္းတစ္ေကာင္ဟာ သူပိုင္တဲ့ ၾကက္ဥကို အၿမဲတမ္း ေခြးကို ေပးတယ္။ေခြးက အစပိုင္း ေက်းဇူး တင္တယ္ေပါ့၊ ၾကာေတာ့ အက်င့္ျဖစ္သြားတယ္။အက်င့္ျဖစ္လာေတာ့ဒါက သူ႔ကိုေပးကိုေပးရမလိုဆိုတဲ့ စိတ္ ျဖစ္လာတယ္။တေန႔က်ေတာ့ က်ီးကန္းက ၾကက္ဥကို ငါးကို ေပးလိုက္ေတာ့ ေခြးက မေက်နပ္ေတာ့ဘူး။ ၾကက္ဥဟာ အစကတည္းက က်ီးကန္းဟာဆိုတာ သူေမ့သြားတယ္။ၾကက္ဥဘယ္သူ႔ကို ေပးမယ္ဆိုတာ က်ီးကန္းမွာ ဆုံးျဖတ္ခြင့္ရွိတယ္ဆိုတာေမ့သြားတယ္။ ဒါနဲ႔သူတို႔စကားမ်ားၾကၿပီး အခင္အမင္ပ်က္သြားၾကတယ္။ကြၽန္ေတာ္ပတ္ဝန္းက်င္မွာလည္း ဒီအတိုင္းပါပဲ တစ္ခ်ိဴ႕ေသာ လူေတြဟာ သူတစ္ပါးဆီက တစ္ခါတစ္ရံ ရလိုက္တဲ့ အရာေတြကို တစ္သက္လုံးရမယ့္အရာလို႔ သတ္မွတ္တက္တဲ့ လူေတြရွိတက္ပါတယ္။ အၿမဲတမ္းသူမ်ားက ကိုယ့္အေပၚေကာင္းဖို႔ပဲ ေမွ်ာ္လင့္ၾကတယ္။ အစပိုင္းေတာ့ ေက်းဇူးတင္ မဆုံးဘူးေပါ့။ၾကာလာေတာ့ သူမ်ား ကိုယ့္အေပၚေကာင္းတာကို အၿမဲလိုခ်င္တဲ့ အက်င့္ ျဖစ္လာတယ္ ။ဒါကိုျဖစ္သင့္တဲ့အရာလို႔ထင္လာတယ္။ တေန႔မွာ ကိုယ့္အေပၚမေကာင္းခဲ့ရင္အျပစ္တင္ရႈံ႕ခ် မိေတာ့တယ္။တကယ္တန္းက်ေတာ့၊ သူမ်ားမေကာင္းေတာ့တာ မဟုတ္ပါဘူး။ကိုယ့္ရဲ႕စိတ္ေတြက ေျပာင္းကုန္တာပါ။ ရေနက်ဆိုေတာ့ ရပိုင္ခြင့္တစ္ခုလိုျမင္လာၿပီး ေက်းဇူးတရားဆိုတာကို ေမ့သြားတာပါ။ ဒါေၾကာင့္ သူတစ္ပါးပိုင္တဲ့ ပစၥည္းကို ကိုယ့္ရပိုင္ခြင့္လို ပုံေသသတ္မွတ္မထားသင့္ပါဘူး။ တစ္ကယ္ေတာ့ ၾကက္ဥဘယ္သူ႔ကို ေပးမယ္ဆိုတာ က်ီးကန္းမွာပဲ ဆုံးျဖတ္ခြင့္ရွိပါတယ္..။