ရာဝင်အိုးထဲက နွားနို့

တခါက ရွာလေးတရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ပွဲလေးဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီးရဲ့တာဝန်ပဲမဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့ “လာမဲ့ စနေနေ့ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကိုလူတိုင်းလည်း အသိဖြစ်တယ်။ ပွဲတော်မှာ လာတဲ့လူတွေကို ဧည့်ခံဖို့အတွက်အစားအသောက်ကို ရွာကလူတွေကပဲ စုပေါင်း ကျွေး မွေးရအောင်၊ ဒီတော့ ကျုပ်အိမ်ရှေ့မှာ ရာဝင်အိုးကြီး တစ်လုံးထားထားမယ်။ စနေနေ့ မနက်ကျရင်ရွာသားတွေက တစ်အိမ်ကို နွားနို့ ၂ ပိဿာစီလာထည့်ကြပါ။ ပွဲတော်ကိုလာတဲ့လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်” လို့ ကြေငြာပါသတဲ့။ရွာသားတစ်ယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့ “ ပွဲတော်မှာ နွားနို့တိုက်ဖို့ဆိုတော့ အိမ်တိုင်းကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ပို့ချင်တယ်။ ဒါပေမဲ့ ငါ့မှာက သား သမီးကလည်းများ၊ မိန်းမကလည်း မမာနဲ့ဆိုတော့ စီးပွားရေး ကအဆင်ပြေလှတယ်မဟုတ်ဘူး။ နွားနို့ ၂ ပိဿာရဲ့တန်ဖိုးဆိုတာကလည်း နည်းတာ မဟုတ်လေတော့ ငါ အပိုမသုံးနိုင်ဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုပြီး စဉ်းစားပါသတဲ့။ စဉ်းစားနေရင်းနဲ့မှ သူအကြံတစ်ခုကို ရလိုက်တဲ့အတွက် အရမ်း ဝမ်းသာသွားပြီး အဲဒီလိုလုပ်ဖို့ပဲဆုံးဖြတ်လိုက်ပါသတဲ့။ သူ့အကြံကတော့ သူကြီး အမိန့်နဲ့ ရွာပွဲတော်အတွက် အ လှူဆိုတော့ လူတိုင်းကတော့ နွားနို့လာထည့်ကြမှာပဲ။

ငါကတော့ ဆင်းရဲတဲ့လူလည်းဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန်ဆိုတော့ နွားနို့အစား ရေ ၂ ပိဿာပဲ သွားထည့်လိုက်မယ်။ လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ ပိသာလောက် ရောရုံနဲ့တော့ဘာမှ မဖြစ်သွားလောက်ပါဘူး ဆိုပြီး တွေးမိ တော့ သူအတော်စိတ်ချမ်း သာသွားတယ်။ နွားနို့ထည့်ရမဲ့ စနေနေ့ မနက်ကျတော့ သူလည်း ရေ ၂ ပိသာကို နွားနို့ ပုံးထဲထည့် ပြီးသူကြီးအိမ်ရှေ့က အိုးထဲကိုသွားထည့်ခဲ့တယ်တဲ့။ အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေလေ တော့အထဲမှာ မှောင်မှောင်မဲမဲ ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေးအဆင်ပြေသွားတာပေ့ါ။ အဲဒီလိုနဲ့ ညနေရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မဲ့အချိန်ရောက်တော့သူကြီးက ဧည့်သည် တွေကို ရွာသားတွေစုပေါင်း ဧည့်ခံမှုအဖြစ် နွားနိ့နဲ့ဧည့်ခံမယ့်အကြောင်းကြေငြာပြီး နွားနို့ အိုးကို ဖွင့် ပြီး ခွက်နဲ့ခပ်လိုက်သတဲ့ ပြီးတော့ မှ ဧည့် သည်တွေကို ခွက်ပေးမယ်အလုပ်မှာ သူကြီးရဲ့မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန်သတဲ့။သူကြီးတစ်ယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက်လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီးနီလာပြီး“ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ပိသာစီ ထည့်ရမယ် မှာထားရက် နဲ့ ရေ တွေထည့်တာ ဘယ်သူတွေလည်းကွ” လို့ အော်လိုက်တယ်။ ဒီတော့ ရွာသားတွေလည်း အပြေးလာကြည့်ကြတော့ အိုးကြီး တစ်လုံးလုံးမှာ နွားနို့နဲ့ တူတာဆိုလို့တစ်စက်မှ မရှိပဲ တစ်အိုးလုံးဟာ ရေတွေကြီး ဖြစ်နေတာကို တွေ့ရ ပါသတဲ့။

မူရင်း Credit

[zawgyi]

တခါက ႐ြာေလးတ႐ြာမွာ ပြဲလုပ္ဖို႔ ရွိေနပါသတဲ့။ ေက်း႐ြာေတြမွာ လုပ္တဲ့ပြဲေလးဆိုေတာ့လည္း ထုံးစံ အတိုင္း စည္ကားေအာင္ လုပ္ရမွာက သူႀကီးရဲ႕တာဝန္ပဲမဟုတ္လား။ ဒီေတာ့ သူႀကီးက ေမာင္းကို ထု၊ လူစုၿပီးေတာ့ ေျပာပါသတဲ့ “လာမဲ့ စေနေန႔ညေနမွာ က်ဳပ္တို႔႐ြာမွာ ပြဲေတာ္ လုပ္မွာကိုလူတိုင္းလည္း အသိျဖစ္တယ္။ ပြဲေတာ္မွာ လာတဲ့လူေတြကို ဧည့္ခံဖို႔အတြက္အစားအေသာက္ကို ႐ြာကလူေတြကပဲ စုေပါင္း ေကြၽး ေမြးရေအာင္၊ ဒီေတာ့ က်ဳပ္အိမ္ေရွ႕မွာ ရာဝင္အိုးႀကီး တစ္လုံးထားထားမယ္။ စေနေန႔ မနက္က်ရင္႐ြာသားေတြက တစ္အိမ္ကို ႏြားႏို႔ ၂ ပိႆာစီလာထည့္ၾကပါ။ ပြဲေတာ္ကိုလာတဲ့လူေတြကို ႏြားႏို႔နဲ႔ ဧည့္ခံမယ္” လို႔ ေၾကျငာပါသတဲ့။႐ြာသားတစ္ေယာက္က အိမ္ျပန္ေရာက္ေတာ့ စဥ္းစားမိသတဲ့ “ ပြဲေတာ္မွာ ႏြားႏို႔တိုက္ဖို႔ဆိုေတာ့ အိမ္တိုင္းကေတာ့ ပို႔ရမွာပဲ။ ငါလည္း ပို႔ေတာ့ပို႔ခ်င္တယ္။ ဒါေပမဲ့ ငါ့မွာက သား သမီးကလည္းမ်ား၊ မိန္းမကလည္း မမာနဲ႔ဆိုေတာ့ စီးပြားေရး ကအဆင္ေျပလွတယ္မဟုတ္ဘူး။ ႏြားႏို႔ ၂ ပိႆာရဲ႕တန္ဖိုးဆိုတာကလည္း နည္းတာ မဟုတ္ေလေတာ့ ငါ အပိုမသုံးႏိုင္ဘူး။ ဘယ္လိုလုပ္ရင္ေကာင္းမလဲ” ဆိုၿပီး စဥ္းစားပါသတဲ့။ စဥ္းစားေနရင္းနဲ႔မွ သူအႀကံတစ္ခုကို ရလိုက္တဲ့အတြက္ အရမ္း ဝမ္းသာသြားၿပီး အဲဒီလိုလုပ္ဖို႔ပဲဆုံးျဖတ္လိုက္ပါသတဲ့။ သူ႔အႀကံကေတာ့ သူႀကီး အမိန႔္နဲ႔ ႐ြာပြဲေတာ္အတြက္ အ လႉဆိုေတာ့ လူတိုင္းကေတာ့ ႏြားႏို႔လာထည့္ၾကမွာပဲ။ငါကေတာ့ ဆင္းရဲတဲ့လူလည္းျဖစ္ျပန္၊ စီးပြားေရးလည္း အဆင္မေျပျပန္ဆိုေတာ့ ႏြားႏို႔အစား ေရ ၂ ပိႆာပဲ သြားထည့္လိုက္မယ္။ လူတိုင္း ႏြားႏို႔ ထည့္ထားတဲ့ အိုးထဲကို ငါေရ ၂ ပိသာေလာက္ ေရာ႐ုံနဲ႔ေတာ့ဘာမွ မျဖစ္သြားေလာက္ပါဘူး ဆိုၿပီး ေတြးမိ ေတာ့ သူအေတာ္စိတ္ခ်မ္း သာသြားတယ္။ ႏြားႏို႔ထည့္ရမဲ့ စေနေန႔ မနက္က်ေတာ့ သူလည္း ေရ ၂ ပိသာကို ႏြားႏို႔ ပုံးထဲထည့္ ၿပီးသူႀကီးအိမ္ေရွ႕က အိုးထဲကိုသြားထည့္ခဲ့တယ္တဲ့။ အိုးႀကီးကလည္း ရာဝင္ စဥ့္အိုးႀကီး ျဖစ္ေနေလ ေတာ့အထဲမွာ ေမွာင္ေမွာင္မဲမဲ ဘာမွ မျမင္ရေလေတာ့ သူ႔အတြက္ အေတာ္ေလးအဆင္ေျပသြားတာေပ့ါ။ အဲဒီလိုနဲ႔ ညေနေရာက္လာလို႔ ဧည့္သည္ေတြကို ဧည့္ခံရေတာ့မဲ့အခ်ိန္ေရာက္ေတာ့သူႀကီးက ဧည့္သည္ ေတြကို ႐ြာသားေတြစုေပါင္း ဧည့္ခံမႈအျဖစ္ ႏြားနိ႔နဲ႔ဧည့္ခံမယ့္အေၾကာင္းေၾကျငာၿပီး ႏြားႏို႔ အိုးကို ဖြင့္ ၿပီး ခြက္နဲ႔ခပ္လိုက္သတဲ့ ၿပီးေတာ့ မွ ဧည့္ သည္ေတြကို ခြက္ေပးမယ္အလုပ္မွာ သူႀကီးရဲ႕မ်က္ႏွာဟာ ပ်က္သြားၿပီး ခြက္ကို အိုးထဲ ျပန္ထည့္ၿပီး ျပန္ခပ္ျပန္သတဲ့။သူႀကီးတစ္ေယာက္ အိုးထဲကို ခြက္နဲ႔ ခပ္လိုက္ ၾကည့္လိုက္ ျပန္ခပ္လိုက္လုပ္ေနရင္းကေန တျဖည္းျဖည္း မ်က္ႏွာႀကီးနီလာၿပီး“ေဟ့၊ ဒီအိုးထဲကို ႏြားႏို႔ ၂ပိသာစီ ထည့္ရမယ္ မွာထားရက္ နဲ႔ ေရ ေတြထည့္တာ ဘယ္သူေတြလည္းကြ” လို႔ ေအာ္လိုက္တယ္။ ဒီေတာ့ ႐ြာသားေတြလည္း အေျပးလာၾကည့္ၾကေတာ့ အိုးႀကီး တစ္လုံးလုံးမွာ ႏြားႏို႔နဲ႔ တူတာဆိုလို႔တစ္စက္မွ မရွိပဲ တစ္အိုးလုံးဟာ ေရေတြႀကီး ျဖစ္ေနတာကို ေတြ႕ရ ပါသတဲ့။