ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး သုံးသင့်တဲ့ အလှကုန်ပစ္စည်း (၇) မျိူး

သောက်နေကျ နွားနို့တွေကို အိမ်ရှေ့ခန်းထဲက မှန်ဗီရိုထဲ ဘယ်သူမှ ထည့်သိမ်းမှာ မဟုတ်ဘူးနော်။ ဒီလိုပဲ အလှကုန်တွေထဲကိုလည်း ရေချိုးခန်းထဲက ဗီရိုလေးထဲ ဘယ်သူက ထည့်သိမ်းပြီး သုံးမှာလဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ သင့်အလှကုန်တွေ တာရှည်ခံဖို့ဆိုရင်တော့ ရေခဲ သေတ္တာထဲ ထည့်သိမ်းပြီး သုံးသင့်တယ်ဆိုတာပါပဲ။ ဘယ်လိုအလှကုန်တွေကို ရေခဲသေတ္တာထဲ ထည့်သုံးရမယ် ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။၁။Eye Cream ( သို့) Gel – မျက်လုံးအစ်လို့၊ မို့လို eye cream တွေ လိမ်းတတ်ကြတယ်ဟုတ်။ တစ်ခါတစ်လေ အစား အသောက်မှားလို့၊ အငန်တွေ အများကြီး စားလိုက်မိလို့ မို့နေတဲ့ မျက်လုံးတွေအတွက် လိမ်းပေးရတဲ့ eye cream တွေ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး လိမ်းခါနီးမှ ထုတ်လိမ်းလိုက် မယ်ဆိုရင် မျက်ဝန်းတစ်ဝိုက် အစ်နေ ဖောင်းနေတာတွေကို လျော့ကျသွားမှာပါ။ အအေးဓာတ်က ဖောင်းအစ်နေတာတွေကို လျှော့ချပေးနိုင် တယ်ဆိုတာ မယုံမရှိပါနဲ့။၂။sunscreen – နေပူထဲသွားရင် လိမ်းနေကျ sunscreen ကိုလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ လုံးဝမသုံးရသေးတဲ့ ဗူးအသစ်ရှိတယ်ဆိုရင် မသုံးခင်အချိန်ကတည်းက ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး သုံးနိုင်ပါတယ်။ အသားအရေအတွက် အထူးသင့်လျော်တာမို့ စမ်းကြည့်လိုက်ပါလို့။၃။လက်သည်းဆိုးဆေး – အပူချိန်မြင့်မားတဲ့အခါ၊ ဒါမှမဟုတ် နေရောင်ခြည်က လက်သည်းဆိုးဆေးပုလင်းတွေပေါ် တိုက်ရိုက်ကျရောက်နေတဲ့အခါမျိုးတွေမှာ လက်သည်းဆိုးဆေးရည်ဟာ ပြစ်သွားတာမျိုး၊ ဒါမှမဟုတ် ကာလာပြောင်းသွားတာမျိုးတွေ ရှိတတ်ပါ တယ်။ မစိုးရိမ်ပါနဲ့။ လက်သည်းဆိုးဆေး ပုလင်းတွေကို ရေခဲသေတ္တာထဲမှာ ပစ်ထည့်ထားလိုက်ပါ။ ကာလာလည်း ပြောင်းလဲခြင်းမရှိ၊ အရည်ပြစ်သွားတာလည်း မရှိပဲ အားလုံး အိုကေသွားပါလိမ့်မယ်။

၄။ရေမွှေး – အပူချိန်နဲ့ နေရောင်ခြည်ထိတွေ့မှုတွေ ရှိနေမယ်ဆိုရင် သုံးနေကျ ရေမွှေးတောင် အနံ့ပြောင်းသွားတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် သင့်သိပ်ကြိုက်တဲ့ ရေမွှေးတွေကို ဒီအတိုင်း ရနံ့သင်းသင်းလေးနဲ့ မပြောင်းလဲတမ်းရှိနေဖို့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပေါ့။၅။နှုတ်ခမ်းနီ – နှုတ်ခမ်းနီတွေ ကြာရှည်ခံဖို့ဆိုရင်လည်း ရေခဲသေတ္တာထဲ ထည့်ထားဖို့ လိုပါတယ်။ ဒါဟာ သင့်နှုတ်ခမ်းနီအရောင်အတွက်သာမက အပူကြောင့် အရောင်ပြောင်းခြင်းကိုလည်း ကာကွယ်ပေးနိုင်တာကြောင့်ပါ။၆။မိတ်ကပ်ရည်နဲ့ အရည်အလှကုန်များ – ဖောင်ဒေးရှင်းကစလို့ mascara လို အလှကုန်အရည်တွေအားလုံးကို ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် စတင်သုံးစွဲတဲ့အချိန်ကစလို့ ဘယ်လောက်ထိသာ ကြာရှည်ခံမယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်တစ်ခုပါပြီးသားပါ။ ဒါ့ကြောင့် သုံးနေစဉ် အတောအတွင်းသာမက သတ်မှတ်ထားတဲ့ အချိန်အထိ တာရှည်ခံဖို့ဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားဖို့ လိုပါတယ်။၇။သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ အလှကုန်များ – သဘာဝအတိုင်း ထုတ်ထားတဲ့ လိုးရှင်း၊ ဆပ်ပြာစတဲ့ အရာတွေထဲမှာ ကြာရှည်ခံအောင် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တတ်ပါဘူး။ ဒါ့ကြောင့် ကြာရှည်ခံဖို့ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။

Credit : Trend Myanmar

[zawgyi]

ေသာက္ေနက် ႏြားႏို႔ေတြကို အိမ္ေရွ႕ခန္းထဲက မွန္ဗီ႐ိုထဲ ဘယ္သူမွ ထည့္သိမ္းမွာ မဟုတ္ဘူးေနာ္။ ဒီလိုပဲ အလွကုန္ေတြထဲကိုလည္း ေရခ်ိဳးခန္းထဲက ဗီ႐ိုေလးထဲ ဘယ္သူက ထည့္သိမ္းၿပီး သုံးမွာလဲ။ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္။ သင့္အလွကုန္ေတြ တာရွည္ခံဖို႔ဆိုရင္ေတာ့ ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး သုံးသင့္တယ္ဆိုတာပါပဲ။ ဘယ္လိုအလွကုန္ေတြကို ေရခဲေသတၱာထဲ ထည့္သုံးရမယ္ ဆိုတာကိုေတာ့ ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။၁။Eye Cream ( သို႔) Gel – မ်က္လုံးအစ္လို႔၊ မို႔လို eye cream ေတြ လိမ္းတတ္ၾကတယ္ဟုတ္။ တစ္ခါတစ္ေလ အစားအေသာက္မွားလို႔၊ အငန္ေတြ အမ်ားႀကီး စားလိုက္မိလို႔ မို႔ေနတဲ့ မ်က္လုံးေတြအတြက္ လိမ္းေပးရတဲ့ eye cream ေတြ ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး လိမ္းခါနီးမွ ထုတ္လိမ္းလိုက္ မယ္ဆိုရင္ မ်က္ဝန္းတစ္ဝိုက္ အစ္ေန ေဖာင္းေနတာေတြကို ေလ်ာ့က်သြားမွာပါ။ အေအးဓာတ္က ေဖာင္းအစ္ေနတာေတြကို ေလွ်ာ့ခ်ေပးႏိုင္ တယ္ဆိုတာ မယုံမရွိပါနဲ႔။၂။sunscreen – ေနပူထဲသြားရင္ လိမ္းေနက် sunscreen ကိုလည္း ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္။ လုံးဝမသုံးရေသးတဲ့ ဗူးအသစ္ရွိတယ္ဆိုရင္ မသုံးခင္အခ်ိန္ကတည္းက ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး သုံးႏိုင္ပါတယ္။ အသားအေရအတြက္ အထူးသင့္ေလ်ာ္တာမို႔ စမ္းၾကည့္လိုက္ပါလို႔။၃။လက္သည္းဆိုးေဆး – အပူခ်ိန္ျမင့္မားတဲ့အခါ၊ ဒါမွမဟုတ္ ေနေရာင္ျခည္က လက္သည္းဆိုးေဆးပုလင္းေတြေပၚ တိုက္႐ိုက္က်ေရာက္ေနတဲ့အခါမ်ိဳးေတြမွာ လက္သည္းဆိုးေဆးရည္ဟာ ျပစ္သြားတာမ်ိဳး၊ ဒါမွမဟုတ္ ကာလာေျပာင္းသြားတာမ်ိဳးေတြ ရွိတတ္ပါ တယ္။ မစိုးရိမ္ပါနဲ႔။ လက္သည္းဆိုးေဆး ပုလင္းေတြကို ေရခဲေသတၱာထဲမွာ ပစ္ထည့္ထားလိုက္ပါ။ ကာလာလည္း ေျပာင္းလဲျခင္းမရွိ၊ အရည္ျပစ္သြားတာလည္း မရွိပဲ အားလုံး အိုေကသြားပါလိမ့္မယ္။၄။ေရေမႊး – အပူခ်ိန္နဲ႔ ေနေရာင္ျခည္ထိေတြ႕မႈေတြ ရွိေနမယ္ဆိုရင္ သုံးေနက် ေရေမႊးေတာင္ အနံ႔ေျပာင္းသြားတတ္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္သိပ္ႀကိဳက္တဲ့ ေရေမႊးေတြကို ဒီအတိုင္း ရနံ႔သင္းသင္းေလးနဲ႔ မေျပာင္းလဲတမ္းရွိေနဖို႔ ေရခဲေသတၱာထဲ ထည့္ထားလိုက္ေပါ့။၅။ႏႈတ္ခမ္းနီ – ႏႈတ္ခမ္းနီေတြ ၾကာရွည္ခံဖို႔ဆိုရင္လည္း ေရခဲေသတၱာထဲ ထည့္ထားဖို႔ လိုပါတယ္။ ဒါဟာ သင့္ႏႈတ္ခမ္းနီအေရာင္အတြက္သာမက အပူေၾကာင့္ အေရာင္ေျပာင္းျခင္းကိုလည္း ကာကြယ္ေပးႏိုင္တာေၾကာင့္ပါ။၆။မိတ္ကပ္ရည္နဲ႔ အရည္အလွကုန္မ်ား – ေဖာင္ေဒးရွင္းကစလို႔ mascara လို အလွကုန္အရည္ေတြအားလုံးကို ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္။ သူတို႔ေတြဟာ မ်ားေသာအားျဖင့္ စတင္သုံးစြဲတဲ့အခ်ိန္ကစလို႔ ဘယ္ေလာက္ထိသာ ၾကာရွည္ခံမယ္ဆိုတဲ့ အခ်ိန္ကာလ သတ္မွတ္ခ်က္တစ္ခုပါၿပီးသားပါ။ ဒါ့ေၾကာင့္ သုံးေနစဥ္ အေတာအတြင္းသာမက သတ္မွတ္ထားတဲ့ အခ်ိန္အထိ တာရွည္ခံဖို႔ဆိုရင္ ေရခဲေသတၱာထဲ ထည့္ထားဖို႔ လိုပါတယ္။၇။သဘာဝအတိုင္း ထုတ္လုပ္ထားတဲ့ အလွကုန္မ်ား – သဘာဝအတိုင္း ထုတ္ထားတဲ့ လိုးရွင္း၊ ဆပ္ျပာစတဲ့ အရာေတြထဲမွာ ၾကာရွည္ခံေအာင္ ထည့္သြင္းထားတဲ့ ဓာတုပစၥည္းေတြ မပါဝင္တတ္ပါဘူး။ ဒါ့ေၾကာင့္ ၾကာရွည္ခံဖို႔ဆိုရင္ေတာ့ ေရခဲေသတၱာထဲ ထည့္ထားတာ အေကာင္းဆုံးပါပဲ။