ရေခဲသေတ္တာအတွင်းကထွက်လာတဲ့ အနံ့အသက်ဆိုးတွေကို စနစ်တကျ ဖယ်ရှားနည်း

တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အိမ်တိုင်းနီးပါး ရေခဲသေတ္တာကို အသုံးပြုနေကြပါပြီ။ ရေခဲ သေတ္တာ သုံးတဲ့ အခါ ထုံးစံအတိုင်း အထဲကို အသီးအရွက် အသားငါး အစရှိတဲ့ အရာတွေကြာရှည်ခံဖို့ အသုံးပြုကြရင်းနဲ့ ရေခဲသေတ္တာမှာလည်း အချိန်ကြာလာတာနဲ့အမျှ အနံ့အသက်မကောင်းတာမျိူးတွေဖြစ်လာတက်ပါတယ်။ ဒီလို အနံ့အသက်ဆိုးတွေကို ဖယ်ရှားဖို့ အတွက်လုပ်ဆောင်ရမယ့်အချက်တွေကတော့ – ၁။ ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကိုချွတ်ပါ။ ၂။ အထဲမှာရှိတဲ့ အစားအသောက်အားလုံးကို ထုတ်လိုက်ပါ။ ၃။ ရေခဲသေတ္တာထဲက စင်တွေ၊ အောက်ဆုံးက အသီးအရွက်ထည့်တဲ့ ဇလားတွေ ကို အပြင်ထုတ်လိုက်ပါ။

၄။ ဆပ်ပြာမှုံ့ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ်ပုဝါသေးသေးလို ပျော့ပြောင်းနူးညံ့တဲ့ အဝတ်စမှာဆွတ်။ ၅။ ရေခဲသေတ္တာ အတွင်းပိုင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ။ အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝပြောင်သွားတဲ့ထိ သုတ်ပါ။ ၆။ အားလုံးပြီးသွားရင် အနံ့ပျောက်စေတဲ့ အောက်ပါ ပစ္စည်းတစ်မျိုးမျိုးကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ။ (က)မီးသွေးသန့်သန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲ သေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။ (ခ) ကွေကာအုတ်ကိုပန်းကန်ထဲထည့်ပြီး ရေခဲ သေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။ (ဂ) ကော်ဖီမှုန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။ (ဃ)ရှာလကာရည်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။ (င)ဘိတ်ကင်းဆိုဒါ(BakingSoda)နဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ဖြူးပေးပါ။ နောက်ပြီး ဆိုဒါ အထုပ်လိုက်ထည့်ထားပါ။ အနံ့ပျောက်ပြီဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ။

Credit – မူရင်း

[zawgyi]

တိုးတက္လာတဲ့ ေခတ္နဲ႔ အညီ အိမ္တိုင္းနီးပါး ေရခဲေသတၱာကို အသုံးျပဳေနၾကပါၿပီ။ ေရခဲေသတၱာ သုံးတဲ့ အခါ ထုံးစံအတိုင္း အထဲကို အသီးအ႐ြက္ အသားငါး အစရွိတဲ့ အရာေတြၾကာရွည္ခံဖို႔ အသုံးျပဳၾကရင္းနဲ႔ ေရခဲေသတၱာမွာလည္း အခ်ိန္ၾကာလာတာနဲ႔အမွ် အနံ႔အသက္မေကာင္းတာမ်ိဴးေတြျဖစ္လာတက္ပါတယ္။ ဒီလို အနံ႔အသက္ဆိုးေတြကို ဖယ္ရွားဖို႔ အတြက္လုပ္ေဆာင္ရမယ့္အခ်က္ေတြကေတာ့ – ၁။ ေရခဲေသတၱာရဲ႕ မီးခလုတ္ကို ပိတ္ၿပီး ပလပ္ကိုခြၽတ္ပါ။ ၂။ အထဲမွာရွိတဲ့ အစားအေသာက္အားလုံးကို ထုတ္လိုက္ပါ။ ၃။ ေရခဲေသတၱာထဲက စင္ေတြ၊ ေအာက္ဆုံးက အသီးအ႐ြက္ထည့္တဲ့ ဇလားေတြ ကို အျပင္ထုတ္လိုက္ပါ။၄။ ဆပ္ျပာမႈံ႕ကို ေရခပ္ေႏြးေႏြးနဲ႔ ေဖ်ာ္ၿပီး မ်က္ႏွာသုတ္ပုဝါေသးေသးလို ေပ်ာ့ေျပာင္းႏူးညံ့တဲ့ အဝတ္စမွာဆြတ္။ ၅။ ေရခဲေသတၱာ အတြင္းပိုင္းတစ္ခုလုံးကို သန႔္ရွင္းေရးလုပ္ပါ။ အထူးသျဖင့္ အသားငါးေတြ၊ အေအးေတြက က်ေနတဲ့ အရည္ေတြကို ေသေသခ်ာခ်ာ လုံးဝေျပာင္သြားတဲ့ထိ သုတ္ပါ။ ၆။ အားလုံးၿပီးသြားရင္ အနံ႔ေပ်ာက္ေစတဲ့ ေအာက္ပါ ပစၥည္းတစ္မ်ိဳးမ်ိဳးကို ခြက္ထဲထည့္ၿပီး ေရခဲေသတၱာထဲ ထည့္ပိတ္ထားပါ။ (က)မီးေသြးသန႔္သန႔္ကိုပန္းကန္ထဲထည့္ၿပီး ေရခဲေသတၱာအေပၚထပ္ေအာက္ထပ္မွာ ထည့္ပါ။ (ခ) ေကြကာအုတ္ကိုပန္းကန္ထဲထည့္ၿပီး ေရခဲေသတၱာအေပၚထပ္ေအာက္ထပ္မွာ ထည့္ပါ။ (ဂ) ေကာ္ဖီမႈန႔္ကိုပန္းကန္ထဲထည့္ၿပီး ေရခဲေသတၱာအေပၚထပ္ေအာက္ထပ္မွာ ထည့္ပါ။ (ဃ)ရွာလကာရည္ကိုပန္းကန္ထဲထည့္ၿပီး ေရခဲေသတၱာအေပၚထပ္ေအာက္ထပ္မွာ ထည့္ပါ။ (င)ဘိတ္ကင္းဆိုဒါ(BakingSoda)နဲ႔ ေရခဲေသတၱာအတြင္းပိုင္းကို ျဖဴးေပးပါ။ ေနာက္ၿပီး ဆိုဒါ အထုပ္လိုက္ထည့္ထားပါ။ အနံ႔ေပ်ာက္ၿပီဆိုမွ ထုတ္ၿပီး အစားအေသာက္ေတြ ျပန္ထည့္ပါ။