ရေနွေးကြမ်းအိုးထဲကလက်ဖက်ခြောက်ဖတ်တွေ မလွှင့်ပစ်ဘဲ အကျိူးရှိရှိသုံးနိုင်မယ့် နည်းလမ်း (၇) မျိူး

ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်ဖတ်တွေမလွှင့်ပစ်ဘဲ အကျိူးရှိရှိသုံးနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ (၁)ဈေးက ဝယ်လာတဲ့ ငါးကတော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ်နဲ့အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။ ငါးညှီနဲ့ လုံးဝ ပျောက်သွားပါလိမ့်မယ်။(၂)လက်ဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ရောပြီး မှန်ပြတင်းပေါက်အိမ်သုံးပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေကို ဆေးကြောပွတ်တိုက်ပါ။ ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတောက်ပြောင်သွားပါလိမ့်မယ်။ (၃)လဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည်အဖြစ် အပင်တွေကိုလောင်းပေးနိုင်ရင် သဘာဝ မြေသြဇာကို ရရှိစေပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေပါတယ်။

(၄)လဖက်ခြောက်ဖတ်တွေကို အခြောက်လှမ်းပြီး ကြက်ဥနဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ်။(၅)လဖက်ခြောက်ဖတ်ကို အခြောက်လှမ်းပြီး မီးရှို့ရင် အနံ့အသက်ဆိုးတွေ ပျောက်တဲ့အပြင် ခြင်လည်း ပြေးတယ် ။ ခြင်ဆေးခွေ အစားထိုးလည်း အသုံးပြုနိုင်ပါတယ်။(၆)လဖက်ခြောက်ဖတ်တွေကို နေလှန်းပြီးခေါင်းအုံးထဲထည့် ခေါင်းအုံးအိပ်ရင်ပျော့ပြောင်းစွာ အိပ်စက်ရရုံတင်မက အပူကိုပါ ကျစေပါတယ်။(၇)လဖက်ခြောက်ဖတ်ကိုမျက်နှာပေါ် ပွတ်တိုက်ပေးခြင်းဖြင့်လည်းမျက်နှာပေါ်ရှိ အမဲစက် တင်းတိတ်များ ပျောက်ကင်းစေပါတယ်။ ဒါကြောင့်မို့ လွှင့်ပစ်မယ့်အစား လဖက်ခြောက်တွေကို အကျိုးရှိရှိ အသုံးတည့်စေဖို့ အခုလို နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

မူရင်း – Credit

[zawgyi]

ေရေႏြးၾကမ္းအိုးထဲက လက္ဖက္ေျခာက္ဖတ္ေတြမလႊင့္ပစ္ဘဲ အက်ိဴးရွိရွိသုံးႏိုင္မယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။ (၁)ေဈးက ဝယ္လာတဲ့ ငါးကေတာ္ေတာ္ညႇီတဲ့ ငါးဆိုရင္ လက္ဖက္ေျခာက္ဖတ္နဲ႔အတူ ညႇီေနတဲ့ငါးကို အိုးတစ္ခုတည္းထည့္ျပဳပ္လိုက္ပါ။ ငါးညႇီနဲ႔ လုံးဝ ေပ်ာက္သြားပါလိမ့္မယ္။(၂)လက္ဖက္ေျခာက္ဖတ္ေတြကို ေရေအးနဲ႔ေရာၿပီး မွန္ျပတင္းေပါက္အိမ္သုံးပစည္းနဲ႔ ႐ႊံ႕ေပေနတဲ့ ဘြတ္ဖိနပ္ေတြကို ေဆးေၾကာပြတ္တိုက္ပါ။ ၿပီးမွ အဝတ္သန႔္နဲ႔ ျပန္သုတ္လိုက္ပါ။ သန႔္ၿပီးေတာက္ေျပာင္သြားပါလိမ့္မယ္။ (၃)လဖက္ေျခာက္ဖတ္ေတြကို ေရေအးနဲ႔ ေရာစပ္ၿပီး ေျမၾသဇာရည္အျဖစ္ အပင္ေတြကိုေလာင္းေပးႏိုင္ရင္ သဘာဝ ေျမၾသဇာကို ရရွိေစၿပီး အပင္ေတြကို သန္စြမ္း က်န္းမာေစပါတယ္။(၄)လဖက္ေျခာက္ဖတ္ေတြကို အေျခာက္လွမ္းၿပီး ၾကက္ဥနဲ႔ ျပဳပ္စားရင္ ေမႊးႀကိဳင္ၿပီး အရသာ ရွိလွပါတယ္။(၅)လဖက္ေျခာက္ဖတ္ကို အေျခာက္လွမ္းၿပီး မီးရႈိ႕ရင္ အနံ႔အသက္ဆိုးေတြ ေပ်ာက္တဲ့အျပင္ ျခင္လည္း ေျပးတယ္ ။ ျခင္ေဆးေခြ အစားထိုးလည္း အသုံးျပဳႏိုင္ပါတယ္။(၆)လဖက္ေျခာက္ဖတ္ေတြကို ေနလွန္းၿပီးေခါင္းအုံးထဲထည့္ ေခါင္းအုံးအိပ္ရင္ေပ်ာ့ေျပာင္းစြာ အိပ္စက္ရ႐ုံတင္မက အပူကိုပါ က်ေစပါတယ္။(၇)လဖက္ေျခာက္ဖတ္ကိုမ်က္ႏွာေပၚ ပြတ္တိုက္ေပးျခင္းျဖင့္လည္းမ်က္ႏွာေပၚရွိ အမဲစက္ တင္းတိတ္မ်ား ေပ်ာက္ကင္းေစပါတယ္။ ဒါေၾကာင့္မို႔ လႊင့္ပစ္မယ့္အစား လဖက္ေျခာက္ေတြကို အက်ိဳးရွိရွိ အသုံးတည့္ေစဖို႔ အခုလို နည္းလမ္းေလးကို မွ်ေဝေပးလိုက္ပါတယ္။