ရဲတွေစိုက်ထားတဲ့ စိုက်ခင်းကိုဝင်စားတဲ့ ဝက်ကို ဖမ်းချူပ်မိခဲ့တဲ့ စခန်းမှူးရဲ့ အဖြစ်

ရဲစခန်း စိုက်ခင်း ထဲ ဝက်တစ်ကောင် ရောက်နေတယ်။ ဝက် ဟာ ရဲသား တွေစိုက်ထားတဲ့ အရွက်တွေကို စားလိုက်တယ်။စခန်းမှူးက ဝက် ကလေးကိုဖမ်းပြီး လှောင်ထားလိုက်တယ်။ ဝက် ပိုင်ရှင် ကိုရှာပြီး ဝက်စားလိုက်တဲ့အပင်တွေကို အလျော်ခိုင်းမလို့ပေါ့။ ဒါပေမယ့် နှစ်ရက်လောက်ကြာလည်း ဝက် ပိုင်ရှင် ကို မတွေ့ခဲ့ဘူး။စခန်းမှူး က ဝက်အစာငတ်သေမှာစိုးလို့ဆိုပြီး မွေးထားလိုက်တယ်။ ပိုင်ရှင် လာရှာတဲ့အခါ ပြန်အပ်ရကောင်းအောင်ပေါ့။

ဒီလိုနဲ့ နှစ်ဝက်ကြာသွားတယ်… နှစ်သစ်တစ်နှစ်ကိုတောင် ကူးပြောင်းတော့မယ်။ ပေါင် ၂ဝဝလောက်ရှိနေပြီဖြစ်တဲ့ဝက်ကို လာရွေးတဲ့လူလည်း မရှိတာနဲ့ ဝက်ကိုသတ်ပြီး နှစ်ကူး လက်ဆောင်ဝေဖို့ စခန်းမှူး က ဆုံးဖြတ်လိုက်တယ်။ဝက်သတ်ပြီး အသားခွဲဖို့ပြင်ဆင်နေတုန်းမှာပဲ စခန်းဘေးမှာနေတဲ့ အဘိုးအို တစ်ဦးက စခန်းမှူး ကိုပြောတယ်။“ကျုပ်ဝက် အမှားလုပ်မိလို့ ခင်ဗျားဖမ်းပစ်လိုက်ပြီ၊ ချုပ်လည်း ချုပ်ထားခဲ့ပြီးပြီ။ အခု သေမိန့်ပါချလိုက်ပြီဆိုတော့ ကျုပ်အလောင်းရွေးခွင့်တော့ ရှိရမှာပေါ့” အားလုံး မူးလဲသွားတယ်။

မူရင်း Credit

[zawgyi]

ရဲစခန္း စိုက္ခင္း ထဲ ဝက္တစ္ေကာင္ ေရာက္ေနတယ္။ ဝက္ ဟာ ရဲသား ေတြစိုက္ထားတဲ့ အ႐ြက္ေတြကို စားလိုက္တယ္။စခန္းမႉးက ဝက္ကေလးကိုဖမ္းၿပီး ေလွာင္ထားလိုက္တယ္။ ဝက္ ပိုင္ရွင္ ကိုရွာၿပီး ဝက္စားလိုက္တဲ့အပင္ေတြကို အေလ်ာ္ခိုင္းမလို႔ေပါ့။ ဒါေပမယ့္ ႏွစ္ရက္ေလာက္ၾကာလည္း ဝက္ ပိုင္ရွင္ ကို မေတြ႕ခဲ့ဘူး။စခန္းမႉး က ဝက္အစာငတ္ေသမွာစိုးလို႔ဆိုၿပီး ေမြးထားလိုက္တယ္။ ပိုင္ရွင္ လာရွာတဲ့အခါ ျပန္အပ္ရေကာင္းေအာင္ေပါ့။ဒီလိုနဲ႔ ႏွစ္ဝက္ၾကာသြားတယ္… ႏွစ္သစ္တစ္ႏွစ္ကိုေတာင္ ကူးေျပာင္းေတာ့မယ္။ ေပါင္ ၂ဝဝေလာက္ရွိေနၿပီျဖစ္တဲ့ဝက္ကို လာေ႐ြးတဲ့လူလည္း မရွိတာနဲ႔ ဝက္ကိုသတ္ၿပီး ႏွစ္ကူး လက္ေဆာင္ေဝဖို႔ စခန္းမႉး က ဆုံးျဖတ္လိုက္တယ္။ဝက္သတ္ၿပီး အသားခြဲဖို႔ျပင္ဆင္ေနတုန္းမွာပဲ စခန္းေဘးမွာေနတဲ့ အဘိုးအို တစ္ဦးက စခန္းမႉး ကိုေျပာတယ္။“က်ဳပ္ဝက္ အမွားလုပ္မိလို႔ ခင္ဗ်ားဖမ္းပစ္လိုက္ၿပီ၊ ခ်ဳပ္လည္း ခ်ဳပ္ထားခဲ့ၿပီးၿပီ။ အခု ေသမိန႔္ပါခ်လိုက္ၿပီဆိုေတာ့ က်ဳပ္အေလာင္းေ႐ြးခြင့္ေတာ့ ရွိရမွာေပါ့” အားလုံး မူးလဲသြားတယ္။