ရွာတစ်ရွာတည်ရင် စုန်း (၇) ယောက်လိုတယ်ဆိုတဲ့ လွဲမှားနေသော အယူအဆ

ကျွန်တော် ငယ်စဉ်အခါက ရွာမှာ လူတစ်ဦး နေမကောင်းဖြစ်ရင် နတ်ကတော်တွေ ပြောတဲ့ အတိုင်း သရဲကျွေးရ တယ်။ အမေ့ကိုမေးကြည့်တော့ မယုံ မလုပ်ရဘူးသား။ရွာတိုင်းမှာ စုန်းဆိုတာ ရှိတယ်။ ရွာတစ်ရွာတည်ရင် စုန်းမခုနစ်ယောက်ရှိမှ ရွာတည်လိုရတာလို့ အမေကရှင်းပြတယ်။ဒါကြောင့်လည်း ရွာထဲမှာ ရုပ်ဆိုးဆိုး အဘွား ကြီးတွေဆို ကွယ်ရာမှာ စုန်းလို့သတ်မှတ်ပြီး ခပ်ကင်းကင်း နေကြ တယ်။ညဆို အပြင်လျှောက်မသွားရဲဘူး။ နောက်ဆုံး အိမ်သာသွားရင်တောင် ချေးစားစုန်းကို ကြောက်လို့ဆိုပြီး ညပိုင်း အိမ်သာ မတက်မိအောင် အောင့်ထားခဲ့တယ်။ဒီအတိုင်းဆို မြို့တွေမှာ ရပ်ကွက်တွေ အများ ကြီးဆိုတော့ တစ်ရပ်ကွက်ကို စုန်းခုနစ်ယောက်ရှိရင် တစ်မြို့လုံး အတိုင်းအတာဆို စုန်းတွေ အများကြီး ဖြစ်နေမှာပေါ့လို့ ကျွန်တော်တွေးလိုက်မိတယ်။အသက်လေး ကြီးလာတော့ စာတွေဖတ်ပြီး သိလာရတော့ ငယ်ငယ်က ထင်သမျှအရာတွေဟာ တက်တက်စင် အောင် လွဲခဲ့တယ်။တကယ်တော့ ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက် လိုတာတော့ အမှန်ပါ။ ရွာမှ မဟုတ်ပါဘူး။ နိုင်ငံတည်ရင်လည်း အဲဒီစုန်း ခုနစ်ယောက်က အမှန်တကယ် လိုအပ် နေပါတယ်။ စုန်းဆိုတဲ့အဓိပ္ပာယ်က –စုန်း= စုန္နော= ဖြောင့်မှန်သောသူ (စုန္နောတိ ဥဇုကတော – ဖြောင့်မတ် မှန်ကန် သည့် ပညာရှင်ခုနှစ်ဦး) ဟု ဋီကာကျမ်းက ဖွင့်ဆို ပြထားပါတယ်။

အဲဒီ ခုနှစ်ဦးကတော့ – (၁) မြေပညာရှင် ရွာသစ်တည်မည့်နေရာသည် မြေအနေ အထား သင့် မသင့် မြေဆီမြေလွှာကို သိရှိ ကျွမ်းကျင်သူ။ (၂) ရေပညာရှင် သောက်သုံးရေ၊ ရေချို၊ စိုက်ပျိုးရေး လုပ် ငန်းသုံးရေ ရမရကို သိရှိကျွမ်းကျင်သူ။ (၃) လေပညာရှင် လေကြောင်း သင့်မသင့်၊ လေငြိမ်အရပ် ဟုတ် မဟုတ် စသည့် လေသဘောသဘာဝ ကျွမ်း ကျင်ပါးနပ်သူ။ (၄) စီးပွားရေးပညာရှင်။ (၅) ပညာရေး စီမံနိုင်သူ။ (၆) ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ။ (၇) ဆက်သွယ်ရေး ကျွမ်းကျင်သူ။ရွာတည်မည့်နေရာသည် ရွာ၏ လိုအပ်ချက် များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့် အချက်အလက် လမ်းကြောင်းကိုသိသောသူ … အစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။အထက်ကဆိုခဲ့တဲ့ စုန်းခုနစ်ဦးက ရွာတည် ရာမှာဖြစ်ဖြစ်၊ နိုင်ငံတည်ထောင်ရာဖြစ်ဖြစ် အမှန် တကယ် လိုအပ်လာရ ပါတယ်။ဒီနေ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ ဒီစုန်း ခုနစ်ဦးရဲ့ ကျွမ်းကျင်တဲ့ ပညာ ရပ်တွေဟာ အမှန် တကယ် လိုအပ်နေပါတယ်။ကျေးရွာများမှာတော့ ဒီနေ့ထိတိုင် စုန်း ဆိုတာ ပြုစားတတ်တဲ့ စုန်းလို့ အယူမှားနေဆဲပါ။ ဒီလိုလွဲမှားနေတဲ့ အယူ အဆမှားတွေကို ဒီနေ့အထိ လက်ခံယုံကြည်နေတာဟာ စာပေဗဟုသုတ နည်း ပါးကြလို့သာ ဖြစ်ပါတယ်။စာဖတ် နည်းကြလို့သာ ဖြစ်ပါတယ်။ စာဖတ်ခြင်းက လွဲမှားနေတဲ့ အယူအဆမှားတွေကို အမှန်မြင်နိုင်ပါတယ်။အမှား အမှန်ကို သေချာဝေဖန် နိုင်ပါတယ်။ ကိုယ့်ဘဝကို လမ်းမှန်ပေါ်ရောက်အောင် ညွှန်ပြပေးပါတယ်။ ဒါကြောင့် လူတိုင်း စာဖတ်ကြပါ။အထူးသဖြင့် တိုးတက်လိုတဲ့ လူငယ်တိုင်းစာဖတ်ကြပါ။ စာဖတ် တဲ့လူတိုင်း မတိုးတက်ပေမယ့် တိုးတက် တဲ့လူတိုင်း ကတော့ စာဖတ်ကြပါတယ်။ ဒါကြောင့် အယူမှား တွေ ကင်းဝေးပြီး ဘဝလေးတွေ တိုးတက်ဖို့ စာဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Credit – မောင်မြင့်ဝင်း

[zawgyi]

ကြၽန္ေတာ္ ငယ္စဥ္အခါက ႐ြာမွာ လူတစ္ဦး ေနမေကာင္းျဖစ္ရင္ နတ္ကေတာ္ေတြ ေျပာတဲ့ အတိုင္း သရဲေကြၽးရ တယ္။ အေမ့ကိုေမးၾကည့္ေတာ့ မယုံ မလုပ္ရဘူးသား။႐ြာတိုင္းမွာ စုန္းဆိုတာ ရွိတယ္။ ႐ြာတစ္႐ြာတည္ရင္ စုန္းမခုနစ္ေယာက္ရွိမွ ႐ြာတည္လိုရတာလို႔ အေမကရွင္းျပတယ္။ဒါေၾကာင့္လည္း ႐ြာထဲမွာ ႐ုပ္ဆိုးဆိုး အဘြား ႀကီးေတြဆို ကြယ္ရာမွာ စုန္းလို႔သတ္မွတ္ၿပီး ခပ္ကင္းကင္း ေနၾက တယ္။ညဆို အျပင္ေလွ်ာက္မသြားရဲဘူး။ ေနာက္ဆုံး အိမ္သာသြားရင္ေတာင္ ေခ်းစားစုန္းကို ေၾကာက္လို႔ဆိုၿပီး ညပိုင္း အိမ္သာ မတက္မိေအာင္ ေအာင့္ထားခဲ့တယ္။ဒီအတိုင္းဆို ၿမိဳ႕ေတြမွာ ရပ္ကြက္ေတြ အမ်ား ႀကီးဆိုေတာ့ တစ္ရပ္ကြက္ကို စုန္းခုနစ္ေယာက္ရွိရင္ တစ္ၿမိဳ႕လုံး အတိုင္းအတာဆို စုန္းေတြ အမ်ားႀကီး ျဖစ္ေနမွာေပါ့လို႔ ကြၽန္ေတာ္ေတြးလိုက္မိတယ္။အသက္ေလး ႀကီးလာေတာ့ စာေတြဖတ္ၿပီး သိလာရေတာ့ ငယ္ငယ္က ထင္သမွ်အရာေတြဟာ တက္တက္စင္ ေအာင္ လြဲခဲ့တယ္။တကယ္ေတာ့ ႐ြာတစ္႐ြာတည္ရင္ စုန္း ခုနစ္ေယာက္ လိုတာေတာ့ အမွန္ပါ။ ႐ြာမွ မဟုတ္ပါဘူး။ ႏိုင္ငံတည္ရင္လည္း အဲဒီစုန္း ခုနစ္ေယာက္က အမွန္တကယ္ လိုအပ္ ေနပါတယ္။ စုန္းဆိုတဲ့အဓိပၸာယ္က –စုန္း= စုေႏၷာ= ေျဖာင့္မွန္ေသာသူ (စုေႏၷာတိ ဥဇုကေတာ – ေျဖာင့္မတ္ မွန္ကန္ သည့္ ပညာရွင္ခုႏွစ္ဦး) ဟု ဋီကာက်မ္းက ဖြင့္ဆို ျပထားပါတယ္။အဲဒီ ခုႏွစ္ဦးကေတာ့ – (၁) ေျမပညာရွင္ ႐ြာသစ္တည္မည့္ေနရာသည္ ေျမအေန အထား သင့္ မသင့္ ေျမဆီေျမလႊာကို သိရွိ ကြၽမ္းက်င္သူ။ (၂) ေရပညာရွင္ ေသာက္သုံးေရ၊ ေရခ်ိဳ၊ စိုက္ပ်ိဳးေရး လုပ္ ငန္းသုံးေရ ရမရကို သိရွိကြၽမ္းက်င္သူ။ (၃) ေလပညာရွင္ ေလေၾကာင္း သင့္မသင့္၊ ေလၿငိမ္အရပ္ ဟုတ္ မဟုတ္ စသည့္ ေလသေဘာသဘာဝ ကြၽမ္း က်င္ပါးနပ္သူ။ (၄) စီးပြားေရးပညာရွင္။ (၅) ပညာေရး စီမံႏိုင္သူ။ (၆) က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္သူ။ (၇) ဆက္သြယ္ေရး ကြၽမ္းက်င္သူ။႐ြာတည္မည့္ေနရာသည္ ႐ြာ၏ လိုအပ္ခ်က္ မ်ားအတြက္ ဆက္သြယ္သြားလာရန္ လြယ္ကူမည့္ အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူ … အစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္။အထက္ကဆိုခဲ့တဲ့ စုန္းခုနစ္ဦးက ႐ြာတည္ ရာမွာျဖစ္ျဖစ္၊ ႏိုင္ငံတည္ေထာင္ရာျဖစ္ျဖစ္ အမွန္ တကယ္ လိုအပ္လာရ ပါတယ္။ဒီေန႔ ႏိုင္ငံေတာ္ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ေနခ်ိန္မွာ ဒီစုန္း ခုနစ္ဦးရဲ႕ ကြၽမ္းက်င္တဲ့ ပညာ ရပ္ေတြဟာ အမွန္ တကယ္ လိုအပ္ေနပါတယ္။ေက်း႐ြာမ်ားမွာေတာ့ ဒီေန႔ထိတိုင္ စုန္း ဆိုတာ ျပဳစားတတ္တဲ့ စုန္းလို႔ အယူမွားေနဆဲပါ။ ဒီလိုလြဲမွားေနတဲ့ အယူ အဆမွားေတြကို ဒီေန႔အထိ လက္ခံယုံၾကည္ေနတာဟာ စာေပဗဟုသုတ နည္း ပါးၾကလို႔သာ ျဖစ္ပါတယ္။စာဖတ္ နည္းၾကလို႔သာ ျဖစ္ပါတယ္။ စာဖတ္ျခင္းက လြဲမွားေနတဲ့ အယူအဆမွားေတြကို အမွန္ျမင္ႏိုင္ပါတယ္။အမွား အမွန္ကို ေသခ်ာေဝဖန္ ႏိုင္ပါတယ္။ ကိုယ့္ဘဝကို လမ္းမွန္ေပၚေရာက္ေအာင္ ၫႊန္ျပေပးပါတယ္။ ဒါေၾကာင့္ လူတိုင္း စာဖတ္ၾကပါ။အထူးသျဖင့္ တိုးတက္လိုတဲ့ လူငယ္တိုင္းစာဖတ္ၾကပါ။ စာဖတ္ တဲ့လူတိုင္း မတိုးတက္ေပမယ့္ တိုးတက္ တဲ့လူတိုင္း ကေတာ့ စာဖတ္ၾကပါတယ္။ ဒါေၾကာင့္ အယူမွား ေတြ ကင္းေဝးၿပီး ဘဝေလးေတြ တိုးတက္ဖို႔ စာဖတ္ၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။