လက်ကုတ်တိုင်းလည်း ကိုယ့်လူမမှတ်နှင့်

လူထုဦးလှရဲ့ပုံပြင်လေးတစ်ပုဒ်ပါ။ ရွာတရွာမှာ ဦးဖြူ နဲ့ဦးမဲ တို့ နှစ်ယောက် သူ့နွားလှည်းက ကောင်းတယ်၊ ငါ့နွားလှည်းက ကောင်းတယ်နဲ့ ငြင်းကြသတဲ့။အဲဒီအချိန်မှာ ဦးဉာဏ်ပိုင်ဆိုတဲ့ လူက ၀င် ထောင်တယ်။ “ကောင်း မကောင်း ပြိုင်ကြည့်မှ သိမှာပေါ့”တဲ့။ဒါနဲ့ ဦးဖြူ နဲ့ ဦးမဲတို့ နွားလှည်းချင်း ပြိုင်ကြတဲ့ အဆင့် ရောက်ပါလေရော။ပြိုင်ခါနီး အချိန်မှာတော့ ဦးဉာဏ်ပိုင် တယောက် ဦးဖြူ နဲ့ ဦးမဲနှစ်ယောက်ကြားကို ၀င်ပြီး နှစ်ယောက်လုံးကို တွင်တွင်သာ လက်နဲ့ ကုတ်လေသတဲ့။ပြိုင်ပွဲပြီးတဲ့ အခါမှာ ဦးဖြူက နိုင်ပြီး ဦးမဲက ရှုံးသွားတယ်။

ဦးဉာဏ်ပိုင်က ဦးဖြူ ဆီသွားပြီး “ကဲ ဦးဖြူ! ကျုပ်မပြောလား ခင်ဗျာနိုင်မယ်မှန်းသိလို့ ကျုပ်လက်ကုတ်တာ”လို့ပြောသတဲ့။ဦးဖြူက ကျေးဇူးတွေတင်ပြီး ဦးဉာဏ်ပိုင်ကို ထန်းရည် အ၀ တိုက်လိုက်သတဲ့။နောက်တော့ ဦးဉာဏ်ပိုင်ဟာ ဦးမဲဆီ ထပ်သွားပြန်သတဲ့။ ပြီးတော့ ဦးမဲကို “ခင်ဗျားဗျာ မပြိုင်ပါနဲ့ လို့ ကျုပ်က လက်ကုတ်ပြီးပြောနေတာ ပြိုင်ဖြစ်အောင်ပြိုင်တယ်” လို့ ပြောပါလေရော။ဦးမဲကလည်း ဦးဉာဏ်ပိုင် အပေါ် “အော် သူ ငါ့အပေါ် စေတနာ ကောင်းရှာသား”ဆိုပြီး ထန်းရည် အ၀ တိုက်လိုက်ပြန်သတဲ့။ သင်ခန်းစာ _ ဒီခေတ်က ဦးဉာဏ်ပိုင်လို လူကတယောက်တည်း ရှိတာ မဟုတ်ဘူး။ အများကြီးဖြစ်နေပြီ။ ခေတ်ကလည်း ပြောင်းနေပြီ မဟုတ်လား။ လက်ကုတ်တိုင်း ကိုယ့်လူလို့ မမှတ်ကြနဲ့ဗျ။

Credit – Yin Thiha Htut

[zawgyi]

လူထုဦးလွရဲ႕ပုံျပင္ေလးတစ္ပုဒ္ပါ။ ႐ြာတ႐ြာမွာ ဦးျဖဴ နဲ႔ဦးမဲ တို႔ ႏွစ္ေယာက္ သူ႔ႏြားလွည္းက ေကာင္းတယ္၊ ငါ့ႏြားလွည္းက ေကာင္းတယ္နဲ႔ ျငင္းၾကသတဲ့။အဲဒီအခ်ိန္မွာ ဦးဉာဏ္ပိုင္ဆိုတဲ့ လူက ၀င္ ေထာင္တယ္။ “ေကာင္း မေကာင္း ၿပိဳင္ၾကည့္မွ သိမွာေပါ့”တဲ့။ဒါနဲ႔ ဦးျဖဴ နဲ႔ ဦးမဲတို႔ ႏြားလွည္းခ်င္း ၿပိဳင္ၾကတဲ့ အဆင့္ ေရာက္ပါေလေရာ။ၿပိဳင္ခါနီး အခ်ိန္မွာေတာ့ ဦးဉာဏ္ပိုင္ တေယာက္ ဦးျဖဴ နဲ႔ ဦးမဲႏွစ္ေယာက္ၾကားကို ၀င္ၿပီး ႏွစ္ေယာက္လုံးကို တြင္တြင္သာ လက္နဲ႔ ကုတ္ေလသတဲ့။ၿပိဳင္ပြဲၿပီးတဲ့ အခါမွာ ဦးျဖဴက ႏိုင္ၿပီး ဦးမဲက ရႈံးသြားတယ္။ဦးဉာဏ္ပိုင္က ဦးျဖဴ ဆီသြားၿပီး “ကဲ ဦးျဖဴ! က်ဳပ္မေျပာလား ခင္ဗ်ာႏိုင္မယ္မွန္းသိလို႔ က်ဳပ္လက္ကုတ္တာ”လို႔ေျပာသတဲ့။ဦးျဖဴက ေက်းဇူးေတြတင္ၿပီး ဦးဉာဏ္ပိုင္ကို ထန္းရည္ အ၀ တိုက္လိုက္သတဲ့။ေနာက္ေတာ့ ဦးဉာဏ္ပိုင္ဟာ ဦးမဲဆီ ထပ္သြားျပန္သတဲ့။ ၿပီးေတာ့ ဦးမဲကို “ခင္ဗ်ားဗ်ာ မၿပိဳင္ပါနဲ႔ လို႔ က်ဳပ္က လက္ကုတ္ၿပီးေျပာေနတာ ၿပိဳင္ျဖစ္ေအာင္ၿပိဳင္တယ္” လို႔ ေျပာပါေလေရာ။ဦးမဲကလည္း ဦးဉာဏ္ပိုင္ အေပၚ “ေအာ္ သူ ငါ့အေပၚ ေစတနာ ေကာင္းရွာသား”ဆိုၿပီး ထန္းရည္ အ၀ တိုက္လိုက္ျပန္သတဲ့။ သင္ခန္းစာ _ ဒီေခတ္က ဦးဉာဏ္ပိုင္လို လူကတေယာက္တည္း ရွိတာ မဟုတ္ဘူး။ အမ်ားႀကီးျဖစ္ေနၿပီ။ ေခတ္ကလည္း ေျပာင္းေနၿပီ မဟုတ္လား။ လက္ကုတ္တိုင္း ကိုယ့္လူလို႔ မမွတ္ၾကနဲ႔ဗ်။