“လယ်သမားညီအစ်ကို”

တစ်ခါက လယ်သမားညီအစ်ကို နှစ်ယောက် ရှိကြတယ်။ သူတို့က ခြံခြင်းကပ်ရပ်နေထိုင် ကြတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ကိစ္စတစ်ခု ကြောင့် ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်ပြီး မခေါ် မပြောနိုင် ဖြစ်ကြသတဲ့ အဲဒီအချိန်မှာ လက်သမားတစ်ယောက်က အစ်ကို ဖြစ်သူအိမ်ကိုရောက်လာပြီး အလုပ်လာတောင်း ပါတယ်။‘လက်သမားအလုပ်လေးများရှိရင် ကျနော့်ကို ခိုင်းပါ။ ကျနော် ဘာမဆို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ် ပါတယ်။’အစ်ကိုဖြစ်သူလည်း လက်သမားဆရာကို ခေါ်ပြီး ညီဖြစ်သူနေတဲ့ တစ်ဖက်ခြံကို ပြပါတယ်။‘ဟိုမယ်တွေ့လား။ ဟိုဖက်ခြံက ခြံနှစ်ခြံကြားမှာ မြောင်းဖော်ထားတာ။ အဲဒါ ကျနော့်ကို သူကင်းကင်း နေချင်ကြောင်း ပြနေတာ။ ကျနော်လုပ်ချင်တာက အဲ့ခြံကို မမြင်ရအောင် ကာ ချင်တယ်။ အဲဒါ ခင်ဗျား လုပ်ပေးနိုင်မလား။ လိုတာ အားလုံး ကျနော် ဝယ်ပေးမယ်။’‘ဟုတ်ကဲ့ ရပါတယ်။ တစ်ညအ တွင်း ကျနော် အပြီး လုပ်ပေးပါမယ်။’

အစ်ကိုဖြစ်သူလဲ လက်သမားဆရာ… လိုအပ်တယ်ပြောတဲ့ သစ်သား၊ သံ စသဖြင့် အကုန်ဝယ်ပေးလိုက်ပါတယ်။နောက်နေ့နံနက်လင်းတော့ အစ်ကိုဖြစ်သူက အိမ်ပြင်ထွက်ကြည့်လိုက်ပြီး အံ့သြသွားပါတယ်။ သူမြင်လိုက်ရတာက နံရံကြီးဖြစ်ရမယ့်အစား မြောင်းကိုကျော်တဲ့ သစ် သားတံတားလှလှလေး ဖြစ်နေပါတယ်။ တစ်ဖက်ခြံက ညီဖြစ်သူက ပြုံးရွှင်စွာနဲ့ တံတားကို ဖြစ်ကျော်လာပြီး။‘အစ်ကိုရယ်။ ကျနော်မှားပါတယ်။ ကျနော် အစ်ကို့ကို စိတ်ဆိုးပြီး မြောင်းဖောက်ထားတာ တောင် အစ်ကိုက အဆက်အသွယ်မပြတ်အောင် တံတားဆောက်ခဲ့တယ်။ အစ်ကို့ရဲ့ မေတ္တာတရား ကို ကျနော် သဘောပေါက်ပါပြီ ။ကျနော့်အပြုအမူ ကိုလည်း အစ်ကို ခွင့်လွတ်ပေးပါ။’ပြောပြီး ညီအစ်ကိုနှစ်ယောက် ဖက်လိုက်ကြပါတယ်။ အစ်ကိုက လက်သမားဆရာ ကို ကျေးဇူးတင်စွာ ကြည့်လိုက်တော့ သူက သူ့ပစ္စည်းတွေကို သိမ်းဆည်း နေပါတယ်။‘လက်သမားဆရာ။ နေပါဦးဗျာ။ ကျနော် အလုပ်တွေ အပ်ချင်ပါသေးတယ်။’‘ကျနော် နေချင်ပါတယ်ဗျာ။ ဒါပေမယ့် ကျနော် တံ တားတွေ ထပ်ဆောက်ရဦးမယ်ဗျ။’ဘဝမှာ အရေးပါတဲ့ ရွေးခြယ်မှုတွေ အများကြီး ပြုလုပ်ရမှာပါ။ နံရံဆောက်မှာလား၊ တံတားဆောက်မှာလား ဆိုတဲ့ ရွေးခြယ်မှုပေါ် မူတည်ပြီး ရလာဒ်တွေလဲ ကွဲပြားပါတယ်။

credit – original

[zawgyi]

တစ္ခါက လယ္သမားညီအစ္ကို ႏွစ္ေယာက္ ရွိၾကတယ္။ သူတို႔က ၿခံျခင္းကပ္ရပ္ေနထိုင္ ၾကတယ္။ ဒါေပမယ့္ တစ္ေန႔မွာေတာ့ ကိစၥတစ္ခု ေၾကာင့္ ညီအစ္ကိုႏွစ္ေယာက္ ရန္ျဖစ္ၿပီး မေခၚ မေျပာႏိုင္ ျဖစ္ၾကသတဲ့ အဲဒီအခ်ိန္မွာ လက္သမားတစ္ေယာက္က အစ္ကို ျဖစ္သူအိမ္ကိုေရာက္လာၿပီး အလုပ္လာေတာင္း ပါတယ္။‘လက္သမားအလုပ္ေလးမ်ားရွိရင္ က်ေနာ့္ကို ခိုင္းပါ။ က်ေနာ္ ဘာမဆို ကြၽမ္းကြၽမ္းက်င္က်င္ လုပ္တတ္ ပါတယ္။’အစ္ကိုျဖစ္သူလည္း လက္သမားဆရာကို ေခၚၿပီး ညီျဖစ္သူေနတဲ့ တစ္ဖက္ၿခံကို ျပပါတယ္။‘ဟိုမယ္ေတြ႕လား။ ဟိုဖက္ၿခံက ၿခံႏွစ္ၿခံၾကားမွာ ေျမာင္းေဖာ္ထားတာ။ အဲဒါ က်ေနာ့္ကို သူကင္းကင္း ေနခ်င္ေၾကာင္း ျပေနတာ။ က်ေနာ္လုပ္ခ်င္တာက အဲ့ၿခံကို မျမင္ရေအာင္ ကာ ခ်င္တယ္။ အဲဒါ ခင္ဗ်ား လုပ္ေပးႏိုင္မလား။ လိုတာ အားလုံး က်ေနာ္ ဝယ္ေပးမယ္။’‘ဟုတ္ကဲ့ ရပါတယ္။ တစ္ညအ တြင္း က်ေနာ္ အၿပီး လုပ္ေပးပါမယ္။’အစ္ကိုျဖစ္သူလဲ လက္သမားဆရာ… လိုအပ္တယ္ေျပာတဲ့ သစ္သား၊ သံ စသျဖင့္ အကုန္ဝယ္ေပးလိုက္ပါတယ္။ေနာက္ေန႔နံနက္လင္းေတာ့ အစ္ကိုျဖစ္သူက အိမ္ျပင္ထြက္ၾကည့္လိုက္ၿပီး အံ့ၾသသြားပါတယ္။ သူျမင္လိုက္ရတာက နံရံႀကီးျဖစ္ရမယ့္အစား ေျမာင္းကိုေက်ာ္တဲ့ သစ္ သားတံတားလွလွေလး ျဖစ္ေနပါတယ္။ တစ္ဖက္ၿခံက ညီျဖစ္သူက ၿပဳံး႐ႊင္စြာနဲ႔ တံတားကို ျဖစ္ေက်ာ္လာၿပီး။‘အစ္ကိုရယ္။ က်ေနာ္မွားပါတယ္။ က်ေနာ္ အစ္ကို႔ကို စိတ္ဆိုးၿပီး ေျမာင္းေဖာက္ထားတာ ေတာင္ အစ္ကိုက အဆက္အသြယ္မျပတ္ေအာင္ တံတားေဆာက္ခဲ့တယ္။ အစ္ကို႔ရဲ႕ ေမတၱာတရား ကို က်ေနာ္ သေဘာေပါက္ပါၿပီ ။က်ေနာ့္အျပဳအမူ ကိုလည္း အစ္ကို ခြင့္လြတ္ေပးပါ။’ေျပာၿပီး ညီအစ္ကိုႏွစ္ေယာက္ ဖက္လိုက္ၾကပါတယ္။ အစ္ကိုက လက္သမားဆရာ ကို ေက်းဇူးတင္စြာ ၾကည့္လိုက္ေတာ့ သူက သူ႔ပစၥည္းေတြကို သိမ္းဆည္း ေနပါတယ္။‘လက္သမားဆရာ။ ေနပါဦးဗ်ာ။ က်ေနာ္ အလုပ္ေတြ အပ္ခ်င္ပါေသးတယ္။’‘က်ေနာ္ ေနခ်င္ပါတယ္ဗ်ာ။ ဒါေပမယ့္ က်ေနာ္ တံ တားေတြ ထပ္ေဆာက္ရဦးမယ္ဗ်။’ဘဝမွာ အေရးပါတဲ့ ေ႐ြးျခယ္မႈေတြ အမ်ားႀကီး ျပဳလုပ္ရမွာပါ။ နံရံေဆာက္မွာလား၊ တံတားေဆာက္မွာလား ဆိုတဲ့ ေ႐ြးျခယ္မႈေပၚ မူတည္ၿပီး ရလာဒ္ေတြလဲ ကြဲျပားပါတယ္။