လိုင်စင်လည်းပါ ဆိုင်ကယ်ဦးထုပ်လည်းဆောင်းထားပါလျက်နဲ့ ဘာလို့ ဆိုင်ကယ်အဖမ်းခံရသလဲဆိုတာ သိချင်သူများအတွက်

ဆိုင်ကယ်လေပေါင်မပြည့်လို့ဆိုင်ကယ်နောက်ခြေနင်းတုံးနှစ်ခုချထားလို့ဆိုပီး အရေးယူတာမျိုးရှိပါသလား.?မော်တော်ဆိုင်ကယ်စီးနှင်းသူတွေလိုက်နာရမည်။အချက်လေးများ ပြောပြနိုင်မလားလို့ မေးလာကြလို့ အခုလိုတင်ပြလိုက်ပါတယ်။မော်တော်ဆိုင်ကယ်မောင်နှင်သူများ လိုက် နာရမဲ့ အဓိကအချက်တွေကတော့ – ၁။ စိတ်ချရသည့်ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးတပ်ဆင်၍မောင်းနှင်ရမည်။၂။ ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ပါရှိရမည်။၃။ နှစ်ဦးထက်ပိုမစီးရ၊ အရှိန်ပြင်းမမောင်းရ။၄။ အရက်သေစာသောက်စားမောင်းနှင်ခြင်းမပြုရ။ ၅။ သာမန်အား ဖြင့် လမ်းညာဘက်ယာဉ်ကြောမှမောင်းနှင်ရမည်။လမ်းအလယ်ခေါင်မှမမောင်းရ။၆။ ဆိုင်ကယ်မောင်းနှင်စဉ် ဖုန်းမပြောရ။၇။ အိပ်ဇောသံဆူညံသောမော်တော်ဆိုင်ကယ်ကို မမောင်းနှင်ရ။

၈။ ယာဉ်ရှင်းမှ ကျော်တတ်ခြင်း ကွေ့ခြင်း ယာဉ်ကြောကူးပြောင်းခြင်းတို့ပြုလုပ်ရမည်။၉။ ရှေ့မီး နောက်မီး အချက်ပြမီး ဘရိတ်တို့ ပြည့်စုံကောင်းမွန်နေရမည်။ ၁၀။အခြားယာဉ်များနည်းတူ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရမည်။ အခုပြောပြတာတွေကတော့ ဆိုင်ကယ်စီးနှင်းစဉ် လိုက်နာရမည့်အဓိကအချက်တွေပါ။ ဆိုင်ကယ်လေပေါင်မပြည့်လို့ ဆိုင်ကယ်နောက်ခြေနင်းတုံးနှစ်ခုချထားလို့ဆိုပီးအရေးယူတာမျိုးတော့မရှိခဲ့ပါဘူး။လေမရှိရင် လေလျှော့နေတဲ့အ ကြောင်း လေပြန်ဖြန့်ထားဖို့ ဒါလေးတော့သိရှိစေဖို့ပြောပြတာမျိုတွေရှိပါတယ်။ဒီတော့ ကျွန်တော့်ယာဉ်မောင်းသူတွေကိုပြောချင်တာကစ နောက် ပြောင်တဲ့စကားမျိုးတွေ နားထဲကိုဖြတ် သန်းတော့မယ်ဆိုရင် ပြုံးစိစိ စပ်ဖြီးဖြီးနဲ့ ဖြတ်သန်းခွင့်ပြုပါ။ခပ်တည်တည်နဲ့မဖြတ်သန်းပါစေနဲ့။ ကျွန်တော်တို့တွေမှာရှိထားတဲ့ ကိုယ်စီနားလည်မှုတွေထာဝရခိုင်မြဲနေဖို့လိုပါတယ်။

Credit ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

[zawgyi]

ဆိုင္ကယ္ေလေပါင္မျပည့္လို႔ဆိုင္ကယ္ေနာက္ေျခနင္းတုံးႏွစ္ခုခ်ထားလို႔ဆိုပီး အေရးယူတာမ်ိဳးရွိပါသလား.?ေမာ္ေတာ္ဆိုင္ကယ္စီးႏွင္းသူေတြလိုက္နာရမည္။အခ်က္ေလးမ်ား ေျပာျပႏိုင္မလားလို႔ ေမးလာၾကလို႔ အခုလိုတင္ျပလိုက္ပါတယ္။ေမာ္ေတာ္ဆိုင္ကယ္ေမာင္ႏွင္သူမ်ား လိုက္နာရမဲ့ အဓိကအခ်က္ေတြကေတာ့ – ၁။ စိတ္ခ်ရသည့္ဆိုင္ကယ္စီးဦးထုပ္အား ေမးသိုင္းႀကိဳးတပ္ဆင္၍ေမာင္းႏွင္ရမည္။၂။ ယာဥ္လိုင္စင္ ယာဥ္ေမာင္းလိုင္စင္ပါရွိရမည္။၃။ ႏွစ္ဦးထက္ပိုမစီးရ၊ အရွိန္ျပင္းမေမာင္းရ။၄။ အရက္ေသစာေသာက္စားေမာင္းႏွင္ျခင္းမျပဳရ။ ၅။ သာမန္အားျဖင့္ လမ္းညာဘက္ယာဥ္ေၾကာမွေမာင္းႏွင္ရမည္။လမ္းအလယ္ေခါင္မွမေမာင္းရ။၆။ ဆိုင္ကယ္ေမာင္းႏွင္စဥ္ ဖုန္းမေျပာရ။၇။ အိပ္ေဇာသံဆူညံေသာေမာ္ေတာ္ဆိုင္ကယ္ကို မေမာင္းႏွင္ရ။၈။ ယာဥ္ရွင္းမွ ေက်ာ္တတ္ျခင္း ေကြ႕ျခင္း ယာဥ္ေၾကာကူးေျပာင္းျခင္းတို႔ျပဳလုပ္ရမည္။၉။ ေရွ႕မီး ေနာက္မီး အခ်က္ျပမီး ဘရိတ္တို႔ ျပည့္စုံေကာင္းမြန္ေနရမည္။ ၁၀။အျခားယာဥ္မ်ားနည္းတူ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလိုက္နာရမည္။ အခုေျပာျပတာေတြကေတာ့ ဆိုင္ကယ္စီးႏွင္းစဥ္ လိုက္နာရမည့္အဓိကအခ်က္ေတြပါ။ ဆိုင္ကယ္ေလေပါင္မျပည့္လို႔ ဆိုင္ကယ္ေနာက္ေျခနင္းတုံးႏွစ္ခုခ်ထားလို႔ဆိုပီးအေရးယူတာမ်ိဳးေတာ့မရွိခဲ့ပါဘူး။ေလမရွိရင္ ေလေလွ်ာ့ေနတဲ့အေၾကာင္း ေလျပန္ျဖန႔္ထားဖို႔ ဒါေလးေတာ့သိရွိေစဖို႔ေျပာျပတာမ်ိဳေတြရွိပါတယ္။ဒီေတာ့ ကြၽန္ေတာ့္ယာဥ္ေမာင္းသူေတြကိုေျပာခ်င္တာကစ ေနာက္ ေျပာင္တဲ့စကားမ်ိဳးေတြ နားထဲကိုျဖတ္သန္းေတာ့မယ္ဆိုရင္ ၿပဳံးစိစိ စပ္ၿဖီးၿဖီးနဲ႔ ျဖတ္သန္းခြင့္ျပဳပါ။ခပ္တည္တည္နဲ႔မျဖတ္သန္းပါေစနဲ႔။ ကြၽန္ေတာ္တို႔ေတြမွာရွိထားတဲ့ ကိုယ္စီနားလည္မႈေတြထာဝရခိုင္ၿမဲေနဖို႔လိုပါတယ္။