လူစကား ပြောတက်ဖို့ဘဲလိုတယ်..
တခါတုန်းက အဖိုးအို အတယောက်ဟာ သူရဲ့ မြေးလေးကို မေးတယ်။ “ငါ့မြေး အင်္ဂလိပ်စကား ပြောတတ်လား” “မတတ်ပါဘူး ဖိုးဖိုး၊ သားက ကျောင်းမှ မနေရသေးတာ” “ငါ့မြေး ရှမ်းစကားကို ပြောတတ်လား” “မတတ်ပါဘူး ဖိုးဖိုး၊ သားက ရှမ်းပြည်မှ မသွားဖူးတာ””ငါ့မြေး မွန်စကားကို ပြောတတ်လား””မတတ်ပါဘူး ဖိုးဖိုး၊ သားက မွန်တွေ ကြားမှာ တခါမှ မနေဖူးတာ””ငါ့မြေး ကရင်စကားကို ပြောတတ်လား” “မတတ်ပါဘူး ဖိုးဖိုး၊ သားက ကရင်တွေ ကြားမှ တခါမှ မှ မနေဖူးတာ””အေး ငါ့မြေး မှတ်ထား၊ လောကကြီးမှာ ဘာစကားမှ မတတ် နားမလည်လည်း မျက်နှာငယ်စရာ အကြောင်းမရှိဘူး။
ငါ့မြေး နားလည်ထားဖို့က လူတွေက လူလို ပြောလာတဲ့ လူစကားက အဓိကပဲ။လူတချို့ ဘာသာစကား မြောက်များစွာ ပြောတတ်တယ်။ နားလည်တယ်။ ဒါပေမယ့် သူတို့တတွေဟာ ကိုယ့်ကိုယ်ကို ဘဝင်မြင့် တတ်ကြတော့ လူလိုပြောတဲ့ လူစကားကို နားမလည် ကြတော့ဘူး မြေး။ပညာရှိ မရှိ၊ စာတတ် မတတ်က အဓိက မဟုတ်ဘူး။ အဓိက သိထားရမှာက လူကြားမှာနေ လူလိုပြောတဲ့ လူစကားတွေပဲ။ဘဝင် မမြင့်မိစေနဲ့ မြေးလေး။ ဘဝင်မြင့် တတ်သွားတဲ့ သူတွေဟာ ကိုယ့်စကားထက် ဘယ်သူ့ စကားကိုမှ အရေးမထား မလေးစားတတ်တော့ဘူး ငါ့မြေး။လူစကားကို လူလို ပြောတတ်ဖို့၊ လူလို နားလည်ဖို့ ငါ့မြေး တသက်လုံး မှတ်ထားနော်”
Credit – မူရင်း
[zawgyi]