လူတိုင်းသိထားသင့်သည့် ကိုယ်စောင့်နတ် အကြောင်းနှင့် လူကို ကိုယ်စောင့်နတ် စောင့်ရှောက်ပုံအကြောင်း

(မေး)- ဦးဇင်းဘုရား ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား ဘုရား..? လူကို နတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှုရှိပါသလား..?တကယ်လို့ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင် ဘယ်လိုမျိုးပုံစံနဲ့ လူကို စောင့်ရှောက်ပေးပါသလဲ..?သူဟာ လူ့ခန္ဓာကိုယ်ထဲမှာ နေတာပါလား ပြင်ပမှာ သီးခြားနေတာပါလားဆိုတာကို ဘုရားတပည့်တော်ကိုသနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား။ (ဖြေ) – မေးခွန်းတွေက များလိုက်တာ။ ဦးဇင်း ခပ်တိုတိုနဲ့ လိုရင်းပဲ ဖြေပေးလိုက်ပါတယ်။ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်။ “မကောင်းမှုပြုသော သူသည် သူမကောင်းမှုပြုတဲ့ အကြောင်းကို သူကိုယ်တိုင် ပဌမဦးစွာ သိ၏။ ထို့နောက် သူ၏ ကိုယ်စောင့်နတ်သိ၏။ ထို့နောက် သူတစ်ပါး၏ စိတ်ကို ဖောက်ထွင်းပြီး သိနိုင်တဲ့ တန်ခိုးရှင်များသိကြ၏”လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကို ထောက်ပြီးတော့ ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာ သိရပါတယ်။ ဒီစကားရပ်ကိုထောက်ပြီးတော့ လူကို နတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ အခြားသော အထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေ အများကြီးရှိပေမယ့် သိသာရုံမျှ ဒီလောက်နဲ့ပဲ ကျေနပ်တော်မူကြပါ။ နောက်မေးခွန်းတစ်ခုက လူကို ဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်။ ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်။ ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့် ရှောက်ပါတယ်။ တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးပါတယ်။ ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့ သူရဲ့ မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့တယ်။ အဲဒီ မိဖုရားကြီးမှာ သွားလေသူ ကောသလမင်းနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်နေခဲ့တယ်။ အချိန်တန်တော့ သားယောင်္ကျားလေးမွေးဖွားခဲ့တယ်။ အရွယ်ရောက်တော့ ဗာရာဏ သီမင်း အခြားမိဖုရားနဲ့ ရထားတဲ့ ကုရုင်္ဂဒေဝီဆိုတဲ့ မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြပါတယ်။ ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကို သတ်ဖို့လုပ်တယ်။ မင်းသားလေးကို သေဘေးကနေ လွတ်အောင် ကယ်တင်ပေးခဲ့တယ်။ ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲဖြစ်တယ်။ (မဟာဏုဏာလဇာတက) ဒါကြောင့် သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ သူလုပ်ပေးနိုင်တဲ့ ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါတယ်။ နောက်မေးခွန်းတစ်ခုက လူ့ခန္ဓာကိုယ်ထဲမှာ နေတာလားအပြင်ဘက်မှာနေတာလားဆိုတာနော်.။အပြင်ဘက်မှာနေပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘုမ္မစိုး ရုက္ခစိုးစတဲ့ နတ်တွေပါ။ လူ့ခန္ဓာကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူကို မြန်မာလူမျိုးတွေက စုန်းလို့ သတ်မှတ်ကြပါတယ်။

အဲဒီအကြောင်းကို ဦးဇင်း သီးခြားပို့စ်တစ်ခုတင်ပြီးတော့ ရှင်းပြပေးမယ်နော်။ အခုတော့ ပို့စ်သိပ်ရှည်သွားမှာမို့ ရှင်းမပြတော့ပါဘူး။ သူ့မေးခွန်းက ဒီလောက်ဆိုရင် ပြီးသွားပါပြီနော်။ဒါပေမယ့် မေးခွန်းမှာ မပါလို့ အများသိသင့်သိထိုက်တယ်ထင်လို့ အကြောင်းအရာတစ်ခုကို ဦးဇင်းဘာသာမေးပြီးတော့ ဦးဇင်းဘာသာပဲ ဖြေပေးလိုက်ပါတယ်။လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား..။လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။ ဘုန်းကံကြီးမားတဲ့ လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါတယ်။ ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်။လို့ အထက်မှာလဲ ဦးဇင်းပြောခဲ့တယ်နော်။ ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့။ ဒီလို နတ်တွေကတော့ သူစောင့်လျှောက်တဲ့လူက ကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်ပါတယ်။ တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကို လုပ်ရင် အဲဒီလူကို စွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါတယ်။လူပြောင်းလဲတိုင်း သူတို့က လိုက်ပြီးတော့ မပြောင်းလဲကြပါဘူး။ ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။ စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့ နတ်သားလေးယောက်က စောင့်ရှောက်ပါတယ်။ စေတီယမင်း မုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲ စွန့်ပစ်ထွက်ခွါသွားခဲ့ကြပါတယ်။ (စေတီယဇာတက) ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါတယ်။ သို့သော် အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်းကို ခံကြရလို့ ကိုယ်စောင့်နတ် မရှိတာမျိုးတွေလဲ ရှိပါတယ်။

Credit – အရှင်ခေမာနန္ဒ – ( မိုးသု- မန္တလေး)

[zawgyi]

(ေမး)- ဦးဇင္းဘုရား ကိုယ္ေစာင့္နတ္ဆိုတာ တကယ္ရွိပါသလား ဘုရား..? လူကို နတ္ကေစာင့္တယ္ဆိုတာ ဗုဒၶဘာသာနဲ႔ ကိုက္ညီမႈရွိပါသလား..?တကယ္လို႔ ကိုယ္ေစာင့္နတ္ဆိုတာရွိခဲ့ရင္ ဘယ္လိုမ်ိဳးပုံစံနဲ႔ လူကို ေစာင့္ေရွာက္ေပးပါသလဲ..?သူဟာ လူ႔ခႏၶာကိုယ္ထဲမွာ ေနတာပါလား ျပင္ပမွာ သီးျခားေနတာပါလားဆိုတာကို ဘုရားတပည့္ေတာ္ကိုသနားေစာင့္ေရွာက္ခ်ီးေျမႇာက္ေသာအားျဖင့္ေျဖၾကားေပးေတာ္မူပါဘုရား။ (ေျဖ) – ေမးခြန္းေတြက မ်ားလိုက္တာ။ ဦးဇင္း ခပ္တိုတိုနဲ႔ လိုရင္းပဲ ေျဖေပးလိုက္ပါတယ္။ကိုယ္ေစာင့္နတ္ဆိုတာ တကယ္ရွိပါတယ္။ “မေကာင္းမႈျပဳေသာ သူသည္ သူမေကာင္းမႈျပဳတဲ့ အေၾကာင္းကို သူကိုယ္တိုင္ ပဌမဦးစြာ သိ၏။ ထို႔ေနာက္ သူ၏ ကိုယ္ေစာင့္နတ္သိ၏။ ထို႔ေနာက္ သူတစ္ပါး၏ စိတ္ကို ေဖာက္ထြင္းၿပီး သိႏိုင္တဲ့ တန္ခိုးရွင္မ်ားသိၾက၏”လို႔ ပါရာဇိကဏ္အ႒ကထာ သုဒိႏၵက႑အဖြင့္မွာပါတဲ့ ဒီစကားရပ္ကို ေထာက္ၿပီးေတာ့ ကိုယ္ေစာင့္နတ္ တကယ္ရွိတယ္ဆိုတာ သိရပါတယ္။ ဒီစကားရပ္ကိုေထာက္ၿပီးေတာ့ လူကို နတ္ေစာင့္တယ္ဆိုတာ ဗုဒၶဘာသာနဲ႔လည္း ကိုက္ညီမႈရွိပါတယ္။ အျခားေသာ အေထာက္အထား က်မ္းကိုးက်မ္းကားထုတ္ျပစရာေတြ အမ်ားႀကီးရွိေပမယ့္ သိသာ႐ုံမွ် ဒီေလာက္နဲ႔ပဲ ေက်နပ္ေတာ္မူၾကပါ။ ေနာက္ေမးခြန္းတစ္ခုက လူကို ဘယ္လိုမ်ိဳးေစာင့္ေရွာက္သလဲဆိုတာေနာ္။ ဘုန္းကံႀကီးမားတဲ့ လူကို တန္ခိုးႀကီးမားတဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈရွိတဲ့ သူေတာ္ေကာင္း နတ္မ်ားက ေစာင့္ေရွာက္ပါတယ္။ ဘုန္းကံမြဲမြဲလူမ်ားကိုေတာ့ တန္ခိုးေသးႏုပ္တဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈမရွိတဲ့ နတ္ေသးနတ္မႊားေလးေတြက ေစာင့္ ေရွာက္ပါတယ္။ တန္ခိုးအာႏုေဘာ္ႀကီးမားေလ လုပ္ႏိုင္တဲ့အရာေတြ လုပ္ပိုင္ခြင့္ေတြ ပိုရွိေလမို႔ သူလုပ္ႏိုင္တဲ့ ပမာဏ သူလုပ္ပိုင္ခြင့္ရွိတဲ့ အတိုင္းအတာထဲကေန ကူညီေစာင့္ေရွာက္ေပးပါတယ္။ ဗာရာဏသီမင္းဟာ ေကာသလမင္းကိုသတ္ၿပီးေတာ့ တိုင္းျပည္ကိုသိမ္းပိုက္ၿပီးေတာ့ ေကာသလမင္းရဲ႕ မိဖုရားႀကီးကိုေတာ့ သူရဲ႕ မိဖုရားႀကီးအျဖစ္ ဗာရာဏသီမင္းက သိမ္းပိုက္ခဲ့တယ္။ အဲဒီ မိဖုရားႀကီးမွာ သြားေလသူ ေကာသလမင္းနဲ႔ ရထားတဲ့ ကိုယ္ဝန္က်န္ေနခဲ့တယ္။ အခ်ိန္တန္ေတာ့ သားေယာက်ၤားေလးေမြးဖြားခဲ့တယ္။ အ႐ြယ္ေရာက္ေတာ့ ဗာရာဏ သီမင္း အျခားမိဖုရားနဲ႔ ရထားတဲ့ ကု႐ုဂၤေဒဝီဆိုတဲ့ မင္းသမီေလးနဲ႔ ခ်စ္ႀကိဳက္သြားၾကပါတယ္။ ဗာရာဏသီမင္းႀကီးကသိလို႔ မင္းသာေလးကို သတ္ဖို႔လုပ္တယ္။ မင္းသားေလးကို ေသေဘးကေန လြတ္ေအာင္ ကယ္တင္ေပးခဲ့တယ္။ ကယ္တင္ေပးသူကေတာ့ မင္းသားေလးရဲ႕ ကိုယ္ေစာင့္နတ္ပဲျဖစ္တယ္။ (မဟာဏုဏာလဇာတက) ဒါေၾကာင့္ သူလုပ္ပိုင္ခြင့္ရွိတဲ့ ပမာဏ သူလုပ္ေပးႏိုင္တဲ့ ပမာဏအားေလ်ာ္စြာ ေစာင့္ေရွာက္ေပးတယ္လို႔ မွတ္သားေစခ်င္ပါတယ္။ ေနာက္ေမးခြန္းတစ္ခုက လူ႔ခႏၶာကိုယ္ထဲမွာ ေနတာလားအျပင္ဘက္မွာေနတာလားဆိုတာေနာ္.။အျပင္ဘက္မွာေနပါတယ္။ ကိုယ္ေစာင့္နတ္ဆိုတာ ကိုယ္ပတ္ဝန္းက်င္မွာရွိေနတဲ့ ဘုမၼစိုး ႐ုကၡစိုးစတဲ့ နတ္ေတြပါ။ လူ႔ခႏၶာကိုယ္ထဲမွာ နတ္ရွိရင္ အဲဒီလူကို ျမန္မာလူမ်ိဳးေတြက စုန္းလို႔ သတ္မွတ္ၾကပါတယ္။အဲဒီအေၾကာင္းကို ဦးဇင္း သီးျခားပို႔စ္တစ္ခုတင္ၿပီးေတာ့ ရွင္းျပေပးမယ္ေနာ္။ အခုေတာ့ ပို႔စ္သိပ္ရွည္သြားမွာမို႔ ရွင္းမျပေတာ့ပါဘူး။ သူ႔ေမးခြန္းက ဒီေလာက္ဆိုရင္ ၿပီးသြားပါၿပီေနာ္။ဒါေပမယ့္ ေမးခြန္းမွာ မပါလို႔ အမ်ားသိသင့္သိထိုက္တယ္ထင္လို႔ အေၾကာင္းအရာတစ္ခုကို ဦးဇင္းဘာသာေမးၿပီးေတာ့ ဦးဇင္းဘာသာပဲ ေျဖေပးလိုက္ပါတယ္။လူတိုင္းမွာ ကိုယ္ေစာင့္နတ္ရွိပါသလား..။လူတိုင္းမွာ သဘာဝအားျဖင့္ ကိုယ္ေစာင့္နတ္ရွိပါတယ္။ ဘုန္းကံႀကီးမားတဲ့ လူကို တန္ခိုးႀကီးမားတဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈရွိတဲ့ သူေတာ္ေကာင္း နတ္မ်ားက ေစာင့္ေရွာက္ပါတယ္။ ဘုန္းကံမြဲမြဲလူမ်ားကိုေတာ့ တန္ခိုးေသးႏုပ္တဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈမရွိတဲ့ နတ္ေသးနတ္မႊားေလးေတြက ေစာင့္ေရွာက္ပါတယ္။လို႔ အထက္မွာလဲ ဦးဇင္းေျပာခဲ့တယ္ေနာ္။ ကိုယ္ေစာင့္နတ္ေတြဆိုတာ လူေစာင့္ေရွာက္တဲ့ လူရဲ႕ အလိုကိုလိုက္ၿပီးေတာ့ ေျပာင္းလဲတတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ ဒီလိုမ်ိဳး လူ႔ရဲ႕အလိုကိုလိုက္ၿပီးေတာ့ ေျပာင္းလဲတတ္တာဟာ တန္ခိုးေသးႏုပ္ၿပီးေတာ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈမရွိတဲ့ ကိုယ္ေစာင့္နတ္ေတြေပါ့။ ဒီလို နတ္ေတြကေတာ့ သူေစာင့္ေလွ်ာက္တဲ့လူက ေကာင္းရင္ သူကေကာင္းၿပီးေတာ့ လူကဆိုးရင္ သူလဲဆိုးသြားတတ္ပါတယ္။ တန္ခိုးႀကီးမားတဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းတဲ့ ကိုယ္ေစာင့္နတ္မ်ားကေတာ့ သူတို႔မႀကိဳက္တာကို လုပ္ရင္ အဲဒီလူကို စြန႔္ပစ္ၿပီးေတာ့ ထြက္သြားတတ္ၾကပါတယ္။လူေျပာင္းလဲတိုင္း သူတို႔က လိုက္ၿပီးေတာ့ မေျပာင္းလဲၾကပါဘူး။ ဥပမာအားျဖင့္ ေစတီယမင္းရဲ႕ အျဖစ္အပ်က္ကိုၾကည့္ပါ။ ေစတီယမင္းဟာ တန္ခိုးႀကီးမားတဲ့ နတ္သားေလးေယာက္က ေစာင့္ေရွာက္ပါတယ္။ ေစတီယမင္း မုသားစကားေျပာေတာ့ နတ္သားေလးေယာက္ဟာ ေစတီယမင္းကို တစ္ခါထဲ စြန႔္ပစ္ထြက္ခြါသြားခဲ့ၾကပါတယ္။ (ေစတီယဇာတက) ဒါေၾကာင့္ လူတိုင္းမွာ သဘာဝအားျဖင့္ေတာ့ ကိုယ္ေစာင့္နတ္ရွိၾကပါတယ္။ သို႔ေသာ္ အခ်ိဳ႕သူမ်ားကေတာ့ ကိုယ္ေစာင့္နတ္မႀကိဳက္တာလုပ္လို႔ ကိုယ္ေစာင့္နတ္ရဲ႕ စြန႔္ပစ္ျခင္းကို ခံၾကရလို႔ ကိုယ္ေစာင့္နတ္ မရွိတာမ်ိဳးေတြလဲ ရွိပါတယ္။