လူ့ ကန့်လန့်တွေ

တစ်ခါတုန်းက ရွာတစ်ရွာမှ သူဌေးကြီးတစ်ဦးဟာ သူ့ ရွာက လူငယ်ရွာသားလေးတွေထဲမှာ ဉာဏ်ရည်ထက်မြက်သူ ဘယ်လောက်ရှိသလဲ စမ်းသပ်ဖို့အတွက် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လိုက်တယ်..။ အစီအစဉ်အရ ရွာလယ်မြေကွက်လပ်ကြီးမှာ ဝါးလုံးတိုင် တစ်တိုင်ထူပြီးဝါးလုံးဖျားမှာ အဖိုးတန်ပစ္စည်းတွေချိတ်ဆွဲထားလိုက်တယ်။ ပြီးတော့ ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး..။” ကိုင်း..ငါ့လူတို့..ဒီဝါးလုံးတိုင်ပေါ်ကို ဖက်လည်းမတက်ရဘူး..လှဲလည်းမလှဲရဘူး..မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာချိတ်ထားတဲ့ အဖိုးတန်ပစ္စည်းတွေကို ရအောင်ယူကြပေတော့..” လို့…သူဌေးကြီးက ပြောလိုက်ပါတယ်။ရွာထဲကလူငယ်တွေ စုရုံးရောက်ရှိလာကြပြီး ဝါးလုံးတိုင်ထိပ်က ပစ္စည်းတွေကို ဘယ်လိုယူရမလဲ ကြံဆကြတာပေါ့..။ ဒါပေမယ့် တိုင်ကိုလည်းဖက်မတက်ရ ၊ လှဲလည်းမယူရ ဆိုတော့ အကြံအိုက်ကုန်ကြပါတယ်။အဲ့ဒီအချိန် မောင်ဉာဏဆိုသူ လူငယ်တစ်ယောက်ရောက်လာပြီး သူဌေးကြီးကိုမေးတယ်..” ဦးမင်း..တိုင်ပေါ် ဖက်လည်းမတက်ဘူး..လှဲလည်းမလှဲဘူး..ဒါပေမယ့် တိုင်ကိုတော့ ချွတ်ခွင့်ပြု နိုင်မလား..”သူဌေးကြီးက လူငယ်ရဲ့စကားကြောင့် ခဏတော့ အံ့သြမှင်တက်သွားတယ်…ပြီးတော့မှ..” ရပါတယ်…တိုင်ကိုချွတ်ချင်တော့ ချွတ်ပါ..ဒါပေမယ့်လှဲချ ယူလို့တော့မဖြစ်ဖူးနော်..ချွတ်ပြီးရင်လည်း ဒီအတိုင်းထောင်လျ က်အနေအထားကနေဘဲ ရအောင်ယူရမယ် “လို့ပြောတယ်။

မောင်ဉာဏလည်း ဝမ်းသာအားရနဲ့ ဝါးလုံးတိုင်ကိုချွတ်ယူလိုက်တယ်။ ပြီးတော့ ထောင်လျက်အတိုင်းဘဲ သယ် , မထုတ်လိုက်ပြီး မလှမ်း မကမ်းကရေတွင်းဆီ အပြေးအလွှားယူသွားတယ်။ ပြီးတော့ ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်းချ လိုက်ပြီးမှ ဝါးလုံးဖျားကို မှီလောက်တဲ့အခါ အဖျားမှာချိတ်ဆွဲထားတဲ့ ပစ္စည်းတွေကို တစ်ခုစီ ဖြု တ်ယူလိုက်လိုက်ပါတော့တယ်။သူဌေးကြီးနဲ့ တချို့သောလူငယ်တွေက မောင်ဉာဏရဲ့ဉာဏ်သွားပုံကို လက်ခုပ်လက်ဝါးတီး အသိအမှတ်ပြု ကြပေမယ့်..တစ်ချို့သောလူငယ်တွေက” ဒါ ဘာဆန်းလို့လဲ..သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူးလေ..အစထဲကဝါးလုံးကို အဲ့လို နှုတ်ယူသွားလို့ရတယ်ပြောရင် ငါတို့လဲလုပ်လို့ရတာပေါ့ “ဆိုပြီး ပြောဆိုကြပါတယ် ။ ဒီစကားကိုကြားတဲ့ သူဌေးကြီးက ထိုလူတစ်စုကို အောက်ပါအတိုင်း ပြောလိုက်ပါတော့တယ်..။” ဒီမှာ..မောင်ရင်တို့..သူများ ဒါလုပ်လို့ဖြစ်တယ်ဆိုတော့မှ..ငါလည်းလုပ်နိုင်တာပေါ့ ဆိုကတည်းက မောင်ရင်တို့ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး..နောက်လိုက်တွေပဲဖြစ်တယ်..နောက်လိုက်မှ ဖြောင့်ဖြောင့်လိုက်တဲ့သူတွေမဟုတ်ဖူး ။ ကန့်လန့်တိုက်သူတွေပဲ ဖြစ်တယ် ။ ပြီးတော့အစထဲက သူ့လို မောင်ရင်တို့ အမေးအစမ်းရှိခဲ့လို့လား..သူက ဖြစ်နိုင်တဲ့နည်းလမ်းကိုအရင်ကြံဆကြည့်ပြီး ဝါးလုံးကို နှု တ်ယူလို့ရလားမေးတယ်..ရတယ်ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်းအတိုင်း သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ရအောင်ယူသွားတယ်။ သူ့လို စိတ်ကူးစိတ်မှန်းမရှိလို့ ကိုယ်မလုပ်ခဲ့နိုင်ရင်လည်း သူလုပ်ပြသွားတာကို ကောင်းမွန်စွာကြည့်..နည်းနာယူကြပြီး နောက်လိုက်ကောင်းဖြစ်အောင် ကျင့်ကြံကြပါလားကွယ်..သူ့ကို ရှုံ့ချပြီး ကန့်လန့်တိုက်စကားပြောတယ်ဆိုတာကတော့ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင် ချပြသလိုဖြစ်နေတော့မှာပေါ့..ရှက်စိတ်က လေးတော့ ရှိကြပါကွယ် လို့ ပြောဆိုလိုက်သတဲ့..။ “

Credit: ဖိုးစိန်လေး

[zawgyi]

တစ္ခါတုန္းက ႐ြာတစ္႐ြာမွ သူေဌးႀကီးတစ္ဦးဟာ သူ႔ ႐ြာက လူငယ္႐ြာသားေလးေတြထဲမွာ ဉာဏ္ရည္ထက္ျမက္သူ ဘယ္ေလာက္ရွိသလဲ စမ္းသပ္ဖို႔အတြက္ အစီအစဥ္တစ္ခုကို အေကာင္အထည္ေဖာ္လိုက္တယ္..။ အစီအစဥ္အရ ႐ြာလယ္ေျမကြက္လပ္ႀကီးမွာ ဝါးလုံးတိုင္ တစ္တိုင္ထူၿပီးဝါးလုံးဖ်ားမွာ အဖိုးတန္ပစၥည္းေတြခ်ိတ္ဆြဲထားလိုက္တယ္။ ၿပီးေတာ့ ႐ြာထဲက လူငယ္ေတြကို ေခၚလိုက္ၿပီး..။” ကိုင္း..ငါ့လူတို႔..ဒီဝါးလုံးတိုင္ေပၚကို ဖက္လည္းမတက္ရဘူး..လွဲလည္းမလွဲရဘူး..မင္းတို႔နည္း မင္းတို႔ဟန္နဲ႔ ဝါးလုံးဖ်ားမွာခ်ိတ္ထားတဲ့ အဖိုးတန္ပစၥည္းေတြကို ရေအာင္ယူၾကေပေတာ့..” လို႔…သူေဌးႀကီးက ေျပာလိုက္ပါတယ္။႐ြာထဲကလူငယ္ေတြ စု႐ုံးေရာက္ရွိလာၾကၿပီး ဝါးလုံးတိုင္ထိပ္က ပစၥည္းေတြကို ဘယ္လိုယူရမလဲ ႀကံဆၾကတာေပါ့..။ ဒါေပမယ့္ တိုင္ကိုလည္းဖက္မတက္ရ ၊ လွဲလည္းမယူရ ဆိုေတာ့ အႀကံအိုက္ကုန္ၾကပါတယ္။အဲ့ဒီအခ်ိန္ ေမာင္ဉာဏဆိုသူ လူငယ္တစ္ေယာက္ေရာက္လာၿပီး သူေဌးႀကီးကိုေမးတယ္..” ဦးမင္း..တိုင္ေပၚ ဖက္လည္းမတက္ဘူး..လွဲလည္းမလွဲဘူး..ဒါေပမယ့္ တိုင္ကိုေတာ့ ခြၽတ္ခြင့္ျပဳ ႏိုင္မလား..”သူေဌးႀကီးက လူငယ္ရဲ႕စကားေၾကာင့္ ခဏေတာ့ အံ့ၾသမွင္တက္သြားတယ္…ၿပီးေတာ့မွ..” ရပါတယ္…တိုင္ကိုခြၽတ္ခ်င္ေတာ့ ခြၽတ္ပါ..ဒါေပမယ့္လွဲခ် ယူလို႔ေတာ့မျဖစ္ဖူးေနာ္..ခြၽတ္ၿပီးရင္လည္း ဒီအတိုင္းေထာင္လ် က္အေနအထားကေနဘဲ ရေအာင္ယူရမယ္ “လို႔ေျပာတယ္။ေမာင္ဉာဏလည္း ဝမ္းသာအားရနဲ႔ ဝါးလုံးတိုင္ကိုခြၽတ္ယူလိုက္တယ္။ ၿပီးေတာ့ ေထာင္လ်က္အတိုင္းဘဲ သယ္ , မထုတ္လိုက္ၿပီး မလွမ္း မကမ္းကေရတြင္းဆီ အေျပးအလႊားယူသြားတယ္။ ၿပီးေတာ့ ဝါးလုံးကို ေရတြင္းထဲ ျဖည္းျဖည္းခ်င္းခ် လိုက္ၿပီးမွ ဝါးလုံးဖ်ားကို မွီေလာက္တဲ့အခါ အဖ်ားမွာခ်ိတ္ဆြဲထားတဲ့ ပစၥည္းေတြကို တစ္ခုစီ ျဖဳ တ္ယူလိုက္လိုက္ပါေတာ့တယ္။သူေဌးႀကီးနဲ႔ တခ်ိဳ႕ေသာလူငယ္ေတြက ေမာင္ဉာဏရဲ႕ဉာဏ္သြားပုံကို လက္ခုပ္လက္ဝါးတီး အသိအမွတ္ျပဳ ၾကေပမယ့္..တစ္ခ်ိဳ႕ေသာလူငယ္ေတြက” ဒါ ဘာဆန္းလို႔လဲ..သူလုပ္ျပတာ အထင္ႀကီးစရာ မရွိပါဘူးေလ..အစထဲကဝါးလုံးကို အဲ့လို ႏႈတ္ယူသြားလို႔ရတယ္ေျပာရင္ ငါတို႔လဲလုပ္လို႔ရတာေပါ့ “ဆိုၿပီး ေျပာဆိုၾကပါတယ္ ။ ဒီစကားကိုၾကားတဲ့ သူေဌးႀကီးက ထိုလူတစ္စုကို ေအာက္ပါအတိုင္း ေျပာလိုက္ပါေတာ့တယ္..။” ဒီမွာ..ေမာင္ရင္တို႔..သူမ်ား ဒါလုပ္လို႔ျဖစ္တယ္ဆိုေတာ့မွ..ငါလည္းလုပ္ႏိုင္တာေပါ့ ဆိုကတည္းက ေမာင္ရင္တို႔ဟာ ဦးေဆာင္သူ မဟုတ္ေတာ့ဘူး..ေနာက္လိုက္ေတြပဲျဖစ္တယ္..ေနာက္လိုက္မွ ေျဖာင့္ေျဖာင့္လိုက္တဲ့သူေတြမဟုတ္ဖူး ။ ကန႔္လန႔္တိုက္သူေတြပဲ ျဖစ္တယ္ ။ ၿပီးေတာ့အစထဲက သူ႔လို ေမာင္ရင္တို႔ အေမးအစမ္းရွိခဲ့လို႔လား..သူက ျဖစ္ႏိုင္တဲ့နည္းလမ္းကိုအရင္ႀကံဆၾကည့္ၿပီး ဝါးလုံးကို ႏႈ တ္ယူလို႔ရလားေမးတယ္..ရတယ္ဆိုေတာ့မွ သူႀကံထားတဲ့ နည္းလမ္းအတိုင္း သတ္မွတ္ထားတဲ့ စည္းကမ္းေဘာင္ထဲက ရေအာင္ယူသြားတယ္။ သူ႔လို စိတ္ကူးစိတ္မွန္းမရွိလို႔ ကိုယ္မလုပ္ခဲ့ႏိုင္ရင္လည္း သူလုပ္ျပသြားတာကို ေကာင္းမြန္စြာၾကည့္..နည္းနာယူၾကၿပီး ေနာက္လိုက္ေကာင္းျဖစ္ေအာင္ က်င့္ႀကံၾကပါလားကြယ္..သူ႔ကို ရႈံ႕ခ်ၿပီး ကန႔္လန႔္တိုက္စကားေျပာတယ္ဆိုတာကေတာ့ကိုယ့္ရဲ႕ ယုတ္မာစိတ္ကို လူသိေအာင္ ခ်ျပသလိုျဖစ္ေနေတာ့မွာေပါ့..ရွက္စိတ္က ေလးေတာ့ ရွိၾကပါကြယ္ လို႔ ေျပာဆိုလိုက္သတဲ့..။ “