လူ နဲ့ ခြင်္သေ့

တစ်ခါက လူတစ်ယောက်နဲ့ ခြင်္သေ့တစ်ကောင်တို့ဟာ ခရီးအတူတူ သွားကြပါတယ်။ လမ်းခရီးမှာ လူနှင့် ခြင်္သေ့တို့ ဘယ်သူ အင်အားကြီး မားတယ်ဆိုတာကို ငြင်းခုန်လာကြပါတယ်။တစ်နေရာအရောက်မှာတော့ ရုပ်တုတစ်ခုကိုတွေ့ပါတယ်။ လူတစ်ဦးက ခြင်္သေ့ပါးစပ်ကို ဆွဲဖြဲနေတဲ့ရုပ်တုပါ။ ဒါကိုတွေ့တော့ လူက..’တွေ့လား ခြင်္သေ့ဆိုတာ လူတွေလက်ထဲရောက်သွားရင် ဖယောင်းလိုပဲ ပြုသမျှ နုရတာကွ။’

ခြင်္သေ့က အဲဒီရုပ်တုကိုကြည့်ပြီး ဒီလိုပြန်ပြောလိုက်ပါတယ်။’ ဒါက လူတွေထုတဲ့ရုပ်ထုမလို့လေ။ ခြင်္သေ့တွေသာ ရုပ်တု ထုတတ်ရင် ဘယ် လိုပုံထွက်လာမယ် ထင်သလဲ’ လို့ ပြန်မေးလိုက်ပါတယ်။လူ့ဘဝမှာလည်း တူတူပါပဲ။ သူများပြောစကားတိုင်းယုံကြည်နေ ဖို့ မလိုပါဘူး။ ကိုယ့်အင်အားကို ကိုကိုယ်တိုင်သာ အသိဆုံးဖြစ်ပါတယ်။

credit – original

[zawgyi]
