လူ အလုပ် လူလုပ် ခွေး အလုပ် ခွေးလုပ်ပေါ့..

မိုးတွေ တအားရွာပြီး မြစ်ထဲမှာ ရေတွေပြည့်သွားတယ်။ ရေစီးကလည်းသန်တာပေါ့။အဲဒီအချိန်မှာ TV မှာ Breaking News လာတော့ကြည့်လိုက်တာ မီးသတ်သမားတွေ၊ ရဲတွေဟယ်လီကော့ပတာတွေ၊ မီဒီယာတွေအယောက် ၁၀၀ လောက်ရှိမယ်။ရေမျောပါသွားနေတဲ့ခွေးတစ်ကောင်ကို ဆယ်ဖို့ ကျိုးစားနေကြတာ။မိုးထဲ၊လေထဲအလွန်ခက်ခက်ခဲခဲနှင့်ရေစီးအတိုင်း အရှည်ပြင်းထန်စွာမျောပါသွားနေတဲ့ ခွေးကို မောင်းနေတဲ့ဟယ်လီကော့ပတာ ပေါ်ကနေကြိုးတန်းလန်းနဲ့ ဆင်းလာတဲ့မီးသတ်သမားကခွေးကို ပိုက်ကွန်နှင့် ပစ်ပြီးဖမ်းဖို့ လုပ်နေတယ်။ ကြည့်နေတဲ့လူသိန်းပေါင်းများစွာက လည်း ခွေးအသက်ရှင်ဖို့၊ မီးသတ်သမားဘေးကင်းဖို့ဆုတောင်းနေကြတယ်။နာရီဝက် လောက်ကြာမှ ပိုက်ကွန် မှာ မိတယ်။ခွေးကို အနီးကို ဆွဲယူပြီး ရင်ဘက်မှာ ပွေ့ဖို့လုပ်တော့ ကြောက်နေတဲ့ခွေးက စပြီးကိုက်တော့တာပဲ။ ခွေးကအကောင်ကြီးမျိုးဗျ။ မီးသတ်သမား၏ နာကျင်စွာ ညည်းတွားသံကို TV မှာကြားနေရတယ်။ Radio. .ကနေအထက်အရာရှိက ပြောတယ်။ မင်းသဘောပဲ။အကိုက်ခံရတာ မခံနိုင်ရင်ပြန်လွှတ်ချလိုက်တဲ့။ မီးသတ်သမားက ပြောတာက.. ဒီလောက်နာရီဝက်ကြာ ခက်ခက်ခဲခဲ နှင့် ကြိုးစားထားပြီးမှ ပြန်မစချင်ဘူးတဲ့။

ခွေးနှင့် လေပေါ်မှာ တွဲလောင်းကြီးရုန်းကန်နေကြတယ်။ခွေးက သုံးလေးချက် ကိုက်တယ်။မျက်နှာကိုမကိုက်မိရအောင် လက်ကိုပေးကိုက်ထားတယ်။ ကြည့်နေတဲ့ လူတွေလည်းရင်တထိတ်ထိတ်နဲ့ပေါ့။ နောက်ဆုံးတော့ ခွေးဟာ ဟယ်လီကော့ပတာပေါ်ကို ရောက်သွားတယ်။ အဲဒီ rescue operation အတွက် ဒေါ်လာသိန်းချီပြီးကုန်ကျ သွားတယ်။နောက်တပတ် လောက်ကြာတော့မီးသတ်သမားကို ဂုဏ်ပြုပွဲလုပ်ကြသေးတယ်။မြို့တော်ဝန်တွေ ကအစ တက်ရောက်ကြတဲ့ ဂုဏ်ပြုပွဲမှာ တင်းထောက်တစ်ယောက် ကမေးတယ်။ ဒီလောက်ကိုက်နေတဲ့ ခွေးကို အသားအနာခံပြီး ဘာဖြစ်လို့ ကယ်တာလဲတဲ့။သူက ဘာပြောလဲဆိုတော့ ခွေးအလုပ်က ကိုက်ရမယ့် အလုပ်၊ သူ့အလုပ်က အသက်ကယ်ရမယ့် အလုပ်။ခွေးအလုပ် ခွေးလုပ်ပြီး လူ အလုပ်ကို လူ လုပ်တာပါတဲ့။အဲဒီတော့ မှတ်သားစရာ ကောင်းတဲ့ အချက်က တစ်ခါတစ်ရံ လူတွေကို ကူညီပေးပေမယ့် ကူညီတဲ့ လူကို ကျေးဇူးတင်ဖို့ နေနေသာသာပြန် ဒုက္ခပေးကြ၊ ဆဲကြ၊ ကိုက်ကြတဲ့ လူ့ခွေးတွေ ရှိနေပေမယ့်လည်းကူညီမှု့ကိုမရပ်ဆိုင်းလိုက်ပါနဲ့။လူဟာ လူ့အလုပ်လုပ်ပါ။ခွေးဟာ ခွေးအလုပ်လုပ်ပါစေ။လူသားပီသတဲ့ လူဟာ သူတစ်ပါးအပေါ်မှာစာနာစိတ် ရှိပြီး ဘယ်လိုအခြေအနေ မျိုးမှာမဆို တတ်နိုင်သလောက်ကူညီတတ်သူတွေ ဖြစ်တယ်။

Credit- မူရင်း

[zawgyi]

မိုးေတြ တအား႐ြာၿပီး ျမစ္ထဲမွာ ေရေတြျပည့္သြားတယ္။ ေရစီးကလည္းသန္တာေပါ့။အဲဒီအခ်ိန္မွာ TV မွာ Breaking News လာေတာ့ၾကည့္လိုက္တာ မီးသတ္သမားေတြ၊ ရဲေတြဟယ္လီေကာ့ပတာေတြ၊ မီဒီယာေတြအေယာက္ ၁၀၀ ေလာက္ရွိမယ္။ေရေမ်ာပါသြားေနတဲ့ေခြးတစ္ေကာင္ကို ဆယ္ဖို႔ က်ိဳးစားေနၾကတာ။မိုးထဲ၊ေလထဲအလြန္ခက္ခက္ခဲခဲႏွင့္ေရစီးအတိုင္း အရွည္ျပင္းထန္စြာေမ်ာပါသြားေနတဲ့ ေခြးကို ေမာင္းေနတဲ့ဟယ္လီေကာ့ပတာ ေပၚကေနႀကိဳးတန္းလန္းနဲ႔ ဆင္းလာတဲ့မီးသတ္သမားကေခြးကို ပိုက္ကြန္ႏွင့္ ပစ္ၿပီးဖမ္းဖို႔ လုပ္ေနတယ္။ ၾကည့္ေနတဲ့လူသိန္းေပါင္းမ်ားစြာက လည္း ေခြးအသက္ရွင္ဖို႔၊ မီးသတ္သမားေဘးကင္းဖို႔ဆုေတာင္းေနၾကတယ္။နာရီဝက္ ေလာက္ၾကာမွ ပိုက္ကြန္ မွာ မိတယ္။ေခြးကို အနီးကို ဆြဲယူၿပီး ရင္ဘက္မွာ ေပြ႕ဖို႔လုပ္ေတာ့ ေၾကာက္ေနတဲ့ေခြးက စၿပီးကိုက္ေတာ့တာပဲ။ ေခြးကအေကာင္ႀကီးမ်ိဳးဗ်။ မီးသတ္သမား၏ နာက်င္စြာ ညည္းတြားသံကို TV မွာၾကားေနရတယ္။ Radio. .ကေနအထက္အရာရွိက ေျပာတယ္။ မင္းသေဘာပဲ။အကိုက္ခံရတာ မခံႏိုင္ရင္ျပန္လႊတ္ခ်လိုက္တဲ့။ မီးသတ္သမားက ေျပာတာက.. ဒီေလာက္နာရီဝက္ၾကာ ခက္ခက္ခဲခဲ ႏွင့္ ႀကိဳးစားထားၿပီးမွ ျပန္မစခ်င္ဘူးတဲ့။ေခြးႏွင့္ ေလေပၚမွာ တြဲေလာင္းႀကီး႐ုန္းကန္ေနၾကတယ္။ေခြးက သုံးေလးခ်က္ ကိုက္တယ္။မ်က္ႏွာကိုမကိုက္မိရေအာင္ လက္ကိုေပးကိုက္ထားတယ္။ ၾကည့္ေနတဲ့ လူေတြလည္းရင္တထိတ္ထိတ္နဲ႔ေပါ့။ ေနာက္ဆုံးေတာ့ ေခြးဟာ ဟယ္လီေကာ့ပတာေပၚကို ေရာက္သြားတယ္။ အဲဒီ rescue operation အတြက္ ေဒၚလာသိန္းခ်ီၿပီးကုန္က် သြားတယ္။ေနာက္တပတ္ ေလာက္ၾကာေတာ့မီးသတ္သမားကို ဂုဏ္ျပဳပြဲလုပ္ၾကေသးတယ္။ၿမိဳ႕ေတာ္ဝန္ေတြ ကအစ တက္ေရာက္ၾကတဲ့ ဂုဏ္ျပဳပြဲမွာ တင္းေထာက္တစ္ေယာက္ ကေမးတယ္။ ဒီေလာက္ကိုက္ေနတဲ့ ေခြးကို အသားအနာခံၿပီး ဘာျဖစ္လို႔ ကယ္တာလဲတဲ့။သူက ဘာေျပာလဲဆိုေတာ့ ေခြးအလုပ္က ကိုက္ရမယ့္ အလုပ္၊ သူ႔အလုပ္က အသက္ကယ္ရမယ့္ အလုပ္။ေခြးအလုပ္ ေခြးလုပ္ၿပီး လူ အလုပ္ကို လူ လုပ္တာပါတဲ့။အဲဒီေတာ့ မွတ္သားစရာ ေကာင္းတဲ့ အခ်က္က တစ္ခါတစ္ရံ လူေတြကို ကူညီေပးေပမယ့္ ကူညီတဲ့ လူကို ေက်းဇူးတင္ဖို႔ ေနေနသာသာျပန္ ဒုကၡေပးၾက၊ ဆဲၾက၊ ကိုက္ၾကတဲ့ လူ႔ေခြးေတြ ရွိေနေပမယ့္လည္းကူညီမႈ႕ကိုမရပ္ဆိုင္းလိုက္ပါနဲ႔။လူဟာ လူ႔အလုပ္လုပ္ပါ။ေခြးဟာ ေခြးအလုပ္လုပ္ပါေစ။လူသားပီသတဲ့ လူဟာ သူတစ္ပါးအေပၚမွာစာနာစိတ္ ရွိၿပီး ဘယ္လိုအေျခအေန မ်ိဳးမွာမဆို တတ္ႏိုင္သေလာက္ကူညီတတ္သူေတြ ျဖစ္တယ္။