လေယာဉ်စီးနေစဉ်မှာ Airplane mode လုပ်ခိုင်းထားတဲ့ အဓိကအကြောင်းအရင်း

လေယာဉ်စီးတဲ့အခါ အရေးကြီးလုပ်ရမယ့်အရာတစ်ခုကတော့ ဖုန်းကို Flight Mode ချထားဖို့ပါပဲ ။မချထားရင်ဘာတွေဖြစ်လာမလဲ ၊ ချထားခြင်း နဲ့ မချထားခြင်းဘာကွာလဲဆိုတာကို အခု ပြောပြသွားပါမယ် ။ဖုန်း Flight Mode မချထားတဲ့အတွက် လေယာဉ်ပျက်ကျသွားမှာတော့မဟုတ်ပါဘူး ။ဒါပေမယ့် လေယာဉ်မောင်းခန်းရဲ့ ထိန်းချုပ်စနစ်တွေကို ဖုန်းလှိုင်းကအနှောက်အယှက်ပေးနေတဲ့အတွက် မြေပြင်နဲ့ဆက်သွယ်ရေး ချွတ်ယွင်းသွားနိုင်ပါတယ်။မြေပြင်နဲ့ ဆက်သွယ်ရေး ချို့ယွင်းတဲ့အခါမှာ သတင်းပို့ချက်တွေကိုအချိန်မှီလက်မခံနိုင်တော့အခါ ပျက်ဆီးမှုအကြီးအကျယ်ဖြစ်လာနိုင်ချေရှိပါတယ် ။

ထို့အပြင် ဖုန်းသံတွေဆိုတာ ပိုင်းလော့တွေကို အတော်လေး စိတ်ညစ်စေတဲ့ အရာတွေပါ ။လေယာဉ်ပေါ်ရောက်နေတုန်းဖုန်းမြည်တဲ့အခါ ဘယ်လောက်ပဲကောင်းတဲ့ သီချင်းသံဖြစ်နေပါစေ ၊ ပိုင်းလော့တွေရဲ့နားထဲမှာတော့ ဖုန်းတစ်လုံးကို စပီကာအကျယ်ကြီးဖွင့်ထားသလို ဆူဆူညံညံကြားရမှာဖြစ်ပါတယ် ။ ပိုင်းလော့တွေ စိတ်တွေ ရှုပ်သွားခဲ့ရင် ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်လာမှာမဟုတ်တော့ပါဘူး ။ဒါကြောင့် လေယာဉ်စီးနင်းလိုက်ပါတဲ့အခါ ဖုန်းကို Flight mode ချထားပြီး စည်းစနစ်တွေအတိုင်း လိုက်နာပေးဖို့လိုအပ်ပါတယ် ။

Credit – Min Thu ( XYZ NEWS )

[zawgyi]

ေလယာဥ္စီးတဲ့အခါ အေရးႀကီးလုပ္ရမယ့္အရာတစ္ခုကေတာ့ ဖုန္းကို Flight Mode ခ်ထားဖို႔ပါပဲ ။မခ်ထားရင္ဘာေတြျဖစ္လာမလဲ ၊ ခ်ထားျခင္း နဲ႔ မခ်ထားျခင္းဘာကြာလဲဆိုတာကို အခု ေျပာျပသြားပါမယ္ ။ဖုန္း Flight Mode မခ်ထားတဲ့အတြက္ ေလယာဥ္ပ်က္က်သြားမွာေတာ့မဟုတ္ပါဘူး ။ဒါေပမယ့္ ေလယာဥ္ေမာင္းခန္းရဲ႕ ထိန္းခ်ဳပ္စနစ္ေတြကို ဖုန္းလႈိင္းကအေႏွာက္အယွက္ေပးေနတဲ့အတြက္ ေျမျပင္နဲ႔ဆက္သြယ္ေရး ခြၽတ္ယြင္းသြားႏိုင္ပါတယ္။ေျမျပင္နဲ႔ ဆက္သြယ္ေရး ခ်ိဳ႕ယြင္းတဲ့အခါမွာ သတင္းပို႔ခ်က္ေတြကိုအခ်ိန္မွီလက္မခံႏိုင္ေတာ့အခါ ပ်က္ဆီးမႈအႀကီးအက်ယ္ျဖစ္လာႏိုင္ေခ်ရွိပါတယ္ ။ထို႔အျပင္ ဖုန္းသံေတြဆိုတာ ပိုင္းေလာ့ေတြကို အေတာ္ေလး စိတ္ညစ္ေစတဲ့ အရာေတြပါ ။ေလယာဥ္ေပၚေရာက္ေနတုန္းဖုန္းျမည္တဲ့အခါ ဘယ္ေလာက္ပဲေကာင္းတဲ့ သီခ်င္းသံျဖစ္ေနပါေစ ၊ ပိုင္းေလာ့ေတြရဲ႕နားထဲမွာေတာ့ ဖုန္းတစ္လုံးကို စပီကာအက်ယ္ႀကီးဖြင့္ထားသလို ဆူဆူညံညံၾကားရမွာျဖစ္ပါတယ္ ။ ပိုင္းေလာ့ေတြ စိတ္ေတြ ရႈပ္သြားခဲ့ရင္ ေပ်ာ္စရာေကာင္းတဲ့ ခရီးစဥ္တစ္ခုျဖစ္လာမွာမဟုတ္ေတာ့ပါဘူး ။ဒါေၾကာင့္ ေလယာဥ္စီးနင္းလိုက္ပါတဲ့အခါ ဖုန္းကို Flight mode ခ်ထားၿပီး စည္းစနစ္ေတြအတိုင္း လိုက္နာေပးဖို႔လိုအပ္ပါတယ္ ။