လျှပ်စစ်မီးသီးလို_မကျင့်မိစေနဲ့

တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ပါတယ်။ အသက်ကြီးတဲ့ technician တစ်ယောက်ရဲ့ လက်အောက်မှာ လုပ်ရတယ်။ သူ့ဆရာက စကားကို နည်းနည်း​ပြောပြီး အလုပ်ကြိုးစားလုပ်ဖို့နဲ့ စက်တွေကို ကျွမ်းကျွမ်းကျင်ကျင်ပြင်တတ်အောင် လေ့လာဖို့ အမြဲ​ပြောတယ်။ သူလည်း သူ့ဆရာ​ပြောတဲ့အတိုင်း လုပ်တယ်။၁၀ နှစ်ကြာတဲ့အခါမှာ သူ့ဆရာဟာ အလုပ်က အနားယူသွားတယ်။ လူ ငယ်လည်း technician တစ်ယောက် ဖြစ်လာပါတယ်။ သူဟာ အရင်အတိုင်း အလုပ်ကြိုးစားသလို အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်း ကျင်အောင် လုပ်တယ်။တစ်နေ့မှာ သူဟာ အနားယူသွားတဲ့ သူ့ဆရာဆီ သွားလည်တယ်။ ဆရာက လူငယ်ရဲ့မျက်နှာကို ကြည့်ပြီး “မင်းကို ကြည့်ရတာ မပျော်မရွှင်ဖြစ်နေပုံရတယ်။ ဘာဖြစ်နေလို့လဲ” လို့ မေးတယ်။ လူငယ်ဟာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ခုလို ပြန်​ဖြေတယ်။ “ဒီလိုပါ ဆရာ။ ကျွန်တော်ဟာ ဆရာပြောခဲ့တဲ့အတိုင်း စကားကိုနည်းနည်းပြောပြီး အလုပ်ကို ကြိုးစားလုပ်ခဲ့တယ်။ စက်တွေပြင်တာမှာလည်း အကျွမ်းကျင်ဆုံးတစ်ယောက် ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ စက်ရုံမှာ ကျွန်တော်ဟာ မရှိမဖြစ်လူတစ်ယောက် ဖြစ်နေပါပြီ။ ကျွန် တော် နားမလည်တာက ကျွန်တော့်လောက် အလုပ်မကြိုးစားသလို ကျွမ်းကျင်မှုလည်း မရှိကြတဲ့ သူတွေဟာ ရာထူးတွေ တိုးသွားကြတယ်။ ကျွန်တော်ကတော့ အခုချိန်ထိ technician ရာထူးက မတက်ဘူး။ အဲဒါဘာကြောင့်လဲ ဆရာ””မင်းဟာ စက်ရုံမှာ မရှိမဖြစ်လူဆိုတာ သေချာလား””ဟုတ်ကဲ့။ သေချာပါတယ် ဆရာ” လို့ လူငယ်က ပြန်ဖြေတယ်။ ဆရာဟာ အိမ်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားနေတယ်။ ခဏကြာမှ သူဟာ လူငယ်ဘက် လှည့်ကြည့်ပြီး ပြောလိုက်တယ်။ “တစ်ရက်လောက် အကြောင်းတစ်ခုပြပြီး ခွင့်ယူလိုက်ကွာ။ မင်းလည်း ပင်ပန်းနေလို့ အနားရတာပေါ့”လူငယ်ဟာ ပထမတော့ သူ့ဆရာပေးတဲ့ အကြံကို အံ့ဩသွားတယ်။ ဒါပေမဲ့ အဲဒီအကြံအတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်နေ့မနက်မှာ စက်ရုံကို ဖုန်းဆက်ပြီး ခွင့်တစ်ရက်တင်လိုက်တယ်။ခွင့်ယူပြီး နောက်နေ့မှာ သူ စက်ရုံကို အလုပ်ပြန်ဆင်းတော့ စက်ရုံမန်နေဂျာက သူ့ကို ရုံးခန်းထဲလာဖို့ ခေါ်တယ်။

သူရောက်သွားတော့ မန်နေဂျာက သူ့ကို ပြောပြတယ်။ သူမရှိတုန်း စက်တွေပျက်တာကို တခြားဘယ်သူမှ မပြင်နိုင်ကြလို့ စက်ရုံရဲ့ကုန်ထုတ် မှု ထိခိုက်သွားခဲ့တယ်တဲ့။ သူဟာ စိတ်ထဲမှာ ပီတိဖြစ်နေတယ်။ လူငယ်ရဲ့ အရေးပါမှုကြောင့်ရယ်၊ သူ့ကို အားပေးချင်တာကြောင့်ရယ် မန်နေဂျာက သူ့ကို Senior Technician ရာထူးတိုးပေးလိုက်တယ်။သူ့ဆရာပေးလိုက်တဲ့ အကြံဟာ အလုပ်ဖြစ်တယ်။ ဒီနည်းဟာ အောင် မြင်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်မယ်လို့ တွေးရင်း လူငယ်ဟာ ကျေနပ်ပျော်ရွှင်သွားတယ်။ဇာတ်လမ်းက မပြီးသေးပါဘူး။လူငယ်ဟာ အလုပ်ထဲမှာ မကျေနပ်တာတွေ့ရင် ရာထူးတိုးချင်ရင် မကြာခဏ ခွင့်ယူတတ်တယ်။ နောက်နေ့ သူ အလုပ်ပြန်ဆင်းတော့ မန်နေဂျာက သူ့ကို ချော့ မော့ ပြောရတယ်။ သူလည်း မကြာခဏ ရာထူးအတိုးခံရတယ်။ သူ အဲဒီလို လုပ်နေတာ လအတော်ကြာသွားပါပြီ။တစ်ရက် သူအလုပ်ဆင်းဖို့ စက်ရုံကို ရောက်သွားတော့ အစောင့်က သူ့ကို စက်ရုံထဲ အဝင်မခံဘူး။ စက်ရုံက သူ့ကို အလုပ်ဖြုတ်လိုက်ပြီလို့ အစောင့်ကပြောပြတယ်။သူ အတော်စိတ်ညစ်သွားတယ်။ ရက်အတန်ကြာမှာ သူ့ဆရာဆီ ပြန်သွားတယ်။ “ကျွန်တော် ဘာကြောင့် အလုပ်ပြုတ်ရတာလဲ ဆရာ” လို့ သူ့ဆရာကို မေးလိုက်တယ်။ ပြီးတော့ ဝမ်းနည်းကြေကွဲသံနဲ့ ” ကျွန်တော် ဆရာပြောတဲ့အတိုင်း အတိအကျလုပ်ခဲ့တာပါ” လို့လည်း ပြောလိုက်တယ်။”မင်းဟာ ငါပေးတဲ့ အကြံရဲ့ ပထမပိုင်းကိုပဲ လုပ်ခဲ့တာပါ””ဒုတိယပိုင်းရှိသေးတယ် ဟုတ်လားခင်ဗျ။ ကျွန်တော် မသိလိုက်ပါလား ဆရာ””အေး၊ မင်း ဘယ်သိပါ့မလဲ။ မင်းဟာ အကြံပထမပိုင်းကို ကြားပြီးတာနဲ့ အိမ်က ထွက်သွားတာကိုး””ဒါဆိုရင် ဒုတိယပိုင်းက” “ဒုတိယပိုင်းကို လျှပ်စစ်မီးသီးတစ်လုံးကို ဥပမာပေးပြီး ရှင်းပြပေးမယ်။ လျှပ်စစ်မီးသီးဟာ အမြဲလင်းနေရင် အဲဒါကို ဘယ်သူမှ သတိမထားမိကြဘူး။ ဒါပေမဲ့ မီးသီးမီးမလင်းရင် သတိထားမိလာကြတယ်။ မီးမလင်းတာ ခဏခဏ ဖြစ်လာရင်တော့ အဲဒီမီးသီးဟာ အသစ်တစ် လုံးနဲ့ အလဲခံရလိမ့်မယ်။ မကြာခဏ မီးမလင်းတဲ့ မီးသီးကို ဘယ်သူကများ လိုချင်ဦးမှာလဲ”အလုပ်ထဲမှာ သင်ဟာ အလုပ်အကျွမ်းကျင်ဆုံးတစ်ယောက်၊ လူကြီးတွေ အားကိုးရသူတစ်ယောက်ဖြစ်နေလို့ မာနတက်ပြီး အခုလူငယ်လို အမှားမလုပ်မိပါစေနဲ့။ လျှပ်စစ်မီးသီးလို မကြာခင် ဖြုတ်လဲခံရနိုင်တယ်ဆိုတာ ကြပ်ကြပ်သတိထားပါ။

လေးစားစွာဖြင့် Credit – ဗန်း​မော်သိန်းဖေ (၂၁-၀၉-၂၀၂၁)

[zawgyi]

တစ္ခါတုန္းက လူငယ္တစ္ေယာက္ဟာ စက္႐ုံတစ္႐ုံမွာ အလုပ္လုပ္ပါတယ္။ အသက္ႀကီးတဲ့ technician တစ္ေယာက္ရဲ႕ လက္ေအာက္မွာ လုပ္ရတယ္။ သူ႔ဆရာက စကားကို နည္းနည္း​ေျပာၿပီး အလုပ္ႀကိဳးစားလုပ္ဖို႔နဲ႔ စက္ေတြကို ကြၽမ္းကြၽမ္းက်င္က်င္ျပင္တတ္ေအာင္ ေလ့လာဖို႔ အၿမဲ​ေျပာတယ္။ သူလည္း သူ႔ဆရာ​ေျပာတဲ့အတိုင္း လုပ္တယ္။၁၀ ႏွစ္ၾကာတဲ့အခါမွာ သူ႔ဆရာဟာ အလုပ္က အနားယူသြားတယ္။ လူငယ္လည္း technician တစ္ေယာက္ ျဖစ္လာပါတယ္။ သူဟာ အရင္အတိုင္း အလုပ္ႀကိဳးစားသလို အလုပ္မွာ ကြၽမ္းက်င္သထက္ ကြၽမ္းက်င္ေအာင္ လုပ္တယ္။တစ္ေန႔မွာ သူဟာ အနားယူသြားတဲ့ သူ႔ဆရာဆီ သြားလည္တယ္။ ဆရာက လူငယ္ရဲ႕မ်က္ႏွာကို ၾကည့္ၿပီး “မင္းကို ၾကည့္ရတာ မေပ်ာ္မ႐ႊင္ျဖစ္ေနပုံရတယ္။ ဘာျဖစ္ေနလို႔လဲ” လို႔ ေမးတယ္။ လူငယ္ဟာ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ခုလို ျပန္​ေျဖတယ္။ “ဒီလိုပါ ဆရာ။ ကြၽန္ေတာ္ဟာ ဆရာေျပာခဲ့တဲ့အတိုင္း စကားကိုနည္းနည္းေျပာၿပီး အလုပ္ကို ႀကိဳးစားလုပ္ခဲ့တယ္။ စက္ေတြျပင္တာမွာလည္း အကြၽမ္းက်င္ဆုံးတစ္ေယာက္ ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ စက္႐ုံမွာ ကြၽန္ေတာ္ဟာ မရွိမျဖစ္လူတစ္ေယာက္ ျဖစ္ေနပါၿပီ။ ကြၽန္ေတာ္ နားမလည္တာက ကြၽန္ေတာ့္ေလာက္ အလုပ္မႀကိဳးစားသလို ကြၽမ္းက်င္မႈလည္း မရွိၾကတဲ့ သူေတြဟာ ရာထူးေတြ တိုးသြားၾကတယ္။ ကြၽန္ေတာ္ကေတာ့ အခုခ်ိန္ထိ technician ရာထူးက မတက္ဘူး။ အဲဒါဘာေၾကာင့္လဲ ဆရာ””မင္းဟာ စက္႐ုံမွာ မရွိမျဖစ္လူဆိုတာ ေသခ်ာလား””ဟုတ္ကဲ့။ ေသခ်ာပါတယ္ ဆရာ” လို႔ လူငယ္က ျပန္ေျဖတယ္။ ဆရာဟာ အိမ္ခန္းထဲမွာ ေခါက္တုံ႔ေခါက္ျပန္ လမ္းေလွ်ာက္ရင္း စဥ္းစားေနတယ္။ ခဏၾကာမွ သူဟာ လူငယ္ဘက္ လွည့္ၾကည့္ၿပီး ေျပာလိုက္တယ္။ “တစ္ရက္ေလာက္ အေၾကာင္းတစ္ခုျပၿပီး ခြင့္ယူလိုက္ကြာ။ မင္းလည္း ပင္ပန္းေနလို႔ အနားရတာေပါ့”လူငယ္ဟာ ပထမေတာ့ သူ႔ဆရာေပးတဲ့ အႀကံကို အံ့ဩသြားတယ္။ ဒါေပမဲ့ အဲဒီအႀကံအတိုင္း လုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ေနာက္ေန႔မနက္မွာ စက္႐ုံကို ဖုန္းဆက္ၿပီး ခြင့္တစ္ရက္တင္လိုက္တယ္။ခြင့္ယူၿပီး ေနာက္ေန႔မွာ သူ စက္႐ုံကို အလုပ္ျပန္ဆင္းေတာ့ စက္႐ုံမန္ေနဂ်ာက သူ႔ကို ႐ုံးခန္းထဲလာဖို႔ ေခၚတယ္။သူေရာက္သြားေတာ့ မန္ေနဂ်ာက သူ႔ကို ေျပာျပတယ္။ သူမရွိတုန္း စက္ေတြပ်က္တာကို တျခားဘယ္သူမွ မျပင္ႏိုင္ၾကလို႔ စက္႐ုံရဲ႕ကုန္ထုတ္မႈ ထိခိုက္သြားခဲ့တယ္တဲ့။ သူဟာ စိတ္ထဲမွာ ပီတိျဖစ္ေနတယ္။ လူငယ္ရဲ႕ အေရးပါမႈေၾကာင့္ရယ္၊ သူ႔ကို အားေပးခ်င္တာေၾကာင့္ရယ္ မန္ေနဂ်ာက သူ႔ကို Senior Technician ရာထူးတိုးေပးလိုက္တယ္။သူ႔ဆရာေပးလိုက္တဲ့ အႀကံဟာ အလုပ္ျဖစ္တယ္။ ဒီနည္းဟာ ေအာင္ျမင္မႈရဲ႕ လွ်ိဳ႕ဝွက္ခ်က္ျဖစ္မယ္လို႔ ေတြးရင္း လူငယ္ဟာ ေက်နပ္ေပ်ာ္႐ႊင္သြားတယ္။ဇာတ္လမ္းက မၿပီးေသးပါဘူး။လူငယ္ဟာ အလုပ္ထဲမွာ မေက်နပ္တာေတြ႕ရင္ ရာထူးတိုးခ်င္ရင္ မၾကာခဏ ခြင့္ယူတတ္တယ္။ ေနာက္ေန႔ သူ အလုပ္ျပန္ဆင္းေတာ့ မန္ေနဂ်ာက သူ႔ကို ေခ်ာ့ေမာ့ေျပာရတယ္။ သူလည္း မၾကာခဏ ရာထူးအတိုးခံရတယ္။ သူ အဲဒီလို လုပ္ေနတာ လအေတာ္ၾကာသြားပါၿပီ။တစ္ရက္ သူအလုပ္ဆင္းဖို႔ စက္႐ုံကို ေရာက္သြားေတာ့ အေစာင့္က သူ႔ကို စက္႐ုံထဲ အဝင္မခံဘူး။ စက္႐ုံက သူ႔ကို အလုပ္ျဖဳတ္လိုက္ၿပီလို႔ အေစာင့္ကေျပာျပတယ္။သူ အေတာ္စိတ္ညစ္သြားတယ္။ ရက္အတန္ၾကာမွာ သူ႔ဆရာဆီ ျပန္သြားတယ္။ “ကြၽန္ေတာ္ ဘာေၾကာင့္ အလုပ္ျပဳတ္ရတာလဲ ဆရာ” လို႔ သူ႔ဆရာကို ေမးလိုက္တယ္။ ၿပီးေတာ့ ဝမ္းနည္းေၾကကြဲသံနဲ႔ ” ကြၽန္ေတာ္ ဆရာေျပာတဲ့အတိုင္း အတိအက်လုပ္ခဲ့တာပါ” လို႔လည္း ေျပာလိုက္တယ္။”မင္းဟာ ငါေပးတဲ့ အႀကံရဲ႕ ပထမပိုင္းကိုပဲ လုပ္ခဲ့တာပါ””ဒုတိယပိုင္းရွိေသးတယ္ ဟုတ္လားခင္ဗ်။ ကြၽန္ေတာ္ မသိလိုက္ပါလား ဆရာ””ေအး၊ မင္း ဘယ္သိပါ့မလဲ။ မင္းဟာ အႀကံပထမပိုင္းကို ၾကားၿပီးတာနဲ႔ အိမ္က ထြက္သြားတာကိုး””ဒါဆိုရင္ ဒုတိယပိုင္းက””ဒုတိယပိုင္းကို လွ်ပ္စစ္မီးသီးတစ္လုံးကို ဥပမာေပးၿပီး ရွင္းျပေပးမယ္။ လွ်ပ္စစ္မီးသီးဟာ အၿမဲလင္းေနရင္ အဲဒါကို ဘယ္သူမွ သတိမထားမိၾကဘူး။ ဒါေပမဲ့ မီးသီးမီးမလင္းရင္ သတိထားမိလာၾကတယ္။ မီးမလင္းတာ ခဏခဏ ျဖစ္လာရင္ေတာ့ အဲဒီမီးသီးဟာ အသစ္တစ္လုံးနဲ႔ အလဲခံရလိမ့္မယ္။ မၾကာခဏ မီးမလင္းတဲ့ မီးသီးကို ဘယ္သူကမ်ား လိုခ်င္ဦးမွာလဲ”အလုပ္ထဲမွာ သင္ဟာ အလုပ္အကြၽမ္းက်င္ဆုံးတစ္ေယာက္၊ လူႀကီးေတြ အားကိုးရသူတစ္ေယာက္ျဖစ္ေနလို႔ မာနတက္ၿပီး အခုလူငယ္လို အမွားမလုပ္မိပါေစနဲ႔။ လွ်ပ္စစ္မီးသီးလို မၾကာခင္ ျဖဳတ္လဲခံရႏိုင္တယ္ဆိုတာ ၾကပ္ၾကပ္သတိထားပါ