လျှာမရှည်စေနဲ့…

တခါတုန်းက မုဆိုးတစ်ယောက်ဟာ တောထဲကို အမဲလိုက်သွားရင်း ရသေ့တစ်ပါးတည်းသီတင်းသုံးနေထိုင်တဲ့တဲအိမ်လေးစီကို ရောက်သွား ခဲ့တယ်။ရသေ့ကြီးမှာက ထူးခြားစွာပဲနှာခေါင်း ရှည်နေတယ်။ဒါကို မုဆိုးကြီး မြင်တော့”အရှင်ရသေ့ကြီးရဲ့နှာခေါင်းကြီးကရှည်နေတာ ပါလား” လို့ ပြောတော့..ရသေ့ကြီးက..”အေးးငါ နှာခေါင်းရှည်တာကအရေးမကြီးဘူး..မင်း လျှာမရှည်စေနဲ့”လို့ပြန်ပြော လိုက်တယ်။မုဆိုးကြီးလည်း အိမ်ပြန်ရောက်တော့သူ့မိန်းမကို ပြန် ပြောပြတာပေါ့..”မိန်းမရေ ငါဒီနေ့ တောထဲမှာထူးထူးဆန်းဆန်း နှာခေါင်းရှည်နေတဲ့ရသေ့ကြီးတစ်ပါးကို တွေ့ခဲ့ တယ်” လို့ ပြောပြလိုက်သတဲ့…။သိတဲ့ အတိုင်းဗူးတစ်ရာသာ ပိတ်ဆို့ ဖို့ လွယ်ပေမဲ့ပါးစပ်ပေါက် တစ်ခုကိုတော့ပိတ်ဖို့ ရာ မလွယ်ဘူးလေ… လူတွေရဲ့ အဲ့ဒီစကားဟာတစ်ဆင့် စကား တစ်ဆင့် နားနဲ့ပဲဘုရင်ကြီး ကြားသွားခဲ့တယ်။ဒါပေမယ့် ဘုရင်ကြီးက မယုံပါဘူးတဲ့ ။

“အဲ့တာကို ဘယ်သူ ပြောတာလဲပေါ့..ပြောသူ ငါ့ရှေ့တာ်ကို ခေါ်လာစေ”ဆိုတော့မူးမတ်တို့လည်း ပြောသူမုဆိုးကြီးကို ဘုရင့်ဆီခေါ်လာခဲ့ကြရတယ်။မုဆိုးကြီးက တောထဲမှာသူတကယ်တွေ့မြင်ခဲ့ရတယ်လို့ ဘုရင်ကြီးကို ပြောပြတော့”အဲ့တာဆို ရသေ့ကြီးကို ငါ့ဆီ ပင့်ခဲ့စေ” ဆိုတော့မုဆိုးကြီးလည်း တောထဲက ရသေ့ကြီးကိုသွားပင့် ပြရတော့တာပေါ့..မပြရင်လည်း ဘုရင့် အမိန့်ဖီ ဆန် လျှင် သေမိန့် ပေးသတဲ့… ရ သေ့ကြီးက..”ငါ လမ်း မလျှောက်နိုင်လို့ ချီ ခေါ်ရင်လိုက်မယ်”ဆိုတော့ မုဆိုးလည်းရသေ့ကြီးကို ချီပြီး ခရီးဝေးကြီးကိုပင်ပန်းစွာလာခဲ့ရတယ်။နန်းတော်ရောက်တော့ ဘုရင်ကြီးက မြင်ပြီး “အော် ဟုတ်ပါ့ရောလား ကိုင်းငါကိုယ်တော် ယုံပြီ မို့ သွားပြန် ပို့စေ”ဆိုပြန်တော့မုဆိုးကြီး လည်း ရသေ့ကြီးကို ချီပြီးပြန်ပို့ ရ ရှာတယ်။ရသေ့ကြီးနေတဲ့ တဲကိုလည်း ရောက်ရောမုဆိုးကြီးမှာ သေမတတ် မောပန်းနေလို့တဲပေါ်မှာ ပက်လက်လန် သွားတယ်။ အဲ့တော့ ရသေ့ကြီးက ပြောတယ်..”ငါ မင်းကို မှာလိုက်ပါ့ရောလားငါ နှာခေါင်းရှည်တာ အရေးမကြီးဘူး..မင်း လျှာ မရှည်ပါနဲ့ဆိုတာကို ခုတော့ ဒုက္ခ ခံရပြီမလားလို့ ပြောလိုက်ပါတယ်..။”

credit – မူရင်း

[zawgyi]

တခါတုန္းက မုဆိုးတစ္ေယာက္ဟာ ေတာထဲကို အမဲလိုက္သြားရင္း ရေသ့တစ္ပါးတည္းသီတင္းသုံးေနထိုင္တဲ့တဲအိမ္ေလးစီကို ေရာက္သြား ခဲ့တယ္။ရေသ့ႀကီးမွာက ထူးျခားစြာပဲႏွာေခါင္း ရွည္ေနတယ္။ဒါကို မုဆိုးႀကီး ျမင္ေတာ့”အရွင္ရေသ့ႀကီးရဲ႕ႏွာေခါင္းႀကီးကရွည္ေနတာ ပါလား” လို႔ ေျပာေတာ့..ရေသ့ႀကီးက..”ေအးးငါ ႏွာေခါင္းရွည္တာကအေရးမႀကီးဘူး..မင္း လွ်ာမရွည္ေစနဲ႔”လို႔ျပန္ေျပာ လိုက္တယ္။မုဆိုးႀကီးလည္း အိမ္ျပန္ေရာက္ေတာ့သူ႔မိန္းမကို ျပန္ ေျပာျပတာေပါ့..”မိန္းမေရ ငါဒီေန႔ ေတာထဲမွာထူးထူးဆန္းဆန္း ႏွာေခါင္းရွည္ေနတဲ့ရေသ့ႀကီးတစ္ပါးကို ေတြ႕ခဲ့ တယ္” လို႔ ေျပာျပလိုက္သတဲ့…။သိတဲ့ အတိုင္းဗူးတစ္ရာသာ ပိတ္ဆို႔ ဖို႔ လြယ္ေပမဲ့ပါးစပ္ေပါက္ တစ္ခုကိုေတာ့ပိတ္ဖို႔ ရာ မလြယ္ဘူးေလ… လူေတြရဲ႕ အဲ့ဒီစကားဟာတစ္ဆင့္ စကား တစ္ဆင့္ နားနဲ႔ပဲဘုရင္ႀကီး ၾကားသြားခဲ့တယ္။ဒါေပမယ့္ ဘုရင္ႀကီးက မယုံပါဘူးတဲ့ ။“အဲ့တာကို ဘယ္သူ ေျပာတာလဲေပါ့..ေျပာသူ ငါ့ေရွ႕တာ္ကို ေခၚလာေစ”ဆိုေတာ့မူးမတ္တို႔လည္း ေျပာသူမုဆိုးႀကီးကို ဘုရင့္ဆီေခၚလာခဲ့ၾကရတယ္။မုဆိုးႀကီးက ေတာထဲမွာသူတကယ္ေတြ႕ျမင္ခဲ့ရတယ္လို႔ ဘုရင္ႀကီးကို ေျပာျပေတာ့”အဲ့တာဆို ရေသ့ႀကီးကို ငါ့ဆီ ပင့္ခဲ့ေစ” ဆိုေတာ့မုဆိုးႀကီးလည္း ေတာထဲက ရေသ့ႀကီးကိုသြားပင့္ ျပရေတာ့တာေပါ့..မျပရင္လည္း ဘုရင့္ အမိန႔္ဖီ ဆန္ လွ်င္ ေသမိန႔္ ေပးသတဲ့… ရ ေသ့ႀကီးက..”ငါ လမ္း မေလွ်ာက္ႏိုင္လို႔ ခ်ီ ေခၚရင္လိုက္မယ္”ဆိုေတာ့ မုဆိုးလည္းရေသ့ႀကီးကို ခ်ီၿပီး ခရီးေဝးႀကီးကိုပင္ပန္းစြာလာခဲ့ရတယ္။နန္းေတာ္ေရာက္ေတာ့ ဘုရင္ႀကီးက ျမင္ၿပီး “ေအာ္ ဟုတ္ပါ့ေရာလား ကိုင္းငါကိုယ္ေတာ္ ယုံၿပီ မို႔ သြားျပန္ ပို႔ေစ”ဆိုျပန္ေတာ့မုဆိုးႀကီး လည္း ရေသ့ႀကီးကို ခ်ီၿပီးျပန္ပို႔ ရ ရွာတယ္။ရေသ့ႀကီးေနတဲ့ တဲကိုလည္း ေရာက္ေရာမုဆိုးႀကီးမွာ ေသမတတ္ ေမာပန္းေနလို႔တဲေပၚမွာ ပက္လက္လန္ သြားတယ္။ အဲ့ေတာ့ ရေသ့ႀကီးက ေျပာတယ္..”ငါ မင္းကို မွာလိုက္ပါ့ေရာလားငါ ႏွာေခါင္းရွည္တာ အေရးမႀကီးဘူး..မင္း လွ်ာ မရွည္ပါနဲ႔ဆိုတာကို ခုေတာ့ ဒုကၡ ခံရၿပီမလားလို႔ ေျပာလိုက္ပါတယ္..။”