လှူ ခါနီးထားရမည့် စိတ်

မြတ်စွာဘုရားရှင်က နူနာရောဂါ ခံစားနေရတဲ့ ယောဟိနီမင်းသမီးလေးရဲ့ ကျောင်းဆောင်လှူ ဒါန်းပွဲမှာ ချစ်သမီး သင်ပြု ခဲ့တဲ့ မာန , သင်ပြု ခဲ့တဲ့ ဒေါသ အခြေခံပြီးတော့ လုပ်ခဲ့တဲ့ကံကြောင့် သင်ပြန်ခံရတဲ့ ဝိဘတ်ကြီးက ( ရောဂါကြီး )က ကြောက်စရာ။ဒါကြောင့် ယနေ့ပြုလုပ်တဲ့ ကုသိုလ် ပွဲမှာ အဲဒီ ကံတရားတွေကို သင်ဖြတ်နိုင်အောင်လို့ အပြစ်ကင်းတဲ့ ကုသိုလ်ကို ရအောင် ချစ်သမီး တဲ့ သင်လှူတဲ့ ကုသိုလ်ကောင်းမှုမှာ ဒေါသ ပယ်ပြီး လှူ ပါ… တဲ့။ လှူ ဒါန်းတဲ့နေရာ , ကောင်းမှုကုသိုလ် လုပ်တဲ့နေရာမှာ စိတ်တိုင်းမကျတာများတယ်။ အဲဒီလို များတဲ့နေရာမှာ ဒေါသလေး ပါလာပြီဆိုရင်အဲဒီ ကုသိုလ် ညစ်နွမ်းသွားပြီ နော်။အဲ ဒီလိုဆိုရင် ကုသိုလ် ကတော့ အကျိုးပေးတယ်..။ လူ့ဘဝကို ဒေါသဖြစ်ပြီ ဆို ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မာလိကာမိဖုရား မေးဖူးတယ်..တချို့အမျိုးသမီးတွေဟာ အင်မတန် အရုပ်ဆိုးတယ်.. အကျည်း တန်တယ် ပုံပန်းမကျဘူးဘုရား အဲဒါဘာကြောင့်လဲ လို့ မေးတဲ့အခါ..မြတ်စွာဘုရားရှင်က..ချစ်သမီး ဒေါသတရား ရှိခဲ့တဲ့အတွက်ကြောင့်မို့ ရုပ်ဆိုးတယ်, ပုံပန်းမကျ ဘူး , သရဲသဘက်လို အကျည်းတန်တယ်တဲ့ ။ဒါကြောင့် ဒေါသမပါအောင် လှူရမယ် ။ကိုယ်ပြောဆိုထားတဲ့အ တိုင်း လုပ်မထားဘူးဆိုရင် အမြင်မတော် တချက်ကြည့်လိုက်တာနဲ့ ဒေါသဖြစ်တယ်။ကိုယ် လှူ တဲ့ အခိုက်အတန့်လေးမှာ ဒေါသ မပါအောင် သတိထားပါတဲ့။တခါထပ်ပြီး မြတ်စွာဘုရားရှင်က ချစ်သမီး ရေ သင်လှူတဲ့ ကုသိုလ်ကောင်းမှု မှာ မာနမပါစေနဲ့တဲ့။တစ်ကြိမ်မှာလည်း ဘုရား ရှင်ရဲ့ သာသနာမှာ ထိပ်ဆုံးကိုရောက်ခဲ့တယ် , ဘိက္ခု နီမလေးပိဋိကတ်သုံးပုံကို အာဂုံဆောင်နိုင်ပေမယ့်အဟောကောင်း အပြောကောင်း သီလတရားတွေပြည့် စုံပေမယ့် ငါသာ တော်တယ် , ငါသာ တတ်တယ် , ငါသာ သိတယ် ငါသာ ဟောနိုင်တယ်ဆိုတဲ့ မာနဒီ မာနတရားက ဝိပဿီမြတ်စွာဘုရား လက်ထက်ကနေကဿပ မြတ်စွာဘုရား လက်ထက်တိုင်အောင်တောက်လျှောက် ဆက်လာခဲ့တဲ့ အကု သိုလ်..ဂေါတမမြတ်စွာဘုရား လက်ထက်ကျ မာန ဆိုတဲ့ ပြုခဲ့တဲ့ အကုသိုလ် က “ကျွန်မဘဝ” ကို အကျိုး ပေးခဲ့ရတယ် ။

ဒါကြောင့်မို့ ချစ်သမီးမာန မပါစေနဲ့ , မာန ပယ်ပြီး လှူပါ.. လှူ တဲ့နေရာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်လှူ ရင်မာန, ငါ ကမှ လှူနိုင်တယ် ငါ့လောက် မလှူနိုင်ဘူးဆိုပြီး ယှဉ်နေရင်မာန.. အဲဒီ မာနတရားလေး ပါနေပြီဆိုရင် နိမ့်ကျတဲ့ ဘဝ ရောက်မှာပဲ သိမ်ငယ်ရတဲ့ ဘဝ , လူရာ မဝင်တဲ့ ဘဝ , အနင်းခံရတဲ့ ဘဝ ရောက်မှာပဲ ။ဒါကြောင့် အလှူ ကောင်းမှုပွဲမှာ စင်ကြယ်တဲ့အလှူ ကိုရစေချင်ရင် မာန မပါစေနဲ့ တဲ့ ။သံယောဇဉ် ကြိုးတွေကို ဖြတ်ပြီး လှူပါ..လှူ နေဆဲ အချိန်လေး ~ဒေါသ , မာန မပါတဲ့ တရားကိုတော့ ပယ်နိုင်ပါပြီ..ဒါပေမယ့် သံယောဇဉ် အနှောင်အဖွဲ့ကို မဖြတ်နိုင်ဘူး ဆိုရင် အဲဒီ ပုဂ္ဂိုလ် သံသရာပြန်လည်မယ်။ကိုယ်က မိသားစုပေါ်မှာ ပြန်တွယ်ပြီးတော့ဒီဘဝတော့ ဒီမိသားစုနဲ့ လက်တွဲချင်သေးတယ် ဆိုတဲ့ ဒီနှောင်ဖွဲ့တဲ့ သံယောဇဉ်ကို ပြန်ပြီးတော့မှ မဖြတ်နိုင်ရင် သံသရာ မလည်ဘူးလား ?သံသရာလည်မယ် ဆိုရင် ဘဝ ခန္ဓာ အို နာ သေ တွေ ရမှာစိုးလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက”ချစ်သမီး သင် ရတဲ့ဘဝဟောဒီလို နိမ့်ကျတဲ့ ဘဝလည်း ခန္ဓာ ရ ရင် ကြုံမှာပဲမြင့်မြတ်တဲ့ ဘဝလည်း ခန္ဓာ ရရင် ကြုံမှာပဲဒီ ခန္ဓာ ဒုက္ခတွေက သိပ်ကြီးလွန်းတော့ သင်ချစ်သမီး လှူ ဒါန်းတဲ့ ကောင်းမှုပွဲမှာသံယောဇဉ်ကြိုးတွေကိုလည်းဖြတ်ပြီး လှူပါတဲ့..သံယောဇဉ်ဖြတ် ဆိုတာ ဘာနဲ့ဘာကို သိခိုင်းတာလဲ ?ရုပ် နဲ့ နာမ်ကို သိခိုင်းတာနော် ။ဒီလို တရားလေး ဟောလိုက်တဲ့အခါ ယောဟိနီလေး သောတာပန်တည်သွားတယ် ..သူ့ရဲ့ နူနာရောဂါတွေလည်း အရှင်းပျောက်ပြီးအသား ရေလေးတွေ ဝင်းကြည်လှပသွားတယ်..ကုသိုလ်ရဲ့အကျိုး နော် ။ဒါကြောင့်မို့လို့ ငါတို့လှူတဲ့ အလှူ ပွဲမှာ သောတာပန် ဖြစ်လောက်အောင် စွမ်းအား မရှိခဲ့လည်း ဝိပဿနာဉာဏ် , ရုပ်နာမ်လေး သိလိုက်ရင်အဖိုးတန်ပါတယ် ။

credit – original

[zawgyi]

ျမတ္စြာဘုရားရွင္က ႏူနာေရာဂါ ခံစားေနရတဲ့ ေယာဟိနီမင္းသမီးေလးရဲ႕ ေက်ာင္းေဆာင္လႉ ဒါန္းပြဲမွာ ခ်စ္သမီး သင္ျပဳ ခဲ့တဲ့ မာန , သင္ျပဳ ခဲ့တဲ့ ေဒါသ အေျခခံၿပီးေတာ့ လုပ္ခဲ့တဲ့ကံေၾကာင့္ သင္ျပန္ခံရတဲ့ ဝိဘတ္ႀကီးက ( ေရာဂါႀကီး )က ေၾကာက္စရာ။ဒါေၾကာင့္ ယေန႔ျပဳလုပ္တဲ့ ကုသိုလ္ ပြဲမွာ အဲဒီ ကံတရားေတြကို သင္ျဖတ္ႏိုင္ေအာင္လို႔ အျပစ္ကင္းတဲ့ ကုသိုလ္ကို ရေအာင္ ခ်စ္သမီး တဲ့ သင္လႉတဲ့ ကုသိုလ္ေကာင္းမႈမွာ ေဒါသ ပယ္ၿပီး လႉ ပါ… တဲ့။ လႉ ဒါန္းတဲ့ေနရာ , ေကာင္းမႈကုသိုလ္ လုပ္တဲ့ေနရာမွာ စိတ္တိုင္းမက်တာမ်ားတယ္။ အဲဒီလို မ်ားတဲ့ေနရာမွာ ေဒါသေလး ပါလာၿပီဆိုရင္အဲဒီ ကုသိုလ္ ညစ္ႏြမ္းသြားၿပီ ေနာ္။အဲ ဒီလိုဆိုရင္ ကုသိုလ္ ကေတာ့ အက်ိဳးေပးတယ္..။ လူ႔ဘဝကို ေဒါသျဖစ္ၿပီ ဆို ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကို မာလိကာမိဖုရား ေမးဖူးတယ္..တခ်ိဳ႕အမ်ိဳးသမီးေတြဟာ အင္မတန္ အ႐ုပ္ဆိုးတယ္.. အက်ည္း တန္တယ္ ပုံပန္းမက်ဘူးဘုရား အဲဒါဘာေၾကာင့္လဲ လို႔ ေမးတဲ့အခါ..ျမတ္စြာဘုရားရွင္က..ခ်စ္သမီး ေဒါသတရား ရွိခဲ့တဲ့အတြက္ေၾကာင့္မို႔ ႐ုပ္ဆိုးတယ္, ပုံပန္းမက် ဘူး , သရဲသဘက္လို အက်ည္းတန္တယ္တဲ့ ။ဒါေၾကာင့္ ေဒါသမပါေအာင္ လႉရမယ္ ။ကိုယ္ေျပာဆိုထားတဲ့အ တိုင္း လုပ္မထားဘူးဆိုရင္ အျမင္မေတာ္ တခ်က္ၾကည့္လိုက္တာနဲ႔ ေဒါသျဖစ္တယ္။ကိုယ္ လႉ တဲ့ အခိုက္အတန္႔ေလးမွာ ေဒါသ မပါေအာင္ သတိထားပါတဲ့။တခါထပ္ၿပီး ျမတ္စြာဘုရားရွင္က ခ်စ္သမီး ေရ သင္လႉတဲ့ ကုသိုလ္ေကာင္းမႈ မွာ မာနမပါေစနဲ႔တဲ့။တစ္ႀကိမ္မွာလည္း ဘုရား ရွင္ရဲ႕ သာသနာမွာ ထိပ္ဆုံးကိုေရာက္ခဲ့တယ္ , ဘိကၡဳ နီမေလးပိဋိကတ္သုံးပုံကို အာဂုံေဆာင္ႏိုင္ေပမယ့္အေဟာေကာင္း အေျပာေကာင္း သီလတရားေတြျပည့္ စုံေပမယ့္ ငါသာ ေတာ္တယ္ , ငါသာ တတ္တယ္ , ငါသာ သိတယ္ ငါသာ ေဟာႏိုင္တယ္ဆိုတဲ့ မာနဒီ မာနတရားက ဝိပႆီျမတ္စြာဘုရား လက္ထက္ကေနကႆပ ျမတ္စြာဘုရား လက္ထက္တိုင္ေအာင္ေတာက္ေလွ်ာက္ ဆက္လာခဲ့တဲ့ အကု သိုလ္..ေဂါတမျမတ္စြာဘုရား လက္ထက္က် မာန ဆိုတဲ့ ျပဳခဲ့တဲ့ အကုသိုလ္ က “ကြၽန္မဘဝ” ကို အက်ိဳး ေပးခဲ့ရတယ္ ။ဒါေၾကာင့္မို႔ ခ်စ္သမီးမာန မပါေစနဲ႔ , မာန ပယ္ၿပီး လႉပါ.. လႉ တဲ့ေနရာ တစ္ေယာက္နဲ႔တစ္ေယာက္ ၿပိဳင္လႉ ရင္မာန, ငါ ကမွ လႉႏိုင္တယ္ ငါ့ေလာက္ မလႉႏိုင္ဘူးဆိုၿပီး ယွဥ္ေနရင္မာန.. အဲဒီ မာနတရားေလး ပါေနၿပီဆိုရင္ နိမ့္က်တဲ့ ဘဝ ေရာက္မွာပဲ သိမ္ငယ္ရတဲ့ ဘဝ , လူရာ မဝင္တဲ့ ဘဝ , အနင္းခံရတဲ့ ဘဝ ေရာက္မွာပဲ ။ဒါေၾကာင့္ အလႉ ေကာင္းမႈပြဲမွာ စင္ၾကယ္တဲ့အလႉ ကိုရေစခ်င္ရင္ မာန မပါေစနဲ႔ တဲ့ ။သံေယာဇဥ္ ႀကိဳးေတြကို ျဖတ္ၿပီး လႉပါ..လႉ ေနဆဲ အခ်ိန္ေလး ~ေဒါသ , မာန မပါတဲ့ တရားကိုေတာ့ ပယ္ႏိုင္ပါၿပီ..ဒါေပမယ့္ သံေယာဇဥ္ အေႏွာင္အဖြဲ႕ကို မျဖတ္ႏိုင္ဘူး ဆိုရင္ အဲဒီ ပုဂၢိဳလ္ သံသရာျပန္လည္မယ္။ကိုယ္က မိသားစုေပၚမွာ ျပန္တြယ္ၿပီးေတာ့ဒီဘဝေတာ့ ဒီမိသားစုနဲ႔ လက္တြဲခ်င္ေသးတယ္ ဆိုတဲ့ ဒီေႏွာင္ဖြဲ႕တဲ့ သံေယာဇဥ္ကို ျပန္ၿပီးေတာ့မွ မျဖတ္ႏိုင္ရင္ သံသရာ မလည္ဘူးလား ?သံသရာလည္မယ္ ဆိုရင္ ဘဝ ခႏၶာ အို နာ ေသ ေတြ ရမွာစိုးလို႔ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက”ခ်စ္သမီး သင္ ရတဲ့ဘဝေဟာဒီလို နိမ့္က်တဲ့ ဘဝလည္း ခႏၶာ ရ ရင္ ႀကဳံမွာပဲျမင့္ျမတ္တဲ့ ဘဝလည္း ခႏၶာ ရရင္ ႀကဳံမွာပဲဒီ ခႏၶာ ဒုကၡေတြက သိပ္ႀကီးလြန္းေတာ့ သင္ခ်စ္သမီး လႉ ဒါန္းတဲ့ ေကာင္းမႈပြဲမွာသံေယာဇဥ္ႀကိဳးေတြကိုလည္းျဖတ္ၿပီး လႉပါတဲ့..သံေယာဇဥ္ျဖတ္ ဆိုတာ ဘာနဲ႔ဘာကို သိခိုင္းတာလဲ ?႐ုပ္ နဲ႔ နာမ္ကို သိခိုင္းတာေနာ္ ။ဒီလို တရားေလး ေဟာလိုက္တဲ့အခါ ေယာဟိနီေလး ေသာတာပန္တည္သြားတယ္ ..သူ႔ရဲ႕ ႏူနာေရာဂါေတြလည္း အရွင္းေပ်ာက္ၿပီးအသား ေရေလးေတြ ဝင္းၾကည္လွပသြားတယ္..ကုသိုလ္ရဲ႕အက်ိဳး ေနာ္ ။ဒါေၾကာင့္မို႔လို႔ ငါတို႔လႉတဲ့ အလႉ ပြဲမွာ ေသာတာပန္ ျဖစ္ေလာက္ေအာင္ စြမ္းအား မရွိခဲ့လည္း ဝိပႆနာဉာဏ္ , ႐ုပ္နာမ္ေလး သိလိုက္ရင္အဖိုးတန္ပါတယ္ ။