သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်တဲ့ ကားအစိတ်အပိုင်းများ

ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာဝ၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်းစရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက် စီး တတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။ကားတစ်စီး လက်ဝယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ ဝယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်းဝယ်လျှင်လည်း ပုံမှန်ပြုပြင် ထိန်းသိမ်းစရိတ်ရှိသည်။ အချို့သေ ာကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။ ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများ – (၁) လေစစ်၊ဆီစစ်များ -ကားတိုင်းတွင် Air Filterခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)ဘူးကို လဲပေးရမည်။ ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀)အတွင်း သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။(၂) ဘက်ထရီ – ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး အားသွင်းစနစ်မကောင်းပါက ဘက်ထရီအားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်း လျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။ ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန်လိုအပ်သည်။ အရည်အသွေး အမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှ သက်တမ်းသည် အများဆုံး (၃)နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီ သုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ- အက်ဆစ် ဘက်ထရီအမျိုးအစားထက် (၁) နှစ်ကျော်ပို၍ အသုံးခံသည်။ Maintenance Free ဘက်ထရီမှ လွဲ၍ ခဲ-အက်ဆစ်ဘက်ထရီများသည် ပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။(၃) ဘရိတ်ရှူး (Brake Pad) – ဘရိတ်ရှူးများသည် အမြဲပွတ်တိုက်သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ် အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် (၃၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ်မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍ အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာအမျိုးအစားများ အသုံးပြုထား၍ သက်တမ်းပို၍ ကြာရှည်ခံသည်။(၄) တာယာ (Tires) – ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တယာဘီးများ ကြာရှည် အသုံးခံရန် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှ ဖြစ်မည်။ ကားအောက်ပိုင်း ဆပ်စပင်းရှင်းစနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများအသုံးခံမည်။တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်/ ဘယ်-ညာ လှည့်၍ သုံးပေးရသည်။ တာယာထိန်းသိမ်းမှု ကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် (၆၀,၀၀၀) မှ မိုင် (၈၀,၀၀၀)အထိအသုံးခံပါသည်။

(၅) ကလပ် (Clutch) – Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိပ်ပြားတစ်ချပ်သည် မိုင် (၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ် ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt) – OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ် အပိုင်းပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝိုင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုတစ်ချောင်း၏ သက်တမ်းသည် မိုင် (၆၀၀၀၀) (သို့ မဟုတ်) ကီလိုမီတာ (၁၀၀၀၀၀) အထိရှိသည်။(၇) ဆီပန့် (Fuel Pump) -ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် (၆၀,၀၀၀) ကျော်အသုံးခံသည်။(၈) ဂတ်စ်ကတ် (Gasket) – ကားအင်ဂျင် တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကို သုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်း ရှိသည်။ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasketသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန်လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် (၆၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။(၉) ရေလည်အုံ (Water Pump) – အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံ ဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန် ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်း ကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူနိုင်သော ပြဿနာအရင်းအမြစ်ဖြစ်သည်။(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် (၇၀,၀၀၀)မှ မိုင်(၁၀၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ် ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သော ကားဆရာများက ရေလည်အုံကို ပြန်ပြင်၍ သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်းဖြစ်ပါသည်။(၁၀) Spark Plugs – အင်ဂျင် မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာဝန်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း ပြုလုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်း သုံးဖို့လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် ဈေးနှုန်းကြီးသော်လည်းမိုင် (၁၀၀,၀၀၀)အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ် ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန် ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ ဂရုစိုက် ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုလုပ်ခြင်းအပြင်၊ သက်တမ်းစေ့၍ ပစ္စည်းလဲလှယ်ပြုပြင်ရသော စရိတ်များလည်း ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။

Credit : ကားအကြောင်းစုံ

[zawgyi]

ကားပိုင္ရွင္အမ်ားစုသည္ ကားကိုအသုံးခ်ေနေသာ္လည္း ၊ ပုံမွန္ထိန္းသိမ္းျခင္းႏွင့္ ကားပ်က္၍ ျပဳျပင္ရျခင္းမ်ားအတြက္ ေငြေၾကးသုံးစြဲရာတြင္ လက္တြန႔္တတ္ၾကသည္။ ကားအေၾကာင္း၊ ကားသဘာဝ၊ ကားျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို နားလည္သေဘာေပါက္ေသာ ကားပိုင္ရွင္မ်ားက ကုန္က်စရိတ္မ်ားကို လက္ခံႏိုင္ၾကေသာ္လည္း ကားအေၾကာင္း နားမလည္ေသာ ပိုင္ရွင္ႏွင့္ ယာဥ္ေမာင္းတို႔အၾကားတြင္ ကားျပဳျပင္ထိန္းသိမ္းစရိတ္သည္ စကားမ်ားမ်ားေျပာရေသာ ျပႆနာျဖစ္လာတတ္သည္။ ပုံမွန္ျပဳျပင္ထိန္းသိမ္းစရိတ္ႏွင့္ အခ်ိန္တန္လွ်င္ ပ်က္စီးတတ္ေသာ ကားအစိတ္အပိုင္းမ်ား ျပင္ဆင္စရိတ္မ်ားကို အကုန္အက်ခံရန္ ၿငိဳျငင္တတ္ၾကသည္။ကားတစ္စီး လက္ဝယ္ထားလွ်င္ ျပင္ဆင္ထိန္းသိမ္းစရိတ္သည္ အသုံးျပဳရၿမဲျဖစ္သည္။ ကားေဟာင္း၊ ကားညံ့ ဝယ္မိလွ်င္ မၾကာခဏ ကားပ်က္၍ အကုန္အက် ပိုမ်ားသည္။ ကားေကာင္းဝယ္လွ်င္လည္း ပုံမွန္ျပဳျပင္ ထိန္းသိမ္းစရိတ္ရွိသည္။ အခ်ိဳ႕ေသ ာကားပိုင္ရွင္မ်ားသည္ ပ်က္မွသာ ကားျပင္လိုၾကသည္။ ပုံမွန္ထိန္းသိမ္းရသည္ကို နားမလည္၍ အပိုကုန္က်သည္ဟု ျမင္ၾကသည္။ ကားတစ္စီးအား ပုံမွန္စစ္ေဆးထိန္သိမ္းျခင္း မလုပ္ေပးပါက ပို၍ပ်က္စီးေစသည္။ ေဘးကင္းလုံၿခဳံမႈ တျဖည္းျဖည္း က်ဆင္းလာ၍ အႏၲရာယ္လည္း ျဖစ္ႏိုင္သည္။ ကားတစ္စီးတြင္ အစိတ္အပိုင္းေပါင္းမ်ားစြာျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားၿပီး၊ စနစ္ (System)မ်ား ေပါင္းစပ္၍ လည္ပတ္ အလုပ္လုပ္သည္။ အခ်ိန္တန္လွ်င္ ပြန္းစား ပ်က္စီးတတ္သည္။ ပုံမွန္ျပဳျပင္ ထိန္းသိမ္းျခင္းမ်ားအျပင္ ပ်က္စီးခြၽတ္ယြင္းသြားေသာ အစိတ္အပိုင္းမ်ားကို အစားထိုးလဲလွယ္၍ ျပဳျပင္ေပးရသည္။ ကားအစိတ္အပိုင္း (Auto Parts) ပစၥည္းမ်ားသည္ သုံးစြဲႏိုင္ေသာ သက္တမ္းရွိသည္။ သက္တမ္းကုန္လွ်င္ ခြၽတ္ယြင္း ပ်က္စီးလာတတ္သည္။အစားထိုးလဲလွယ္ေပးရေသာကားအစိတ္အပိုင္းမ်ား – (၁) ေလစစ္၊ဆီစစ္မ်ား -ကားတိုင္းတြင္ Air Filterေခၚ ေလစစ္မ်ားသည္ အခ်ိန္တန္လွ်င္ လဲေပးရသည္။ ခရီးမိုင္ (၃၀,၀၀၀) မွ (၅၀,၀၀၀) အတြင္း သုံးၿပီးပါက ေလစစ္မ်ား လဲေပးသင့္သည္။ အင္ဂ်င္ဝိုင္အသစ္လဲတိုင္းလည္း ဆီစစ္ (Oil Filter)ဘူးကို လဲေပးရမည္။ ခရီးမိုင္ (၃၀၀၀) မွ (၅၀၀၀)အတြင္း သြားၿပီးတိုင္း အင္ဂ်င္ဝိုင္ႏွင့္ ဆီစစ္ကို လဲေပးသင့္သည္။ ကားအမ်ိဳးအစားအလိုက္ သင့္ေလ်ာ္ေသာ အင္ဂ်င္ဝိုင္အမ်ိဳးအစားကို ေ႐ြးခ်ယ္သုံးစြဲသင့္သည္။(၂) ဘက္ထရီ – ကားတစ္စီးတြင္ ဘက္ထရီသည္ အသက္ျဖစ္သည္။ ဘက္ထရီေကာင္းၿပီး အားသြင္းစနစ္မေကာင္းပါက ဘက္ထရီအားမရွိဘဲ ျဖစ္တတ္သည္။ ဘက္ထရီ အားမေကာင္း လွ်င္ ကားစက္ႏႈိးရ ခက္ခဲတတ္သည္။ ကားဘက္ထရီတစ္လုံးသည္ ပုံမွန္ထိန္းသိမ္းေပးရန္လိုအပ္သည္။ အရည္အေသြး အမ်ိဳးအစား ေကာင္းေသာ ကားဘက္ထရီတစ္လုံး၏ ပ်မ္းမွ် သက္တမ္းသည္ အမ်ားဆုံး (၃)ႏွစ္သာ အသုံးခံသည္။ AGM (Absorbant Glass Mat) ဂ်ယ္လီ သုံးေသာ ဘက္ထရီအမ်ိဳးအစားသည္ ႐ိုး႐ိုးခဲ- အက္ဆစ္ ဘက္ထရီအမ်ိဳးအစားထက္ (၁) ႏွစ္ေက်ာ္ပို၍ အသုံးခံသည္။ Maintenance Free ဘက္ထရီမွ လြဲ၍ ခဲ-အက္ဆစ္ဘက္ထရီမ်ားသည္ ျပဳျပင္ ထိန္းသိမ္းေပးရန္ လိုအပ္ပါသည္။(၃) ဘရိတ္ရႉး (Brake Pad) – ဘရိတ္ရႉးမ်ားသည္ အၿမဲပြတ္တိုက္သုံးစြဲရေသာအရာျဖစ္၍ ပြန္းစားသြားႏိုင္သည္။ ကားအ႐ြယ္အစား၊ အေလးခ်ိန္အေပၚ မူတည္၍ ဘရိတ္ရႉးသက္တမ္းသည္ မိုင္ (၃၀,၀၀၀)မွ မိုင္ (၇၀,၀၀၀)အထိ အသုံးခံသည္။ ကားေမာင္းႏွင္မႈစတိုင္ အေလ့အက်င့္အေပၚမူတည္၍ ဘရိတ္ရႉးသက္တမ္း ကြာျခားႏိုင္သည္။ ေရွ႕ဘီးမွ ဘရိတ္ရႉးမ်ားသည္ ပို၍ အကုန္ျမန္သည္။ ေခတ္ေပၚကားမ်ားမွ ဘရိတ္ရႉးလိုင္နာကို Semi-metallic လိုင္နာႏွင့္ Ceramic လိုင္နာအမ်ိဳးအစားမ်ား အသုံးျပဳထား၍ သက္တမ္းပို၍ ၾကာရွည္ခံသည္။(၄) တာယာ (Tires) – ကားတစ္စီး ေဘးကင္းလုံၿခဳံစြာ ေမာင္းႏွင္ႏိုင္ေရးအတြက္ တာယာဘီးမ်ားသည္ အေရးႀကီးဆုံးျဖစ္သည္။ တယာဘီးမ်ား ၾကာရွည္ အသုံးခံရန္ ပုံမွန္ျပဳျပင္ ထိန္းသိမ္းေရး ေဆာင္႐ြက္ေပးမွ ျဖစ္မည္။ ကားေအာက္ပိုင္း ဆပ္စပင္းရွင္းစနစ္ႏွင့္ စတီယာရင္စနစ္မ်ား ေကာင္းပါမွ တာယာမ်ားအသုံးခံမည္။တာယာဘီး အလိုင္းမန႔္ ပုံမွန္ခ်ိန္ေပးရသည္။ ေလေပါင္ဖိအား မွန္ရမည္။ တာယာမ်ားကို ေရွ႕-ေနာက္/ ဘယ္-ညာ လွည့္၍ သုံးေပးရသည္။ တာယာထိန္းသိမ္းမႈ ေကာင္းၿပီး အရည္အေသြးေကာင္း နာမည္ရေသာ တာယာမ်ားသည္ မိုင္ (၆၀,၀၀၀) မွ မိုင္ (၈၀,၀၀၀)အထိအသုံးခံပါသည္။(၅) ကလပ္ (Clutch) – Manual Gear သုံးေသာကားမ်ားတြင္ ကလပ္အဖြဲ႕အစည္းသည္ အမ်ားဆုံး အလုပ္လုပ္ရ၍ ပြန္းစားပ်က္စီးမႈ ရွိသည္။ ကလပ္ပလိပ္ျပားတစ္ခ်ပ္သည္ မိုင္ (၇၀,၀၀၀) ေက်ာ္အထိ အသုံးခံပါသည္။ ကားေမာင္းၾကမ္းေသာ အေလ့အထရွိေသာ ဘတ္စ္ကားမ်ားႏွင့္ ကုန္တင္ထရပ္ကားမ်ားတြင္ ကလပ္ပလိတ္သက္တမ္း ၾကာရွည္မခံပါ။(၆) တိုင္းမင္ဘတ္လ္ႀကိဳး (Timing Belt) – OHC (Over Head Cam) အင္ဂ်င္မ်ားတြင္ ရာဘာတိုင္မင္ Belt ႀကိဳးျပတ္ပါက အင္ဂ်င္ပ်က္စီးတတ္သည္။ သက္တမ္းမကုန္မီ ႀကိဳတင္လဲေပးရေသာ ကားအစိတ္ အပိုင္းပစၥည္းျဖစ္သည္။ ရာဘာႏွင့္ ျပဳလုပ္ထားေသာ တိုင္မင္ Belt ႀကိဳးသည္ အမဲဆီ၊ အင္ဂ်င္ဝိုင္၊ ဒီဇယ္ဆီစေသာ ေရနံအေျခခံပစၥည္းမ်ားကို ေၾကာက္ပါသည္။ ဝိုင္းဆီးမေကာင္း၍ ဆီယိုေနလွ်င္ Timing Belt ႀကိဳးကို ထိခိုက္ၿပီး သက္တမ္းမေစ့မီ ျပတ္ထြက္တတ္သည္။ Belt ႀကိဳတစ္ေခ်ာင္း၏ သက္တမ္းသည္ မိုင္ (၆၀၀၀၀) (သို႔ မဟုတ္) ကီလိုမီတာ (၁၀၀၀၀၀) အထိရွိသည္။(၇) ဆီပန႔္ (Fuel Pump) -ဓာတ္ဆီအင္ဂ်င္သုံးကားတစ္စီးတြင္ Fuel Pump ေကာင္းမွ (Fuel System) ဆီပို႔စနစ္ေကာင္းမည္။ ေခတ္ေပၚကားမ်ားတြင္ EFI စနစ္ျဖစ္၍ Fuel Pump အေရးႀကီးသည္။ Fuel Pump တစ္လုံး၏ သက္တမ္းသည္ မိုင္ (၆၀,၀၀၀) ေက်ာ္အသုံးခံသည္။(၈) ဂတ္စ္ကတ္ (Gasket) – ကားအင္ဂ်င္ တစ္လုံးတြင္ Gasket မ်ိဳးစုံသုံးသည္။ အဓိကအားျဖင့္ Intake Manifold, Exhaust Manifold ႏွင့္ အင္ဂ်င္ Head တို႔ တပ္ဆင္ရာတြင္ ဂတ္စ္ကတ္ကို သုံးရသည္။ ရာဘာဂတ္စ္ကတ္မ်ားလည္း ရွိသည္။ဂတ္စ္ကတ္အားလုံးထဲတြင္ အင္ဂ်င္ Head Gasketသည္ အေရးအႀကီးဆုံးျဖစ္သည္။ အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္ ေရတိုင္ကီေရဆူၿပီး အင္ဂ်င္အပူခ်ိန္လြန္ကဲလွ်င္ ဂတ္စ္ကတ္ ျပတ္တတ္သည္။ ဂတ္စ္ကတ္ျပတ္ပါက ေရလိုင္း၊ ဆီလိုင္းမ်ား ေရာေႏွာသြားၿပီး အင္ဂ်င္ကို ပ်က္စီးေစသည္။ အရည္အေသြးေကာင္းေသာ Gasket တစ္ခ်ပ္၏ သက္တမ္းသည္ မိုင္ (၆၀,၀၀၀)မွ မိုင္ (၇၀,၀၀၀)အထိ အသုံးခံသည္။ အင္ဂ်င္အေအးခံစနစ္ကို ဂ႐ုစိုက္လွ်င္ ဂတ္စ္ကတ္ျပတ္ေသာျပႆနာ ကင္းေဝးၿပီး ၾကာရွည္အသုံးခံမည္။(၉) ေရလည္အုံ (Water Pump) – အင္ဂ်င္အေအးခံစနစ္တြင္ အဓိကက်ေသာအရာမွာ ေရလည္အုံ ျဖစ္သည္။ အေအးခံစနစ္အတြင္း အရည္မ်ား လည္ပတ္ေစရန္ ေရလည္အုံပန႔္က လွည့္ေပးရသည္။ Water Pump တြင္ ဝိုင္းဆီးႏွင့္ Ball Bearing အထိုင္သည္ အေရးႀကီးသည္။ Pump သုံးစြဲမႈသက္တမ္း ၾကာလာလွ်င္ ဝိုင္းဆီးေပါက္ၿပီး ၎ေနရာမွ အေအးခံရည္မ်ား ယိုစိမ့္ထြက္မည္။ အေအးခံစနစ္တြင္ ေရယိုစိမ့္ေနျခင္းသည္ ေရတိုင္ကီေရဆူႏိုင္ေသာ ျပႆနာအရင္းအျမစ္ျဖစ္သည္။(Water Pump) ေရလည္အုံတစ္လုံးသည္ မိုင္ (၇၀,၀၀၀)မွ မိုင္(၁၀၀,၀၀၀) ေက်ာ္အထိ အသုံးခံပါသည္။ Water Pump မွ ေရယိုစိမ့္ေသာ လကၡဏာျပလွ်င္ ေဘာလ္ ထိုင္ႏွင့္ ဝိုင္းဆီးမေကာင္းေတာ့သည့္ လကၡဏာျဖစ္သည္။ အခ်ိဳ႕ေသာ ကားဆရာမ်ားက ေရလည္အုံကို ျပန္ျပင္၍ သုံးၾကသည္။ အေကာင္းဆုံးမွာ ေရလည္အုံ အသစ္တစ္လုံး လဲေပးျခင္းျဖစ္ပါသည္။(၁၀) Spark Plugs – အင္ဂ်င္ မီးေပးစနစ္ (Ignition System) တြင္ Plug မ်ားသည္ အဓိက တာဝန္ထမ္းေဆာင္ရေသာ အစိတ္အပိုင္းျဖစ္သည္။ ပလပ္မေကာင္းလွ်င္ အင္ဂ်င္စက္သံ မမွန္ေတာ့ဘဲ ဆီစားမ်ားမည္။ ပလပ္မ်ားကို စစ္ေဆးျခင္း၊ ေဆးေၾကာျခင္း ျပဳလုပ္ေပးရသည္။ EFI စနစ္သုံးေသာ ကားအင္ဂ်င္မ်ားတြင္ ပလပ္အမ်ိဳးအစား ေကာင္းေကာင္း သုံးဖို႔လိုပါသည္။ ပလပ္တီနမ္ပလပ္မ်ားသည္ ေဈးႏႈန္းႀကီးေသာ္လည္းမိုင္ (၁၀၀,၀၀၀)အထိ အသုံးခံသည္။ အရည္အေသြးညံ့ေသာ ဓာတ္ဆီမ်ားသည္ ပလပ္သက္တမ္းကို တိုေစသည္။ မူလေအာ္ရီဂ်င္နယ္ ပါလာေသာ ပလပ္အမ်ိဳးအစားသည္ အေကာင္းဆုံးျဖစ္၍ ေနာက္ထပ္လဲလွ်င္လည္း ေအာ္ရီဂ်င္နယ္ပစၥည္းကိုသာ သုံးသင့္သည္။ကားတစ္စီးတြင္ ပုံမွန္သက္တမ္းအတိုင္း လဲလွယ္ေပးရေသာ ပစၥည္းအစိတ္အပိုင္း (Auto Parts) မ်ားသည္ ယာဥ္ပိုင္ရွင္၊ ယာဥ္ေမာင္းဆရာတို႔၏ ဂ႐ုစိုက္ ထိန္းသိမ္းျခင္း အေပၚ၌ မူတည္ပါသည္။ အခ်ိဳ႕ေသာပစၥည္းမ်ား ၾကာၾကာအသုံးမခံျခင္းမွာ အရည္အေသြး ျပႆနာမ်ားေၾကာင့္လည္း ျဖစ္ႏိုင္သည္။ကားတစ္စီးသည္ အသစ္ျဖစ္ေစကာမူ ပုံမွန္ ထိန္းသိမ္းျခင္း (Maintenance Service) ေဆာင္႐ြက္ေပးရသည္။ Used Car မ်ားသည္လည္း ပို၍ ဂ႐ုစိုက္ ျပဳျပင္ရသည္။ ပုံမွန္ Maintenance ျပဳလုပ္ျခင္းအျပင္၊ သက္တမ္းေစ့၍ ပစၥည္းလဲလွယ္ျပဳျပင္ရေသာ စရိတ္မ်ားလည္း ရွိသည္။ ျပဳျပင္ထိန္းသိမ္းျခင္းသည္ သင့္ကားကို သက္တမ္းၾကာရွည္ေစ႐ုံသာမက အၿမဲတမ္း အဆင္သင့္ ေကာင္းမြန္ေနေသာ အေျခအေနကို ထိန္းသိမ္းထားျခင္းလည္း ျဖစ္သည္။ ေဘးကင္း လုံၿခဳံ စိတ္ခ်ရေသာ ကားတစ္စီး ျဖစ္ေနေစရန္အတြက္လည္း ေဆာင္႐ြက္ျခင္းျဖစ္သည္။