သင့်ကားကို လမ်းဘေးထိုးရပ်လိုက်သင့်ပြီဟု ပြောပြနေသော Heat Indicator အကြောင်း

အခုတင်ပြမှာကတော့မိတ်ဆွေတို့ ကားဒက်ဘုတ်ထဲမှာ ပြတဲ့ HeatIndicatorအကြောင်းပါ ။ကားကိုစတင်အသုံးပြုဖို့ အင်ဂျင်ကိုနိုးလိုက်ပြီဆိုတာနဲ့ဒက်ဘုတ်ထဲက Sign တွေအကုန်နီးပါးကအင်ဂျင်နိုးပြီဆိုတာနဲ့ပြန်ပျောက်သွားပါတယ်။မပျောက်ပဲကျန်တာကတော့Gear Positionပြတဲ့indicatorနှင့်အပြာရောင်လဲ့လဲ့Heat indicatorလေးပါပဲ။စနိုးနိုးချင်းအပြာရောင်heat indicator လေးပြနေတာပုံမှန်ပါပဲ ဒါပေမဲ့အရေးမကြီးရင်မောင်းမထွက်သင့်သေးပါဘူး။အင်ဂျင်ရဲ့လိုအပ်တဲ့အပူချိန်ရောက်အောင်နိုးထားပြီးမှကားကိုစထွက်သင့်ပါတယ်။လိုအပ်တဲ့အပူချိန်ရပြီဆိုတာနဲ့ပျောက်သွားပါလိမ့်မည် ဒါဆိုကားကိုစတင်အသုံးပြုဖို့အဆင်သင့်ဖြစ်သွားပြီးထွက်သွားလို့ရပါသည်။နောက်တစ်ခုကမောင်းနေရင်းရုတ်တရက်Heat Indacatorအနီရောင်ပေါ်လာပြီဆိုရင်တော့ ကားအင်ဂျင်အပူချိန်ကလိုအပ်တာထက်ပိုနေပြီဆိုတာသတိပေးနေပါပြီဒါဆိုကားကိုချက်ချင်းဘေးကပ်ရပ်ဖို့လိုအပ်လာပါပြီ၊ကား Heat တက်ရတဲ့ ပြဿနာတော်တော်များများကလည်း အခြေခံအားဖြင့်တော့ Coolant leakage ကနေဖြစ်တယ် ။ ရေပိုက်တွေကွဲတာ ၊ ရေလည်အုံတွေ ၊ ရေဇလုပ်ခေါ်တာတွေ ပေါက်တာ ကွဲတာ အက်တာ ၊ ပန်ကာဘွတ်ချောင်ပြီး လိုအပ်တဲ့ လည်နှူန်းမရတာ တွေကနေ ရေတိုင်ကီထဲက အင်ဂျင်အအေးပေးတဲ့ စနစ်ပျက်ယိုယွင်းပြီး Heat တက် စက်ရပ်အဖြစ်များပါတယ် ။ကားမောင်းတဲ့သူတွေ သိထားရမှာက Heat Gauge indicator ကို ကားမောင်းတိုင်း သတိပြုဖို့ပါ ၊ Heat Gauge indicatod ဟာ ပုံမှန်အားဖြင့် ဒိုင်ခွက် Cနဲ့Hအလည်မှာရှိပါတယ်။

ဒါဟာပုံမှန်အခြေအနေပါ ။ ပုံမှာပြထားပါတယ် ။ တချို့ကလည်း နားလည်မှုလွဲပြီး C မှာ ပြမှ ပုံမှန်ထင်နေတတ်လို့ပါ ။ အဲ့ဒါမှားပါတယ် ။ ပုံမှန်က C နဲ့ H အလည်မှာရှိရပါမယ် ။ကားမောင်းနေရင်း Indicator က ပုံမှန် အလည်မှတ်ကနေ H အမှတ်ဆီ အတင်းထောင်တက်လာတယ်ဆို (သို့ )heat indicator ပေါ်လာပြီး နီနေတယ်ဆိုရင် သင့်ကား Cooling System မှာ တခုခု ချို့ယွင်းနေပြီး သင့်ကားHeat တက်နေပါပြီ ။ဒါဆို ကားရှင်းတဲ့နေရာ မြန်မြန်ရှာ လမ်းဘေး (သို့) လမ်းကြားထဲ ဝင်ပြီး ကားအမြန်ရပ်တန့်သင့်ပါပြီ ။သတိထားပါ။ကားရပ်ရပ်ခြင်းတချို့ကားမောင်းသူတွေလုပ်တတ်တဲ့အမှားတခုကရေရှိမရှိရေတိုင်ကီအဖုံးပြေးဖွင့်ကြည့်တတ်ပါတယ်။A little knowledge is dangerousပါ။ရေတိုင်ကီအဖုံးRadiatorCapမှာရေးထားပါတယ်။Never open when hotပါတဲ့ ။ပူနေတဲ့အချိန်လုံးဝမဖွင့်ပါနဲ့တဲ့။ပူနေတဲ့အချိန်ဖွင့်ပါကPressureတခုနဲ့ ဖိသိပ်ထားတဲ့ရေတိုင်ကီထဲကရေနွေးပူပူတွေနဲ့မိတ်ဆွေရေချိုးရပါမယ်။ရေတိုင်ကီအေးအောင်အချိန်တခုထိစောင့်ပြီးမှရေတိုင်ကီအဖုံးကိုဖွင့်ပါ။ရေခမ်းနေရင်ရေဖြည့်ပါ။ကားအင်ဂျင်ခန်းအောက်ရေယိုစိမ့်မှုရှိမရှိစစ်ကြည့်ပါ။ဘာမှမလုပ်တတ်ရင်ဝပ်ရှော့ဖုန်းဆက်ပါ။အထူးသတိပြုရမှာကကားမမောင်းခင်ရေတိုင်ကီရေရှိမရှိစစ်သင့်ပါတယ် ။မစစ်ဘဲမောင်းမိရင်Heat Gaugeကိုသတိပြုကြည့်ပါ။Heatတက်မှန်းမသိလို့ကားစက်ထိုးရပ်တာအခါခါဆိုရင်Gasketတွေပြတ်ပြီးအပေါ်ခြမ်းဖွင့်Car Headလိမ်တာ၊ကစလို့အင်ဂျင်ပြဿနာတွေဖြစ်လာရင်သင့်ပိုက်ဆံအိတ်လေးလည်းကျန်းမာရေးခြူချာသွားနိုင်ကြောင်းပါခဗျာ။အားလုံး သတိထားနိုင်ကြပါစေ ။ စေတနာဖြင့်

Credit – Taxi book

[zawgyi]

အခုတင္ျပမွာကေတာ့မိတ္ေဆြတို႔ ကားဒက္ဘုတ္ထဲမွာ ျပတဲ့ HeatIndicatorအေၾကာင္းပါ ။ကားကိုစတင္အသုံးျပဳဖို႔ အင္ဂ်င္ကိုႏိုးလိုက္ၿပီဆိုတာနဲ႔ဒက္ဘုတ္ထဲကSignေတြအကုန္နီးပါးကအင္ဂ်င္ႏိုးၿပီဆိုတာနဲ႔ျပန္ေပ်ာက္သြားပါတယ္။မေပ်ာက္ပဲက်န္တာကေတာ့Gear Positionျပတဲ့indicatorႏွင့္အျပာေရာင္လဲ့လဲ့Heat indicatorေလးပါပဲ။စႏိုးႏိုးခ်င္းအျပာေရာင္heat indicator ေလးျပေနတာပုံမွန္ပါပဲ ဒါေပမဲ့အေရးမႀကီးရင္ေမာင္းမထြက္သင့္ေသးပါဘူး။အင္ဂ်င္ရဲ႕လိုအပ္တဲ့အပူခ်ိန္ေရာက္ေအာင္ႏိုးထားၿပီးမွကားကိုစထြက္သင့္ပါတယ္။လိုအပ္တဲ့အပူခ်ိန္ရၿပီဆိုတာနဲ႔ေပ်ာက္သြားပါလိမ့္မည္ ဒါဆိုကားကိုစတင္အသုံးျပဳဖို႔အဆင္သင့္ျဖစ္သြားၿပီးထြက္သြားလို႔ရပါသည္။ေနာက္တစ္ခုကေမာင္းေနရင္း႐ုတ္တရက္Heat Indacatorအနီေရာင္ေပၚလာၿပီဆိုရင္ေတာ့ ကားအင္ဂ်င္အပူခ်ိန္ကလိုအပ္တာထက္ပိုေနၿပီဆိုတာသတိေပးေနပါၿပီဒါဆိုကားကိုခ်က္ခ်င္းေဘးကပ္ရပ္ဖို႔လိုအပ္လာပါၿပီ၊ကား Heat တက္ရတဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားကလည္း အေျခခံအားျဖင့္ေတာ့ Coolant leakage ကေနျဖစ္တယ္ ။ ေရပိုက္ေတြကြဲတာ ၊ ေရလည္အုံေတြ ၊ ေရဇလုပ္ေခၚတာေတြ ေပါက္တာ ကြဲတာ အက္တာ ၊ ပန္ကာဘြတ္ေခ်ာင္ၿပီး လိုအပ္တဲ့ လည္ႏႉန္းမရတာ ေတြကေန ေရတိုင္ကီထဲက အင္ဂ်င္အေအးေပးတဲ့ စနစ္ပ်က္ယိုယြင္းၿပီး Heat တက္ စက္ရပ္အျဖစ္မ်ားပါတယ္ ။ကားေမာင္းတဲ့သူေတြ သိထားရမွာက Heat Gauge indicator ကို ကားေမာင္းတိုင္း သတိျပဳဖို႔ပါ ၊ Heat Gauge indicatod ဟာ ပုံမွန္အားျဖင့္ ဒိုင္ခြက္ Cနဲ႔Hအလည္မွာရွိပါတယ္။ဒါဟာပုံမွန္အေျခအေနပါ ။ ပုံမွာျပထားပါတယ္ ။ တခ်ိဳ႕ကလည္း နားလည္မႈလြဲၿပီး C မွာ ျပမွ ပုံမွန္ထင္ေနတတ္လို႔ပါ ။ အဲ့ဒါမွားပါတယ္ ။ ပုံမွန္က C နဲ႔ H အလည္မွာရွိရပါမယ္ ။ကားေမာင္းေနရင္း Indicator က ပုံမွန္ အလည္မွတ္ကေန H အမွတ္ဆီ အတင္းေထာင္တက္လာတယ္ဆို (သို႔ )heat indicator ေပၚလာၿပီး နီေနတယ္ဆိုရင္ သင့္ကား Cooling System မွာ တခုခု ခ်ိဳ႕ယြင္းေနၿပီး သင့္ကားHeat တက္ေနပါၿပီ ။ဒါဆို ကားရွင္းတဲ့ေနရာ ျမန္ျမန္ရွာ လမ္းေဘး (သို႔) လမ္းၾကားထဲ ဝင္ၿပီး ကားအျမန္ရပ္တန႔္သင့္ပါၿပီ ။သတိထားပါ။ကားရပ္ရပ္ျခင္းတခ်ိဳ႕ကားေမာင္းသူေတြလုပ္တတ္တဲ့အမွားတခုကေရရွိမရွိေရတိုင္ကီအဖုံးေျပးဖြင့္ၾကည့္တတ္ပါတယ္။A little knowledge is dangerousပါ။ေရတိုင္ကီအဖုံးRadiatorCapမွာေရးထားပါတယ္။Never open when hotပါတဲ့ ။ပူေနတဲ့အခ်ိန္လုံးဝမဖြင့္ပါနဲ႔တဲ့။ပူေနတဲ့အခ်ိန္ဖြင့္ပါကPressureတခုနဲ႔ ဖိသိပ္ထားတဲ့ေရတိုင္ကီထဲကေရေႏြးပူပူေတြနဲ႔မိတ္ေဆြေရခ်ိဳးရပါမယ္။ေရတိုင္ကီေအးေအာင္အခ်ိန္တခုထိေစာင့္ၿပီးမွေရတိုင္ကီအဖုံးကိုဖြင့္ပါ။ေရခမ္းေနရင္ေရျဖည့္ပါ။ကားအင္ဂ်င္ခန္းေအာက္ေရယိုစိမ့္မႈရွိမရွိစစ္ၾကည့္ပါ။ဘာမွမလုပ္တတ္ရင္ဝပ္ေရွာ့ဖုန္းဆက္ပါ။အထူးသတိျပဳရမွာကကားမေမာင္းခင္ေရတိုင္ကီေရရွိမရွိစစ္သင့္ပါတယ္ ။မစစ္ဘဲေမာင္းမိရင္Heat Gaugeကိုသတိျပဳၾကည့္ပါ။Heatတက္မွန္းမသိလို႔ကားစက္ထိုးရပ္တာအခါခါဆိုရင္Gasketေတြျပတ္ၿပီးအေပၚျခမ္းဖြင့္Car Headလိမ္တာ၊ကစလို႔အင္ဂ်င္ျပႆနာေတြျဖစ္လာရင္သင့္ပိုက္ဆံအိတ္ေလးလည္းက်န္းမာေရးျခဴခ်ာသြားႏိုင္ေၾကာင္းပါခဗ်ာ။အားလုံး သတိထားႏိုင္ၾကပါေစ ။ ေစတနာျဖင့္