သင့်ကားမှာပါတဲ့ PWR & MANU အသုံးပြုပုံ

PWR နှိပ်ထားရင် ကားရဲ့ အရှိန်မြှင့်တင်ရာမှာ အရုန်းအထကောင်းအောင် အင်ဂျင် RPM အတော်မြင့်မြင့်ရောက်မှ ဂီယာချိန်းပေးမှာပါ။ PWR နှိပ်ထားရင် ပုံမှန်ထက် အထသွက်မှာဖြစ်ပေမယ့် ဆီလည်းနည်းနည်းပိုစားပါမယ်။ MANU mode ကတော့ ဂီယာကို ဆက်မချိန်းအောင် Hold(ရပ်) လုပ်ထားပေးပါတယ်။

ဥပမာ Manual ကားမှာ ကားကျော်ချင်လို့ 5ကိုဆက်မချိန်းပဲ 4 နဲ့အရှိန်တင်ပြီးကျော်တာမျိုးပေါ့။ ကိုယ်က ၆၀လောက်နဲ့နောက်ကလိုက်နေရင်း ကျော်ချင်တဲ့အခါ Manu နှိပ်ပြီး လီဗာနင်းရင် ဂီယာထပ်မချိန်းပဲ အထကောင်းကောင်းနဲ့ကျော်နိုင်တာပေါ့။ ဒါပေမယ့်အဲလိုသုံးပြီးတာနဲ့ Manu ခလုတ်ကိုပြန်ပိတ်ရပါမယ်။မဟုတ်ရင် အဲဂီယာက နှေးနှေးမြန်မြန် မချိန်းပဲရှိနေမှာပါ။

Credit – U Kyaw (ကား-Car အကြောင်းစုံ)

[zawgyi]

