သင့်ရဲ့အပြုအမူတိုင်းက သင့်ထံပြန်လာမှာပါ

ကျောင်းအားလပ်ရက်တစ်ရက်မှာ သားအဖနှစ်ယောက် တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာခဲ့ပါတယ်။ တောင်ကုန်းလေးတစ်ခုပေါ်ကို အရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ်တိုက်မိပြီး ချော်လဲသွားပါတယ်။နာကျင်တဲ့အတွက် ” အား” လို့အော်လိုက်ရာ အံဩသင့်စရာပဲ တစ်ဘက်ကနေ “အား”လို့ ပြန်အော်သံကို သဲသဲကွဲကွဲပြန်ကြားလိုက်ပါတယ်။ ကောင်လေးက အနည်းငယ်လန့်သွားပြီး ” ဘယ်သူရှိလဲ” လို့ထပ်အော်ပါတယ်။ ” ဘယ်သူရှိလဲ”လို့ ပြန်ကြားရတဲ့အတွက် “ဘယ်သူလာစနေတာလဲကွ”လို့ထပ်အော်ကြည့်တော့ “ဘယ်သူလာစနေတာလဲကွ”လို့ပြန်ကြားရတဲ့အတွက်ကောင်လေး ဒေါသထွက်လာပါတယ်။အဲဒီနောက် အဖေဖြစ်သူကို ” အဖေ ဒါဘယ်လိုဖြစ်တာလဲ။ဘယ်သူလာစနေတာလဲမသိဘူး” လို့မေးတော့ အဖေဖြစ်သူက ” သား…ဒီမှာနားထောင်ကြည့်” လို့ဆိုပြီး “မင်းအရမ်းတော်တာပဲ” လို့အော်လိုက်တဲ့အခါ တစ်ဖက်က “မင်းအရမ်းတော်တာပဲ”လို့ အသံထွက်ပေါ်လာပါတယ်။ တစ်ဖန်” ကျေးဇူးများကြီးတင်ပါတယ်”လို့ ထပ်အော်ရာ “ကျေးဇူးများကြီးတင်ပါတယ်”လို့ အသံကိုပြန်ကြားရပါတယ်။

ထပ်မံပြီး ” မင်းကအရူးပဲ “လို့အော်ရာ ” မင်းကအရူးပဲ “ဆိုတာကို ပြန်လည်ကြားရပါတယ်။ကောင်လေးက ဘာလို့အခုလိုပြောသမျှ အကုန်ပြန်ကြားနေရတာလံ လို့ ထူးထူးဆန်းဆန်း အံဩလို့နေပါတယ်။ အဖေဖြစ်သူက “ဒီမယ် ငါ့သား… အခုလိုမျိုး ကိုယ်ပြောတဲ့စကားကိုယ်ပြန်ကြားရတယ်ဆိုတာကို ပဲ့တင်သံလို့ခေါ်တယ်။ အခု အဖေတို့ပြောသမျှကို အကုန်ပြန်ကြားရသလိုပဲ အဖေတို့ အပြင်လောကမှာလည်း သဘောတရားအတူတူပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးကို ခံစားရမှာဖြစ်သလို မကောင်းတာလုပ်ထားရင် မကောင်းတဲ့အကျိုးကို မလွဲမသေပြန်ခံစားရမှာပါ သား” လို့ ရှင်းပြလိုက်ပါတယ်။ဒီအကြောင်းအရာလေးကနေ အဓိကပေးချင်တဲ့ အသိတစ်ခုကတော့ ကိုယ်ကိုယ် တိုင်က အစစ်အမှန်မပေးဘဲ လိုချင်တာကတော့ အစစ်အမှန်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းက ကိုယ်ပေးသလောက် ကိုယ်လုပ်သလောက်တော့ ပြန်ရမှာပါ။ သင်လုပ်ခဲ့တဲ့ ကောင်းတာဆိုးတာ အားလုံးက အရိပ်တစ်ခုအနေနဲ့ သင့်နောက်ကို အမြဲတမ်းလိုက်ပါနေမှာပဲ ဖြစ်ပါတယ်။

မူရင်း – Credit

[zawgyi]

ေက်ာင္းအားလပ္ရက္တစ္ရက္မွာ သားအဖႏွစ္ေယာက္ ေတာထဲကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခရီးထြက္လာခဲ့ပါတယ္။ ေတာင္ကုန္းေလးတစ္ခုေပၚကို အေရာက္မွာ သားျဖစ္သူက ႐ုတ္တရက္ ခလုတ္တိုက္မိၿပီး ေခ်ာ္လဲသြားပါတယ္။နာက်င္တဲ့အတြက္ ” အား” လို႔ေအာ္လိုက္ရာ အံဩသင့္စရာပဲ တစ္ဘက္ကေန “အား”လို႔ ျပန္ေအာ္သံကို သဲသဲကြဲကြဲျပန္ၾကားလိုက္ပါတယ္။ ေကာင္ေလးက အနည္းငယ္လန႔္သြားၿပီး ” ဘယ္သူရွိလဲ” လို႔ထပ္ေအာ္ပါတယ္။ ” ဘယ္သူရွိလဲ”လို႔ ျပန္ၾကားရတဲ့အတြက္ “ဘယ္သူလာစေနတာလဲကြ”လို႔ထပ္ေအာ္ၾကည့္ေတာ့ “ဘယ္သူလာစေနတာလဲကြ”လို႔ျပန္ၾကားရတဲ့အတြက္ေကာင္ေလး ေဒါသထြက္လာပါတယ္။အဲဒီေနာက္ အေဖျဖစ္သူကို ” အေဖ ဒါဘယ္လိုျဖစ္တာလဲ။ဘယ္သူလာစေနတာလဲမသိဘူး” လို႔ေမးေတာ့ အေဖျဖစ္သူက ” သား…ဒီမွာနားေထာင္ၾကည့္” လို႔ဆိုၿပီး “မင္းအရမ္းေတာ္တာပဲ” လို႔ေအာ္လိုက္တဲ့အခါ တစ္ဖက္က “မင္းအရမ္းေတာ္တာပဲ”လို႔ အသံထြက္ေပၚလာပါတယ္။ တစ္ဖန္” ေက်းဇူးမ်ားႀကီးတင္ပါတယ္”လို႔ ထပ္ေအာ္ရာ “ေက်းဇူးမ်ားႀကီးတင္ပါတယ္”လို႔ အသံကိုျပန္ၾကားရပါတယ္။ထပ္မံၿပီး ” မင္းကအ႐ူးပဲ “လို႔ေအာ္ရာ ” မင္းကအ႐ူးပဲ “ဆိုတာကို ျပန္လည္ၾကားရပါတယ္။ေကာင္ေလးက ဘာလို႔အခုလိုေျပာသမွ် အကုန္ျပန္ၾကားေနရတာလံ လို႔ ထူးထူးဆန္းဆန္း အံဩလို႔ေနပါတယ္။ အေဖျဖစ္သူက “ဒီမယ္ ငါ့သား… အခုလိုမ်ိဳး ကိုယ္ေျပာတဲ့စကားကိုယ္ျပန္ၾကားရတယ္ဆိုတာကို ပဲ့တင္သံလို႔ေခၚတယ္။ အခု အေဖတို႔ေျပာသမွ်ကို အကုန္ျပန္ၾကားရသလိုပဲ အေဖတို႔ အျပင္ေလာကမွာလည္း သေဘာတရားအတူတူပါပဲ။ ေကာင္းတာလုပ္ရင္ ေကာင္းက်ိဳးကို ခံစားရမွာျဖစ္သလို မေကာင္းတာလုပ္ထားရင္ မေကာင္းတဲ့အက်ိဳးကို မလြဲမေသျပန္ခံစားရမွာပါ သား” လို႔ ရွင္းျပလိုက္ပါတယ္။ဒီအေၾကာင္းအရာေလးကေန အဓိကေပးခ်င္တဲ့ အသိတစ္ခုကေတာ့ ကိုယ္ကိုယ္တိုင္က အစစ္အမွန္မေပးဘဲ လိုခ်င္တာကေတာ့ အစစ္အမွန္ဆိုရင္ေတာ့ မျဖစ္ႏိုင္ပါဘူး။ အရာရာတိုင္းက ကိုယ္ေပးသေလာက္ ကိုယ္လုပ္သေလာက္ေတာ့ ျပန္ရမွာပါ။ သင္လုပ္ခဲ့တဲ့ ေကာင္းတာဆိုးတာ အားလုံးက အရိပ္တစ္ခုအေနနဲ႔ သင့္ေနာက္ကို အၿမဲတမ္းလိုက္ပါေနမွာပဲ ျဖစ္ပါတယ္။