သင် ဘယ်နက္ခတ်မှာ မွေးတာလဲ..?

မိမိတို့၏ မြန်မာမွေးသက္ကရာဇ်ကို (၃)နဲ့စား – (၁) ကြွင်းလျှင် နတ် နက္ခတ်၊ (၂) ကြွင်းလျှင် လူ နက္ခတ်၊ (၀) ကြွင်းလျှင် ဘီလူး နက္ခတ် ဖြစ် သည်။နတ်နက္ခတ် – ထို နက္ခတ် ပိုင်ရှင် တို့သည် လူဖြောင့်စိတ်တိုများဖြစ်ကြသည် မိမိသာမှန်ပါစေ ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့သည်။အပြိုင်အဆိုင်ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကိုပျော်မွေ့သူဖြစ်သည်။ အပြောအဆို လိမ္မာသိမ်မွေ့သလောက် စိတ် ဓာတ်ရေးရာမှာ လွန်စွာ မာကြောသူများဖြစ်သည်။ တဇွတ်ထိုးလည်း လုပ်ကိုင်တတ်သည်။သစ္စာ နှင့်မေတ္တာယှဉ်လာလျှင်တောင် သစ္စာ ကိုဦးစားပေးသူများဖြစ်ပြီး မှန်ကန်မှု ကို နှစ်သက်သူများဖြစ်သည်။နတ်က္ခတ် တို့၏သဘောမှာ အနေအထိုင်တည်ကြည်ခန့်ငြားသည်။ သို့သော် မကောင်းသောအချက်မှာ တယူသန်စိတ်နှင့် တဇွတ်ထိုးပြုလုပ်တတ်သော စိတ်ဖြစ်သည်။ထိုစိတ် ကို ထိန်းချုပ်နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင်သူများဖြစ်လိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းမင်သူဖြစ်၍ ထိုသူတို့နှင့်ပတ်သက်လျှင် ကူညီပံ့ပိုးတတ်သည်။ထို့ကြောင့် အ ပေါင်းအသင်း ဆရာသမား များ၏ အကူအညီများမကြာခဏ ရတတ်သည်။ လောဘမကြီးသောသူများဖြစ်သော်လည်း လွန်စွာချမ်းသာစိတ်ပြင်းပြသူများဖြစ်သည်။မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်း တတ်သူများဖြစ်သည်။သီချင်းသီဆိုမှု၊ ကခုန်မှုများကိုနှစ်သက်သည်။စတိုင် ကျကျနေထိုင်တတ်သည်။ ကိုယ့်ခြေထောက်ပေါ်မရပ်မချင်း မိဘ ဆွေမျိုး များထံမှ လိုသမျှကို နားပူနာဆာပြုလုပ်တတ်သည်။အချစ်ရေး တွင်လည်း ပေါင်းအသင်းလောက်မမင်။ ချစ်သူ အိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများအတူမရှိတတ် သူငယ်ချင်း အပေါင်းအ သင်း နှင့် အပြင်နေရာများတွင် အချိန်ကုန်သည်က များတတ်သည်။သို့သော် အမှန်တကယ်ချစ်တတ်သူများလည်းဖြစ်ကြသည်။ မရည်ရွယ်သူများနှင့်လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။အပေါင်းအသင်း မင်သူဖြစ်၍ အပေါင်းအသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက် သို့ရောက်ရှိသွားတတ်ပြီး မကောင်းလျှင်မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ်သည်။စိတ်အရောင်ဆိုးလွယ်သည်။ မိမိရပ်တည်ချက်မှ တခြားသို့ နားယောင်လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ်သည့်အား နည်းချက်ကိုဖြစ်စေသည်။ထိုနက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ – ၁။ လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ အများမရနိုင်သောအမည်ကောင်းများရရှိတတ်သဖြင့် အောက်ကျို့ပေါင်းပါ။ ၂။ နားယောင်လွယ် ယုံကြည်လွယ်သူုဖြစ်သဖြင့် သူတစ်ပါးကို ယုံကြည်မလွယ်လေ တိုးတက်လေ ဖြစ်သဖြင့် ယုံကြည်မလွယ်ပါနှင့်။ ၃။အပေါင်းအသင်း များလျှင်များသည့်အလျောက် အကုန်လုံးကိုပေါင်းသင်းခြင်းမပြုဘဲ ရှောင်သင့်သူရှောင် ပေါင်းသင့်သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ်ပေါင်းစိတ်ခွာအတိုင်းနေထိုင်ရမည်။ ၄။ စိတ် ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်သည်။ လူနက္ခတ် – ထိုနက္ခတ်ပိုင်ရှင်များသည် စကားအပြောအဆို မာသည်။ ပြတ်သားတတ်သည်။ ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့်မခြွင်းမချန် ပြောလိုကြသည်။အပြောမာသော်လည်း စိတ်နှလုံးသိမ်မွေ့သည်။ ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြုလိုစိတ်မရှိသူများဖြစ်သည်။ဘဝတွင် သုခနှင့်ဒုက္ခယှဉ်လျှင် ဒုက္ခကိုပိုမိုရင်ဆိုင်ရသူများဖြစ်သဖြင့် ဘဝအသိအမြင် ဘဝအတွေ့အကြုံ များပြားသူများဖြစ်သည်။လက် တွေ့ဆန်သော ဘဝကိုဖြတ်သန်းရသူများဖြစ်သဖြင့် စိတ်ကူးယဉ်မှုနည်းပါးသူများဖြစ်ကြသည်။ဘဝပထမအရွယ်မှစ၍ အခက်အခဲမျိုး စုံကို ကြုံတတ်သူများဖြစ်ပြီး အရွယ်ရလာချိန်တွင် တော်ရုံတန်ရုံကို ခံနိုင်ရည်ရှိသူ စိတ်ထားတတ်သူများဖြစ်နေသည်။ အရာရာကိုလေ့လာလိုက် စားလိုစိတ် စူးစမ်းလိုစိတ်ရှိသည်။ ဘဝတွင်လည်း ပြောင်းလဲခြင်းများစွာရှိနေတတ်ပြီး မွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်း၊ မိဘများနှင့်ခွဲခွာရခြင်း ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့်ခွဲခွာရခြင်းများကြုံတွေ့ရသူများဖြစ်သည်။မိမိအပေါ်ကို တင် စီးသောစကား မာနထောင်လွှားစွာ ပြောဆိုသော စကားများကို မခံချင်သူများဖြစ်ပြီး အများစုမှာ ချက်ချင်းလိုပင် တုံ့ပြန်တတ်သည်။အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးလိုသည့် စိတ်ရှိသည်။ သူဆိုးလို့ ကိုယ်လိုက်ဆိုးရင် ကိုယ့်ပါအပြစ်ရှိသူ ဖြစ်သွားတတ်သဖြင့် ထိုအချက်သည် အဓိက အားနည်းချက်ဖြစ်သည် ဉာဏ်ရည်ဉာဏ်သွေးကောင်းသောသူများလည်းဖြစ်ပြီး ဘဝပေးပညာကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်သောသူများလည်း ဖြစ်သည်။

ထူးခြားချက်မှာ အကျဉ်းအကြပ်ထဲတွင်ပင်အခွင့်အလမ်းကို ရအောင်ရှာဖွေတတ်ကြသည်။အကြောင်း အရာ တစ်ခုခုကို အမြဲတစေစဉ်းစားနေတတ်သည်။ မိမွေ ဖမွေထက် ကိုယ့်ဒူးကိုယ်ချွန်လိုသူများဖြစ်ပြီး ဘဝပေးအရလည်း ထိုကဲ့သို့ ပုံစံမျိုးသာဖြစ်လာတတ်သူများဖြစ်သည်။များသောအားဖြင့် ညီအစ်ကိုမောင်နှမများနှင့် မတဲ့တတ်။ မိသားစုနဲ့အဆင်မပြေတတ်ပေ။ ချစ်သူရည်စား များပြားတတ်ခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ဘက် အပြိုင်အဆိုင် များကိုကြုံတွေ့တတ်ကြသည်။နောက်ဆုံးပြိုင်စရာမရှိလျှင် ချစ်သူအချင်းချင်း လင်မယားအ ချင်းချင်းအပြိုင်စိတ်ဆိုးခြင်း အပြိုင် စိတ်ကောက်တတ်ကြပေသည်။ဘဝလုပ်ငန်းများတွင် ပညာရေးလုပ်ငန်းများထက် စီးပွားရေးများတွင် ပိုမိုအကျိုးပေးသူများလည်းဖြစ်သည်။ လိုက်နာရန်အချက်များကတော့ – ၁။ စကားပြောမာကျောသူဖြစ်လျှင် သိမ်မွေ့စွာပြောဆိုပါက စကားပြောပညာနှင့်နဂိုရှိပြီးသားဘဝအသိပညာပေါင်းစပ်မိပြီး လူအများအားကိုးအားထားသူဖြစ်လာမည်ဖြစ်ပြီး အောင်မြင်ရေးအတွက်လည်း အထောက်အပံ့များဖြစ်ပေလိမ့်မည်။။ ထို့ကြောင့် စကားမာမာပြောခြင်းအားရှောင်ကြဉ်ပါ။ ၂။နောက် အတိုက်အခံသဘောမျိုးတွေကိုရှောင်ပါ။ ပြန်လည်တုံ့ပြန်ချင်းထက် ဥပက္ခာပြုလိုက်ခြင်းဖြင့် မထင်မှတ်သော ကျော်ကြားမှု ကောင်းသတင်းများအား ပိုင်ဆိုင်ပေလိမ့် မည်။ ၃။စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပါ။ ရုတ်တရက်တုံ့ပြန်မပြောခင် စိတ်ကိုငြိမ်အောင်ထိန်းချုပ်ပြီးမှပြောဆိုပါက ပိုမိုကောင်းမွန်လိမ့် မည်။ ၄။ကိုယ်ကာယအား စိတ်နှလုံးအားဖြင့် ကောင်မွန်သူဖြစ်သဖြင့် စကားအပြောအဆိုကို ဆင်ခြင်စွာပြောဆိုခြင်းသည်ပင် လူနက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးရောက်ရှိမည့် လမ်းပင်ဖြစ်သည်။ဘီလူးနက္ခတ် – ထိုနက္ခတ်ပိုင်ရှင်တို့သည် စိတ်ဓာတ်ပြင်းပြသူများဖြစ်ပြီး တိုက်လျှင်နိုင်ရမည် ယှဉ်လျှင်သာရမည်ဆိုသည့် စိတ်ထားမျိုးရှိတတ်ကြသည်။အများစုမှာ မခံချင်စိတ်များပြားသူများဖြစ်သည်။ အအရာရာကို လေ့လာလိုက်စားသောသူများဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ်လုပ်တတ်သောသူများဖြစ်သည်။ထိုကဲ့သို့ ပြုလုပ်သဖြင့် တစ်ခါတစ်ရံ အလုပ်ကိစ္စများတွင် တစ်ဝက်တစ်ပြက်များ ဖြစ်နေတတ်ကြသည်။ ကျေးဇူးတရားကိုသိတတ်သောသူများလည်းဖြစ်သည် ။ထိုသူတို့၏ စိတ်ဓာတ်သည် သူကောင်းလျှင် ကိုယ်ကောင်းမည်။ သူမကောင်းလျှင် ကိုယ်မကောင်းနိုင်ဟူသော ကြည့်မှန်သဖွယ် နေထိုင်ကြသည်။ပေါင်းရသင်းရလွန်စွာခက်သောသူများဖြစ်ပြီး ကွယ်ရာတွင် ဝေဖန်အပြစ်ပြောခံရခြင်းများ ကြုံရတတ်ပြီး ထိုသို့ပြောသည်ကိုလည်း ဂရုစိုက်လေ့မရှိသူများလည်းဖြစ်သည်။အပေါင်းအသင်းများကိုလည်း ကိုယ့်အပေါ်တကယ်နားလည်သူကိုသာ ရွေးချယ်ပေါင်းလေ့ရှိသည်။လူအများနောက် လိုက်ထက် ဆရာလုပ်တတ်ခြင်း အမိန့်ပေးတတ်ခြင်း သြဇာပေးလိုစိတ်များရှိသည်။ ထို့ကြောင့် ကိစ္စတော်တော်များများတွင် သိအောင်ကြိုးစားလေ့ရှိကြသည်။ဤနက္ခတ်ပိုင်ရှင်များသည် သေလျှင်မြေကြီးရှင်လျှင်ရွှေထီးဟူသော စိတ်ထားမျိုးလည်းရှိပြန်သည်။တခါတစ်ရံ ဝေခွဲမရသောကိစ္စများတွင် နောက်ဆုတ်လေ့မရှိ ရှေ့သို့သာ တုံးတိုက်တိုက်ကျားကိုက်ကိုက် ပြုမူတတ်ကြသည်။ထိုအချက်သည် မှားမှန် ချင့်ချိန်မှုအားနည်းတတ်သော အဓိကအားနဲချက်တစ်ခုဖြစ်သည်။ ထိုအချက်ကိုတော့ အထူးပြုပြင်ရပေမည်သူတို့သည် မည်သည့်နေရာတွင်မဆို ထင်ပေါ်ကျော်ကြားလိုကြသည်။ငယ်စဉ်အခါတွင် အခက်အခဲများနှင့်ကြုံတွေ့ရတတ်သည်။ ချစ်သူ အိမ်ထောင်ဘက်များနှင့်ပတ် သက်ပြီး ခံစားလွယ် ပေါက်ကွဲလွယ် တတ်သည်။သို့သော် နှစ်နှစ်ခါခါ ချစ်တတ်သူများဖြစ်သည်။ စီးပွားရေးနှင့်ပတ်သက်ပြီး စုပေါင်းလုပ်ခြင်းထက် တစ်ဦးထဲလုပ်ကိုင်လျှင်ပိုမိုကောင်းမွန်ပြီး အများအကျိုး နှင့်သက်ဆိုင်သောလုပ်ငန်းများတွင်အကျိုးလွန်စွာပေးသူများဖြစ်သည်။ထိုနက္ခတ်ပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ – ၁။ထင်ပေါ်ကျော်ကြားလိုသော လောဘရှိသဖြင့် ထိုလောဘကိုထိန်းချုပ်ပါ။၂။မဝေခွဲနိုင်သောကိစ္စများတွင်တောင် တုံးတိုက်ကျားကိုက် စွန့်စား တတ်သူများဖြစ်သဖြင့် အမှားတွေဖြစ်တတ်ပြီး ဘဝအတက်အကျမြန်တတ်သည်။ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလိုရှိပါက သေချာစဉ်းစားဆင်ခြင်ခြင်း၊ ရှေ့တစ်လှမ်းအတွက် နောက်တစ်လှမ်းဆုတ်၍ အားယူခြင်းများ ကို ချိန်ဆလုပ်ဆောင်ပါ။ ၃။မခံချင်စိတ်များပြားသဖြင့် မခံချင်စိတ်ကြောင့် တစ်ခါတစ်လေ လောကကြီးကိုပင် အရွဲ့တိုက်တတ်ကြသည်။ထိုမခံချင်စိတ်အား စနစ်တကျ ထိန်းချုပ်ခြင်း မှန်ကန်သောနေရာတွင် အသုံချတတ်ခြင်းသည်ပင် ထိုနက္ခတ်ပိုင်ရှင်များအတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်ပေသည်။

Credit : Original

[zawgyi]

မိမိတို႔၏ ျမန္မာေမြးသကၠရာဇ္ကို (၃)နဲ႔စား – (၁) ႂကြင္းလွ်င္ နတ္ နကၡတ္၊ (၂) ႂကြင္းလွ်င္ လူ နကၡတ္၊ (၀) ႂကြင္းလွ်င္ ဘီလူး နကၡတ္ ျဖစ္ သည္။နတ္နကၡတ္ – ထို နကၡတ္ ပိုင္ရွင္ တို႔သည္ လူေျဖာင့္စိတ္တိုမ်ားျဖစ္ၾကသည္ မိမိသာမွန္ပါေစ ၿငိမ္ခံေလ့မရွိဘဲ မွန္ရာကို အားမနာတမ္း ေျပာဆိုဝံ့သည္။အၿပိဳင္အဆိုင္ျပဳလုပ္ရျခင္းႏွင့္ တိုက္ခိုက္ရျခင္းကိုေပ်ာ္ေမြ႕သူျဖစ္သည္။ အေျပာအဆို လိမၼာသိမ္ေမြ႕သေလာက္ စိတ္ ဓာတ္ေရးရာမွာ လြန္စြာ မာေၾကာသူမ်ားျဖစ္သည္။ တဇြတ္ထိုးလည္း လုပ္ကိုင္တတ္သည္။သစၥာ ႏွင့္ေမတၱာယွဥ္လာလွ်င္ေတာင္ သစၥာ ကိုဦးစားေပးသူမ်ားျဖစ္ၿပီး မွန္ကန္မႈ ကို ႏွစ္သက္သူမ်ားျဖစ္သည္။နတ္ကၡတ္ တို႔၏သေဘာမွာ အေနအထိုင္တည္ၾကည္ခန႔္ျငားသည္။ သို႔ေသာ္ မေကာင္းေသာအခ်က္မွာ တယူသန္စိတ္ႏွင့္ တဇြတ္ထိုးျပဳလုပ္တတ္ေသာ စိတ္ျဖစ္သည္။ထိုစိတ္ ကို ထိန္းခ်ဳပ္ႏိုင္မွသာ မိမိအလိုရွိရာကို လွမ္းကိုင္ႏိုင္သူမ်ားျဖစ္လိမ့္မည္။ မိတ္ေဆြအေပါင္းအသင္းမင္သူျဖစ္၍ ထိုသူတို႔ႏွင့္ပတ္သက္လွ်င္ ကူညီပံ့ပိုးတတ္သည္။ထို႔ေၾကာင့္ အ ေပါင္းအသင္း ဆရာသမား မ်ား၏ အကူအညီမ်ားမၾကာခဏ ရတတ္သည္။ ေလာဘမႀကီးေသာသူမ်ားျဖစ္ေသာ္လည္း လြန္စြာခ်မ္းသာစိတ္ျပင္းျပသူမ်ားျဖစ္သည္။မိမိရွိလွ်င္လည္း မႏွေျမာဘဲ ေပးကမ္း တတ္သူမ်ားျဖစ္သည္။သီခ်င္းသီဆိုမႈ၊ ကခုန္မႈမ်ားကိုႏွစ္သက္သည္။စတိုင္ က်က်ေနထိုင္တတ္သည္။ ကိုယ့္ေျခေထာက္ေပၚမရပ္မခ်င္း မိဘ ေဆြမ်ိဳး မ်ားထံမွ လိုသမွ်ကို နားပူနာဆာျပဳလုပ္တတ္သည္။အခ်စ္ေရး တြင္လည္း ေပါင္းအသင္းေလာက္မမင္။ ခ်စ္သူ အိမ္ေထာင္ဘက္ႏွင့္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားအတူမရွိတတ္ သူငယ္ခ်င္း အေပါင္းအ သင္း ႏွင့္ အျပင္ေနရာမ်ားတြင္ အခ်ိန္ကုန္သည္က မ်ားတတ္သည္။သို႔ေသာ္ အမွန္တကယ္ခ်စ္တတ္သူမ်ားလည္းျဖစ္ၾကသည္။ မရည္႐ြယ္သူမ်ားႏွင့္လည္း ဖူးစာဆုံေလ့ရွိတတ္ၾကသည္။အေပါင္းအသင္း မင္သူျဖစ္၍ အေပါင္းအသင္းေကာင္းလွ်င္ ေကာင္းသလို ေကာင္းသည့္ဘက္ သို႔ေရာက္ရွိသြားတတ္ၿပီး မေကာင္းလွ်င္မေကာင္းသကဲ့သို႔ မေကာင္းမႈဘက္သို႔ အားသာသြားတတ္သည္။စိတ္အေရာင္ဆိုးလြယ္သည္။ မိမိရပ္တည္ခ်က္မွ တျခားသို႔ နားေယာင္လြယ္သည္။ စိတ္ဓာတ္မာေသာ္လည္း နားေယာင္လြယ္ျခင္းသည္ ယုံၾကည္လြယ္သည့္အား နည္းခ်က္ကိုျဖစ္ေစသည္။ထိုနကၡတ္ပိုင္ရွင္မ်ား လိုက္နာရမည့္အခ်က္မ်ားမွာ – ၁။ လူ႔ေအာက္က်ိဳ႕ေပါင္းေလ နက္နဲေသာ ပညာရပ္မ်ား အမ်ားမရႏိုင္ေသာအမည္ေကာင္းမ်ားရရွိတတ္သျဖင့္ ေအာက္က်ိဳ႕ေပါင္းပါ။ ၂။ နားေယာင္လြယ္ ယုံၾကည္လြယ္သူုျဖစ္သျဖင့္ သူတစ္ပါးကို ယုံၾကည္မလြယ္ေလ တိုးတက္ေလ ျဖစ္သျဖင့္ ယုံၾကည္မလြယ္ပါႏွင့္။ ၃။အေပါင္းအသင္း မ်ားလွ်င္မ်ားသည့္အေလ်ာက္ အကုန္လုံးကိုေပါင္းသင္းျခင္းမျပဳဘဲ ေရွာင္သင့္သူေရွာင္ ေပါင္းသင့္သူေပါင္း မေရွာင္ႏိုင္လွ်င္လည္း ကိုယ္ေပါင္းစိတ္ခြာအတိုင္းေနထိုင္ရမည္။ ၄။ စိတ္ ရွည္သည္းခံပါ။ စိတ္ရွည္သည္းခံျခင္းသည္ နတ္နကၡတ္ပိုင္ရွင္တို႔အတြက္ ထိပ္ဆုံးသို႔ေရာက္ရွိမည့္လမ္းပင္ျဖစ္သည္။ လူနကၡတ္ – ထိုနကၡတ္ပိုင္ရွင္မ်ားသည္ စကားအေျပာအဆို မာသည္။ ျပတ္သားတတ္သည္။ ေကြ႕ဝိုက္ေျပာရသည္ထက္ တည့္တည့္မႁခြင္းမခ်န္ ေျပာလိုၾကသည္။အေျပာမာေသာ္လည္း စိတ္ႏွလုံးသိမ္ေမြ႕သည္။ ကိုယ္ကာယအားျဖင့္လည္း မည္သူ႔အေပၚမွ ရန္ျပဳလိုစိတ္မရွိသူမ်ားျဖစ္သည္။ဘဝတြင္ သုခႏွင့္ဒုကၡယွဥ္လွ်င္ ဒုကၡကိုပိုမိုရင္ဆိုင္ရသူမ်ားျဖစ္သျဖင့္ ဘဝအသိအျမင္ ဘဝအေတြ႕အႀကဳံ မ်ားျပားသူမ်ားျဖစ္သည္။လက္ ေတြ႕ဆန္ေသာ ဘဝကိုျဖတ္သန္းရသူမ်ားျဖစ္သျဖင့္ စိတ္ကူးယဥ္မႈနည္းပါးသူမ်ားျဖစ္ၾကသည္။ဘဝပထမအ႐ြယ္မွစ၍ အခက္အခဲမ်ိဳး စုံကို ႀကဳံတတ္သူမ်ားျဖစ္ၿပီး အ႐ြယ္ရလာခ်ိန္တြင္ ေတာ္႐ုံတန္႐ုံကို ခံႏိုင္ရည္ရွိသူ စိတ္ထားတတ္သူမ်ားျဖစ္ေနသည္။ အရာရာကိုေလ့လာလိုက္ စားလိုစိတ္ စူးစမ္းလိုစိတ္ရွိသည္။ ဘဝတြင္လည္း ေျပာင္းလဲျခင္းမ်ားစြာရွိေနတတ္ၿပီး ေမြးရပ္ေျမမွေျပာင္းေ႐ႊ႕ေနထိုင္ရျခင္း ႐ုတ္တရက္ အိမ္ေထာင္က်ျခင္း၊ မိဘမ်ားႏွင့္ခြဲခြာရျခင္း ညီအစ္ကိုေမာင္ႏွမ ေဆြမ်ိဳးမ်ားႏွင့္ခြဲခြာရျခင္းမ်ားႀကဳံေတြ႕ရသူမ်ားျဖစ္သည္။မိမိအေပၚကို တင္ စီးေသာစကား မာနေထာင္လႊားစြာ ေျပာဆိုေသာ စကားမ်ားကို မခံခ်င္သူမ်ားျဖစ္ၿပီး အမ်ားစုမွာ ခ်က္ခ်င္းလိုပင္ တုံ႔ျပန္တတ္သည္။အိုး႐ြဲ႕ကို စေလာင္း႐ြဲ႕နဲ႔ ဖုံးလိုသည့္ စိတ္ရွိသည္။ သူဆိုးလို႔ ကိုယ္လိုက္ဆိုးရင္ ကိုယ့္ပါအျပစ္ရွိသူ ျဖစ္သြားတတ္သျဖင့္ ထိုအခ်က္သည္ အဓိက အားနည္းခ်က္ျဖစ္သည္ ဉာဏ္ရည္ဉာဏ္ေသြးေကာင္းေသာသူမ်ားလည္းျဖစ္ၿပီး ဘဝေပးပညာကို ပိုင္ပိုင္ႏိုင္ႏိုင္ကြၽမ္းက်င္ေသာသူမ်ားလည္း ျဖစ္သည္။ထူးျခားခ်က္မွာ အက်ဥ္းအၾကပ္ထဲတြင္ပင္အခြင့္အလမ္းကို ရေအာင္ရွာေဖြတတ္ၾကသည္။အေၾကာင္း အရာ တစ္ခုခုကို အၿမဲတေစစဥ္းစားေနတတ္သည္။ မိေမြ ဖေမြထက္ ကိုယ့္ဒူးကိုယ္ခြၽန္လိုသူမ်ားျဖစ္ၿပီး ဘဝေပးအရလည္း ထိုကဲ့သို႔ ပုံစံမ်ိဳးသာျဖစ္လာတတ္သူမ်ားျဖစ္သည္။မ်ားေသာအားျဖင့္ ညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ မတဲ့တတ္။ မိသားစုနဲ႔အဆင္မေျပတတ္ေပ။ ခ်စ္သူရည္စား မ်ားျပားတတ္ျခင္း သို႔မဟုတ္ အခ်စ္ေရး အိမ္ေထာင္ဘက္ အၿပိဳင္အဆိုင္ မ်ားကိုႀကဳံေတြ႕တတ္ၾကသည္။ေနာက္ဆုံးၿပိဳင္စရာမရွိလွ်င္ ခ်စ္သူအခ်င္းခ်င္း လင္မယားအ ခ်င္းခ်င္းအၿပိဳင္စိတ္ဆိုးျခင္း အၿပိဳင္ စိတ္ေကာက္တတ္ၾကေပသည္။ဘဝလုပ္ငန္းမ်ားတြင္ ပညာေရးလုပ္ငန္းမ်ားထက္ စီးပြားေရးမ်ားတြင္ ပိုမိုအက်ိဳးေပးသူမ်ားလည္းျဖစ္သည္။ လိုက္နာရန္အခ်က္မ်ားကေတာ့ – ၁။ စကားေျပာမာေက်ာသူျဖစ္လွ်င္ သိမ္ေမြ႕စြာေျပာဆိုပါက စကားေျပာပညာႏွင့္နဂိုရွိၿပီးသားဘဝအသိပညာေပါင္းစပ္မိၿပီး လူအမ်ားအားကိုးအားထားသူျဖစ္လာမည္ျဖစ္ၿပီး ေအာင္ျမင္ေရးအတြက္လည္း အေထာက္အပံ့မ်ားျဖစ္ေပလိမ့္မည္။။ ထို႔ေၾကာင့္ စကားမာမာေျပာျခင္းအားေရွာင္ၾကဥ္ပါ။ ၂။ေနာက္ အတိုက္အခံသေဘာမ်ိဳးေတြကိုေရွာင္ပါ။ ျပန္လည္တုံ႔ျပန္ခ်င္းထက္ ဥပကၡာျပဳလိုက္ျခင္းျဖင့္ မထင္မွတ္ေသာ ေက်ာ္ၾကားမႈ ေကာင္းသတင္းမ်ားအား ပိုင္ဆိုင္ေပလိမ့္ မည္။ ၃။စိတ္ကိုၿငိမ္ေအာင္ထိန္းခ်ဳပ္ပါ။ ႐ုတ္တရက္တုံ႔ျပန္မေျပာခင္ စိတ္ကိုၿငိမ္ေအာင္ထိန္းခ်ဳပ္ၿပီးမွေျပာဆိုပါက ပိုမိုေကာင္းမြန္လိမ့္ မည္။ ၄။ကိုယ္ကာယအား စိတ္ႏွလုံးအားျဖင့္ ေကာင္မြန္သူျဖစ္သျဖင့္ စကားအေျပာအဆိုကို ဆင္ျခင္စြာေျပာဆိုျခင္းသည္ပင္ လူနကၡတ္ပိုင္ရွင္တို႔အတြက္ ထိပ္ဆုံးေရာက္ရွိမည့္ လမ္းပင္ျဖစ္သည္။ဘီလူးနကၡတ္ – ထိုနကၡတ္ပိုင္ရွင္တို႔သည္ စိတ္ဓာတ္ျပင္းျပသူမ်ားျဖစ္ၿပီး တိုက္လွ်င္ႏိုင္ရမည္ ယွဥ္လွ်င္သာရမည္ဆိုသည့္ စိတ္ထားမ်ိဳးရွိတတ္ၾကသည္။အမ်ားစုမွာ မခံခ်င္စိတ္မ်ားျပားသူမ်ားျဖစ္သည္။ အအရာရာကို ေလ့လာလိုက္စားေသာသူမ်ားျဖစ္ၿပီး ဟိုစပ္စပ္ဒီစပ္စပ္လုပ္တတ္ေသာသူမ်ားျဖစ္သည္။ထိုကဲ့သို႔ ျပဳလုပ္သျဖင့္ တစ္ခါတစ္ရံ အလုပ္ကိစၥမ်ားတြင္ တစ္ဝက္တစ္ျပက္မ်ား ျဖစ္ေနတတ္ၾကသည္။ ေက်းဇူးတရားကိုသိတတ္ေသာသူမ်ားလည္းျဖစ္သည္ ။ထိုသူတို႔၏ စိတ္ဓာတ္သည္ သူေကာင္းလွ်င္ ကိုယ္ေကာင္းမည္။ သူမေကာင္းလွ်င္ ကိုယ္မေကာင္းႏိုင္ဟူေသာ ၾကည့္မွန္သဖြယ္ ေနထိုင္ၾကသည္။ေပါင္းရသင္းရလြန္စြာခက္ေသာသူမ်ားျဖစ္ၿပီး ကြယ္ရာတြင္ ေဝဖန္အျပစ္ေျပာခံရျခင္းမ်ား ႀကဳံရတတ္ၿပီး ထိုသို႔ေျပာသည္ကိုလည္း ဂ႐ုစိုက္ေလ့မရွိသူမ်ားလည္းျဖစ္သည္။အေပါင္းအသင္းမ်ားကိုလည္း ကိုယ့္အေပၚတကယ္နားလည္သူကိုသာ ေ႐ြးခ်ယ္ေပါင္းေလ့ရွိသည္။လူအမ်ားေနာက္ လိုက္ထက္ ဆရာလုပ္တတ္ျခင္း အမိန႔္ေပးတတ္ျခင္း ၾသဇာေပးလိုစိတ္မ်ားရွိသည္။ ထို႔ေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားတြင္ သိေအာင္ႀကိဳးစားေလ့ရွိၾကသည္။ဤနကၡတ္ပိုင္ရွင္မ်ားသည္ ေသလွ်င္ေျမႀကီးရွင္လွ်င္ေ႐ႊထီးဟူေသာ စိတ္ထားမ်ိဳးလည္းရွိျပန္သည္။တခါတစ္ရံ ေဝခြဲမရေသာကိစၥမ်ားတြင္ ေနာက္ဆုတ္ေလ့မရွိ ေရွ႕သို႔သာ တုံးတိုက္တိုက္က်ားကိုက္ကိုက္ ျပဳမူတတ္ၾကသည္။ထိုအခ်က္သည္ မွားမွန္ ခ်င့္ခ်ိန္မႈအားနည္းတတ္ေသာ အဓိကအားနဲခ်က္တစ္ခုျဖစ္သည္။ ထိုအခ်က္ကိုေတာ့ အထူးျပဳျပင္ရေပမည္သူတို႔သည္ မည္သည့္ေနရာတြင္မဆို ထင္ေပၚေက်ာ္ၾကားလိုၾကသည္။ငယ္စဥ္အခါတြင္ အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ရတတ္သည္။ ခ်စ္သူ အိမ္ေထာင္ဘက္မ်ားႏွင့္ပတ္ သက္ၿပီး ခံစားလြယ္ ေပါက္ကြဲလြယ္ တတ္သည္။သို႔ေသာ္ ႏွစ္ႏွစ္ခါခါ ခ်စ္တတ္သူမ်ားျဖစ္သည္။ စီးပြားေရးႏွင့္ပတ္သက္ၿပီး စုေပါင္းလုပ္ျခင္းထက္ တစ္ဦးထဲလုပ္ကိုင္လွ်င္ပိုမိုေကာင္းမြန္ၿပီး အမ်ားအက်ိဳး ႏွင့္သက္ဆိုင္ေသာလုပ္ငန္းမ်ားတြင္အက်ိဳးလြန္စြာေပးသူမ်ားျဖစ္သည္။ထိုနကၡတ္ပိုင္ရွင္မ်ားလိုက္နာေဆာင္႐ြက္ရမည့္အခ်က္မ်ားမွာ – ၁။ထင္ေပၚေက်ာ္ၾကားလိုေသာ ေလာဘရွိသျဖင့္ ထိုေလာဘကိုထိန္းခ်ဳပ္ပါ။၂။မေဝခြဲႏိုင္ေသာကိစၥမ်ားတြင္ေတာင္ တုံးတိုက္က်ားကိုက္ စြန႔္စား တတ္သူမ်ားျဖစ္သျဖင့္ အမွားေတြျဖစ္တတ္ၿပီး ဘဝအတက္အက်ျမန္တတ္သည္။ထို႔ေၾကာင့္ ရွည္ၾကာေသာေအာင္ျမင္မႈ ၿမဲၿမံေသာ ရပ္တည္မႈမ်ားကို အလိုရွိပါက ေသခ်ာစဥ္းစားဆင္ျခင္ျခင္း၊ ေရွ႕တစ္လွမ္းအတြက္ ေနာက္တစ္လွမ္းဆုတ္၍ အားယူျခင္းမ်ား ကို ခ်ိန္ဆလုပ္ေဆာင္ပါ။ ၃။မခံခ်င္စိတ္မ်ားျပားသျဖင့္ မခံခ်င္စိတ္ေၾကာင့္ တစ္ခါတစ္ေလ ေလာကႀကီးကိုပင္ အ႐ြဲ႕တိုက္တတ္ၾကသည္။ထိုမခံခ်င္စိတ္အား စနစ္တက် ထိန္းခ်ဳပ္ျခင္း မွန္ကန္ေသာေနရာတြင္ အသုံခ်တတ္ျခင္းသည္ပင္ ထိုနကၡတ္ပိုင္ရွင္မ်ားအတြက္ ထိပ္ဆုံးသို႔ေရာက္ရွိမည့္လမ္းပင္ျဖစ္ေပသည္။