သစ္စာမဖောက်ပါနှင့်..
တစ်ခါတုန်းက အမဲလိုက်ဖို့အတွက်သိမ်းငှက်တွေကို လေ့ကျင့်ပေးနေသော သိမ်းငှက်ဆရာ တစ်ဦးရှိသတဲ့။ တစ်နေ့သောအခါ ထိုသိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာအဖမ်းခံရသော ခါငှက်တစ်ကောင်ဟာသူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ် ။” အကယ်၍ ကျွန်ုပ်ကိုသာလွှတ်ပေးမည် သွားခွင့်ပေးမည်ဆိုပါကအခြားသော ခါငှက်အပေါင်းတို့ကို ဤပိုက်ကွန်ထဲသို့ ရောက်ရှိကျရောက်လာအောင်ကျွန်ုပ်ဟာ တည်ကြက်အဖြစ် အသုံးချခံပြီးလုပ်ဆောင်ပေးပါမည် ” ဟုခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်၏ ။
ထိုအခါသိမ်းငှက်ဆရာကလည်း” မလွှတ်ပေးဘူး..သင့်ကို ငါ လွှတ်ပေးဖို့ မရည်ရွယ်ဘူး။သို့သော်..ယခု သင့်ကို ငါက လွှတ်ပေးလိုက်မည် ဆိုလျှင်သင့်ရဲ့ ပြောစကားအရသင့်ရဲ့ ပြစ်ဒဏ်ကို သင်ကိုယ်တိုင် မခံယူဘဲသင့်ရဲ့ ပြစ်ဒဏ်ကိုသင့်ရဲ့ မိတ်ဆွေတွေအပေါ် သစ္စာဖောက်ပြီး သင့်အသက်ကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့ကလိမ်ကကျစ်သင်ဟာသေတာထက် ပိုဆိုးတဲ့ အရာနဲ့ ထိုက်တန်တယ် ” ဟုပြန်ပြောလိုက်တော့တယ်။ ဒီအကြောင်းအရာလေးထဲက ခါငှက်လေးလို ကျွန်တော်တို့ လူ့လောကမှာလည်း ဖြစ်ပျက်နေကြတာမျိူးတွေရှိတက်ပါတယ်။ သတိထားဆင်ခြင်နိုင်ကြပါစေ..။
မူရင်း Credit
[zawgyi]