သစ်ပင် ပုံပြင်

တစ်ခါက တိုင်းပြည်တစ်ခုတွင် ထူးဆန်းသော သစ်ပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုသစ်ပင်သည် ပိန္နဲပင်မျိုး ဖြစ်သော်လည်း သရက်သီးကဲ့သို့ အသီးများ သီး ထနေလေသည်။ ထိုအသီး၏ ရနံ့မှာ လွန်စွာ မွှေးကြိုင်ပြီး တိုင်းပြည် တစ်ခုလုံး ပျံ့နှံ့နေသည်။ထို့ကြောင့် တိုင်း ပြည် ရှိ ပြည်သူ အားလုံးက ထိုအသီး၏ အရသာကို မြည်းစမ်းကြည့်ချင် နေကြသည်။ သို့သော် ထုံးစံအတိုင်း ဤအလေ့ကျ ပေါက်ရောက်နေသော သစ်ပင်သည် အများပိုင် ဖြစ်သော်လည်း ပြည်သူပိုင် အသိမ်းခံရလေသည်။ပြည်သူပိုင် သိမ်းတော့ ဘုရင်နှင့် အပေါင်းအပါပိုင် ဖြစ်သွားသည်ပေါ့။ ထိုတိုင်းပြည်တွင် ပြည်သူပိုင်ဟု အမည်တပ်ထားသည် မှန်သမျှ ပြည်သူက ဘယ်တော့မှ မပိုင်ဘဲ အုပ်ချုပ်သူ ဘုရင်နှင့် အ ပေါင်းအပါများ ပိုင်ကြသည်မှာ ထုံးစံပင်။ထို့ကြောင့် ပြည်သူပိုင် အသုံးပြုရန် ခေါင်းစဉ်ဖြင့် ညအချိန်မတော် သစ်ပင်ကို အမြစ်မှ တူးယူ၍ နန်းတော်ဝင်းထဲ သယ်ယူသွားကြသည်။နန်းတော်ဝင်းထဲ ရောက်သောအခါ ပြဿနာ တက်နေကြသည်။ ပုံသဏ္ဍာန် မမှန်ဘဲ ပေါက်ရောက်နေသော အပင်မှ ပုံသဏ္ဍာန် မမှန်ဘဲ ပေါက်ရောက်နေသော အသီးတို့ကို မည်သူကမှ မမြည်းစမ်းရဲကြ။ တချို့ကလည်း အနံ့က မွှေးကြိုင်လွန်းနေ၍ မြည်းစမ်းချင်ကြသော်လည်း သေစေနိုင်သော အဆိပ်သီးလည်း ဖြစ်နေနိုင်၍ မည်သူကမှ မမြည်းစမ်းရဲကြ။အနံ့မွှေးလွန်းလို့ မြည်းစမ်းမှ ဂန့်ခနဲ ဖြစ်ကုန်မှာ မည်သူမှ မလိုချင်။ ထို့ကြောင့်“အေး.. အနံ့ကတော့ စားချင် စရာ၊ ရှလွတ်။ ဒါပေမဲ့ အရသာက ဘယ်လိုနေမလဲ မသိဘူး”“ဘုန်းတော်ကြောင့် မင်းကြီး အရင်မြည်းကြည့် သင့်ပါတယ် ဘုရာ့”ဝန်ကြီးများက မြှောက်ပေးသည်။ ဘုရင်လည်း နပ်၏။“ခွေးကောင်တွေ ဒါမျိုးကျတော့ တတ်တယ်။ မင်းတို့ မြည်းကြပါလား”ဆိုတာကို ဝန်ကြီးများကလည်း လည်သည်။“အဟီး.. ဘုန်းတော်ကြီးသော ဘုရင်ကြီးကိုယ်တိုင် မမြည်းသေးဘဲ ကျွန်တော်မျိုးတို့ မမြည်းဝံ့ပါ ဘုရား။ တော်ကြာ ဘုန်းတော်ကြောင့် မိုးကြိုး ပစ်နေမှဖြင့်”“ဒါဆို ဘယ်သူ့ မြည်းခိုင်းရမှာလဲ”ဘုရင်၏ အမေးကို ဝန်ကြီး တစ်ပါးက သူတို့အပေါ် မကျပြီးရော သဘောဖြင့်“သတင်းထုတ်ပြန်ရေးကို ပေး မြည်းသင့်ပါတယ် ဘုရာ့။ သူက သတင်းထုတ်ပြန်နေကျပါ ဘုရာ့”သူ့အပေါ်ကျလာတော့ ဟိုကလည်းပဲ ခေါင်းကို ခပ်သွက်သွက် ယမ်းကာ..“ ကျွန် တော်မျိုးက တစ်ပါးသူ လုပ်ပြီးမှ အပြုသဘောဆောင်သော သဘောကို ထုတ်ပြန်ရန်သာ တာဝန် ရှိပါတယ်ဘုရာ့။ သတင်းထုတ်ပြန်ရေးက ဘာကိုမှ အတိအကျ သိစရာ မလိုပါဘူး ဘုရာ့။ ဒါကြောင့် မသင့်တော်ကြောင်းပါ ဘုရာ့”တကယ်တမ်း စမ်းသပ်ရမည် ဆိုတော့ မည်သူကမှ တာဝန်မယူကြ။ အားလုံး ခေါင်းခါ၊ ခေါင်းရှောင်ပြီး မသိချင်ယောင် ဆောင်နေကြသည်။“ကဲ.. ဒါဖြင့် ဘယ်လို လုပ်မလဲ” အား လုံး ခေါင်းချင်းဆိုင်ကုန်၏။ အတန်ကြာမှ..“ဒါဖြင့် ဒီလိုလုပ်။ ပြည်သူတွေထဲက တစ်ယောက်ကို အရင်စမ်းသပ် ခိုင်းလိုက်မယ်၊ မကောင်းဘူးလား”သူ့စကားကို တခြားဝန်ကြီးများက..“အရသာ တအား ကောင်းနေရင် ဒီအသီးကို ပြည်သူတွေအရင် စားဖူးတယ်ဆို တို့ဝန်ကြီးတွေ သိက္ခာ ကျမှာပေါ့ ဝန်မင်းကလည်း”

“ဒီအသီးစားပြီး သေတော့ရော”“ဒါကတော့ ပြည်သူက သူ့ထိုက် သူ့ကံနဲ့ သေတာ သေပါစေပေါ့ ဝန်မင်းကလည်း”ဪ.. မတော်တဆ အ သီး ကောင်း ဖြစ်ခဲ့ရင်လည်း သူတို့က အရင်စားချင်၊ သေမယ်ဆိုတော့ ပြည်သူကို သေစေချင်။ ဘယ်လို ဝေခွဲ ရမှန်းပင် မသိ။ အတန်ကြာမှ ဘုရင်က အတွေးပေါက်ပြီး“ဒီလိုလုပ်။ ခုနကပြောတဲ့ အတိုင်း ပြည်သူကို အရင်မြည်းခိုင်းမယ်”“ကောင်းနေရင်”“ခါတိုင်းလိုပဲ အဲဒီကောင်ကို ရှော့ခ်လိုက်ပြီး ဘယ်သူမှ မစားဖူးသလို လုပ်ရုံပေါ့”“သေရင်ရော၊ သေရင်တော့ စေတနာနဲ့ လက်ဆောင် ပြန်ပေးတာ ပေါ့ကွာ၊ ဟုတ်ဘူးလား”“ဟေး …”ဝန်ကြီးများ ဝမ်းသာ သွားကြသည်။“ဟုတ်တယ်။ ပြည်သူပိုင်ဆိုတာ ကောင်းနေရင် ဘုရင့်ဘဏ္ဍာ၊ ဆိုးနေရင် ပုဂ္ဂလိကပိုင်၊ သုံးစားမရရင်တော့ ပြည်သူတွေ တကယ်ပိုင်ပေါ့။ ဟုတ်ဘူးလား။ ဟေး … ပျော်တယ် ဟေ့”ဤသို့ဖြင့် ပြည်သူပိုင် သစ်သီးကို ပထမဆုံး စားသုံးရန် ပြည်သူ တစ်ဦးကို ခေါ်လာကြလေသည်။ ကံဆိုးသူ မောင်ရှင်ကား ရောက်ပြီ။“ကိုင်း.. မောင်မင်း ဒီအသီးကို အရင်ဆုံး မြည်းစမ်းကြည့်စမ်း”“ကျွန်တော် သေသွားရင်..”“ကံပေါ့ မောင်မင်း” “လျော်ကြေး မရဘူးလား”“ထုံးစံမရှိဘူး မောင်မင်း။ ဒါမျိုး မပြောနဲ့၊ ဓာတ်လိုက် သေတောင် မရဘူး”ဘယ်လိုဖြစ်ဖြစ် နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတိုနှင့် ရောက်မည့် အရေးကြောင့် စားမည့်သူမှာ တုန်လှုပ်နေရ လေသည်။“ကဲ.. သုံးဆောင်လို့ ရပြီ မောင်မင်း”သာမန်လူမှာ တုန်လှုပ်နေရ လေသည်။ ဘယ်လိုဖြစ်ဖြစ် အခြေအနေ မကောင်းမှန်း သိသည်။ သို့ သော် မ တတ်သာသော အခြေအနေမို့ အသီးတစ်လုံးကို ဖြုတ်စားလိုက်သည်။ “ဟာ…” ခံတွင်း၌ ချိုအီပြီး အရသာ ရှိလှသည်မိ့ု ပြည်သားမှာ အံ့ အားသင့် သွားသည်။ ဆက်စားချင်စိတ် ဖြစ်သော်လည်း မျက်နှာကို ချက်ချင်းပြင်ပြီး“ဟာ.. ခါးလိုက်တာ၊ ထွီ.. ထွီ”ဆိုပြီး စားချင်စိတ်ကို မြိုသိပ်ပြီး ထွေးထုတ်လိုက်သည်။ ဘေးနားက ကြည့်နေသော ဝန်အဖွဲ့က..“ဟဲ့.. မောင်မင်း၊ အရသာ ဘယ့်နှယ်တုံး”“ထွီ.. ခါးလိုက်တာ။ စားကြည့်စမ်း၊ အောင်မလေး.. ကျွန်တော်၊ ကျွန်တော် သေတော့မလား မသိဘူး၊ အောင်မလေး..”ထိုစကားကြားတော့ ဝန်ကြီးများက“ဟေ့.. ဟေ့.. အဆိပ်ပင် ဟေ့။ အနားမကပ်ကြနဲ့။ သေတတ်တယ်၊ သေတတ်တယ်။ ဟေ့.. အဲဒီ အပင်ကို အမြန်ခုတ်စမ်း၊ အမြန် နုတ်လှဲလိုက်ကြစမ်း”သိပ်မကြာပါ။ ဘာကိုမှ ကိုယ်တိုင် မစူးစမ်းဘဲ သူများခါးတယ်ဆိုတိုင်း လိုက်ခါးသော အပေါင်းအပါများ လွန်စွာ အရသာရှိသော သစ် ပင်ကို ခုတ်လှဲလိုက်ကြသည်။ ထို့အပြင် နောက်တစ်နေ့ သတင်းထုတ်ပြန်ရာတွင်..“ဤအပင်မှာ အဆိပ်ပင်ဖြစ်၍ ပြည်သူအပေါင်း ဘေးမခရလေအောင် အသေအချာ စမ်းသပ်ပြီး ခုတ်ထွင်လိုက်ပြီ ဖြစ်ကြောင်း၊ ဤသည်ကား ဘုရင်နှင့် ဝန်ကြီးများ၏ စေတနာပင် ဖြစ် ကြောင်း..” ဘာကိုမှ တကယ် ကိုယ်တိုင် ကိုယ်ကျ စူးစမ်းလေ့လာခြင်း မရှိသော တိုင်းပြည်တွင် ချိုသောအပင် မရှိနိုင်ချေ။

Credit – အကြည်တော်

[zawgyi]

တစ္ခါက တိုင္းျပည္တစ္ခုတြင္ ထူးဆန္းေသာ သစ္ပင္တစ္ပင္ ေပါက္ေရာက္လာသည္။ ထိုသစ္ပင္သည္ ပိႏၷဲပင္မ်ိဳး ျဖစ္ေသာ္လည္း သရက္သီးကဲ့သို႔ အသီးမ်ား သီး ထေနေလသည္။ ထိုအသီး၏ ရနံ႔မွာ လြန္စြာ ေမႊးႀကိဳင္ၿပီး တိုင္းျပည္ တစ္ခုလုံး ပ်ံ႕ႏွံ႔ေနသည္။ထို႔ေၾကာင့္ တိုင္း ျပည္ ရွိ ျပည္သူ အားလုံးက ထိုအသီး၏ အရသာကို ျမည္းစမ္းၾကည့္ခ်င္ ေနၾကသည္။ သို႔ေသာ္ ထုံးစံအတိုင္း ဤအေလ့က် ေပါက္ေရာက္ေနေသာ သစ္ပင္သည္ အမ်ားပိုင္ ျဖစ္ေသာ္လည္း ျပည္သူပိုင္ အသိမ္းခံရေလသည္။ျပည္သူပိုင္ သိမ္းေတာ့ ဘုရင္ႏွင့္ အေပါင္းအပါပိုင္ ျဖစ္သြားသည္ေပါ့။ ထိုတိုင္းျပည္တြင္ ျပည္သူပိုင္ဟု အမည္တပ္ထားသည္ မွန္သမွ် ျပည္သူက ဘယ္ေတာ့မွ မပိုင္ဘဲ အုပ္ခ်ဳပ္သူ ဘုရင္ႏွင့္ အ ေပါင္းအပါမ်ား ပိုင္ၾကသည္မွာ ထုံးစံပင္။ထို႔ေၾကာင့္ ျပည္သူပိုင္ အသုံးျပဳရန္ ေခါင္းစဥ္ျဖင့္ ညအခ်ိန္မေတာ္ သစ္ပင္ကို အျမစ္မွ တူးယူ၍ နန္းေတာ္ဝင္းထဲ သယ္ယူသြားၾကသည္။နန္းေတာ္ဝင္းထဲ ေရာက္ေသာအခါ ျပႆနာ တက္ေနၾကသည္။ ပုံသ႑ာန္ မမွန္ဘဲ ေပါက္ေရာက္ေနေသာ အပင္မွ ပုံသ႑ာန္ မမွန္ဘဲ ေပါက္ေရာက္ေနေသာ အသီးတို႔ကို မည္သူကမွ မျမည္းစမ္းရဲၾက။ တခ်ိဳ႕ကလည္း အနံ႔က ေမႊးႀကိဳင္လြန္းေန၍ ျမည္းစမ္းခ်င္ၾကေသာ္လည္း ေသေစႏိုင္ေသာ အဆိပ္သီးလည္း ျဖစ္ေနႏိုင္၍ မည္သူကမွ မျမည္းစမ္းရဲၾက။အနံ႔ေမႊးလြန္းလို႔ ျမည္းစမ္းမွ ဂန႔္ခနဲ ျဖစ္ကုန္မွာ မည္သူမွ မလိုခ်င္။ ထို႔ေၾကာင့္“ေအး.. အနံ႔ကေတာ့ စားခ်င္ စရာ၊ ရွလြတ္။ ဒါေပမဲ့ အရသာက ဘယ္လိုေနမလဲ မသိဘူး”“ဘုန္းေတာ္ေၾကာင့္ မင္းႀကီး အရင္ျမည္းၾကည့္ သင့္ပါတယ္ ဘုရာ့”ဝန္ႀကီးမ်ားက ေျမႇာက္ေပးသည္။ ဘုရင္လည္း နပ္၏။“ေခြးေကာင္ေတြ ဒါမ်ိဳးက်ေတာ့ တတ္တယ္။ မင္းတို႔ ျမည္းၾကပါလား”ဆိုတာကို ဝန္ႀကီးမ်ားကလည္း လည္သည္။“အဟီး.. ဘုန္းေတာ္ႀကီးေသာ ဘုရင္ႀကီးကိုယ္တိုင္ မျမည္းေသးဘဲ ကြၽန္ေတာ္မ်ိဳးတို႔ မျမည္းဝံ့ပါ ဘုရား။ ေတာ္ၾကာ ဘုန္းေတာ္ေၾကာင့္ မိုးႀကိဳး ပစ္ေနမွျဖင့္”“ဒါဆို ဘယ္သူ႔ ျမည္းခိုင္းရမွာလဲ”ဘုရင္၏ အေမးကို ဝန္ႀကီး တစ္ပါးက သူတို႔အေပၚ မက်ၿပီးေရာ သေဘာျဖင့္“သတင္းထုတ္ျပန္ေရးကို ေပး ျမည္းသင့္ပါတယ္ ဘုရာ့။ သူက သတင္းထုတ္ျပန္ေနက်ပါ ဘုရာ့”သူ႔အေပၚက်လာေတာ့ ဟိုကလည္းပဲ ေခါင္းကို ခပ္သြက္သြက္ ယမ္းကာ..“ ကြၽန္ ေတာ္မ်ိဳးက တစ္ပါးသူ လုပ္ၿပီးမွ အျပဳသေဘာေဆာင္ေသာ သေဘာကို ထုတ္ျပန္ရန္သာ တာဝန္ ရွိပါတယ္ဘုရာ့။ သတင္းထုတ္ျပန္ေရးက ဘာကိုမွ အတိအက် သိစရာ မလိုပါဘူး ဘုရာ့။ ဒါေၾကာင့္ မသင့္ေတာ္ေၾကာင္းပါ ဘုရာ့”တကယ္တမ္း စမ္းသပ္ရမည္ ဆိုေတာ့ မည္သူကမွ တာဝန္မယူၾက။ အားလုံး ေခါင္းခါ၊ ေခါင္းေရွာင္ၿပီး မသိခ်င္ေယာင္ ေဆာင္ေနၾကသည္။“ကဲ.. ဒါျဖင့္ ဘယ္လို လုပ္မလဲ” အား လုံး ေခါင္းခ်င္းဆိုင္ကုန္၏။ အတန္ၾကာမွ..“ဒါျဖင့္ ဒီလိုလုပ္။ ျပည္သူေတြထဲက တစ္ေယာက္ကို အရင္စမ္းသပ္ ခိုင္းလိုက္မယ္၊ မေကာင္းဘူးလား”သူ႔စကားကို တျခားဝန္ႀကီးမ်ားက..“အရသာ တအား ေကာင္းေနရင္ ဒီအသီးကို ျပည္သူေတြအရင္ စားဖူးတယ္ဆို တို႔ဝန္ႀကီးေတြ သိကၡာ က်မွာေပါ့ ဝန္မင္းကလည္း”“ဒီအသီးစားၿပီး ေသေတာ့ေရာ”“ဒါကေတာ့ ျပည္သူက သူ႔ထိုက္ သူ႔ကံနဲ႔ ေသတာ ေသပါေစေပါ့ ဝန္မင္းကလည္း”ဪ.. မေတာ္တဆ အ သီး ေကာင္း ျဖစ္ခဲ့ရင္လည္း သူတို႔က အရင္စားခ်င္၊ ေသမယ္ဆိုေတာ့ ျပည္သူကို ေသေစခ်င္။ ဘယ္လို ေဝခြဲ ရမွန္းပင္ မသိ။ အတန္ၾကာမွ ဘုရင္က အေတြးေပါက္ၿပီး“ဒီလိုလုပ္။ ခုနကေျပာတဲ့ အတိုင္း ျပည္သူကို အရင္ျမည္းခိုင္းမယ္”“ေကာင္းေနရင္”“ခါတိုင္းလိုပဲ အဲဒီေကာင္ကို ေရွာ့ခ္လိုက္ၿပီး ဘယ္သူမွ မစားဖူးသလို လုပ္႐ုံေပါ့”“ေသရင္ေရာ၊ ေသရင္ေတာ့ ေစတနာနဲ႔ လက္ေဆာင္ ျပန္ေပးတာ ေပါ့ကြာ၊ ဟုတ္ဘူးလား”“ေဟး …”ဝန္ႀကီးမ်ား ဝမ္းသာ သြားၾကသည္။“ဟုတ္တယ္။ ျပည္သူပိုင္ဆိုတာ ေကာင္းေနရင္ ဘုရင့္ဘ႑ာ၊ ဆိုးေနရင္ ပုဂၢလိကပိုင္၊ သုံးစားမရရင္ေတာ့ ျပည္သူေတြ တကယ္ပိုင္ေပါ့။ ဟုတ္ဘူးလား။ ေဟး … ေပ်ာ္တယ္ ေဟ့”ဤသို႔ျဖင့္ ျပည္သူပိုင္ သစ္သီးကို ပထမဆုံး စားသုံးရန္ ျပည္သူ တစ္ဦးကို ေခၚလာၾကေလသည္။ ကံဆိုးသူ ေမာင္ရွင္ကား ေရာက္ၿပီ။“ကိုင္း.. ေမာင္မင္း ဒီအသီးကို အရင္ဆုံး ျမည္းစမ္းၾကည့္စမ္း”“ကြၽန္ေတာ္ ေသသြားရင္..”“ကံေပါ့ ေမာင္မင္း” “ေလ်ာ္ေၾကး မရဘူးလား”“ထုံးစံမရွိဘူး ေမာင္မင္း။ ဒါမ်ိဳး မေျပာနဲ႔၊ ဓာတ္လိုက္ ေသေတာင္ မရဘူး”ဘယ္လိုျဖစ္ျဖစ္ နိဗၺာန္မဂ္ဖိုကို ရက္တိုတိုႏွင့္ ေရာက္မည့္ အေရးေၾကာင့္ စားမည့္သူမွာ တုန္လႈပ္ေနရ ေလသည္။“ကဲ.. သုံးေဆာင္လို႔ ရၿပီ ေမာင္မင္း”သာမန္လူမွာ တုန္လႈပ္ေနရ ေလသည္။ ဘယ္လိုျဖစ္ျဖစ္ အေျခအေန မေကာင္းမွန္း သိသည္။ သို႔ ေသာ္ မ တတ္သာေသာ အေျခအေနမို႔ အသီးတစ္လုံးကို ျဖဳတ္စားလိုက္သည္။ “ဟာ…” ခံတြင္း၌ ခ်ိဳအီၿပီး အရသာ ရွိလွသည္မိ့ု ျပည္သားမွာ အံ့ အားသင့္ သြားသည္။ ဆက္စားခ်င္စိတ္ ျဖစ္ေသာ္လည္း မ်က္ႏွာကို ခ်က္ခ်င္းျပင္ၿပီး“ဟာ.. ခါးလိုက္တာ၊ ထြီ.. ထြီ”ဆိုၿပီး စားခ်င္စိတ္ကို ၿမိဳသိပ္ၿပီး ေထြးထုတ္လိုက္သည္။ ေဘးနားက ၾကည့္ေနေသာ ဝန္အဖြဲ႕က..“ဟဲ့.. ေမာင္မင္း၊ အရသာ ဘယ့္ႏွယ္တုံး”“ထြီ.. ခါးလိုက္တာ။ စားၾကည့္စမ္း၊ ေအာင္မေလး.. ကြၽန္ေတာ္၊ ကြၽန္ေတာ္ ေသေတာ့မလား မသိဘူး၊ ေအာင္မေလး..”ထိုစကားၾကားေတာ့ ဝန္ႀကီးမ်ားက“ေဟ့.. ေဟ့.. အဆိပ္ပင္ ေဟ့။ အနားမကပ္ၾကနဲ႔။ ေသတတ္တယ္၊ ေသတတ္တယ္။ ေဟ့.. အဲဒီ အပင္ကို အျမန္ခုတ္စမ္း၊ အျမန္ ႏုတ္လွဲလိုက္ၾကစမ္း”သိပ္မၾကာပါ။ ဘာကိုမွ ကိုယ္တိုင္ မစူးစမ္းဘဲ သူမ်ားခါးတယ္ဆိုတိုင္း လိုက္ခါးေသာ အေပါင္းအပါမ်ား လြန္စြာ အရသာရွိေသာ သစ္ ပင္ကို ခုတ္လွဲလိုက္ၾကသည္။ ထို႔အျပင္ ေနာက္တစ္ေန႔ သတင္းထုတ္ျပန္ရာတြင္..“ဤအပင္မွာ အဆိပ္ပင္ျဖစ္၍ ျပည္သူအေပါင္း ေဘးမခရေလေအာင္ အေသအခ်ာ စမ္းသပ္ၿပီး ခုတ္ထြင္လိုက္ၿပီ ျဖစ္ေၾကာင္း၊ ဤသည္ကား ဘုရင္ႏွင့္ ဝန္ႀကီးမ်ား၏ ေစတနာပင္ ျဖစ္ ေၾကာင္း..” ဘာကိုမွ တကယ္ ကိုယ္တိုင္ ကိုယ္က် စူးစမ္းေလ့လာျခင္း မရွိေသာ တိုင္းျပည္တြင္ ခ်ိဳေသာအပင္ မရွိႏိုင္ေခ်။