သတိယှဉ်သော ရဟန်းတော် (ဓမ္မပုံပြင်)

ဟိုးရှေးရှေးတုန်းက ရဟန်းတော်အပါးသုံးဆယ်ဟာ တောအုပ်တစ်ခုအတွင်း ဝါတွင်းသုံးလ တရားအားထုတ်ဖို့ သီတင်းသုံး ဝါဆိုကြသတဲ့။ တောက အလွန်နက်တော့ ကျားတွေကလည်း ပေါသတဲ့။ အဲဒီအထဲက ကျားဆိုးတစ်ကောင်ဟာ သစ်ပင်ရင်းမှာ တရားပွားများနေကြတဲ့ ရဟန်းတော်တွေကို တစ်ညလျှင် တစ်ပါး တစ်ပါး ဆွဲဆွဲ ယူသွားသတဲ့။ဒါပေမယ့် ကျားဆွဲခံရတဲ့အခါ ရဟန်းတော်တွေက သတိပဋ္ဌာန်တရား အားထုတ်နေတဲ့ ရဟန်းလည်းဖြစ်၊သူတော်ကောင်းစိတ် ရှိတဲ့သူတွေလည်းဖြစ်တော့ “ငါက ကျားဆွဲခံရတဲ့အကြောင်း သတင်းပေးလိုက်ရင် ငါ့ရဲ့ ညီတော်၊ နောင်တော်တွေ တရားအားထုတ်ရာမှာ အနှောက်အယှက်ဖြစ်မယ်၊ ဒီတော့ ငါသာ အသေခံမယ်၊ အသံမပြုဘူး၊ မအော်ဘူး” ဆိုပြီး ကျားဆွဲတာကိုပဲ ကြိတ်ပြီး ခံသွားကြသတဲ့။ဒီလိုနဲ့ ရက်အတန်ကြာတဲ့အခါ ရဟန်းတွေ လျော့နည်းနေတာ သိရတော့ စုံစမ်း စစ်ဆေးကြတဲ့အခါ၊ကျားရဲ့ ခြေရာလက်ရာနဲ့ သွေးစသွေးနတွေကို တွေ့ရပြီး၊ ရဟန်းတွေကို ကျားဆွဲ ခံနေရမှန်း သိကြတယ်။ ဒီတော့ အကြီးဆုံး ရဟန်းတော်က ရဟန်းတော်များကို စုဝေးစေပြီး“အရှင်ဘုရားတို့ ဒီတောထဲမှာ ကျားဆိုးတစ်ကောင် ရှိနေပြီ၊ အရှင်ဘုရားတို့ ညအခါ တရားအားထုတ်နေတုန်း ကျားဆွဲ ခံရရင်ဖြင့် ညီတော်နောင်တော်များကို အသိပေးပါ။ တပည့်တော်တို့မှာ တာဝန်ရှိပါတယ်” လို့ ကတိကဝတ် ထားကြသတဲ့။အဲဒီနေ့ ညပိုင်းရောက်တဲ့အခါ လာနေကြ ကျားကြီးက လာပြီး တောအုပ်အစွန်မှာ တရားရှုမှတ်နေတဲ့ ရဟန်းတော်ကို ဆွဲပါလေရော။ အဲဒီအခါ သတိပဋ္ဌာန်တရား ပွားများနေတဲ့ ရဟန်းတော်က ဣန္ဒြေပျက်စိတ် ချောက်ချားမှုမရှိဘဲ “သံဃာ့ အစည်းအဝေးမှာ ကတိပေးထားလေတော့ ငါ ကျားဆွဲခံရတာကို အသိမပေးလို့ရှိရင်ဖြင့် ညီတော်နောင်တော်များ စိတ်အနှောက်အယှက် ဖြစ်ကုန်လိမ့်မယ်၊ စိတ်ဆင်းရဲကြလိမ့်မယ်” လို့ နှလုံးသွင်းမိပြီး “အရှင်ဘုရားတို့၊ တပည့်တော်ကို ကျားဆွဲသွားပြီ ဘုရား” လို့ အသိပေးလိုက်တယ်။ ထိတ်ထိတ် လန့်လန့်နဲ့ ကြောက်ပြီးအော်တာ မဟုတ်ပါဘူး။ သတိ လက်မလွှတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အသံပေးလိုက်တာပဲ။“ကျားဆွဲ ခံရပြီ” ဆိုတဲ့ အသံ ကြားလိုက်ရတယ်ဆိုရင်ပဲ နေရာအသီးသီးက တရားရှုမှတ်နေတဲ့ အရှင်မြတ်တွေအားလုံး မီးတုတ်ကိုယ်စီနဲ့ ပြေးလာကြပါတယ်။ ပါးစပ်ကလည်း “ဟေ့…ကျားကြီး လွှတ်ပေးကွ၊ သူတော်ကောင်းကို မနှိပ်စက်ကောင်းဘူး” လို့ အော်ဟစ်ပြီး တုတ်များ၊ ခဲများနဲ့ ခြောက်လှန့် ပစ်ခတ်ကြသတဲ့ ။ဒါပေမယ့် ကျားကြီးက အကြောက်အလန့် မရှိဘဲ၊ ကြောင်က ကြွက်ကလေး ဆွဲသွားသလို ရဟန်းတော်များ ရှေ့မှောက်မှာပင် ရဟန်းတော်ကို ပါးစပ်ဖြင့် ကိုက်ချီပြီး ဆွဲပြေးပါတယ်။ ရဟန်းတော်များက နောက်ကလိုက်၊ ကျားက ရှေ့ကပြေးနဲ့ ရှေ့နားရောက်တော့ အလွန်နက်တဲ့ ချောက်ကမ်းပါးပြတ်ကြီးကို ရောက်လာသတဲ့။အဲဒီအခါ ကျားကြီးက ရဟန်းတော်ကို ကိုက်ချီလျက်နဲ့ ဒီဘက်ကမ်းပါးကနေ ဟိုဘက်ကမ်းပါးထိပ် ရောက်အောင် ခုန်ပြီး ကူးလိုက်တယ်။ နောက်က လိုက်လာတဲ့ ရဟန်းတော်တွေကတော့ ချောက်ထဲ ဆင်းပြီး လိုက်လို့ကလည်း မမီ၊ လှမ်းခုန်ကူးလို့ကလည်း မရဖြစ်နေတယ်။အဲဒီတော့ ရဟန်းတော်တွေက “အခြေအနေကတော့ ဘယ်လို့မျှ မတတ်နိုင်တော့ဘူး။ ဒီတော့ တို့တတ်နိုင်တဲ့ နည်းနဲ့ပဲ ကူညီရတော့မယ်” ဆိုပြီး ကျားပါးစပ်ထဲက ရဟန်းတော်အတွက် တရားလက်ဆောင် ပေး လိုက်ကြတယ်။ တရားလက်ဆောင် ပေးတယ်ဆိုတာ သတိပေးတာကို ပြောတာပါ။ သတိဟာ သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက် ဆောင်တစ်ခုပါပဲ။ ဟိုဘက်ကမ်းပါးထိပ် ရောက်သွားတဲ့ ကျားကြီးဟာ သူ့နောက်က ရဟန်းတော်တွေ ဆက်ပြီး မလိုက်နိုင်တော့တာ သိလို့၊ ပါးစပ်ထဲက ရဟန်းတော်ကို မြေကြီးပေါ် ချလိုက်ပါတယ်။ ရဟန်းတော်မှာလည်း ကျားခဲတဲ့ ဒဏ်ရာနဲ့ မျော့မျော့ပဲကျန်ပါတယ်။

အဲဒီအချိန်ကလေးမှာပဲ ဒီဘက်က လိုက်လာတဲ့ ရဟန်းတော်တွေက ဟိုဘက်ကမ်းပါးမှာ ရှိနေတဲ့ ကျားလက်ထဲ ရောက်နေတဲ့ ရဟန်းကို.. “အရှင် ဘုရား၊ အရှင်ဘုရား ယခုတွေ့နေတဲ့ ဆင်းရဲဒုက္ခအ၀၀ဟာ ကျားကြီးက နှိပ်စက်တာ မဟုတ်ပါဘူး၊ ခန္ဓာကြီးက နှိပ်စက်တာပါ။ တ ကယ်ဆိုရင် ခန္ဓာ ကိုယ်ကြီးကြောင့် ဒုက္ခရောက်နေတာပါ။ ဒါကြောင့် တရားလက်မလွတ်ပါစေနဲ့၊ ကျားကိုလည်း စိတ်မဆိုးမိပါစေနဲ့၊ မိမိခန္ဓာကိုယ်မှာ ရှုမှတ်မြဲ တရားအလုပ်ကိုသာ ဆက်လုပ်တော်မူပါ။ မိမိ အားထုတ်နေဆဲ တရားရဲ့ စွမ်းရည်ဆိုတာ အခုလို ပြင်းထန်တဲ့ လော ကဓံနဲ့ တွေ့ရတဲ့အခါ အစွမ်းပြစမြဲပါ။ အရှင်ဘုရားအတွက် တရားစွမ်းရည် စမ်းသပ်ဖို့ အခွင့်ကောင်းကြီးပါ၊ ဒါကြောင့် ခန္ဓာက နှိပ်စက်နေတဲ့ သဘောတွေကို မြင်အောင် ကြည့်ပြီးတော့ အပ္ပမာဒသတိကိုသာ စိတ်အစဉ်မှာ ယှဉ်ပြီးတော့ရှုမှတ်ပါ။ မြတ်စွာဘုရားရှင်ကလည်း အပ္ပမာဒေန သမ္ပာဒေထလို့ ဟောခဲ့တယ် မဟုတ်လား ငါ့ရှင်” လို့ တရားလက်ဆောင် ပေးခြင်းဆိုတဲ့ မိမိတို့ တတ်နိုင်တဲ့ အကူအညီ ပေးပြီး ပြန်လှည့်သွားကြပါသတဲ့။ဟိုဘက်ကမ်းပါးထိပ်က ကျားဆွဲခံရတဲ့ ရဟန်းကလည်း တရားနှလုံးသွင်း မပျက်ဘူးတဲ့၊ ကျားကြီးကလည်း သူ့နောက်က လိုက်လာတဲ့ ရဟန်းတော်တွေ လက်လျှော့ပြီး ပြန်သွားတဲ့အခါ မြေကြီးပေါ် ခဏချထားတဲ့ ရဟန်းတော်ကို စပြီး စားပါလေရော။ သား ကောင်ကို စားတဲ့နေရာမှာ ကျားနဲ့ ကြောင် မတူပါဘူး၊ ကြောင်များက ခေါင်းဘက်က စပြီးတော့ စားပေမယ့် ကျားကတော့ ခြေ ထောက် က စပြီးတော့ စားတယ်လို့ ဆိုတယ်။ဒါကြောင့် သူ့လက်ထဲရောက်နေတဲ့ ရဟန်းတော်ကို အေးအေး ဆေးဆေး ခြေထောက်ကစပြီး စားတော့တာပါပဲ၊ အဲဒီအခါ ရဟန်းတော်ကလည်း “ငါ့ခြေထောက်ကို ကျားကြီး စားနေတယ်” လို့ မသုံးသပ်ဘဲ ခန္ဓာကိုယ်ရဲ့ နှိပ်စက်မှုပဲလို့ ခန္ဓာဘက်ကို စိတ်ဦးလှည့်ပြီးတော့ အရှင်လတ်လတ် ကျားစားခံရလို့ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို သတိနဲ့စိုက်ပြီး ရှုမှတ်နေပါသတဲ့။သတိဆိုတာ အတိတ်နဲ့ အနာဂတ်တို့ရဲ့ ဖြားယောင်းမှုက လွတ်ပြီး ပစ္စုပ္ပန်တည့်တည့်မှာပဲ ရှိနေတာမို့ ဝေဒနာကို သည်းခံ ရှုမှတ်နေရင်း ဝိပဿနာဉာဏ်အစွမ်းကြောင့် အနိစ္စ-ဒုက္ခ-အနတ္တ လက္ခာရေးသုံးပါး ပြတ်ပြတ်သားသား ထင်မြင်လာပြီး၊ ကျားကြီးက ခြေဖျားကစပြီး စားလိုက်တာ ခြေမျက်စိလည်း ကုန်ရော၊ ကျားစားခံရတဲ့ ရဟန်းတော်က သောတာပန် ဖြစ်သွားတယ်။နောက် ကျားကြီး ဆက်စားလို့ ဒူးဆစ်လောက်လည်း ကုန်သွားရော ရဟန်းတော်က သကဒါဂါမ်ဖြစ်၊ နောက် ကျားကြီးက ဆက်စားလို့ ချက်လောက်လည်း ကုန်သွားရော ရဟန်းတော်က အနာဂါမ်ဖြစ်လို့။ကျားကြီးက ရဟန်းတော်ကို စားတယ်၊ ရဟန်းတော်က ကိလေသာကို စားတယ်။“ဟယ်-ကျားကြီး၊ မင်းကပဲ ငါ့ကို ကုန်အောင် စားနိုင်မလား၊ ငါကပဲ ကိလေသာကို ကုန်အောင် စားနိုင်မလား၊ အစား ပြိုင်ကြတာပေါ့ကွာ”လို့ မပြောသော်လည်း ပြောသကဲ့သို့ အပြိုင်အဆိုင် အားထုတ်လိုက်တာ ကျားကြီးက စားလိုက်တာ နှလုံးသားနားကိုလည်း ရောက်ရော ရဟန်းတော်ကလည်း ကိလေသာအား လုံး ကုန်ခန်းပြီး ရဟန္တာဖြစ်တော်မူပါတယ်။ ကျားကြီးက နှလုံးသားကိုလည်း စားလိုက်ရော ရဟန်းတော်သည် ပရိနိဗ္ဗာန် စံသွားတော်မူပါတယ်။တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက ယော ဆရာတော်ကြီး= ဤဓမ္မပုံပြင်ဖြင့် (ယော) ဆရာတော်က—“အဆိုးလောကဓံတွေဆိုတာ စိတ်ကို နီရဲလုနီးပါး ပူလာအောင် မီးဖုတ်ပေးလိုက်တဲ့ သဘောပဲ။အဲဒီလို အခါမျိုးမှာ လောကဓံဆင်းရဲ အပူမီးထဲက မိမိစိတ်ကလေးကို အပ္ပမာဒသတိ=ညှပ်နဲ့ ဆွဲယူလိုက်ဖို့ လိုပါတယ်။ပြီးရင် သဒ္ဓါတရား=ရေအေးနဲ့ လောင်းပေး၊ ယောနိသောမနသိကာရ=တူနဲ့ ထုပေးပြီး ဘာဝနာပုံစံ ပေါ်လာအောင် အသိဉာဏ်ကလေးနဲ့ ဦးစီးမှု ပေးလိုက်ရင် ကျားပါးစပ်ထဲ ရောက်နေတဲ့ ရဟန်းတော်မှ ဘာဝနာအင်အားတွေ ပေါ်လာပြီး ရဟန္တာ ဖြစ်ရသေးတယ်၊ ကျားစားခံရတဲ့ ဝေဒနာဆိုးကြီးကိုတောင်မှ သတိနဲ့ တော်လှန်နိုင်သေးတယ်ဆိုရင် ဒီ့ပြင် လောကဓံတွေနဲ့ တွေ့တဲ့အခါ သတိရဲ့စွမ်းအားဟာ ဘယ်လောက် အားကိုးနိုင်တယ်ဆိုတာသတိပြုမိဖို့နဲ့—လောကကြီးအနေနဲ့ ကြည့်ရင် ကျားကိုက်ခံရတာဟာ ပြဿဒါးပေါ့၊ ဂြိုလ်ဆိုး ဝင်တာပေါ့၊ ဒါပေမယ့် သတိတရား လက်ကိုင်ထားလိုက်တာနဲ့ ကျားကိုက်ခံရပေမယ့် ရဟန္တာအထိ ဖြစ်ရတယ်ဆိုတော့ ရက်ရာဇာပေါ့၊ ကံကောင်းတာပေါ့။ဒါကြောင့် သတိဟာ အဆိုးထဲမှ အကောင်း ဖြစ်လာအောင်၊ အရှုံးထဲမှ အမြတ်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့ အံ့သြဖွယ်တရား၊ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အချိန်မရွေး နေရာမရွေး ရစေနိုင်တဲ့ တရားတစ်ခု ဖြစ်တယ်ဆိုတာကို သတိပြုမိဖို့ လိုအပ်ကြောင်း ပြောပြလိုရင်းဖြစ်ပါတယ်။ စာရှုသူများလည်း သတိမမေ့မလျှော့ပဲ ချမ်းသာခြင်းအစစ်ကိုတွေ့နိုင်သူ များ ဖြစ်ကြပါစေ။(တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိကယောဆရာတော်)

Credit – Argyi – တော်ဝင်နွယ် (ဓမ္မပုံပြင်များ)

[zawgyi]

ဟိုးေရွးေရွးတုန္းက ရဟန္းေတာ္အပါးသုံးဆယ္ဟာ ေတာအုပ္တစ္ခုအတြင္း ဝါတြင္းသုံးလ တရားအားထုတ္ဖို႔ သီတင္းသုံး ဝါဆိုၾကသတဲ့။ ေတာက အလြန္နက္ေတာ့ က်ားေတြကလည္း ေပါသတဲ့။ အဲဒီအထဲက က်ားဆိုးတစ္ေကာင္ဟာ သစ္ပင္ရင္းမွာ တရားပြားမ်ားေနၾကတဲ့ ရဟန္းေတာ္ေတြကို တစ္ညလွ်င္ တစ္ပါး တစ္ပါး ဆြဲဆြဲ ယူသြားသတဲ့။ဒါေပမယ့္ က်ားဆြဲခံရတဲ့အခါ ရဟန္းေတာ္ေတြက သတိပ႒ာန္တရား အားထုတ္ေနတဲ့ ရဟန္းလည္းျဖစ္၊သူေတာ္ေကာင္းစိတ္ ရွိတဲ့သူေတြလည္းျဖစ္ေတာ့ “ငါက က်ားဆြဲခံရတဲ့အေၾကာင္း သတင္းေပးလိုက္ရင္ ငါ့ရဲ႕ ညီေတာ္၊ ေနာင္ေတာ္ေတြ တရားအားထုတ္ရာမွာ အေႏွာက္အယွက္ျဖစ္မယ္၊ ဒီေတာ့ ငါသာ အေသခံမယ္၊ အသံမျပဳဘူး၊ မေအာ္ဘူး” ဆိုၿပီး က်ားဆြဲတာကိုပဲ ႀကိတ္ၿပီး ခံသြားၾကသတဲ့။ဒီလိုနဲ႔ ရက္အတန္ၾကာတဲ့အခါ ရဟန္းေတြ ေလ်ာ့နည္းေနတာ သိရေတာ့ စုံစမ္း စစ္ေဆးၾကတဲ့အခါ၊က်ားရဲ႕ ေျခရာလက္ရာနဲ႔ ေသြးစေသြးနေတြကို ေတြ႕ရၿပီး၊ ရဟန္းေတြကို က်ားဆြဲ ခံေနရမွန္း သိၾကတယ္။ ဒီေတာ့ အႀကီးဆုံး ရဟန္းေတာ္က ရဟန္းေတာ္မ်ားကို စုေဝးေစၿပီး“အရွင္ဘုရားတို႔ ဒီေတာထဲမွာ က်ားဆိုးတစ္ေကာင္ ရွိေနၿပီ၊ အရွင္ဘုရားတို႔ ညအခါ တရားအားထုတ္ေနတုန္း က်ားဆြဲ ခံရရင္ျဖင့္ ညီေတာ္ေနာင္ေတာ္မ်ားကို အသိေပးပါ။ တပည့္ေတာ္တို႔မွာ တာဝန္ရွိပါတယ္” လို႔ ကတိကဝတ္ ထားၾကသတဲ့။အဲဒီေန႔ ညပိုင္းေရာက္တဲ့အခါ လာေနၾက က်ားႀကီးက လာၿပီး ေတာအုပ္အစြန္မွာ တရားရႈမွတ္ေနတဲ့ ရဟန္းေတာ္ကို ဆြဲပါေလေရာ။ အဲဒီအခါ သတိပ႒ာန္တရား ပြားမ်ားေနတဲ့ ရဟန္းေတာ္က ဣေျႏၵပ်က္စိတ္ ေခ်ာက္ခ်ားမႈမရွိဘဲ “သံဃာ့ အစည္းအေဝးမွာ ကတိေပးထားေလေတာ့ ငါ က်ားဆြဲခံရတာကို အသိမေပးလို႔ရွိရင္ျဖင့္ ညီေတာ္ေနာင္ေတာ္မ်ား စိတ္အေႏွာက္အယွက္ ျဖစ္ကုန္လိမ့္မယ္၊ စိတ္ဆင္းရဲၾကလိမ့္မယ္” လို႔ ႏွလုံးသြင္းမိၿပီး “အရွင္ဘုရားတို႔၊ တပည့္ေတာ္ကို က်ားဆြဲသြားၿပီ ဘုရား” လို႔ အသိေပးလိုက္တယ္။ ထိတ္ထိတ္ လန႔္လန႔္နဲ႔ ေၾကာက္ၿပီးေအာ္တာ မဟုတ္ပါဘူး။ သတိ လက္မလႊတ္ဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ အသံေပးလိုက္တာပဲ။“က်ားဆြဲ ခံရၿပီ” ဆိုတဲ့ အသံ ၾကားလိုက္ရတယ္ဆိုရင္ပဲ ေနရာအသီးသီးက တရားရႈမွတ္ေနတဲ့ အရွင္ျမတ္ေတြအားလုံး မီးတုတ္ကိုယ္စီနဲ႔ ေျပးလာၾကပါတယ္။ ပါးစပ္ကလည္း “ေဟ့…က်ားႀကီး လႊတ္ေပးကြ၊ သူေတာ္ေကာင္းကို မႏွိပ္စက္ေကာင္းဘူး” လို႔ ေအာ္ဟစ္ၿပီး တုတ္မ်ား၊ ခဲမ်ားနဲ႔ ေျခာက္လွန႔္ ပစ္ခတ္ၾကသတဲ့ ။ဒါေပမယ့္ က်ားႀကီးက အေၾကာက္အလန႔္ မရွိဘဲ၊ ေၾကာင္က ႂကြက္ကေလး ဆြဲသြားသလို ရဟန္းေတာ္မ်ား ေရွ႕ေမွာက္မွာပင္ ရဟန္းေတာ္ကို ပါးစပ္ျဖင့္ ကိုက္ခ်ီၿပီး ဆြဲေျပးပါတယ္။ ရဟန္းေတာ္မ်ားက ေနာက္ကလိုက္၊ က်ားက ေရွ႕ကေျပးနဲ႔ ေရွ႕နားေရာက္ေတာ့ အလြန္နက္တဲ့ ေခ်ာက္ကမ္းပါးျပတ္ႀကီးကို ေရာက္လာသတဲ့။အဲဒီအခါ က်ားႀကီးက ရဟန္းေတာ္ကို ကိုက္ခ်ီလ်က္နဲ႔ ဒီဘက္ကမ္းပါးကေန ဟိုဘက္ကမ္းပါးထိပ္ ေရာက္ေအာင္ ခုန္ၿပီး ကူးလိုက္တယ္။ ေနာက္က လိုက္လာတဲ့ ရဟန္းေတာ္ေတြကေတာ့ ေခ်ာက္ထဲ ဆင္းၿပီး လိုက္လို႔ကလည္း မမီ၊ လွမ္းခုန္ကူးလို႔ကလည္း မရျဖစ္ေနတယ္။အဲဒီေတာ့ ရဟန္းေတာ္ေတြက “အေျခအေနကေတာ့ ဘယ္လို႔မွ် မတတ္ႏိုင္ေတာ့ဘူး။ ဒီေတာ့ တို႔တတ္ႏိုင္တဲ့ နည္းနဲ႔ပဲ ကူညီရေတာ့မယ္” ဆိုၿပီး က်ားပါးစပ္ထဲက ရဟန္းေတာ္အတြက္ တရားလက္ေဆာင္ ေပး လိုက္ၾကတယ္။ တရားလက္ေဆာင္ ေပးတယ္ဆိုတာ သတိေပးတာကို ေျပာတာပါ။ သတိဟာ သာသနာေတာ္ရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ လက္ ေဆာင္တစ္ခုပါပဲ။ ဟိုဘက္ကမ္းပါးထိပ္ ေရာက္သြားတဲ့ က်ားႀကီးဟာ သူ႔ေနာက္က ရဟန္းေတာ္ေတြ ဆက္ၿပီး မလိုက္ႏိုင္ေတာ့တာ သိလို႔၊ ပါးစပ္ထဲက ရဟန္းေတာ္ကို ေျမႀကီးေပၚ ခ်လိုက္ပါတယ္။ ရဟန္းေတာ္မွာလည္း က်ားခဲတဲ့ ဒဏ္ရာနဲ႔ ေမ်ာ့ေမ်ာ့ပဲက်န္ပါတယ္။အဲဒီအခ်ိန္ကေလးမွာပဲ ဒီဘက္က လိုက္လာတဲ့ ရဟန္းေတာ္ေတြက ဟိုဘက္ကမ္းပါးမွာ ရွိေနတဲ့ က်ားလက္ထဲ ေရာက္ေနတဲ့ ရဟန္းကို.. “အရွင္ ဘုရား၊ အရွင္ဘုရား ယခုေတြ႕ေနတဲ့ ဆင္းရဲဒုကၡအ၀၀ဟာ က်ားႀကီးက ႏွိပ္စက္တာ မဟုတ္ပါဘူး၊ ခႏၶာႀကီးက ႏွိပ္စက္တာပါ။ တ ကယ္ဆိုရင္ ခႏၶာ ကိုယ္ႀကီးေၾကာင့္ ဒုကၡေရာက္ေနတာပါ။ ဒါေၾကာင့္ တရားလက္မလြတ္ပါေစနဲ႔၊ က်ားကိုလည္း စိတ္မဆိုးမိပါေစနဲ႔၊ မိမိခႏၶာကိုယ္မွာ ရႈမွတ္ၿမဲ တရားအလုပ္ကိုသာ ဆက္လုပ္ေတာ္မူပါ။ မိမိ အားထုတ္ေနဆဲ တရားရဲ႕ စြမ္းရည္ဆိုတာ အခုလို ျပင္းထန္တဲ့ ေလာ ကဓံနဲ႔ ေတြ႕ရတဲ့အခါ အစြမ္းျပစၿမဲပါ။ အရွင္ဘုရားအတြက္ တရားစြမ္းရည္ စမ္းသပ္ဖို႔ အခြင့္ေကာင္းႀကီးပါ၊ ဒါေၾကာင့္ ခႏၶာက ႏွိပ္စက္ေနတဲ့ သေဘာေတြကို ျမင္ေအာင္ ၾကည့္ၿပီးေတာ့ အပၸမာဒသတိကိုသာ စိတ္အစဥ္မွာ ယွဥ္ၿပီးေတာ့ရႈမွတ္ပါ။ ျမတ္စြာဘုရားရွင္ကလည္း အပၸမာေဒန သမၸာေဒထလို႔ ေဟာခဲ့တယ္ မဟုတ္လား ငါ့ရွင္” လို႔ တရားလက္ေဆာင္ ေပးျခင္းဆိုတဲ့ မိမိတို႔ တတ္ႏိုင္တဲ့ အကူအညီ ေပးၿပီး ျပန္လွည့္သြားၾကပါသတဲ့။ဟိုဘက္ကမ္းပါးထိပ္က က်ားဆြဲခံရတဲ့ ရဟန္းကလည္း တရားႏွလုံးသြင္း မပ်က္ဘူးတဲ့၊ က်ားႀကီးကလည္း သူ႔ေနာက္က လိုက္လာတဲ့ ရဟန္းေတာ္ေတြ လက္ေလွ်ာ့ၿပီး ျပန္သြားတဲ့အခါ ေျမႀကီးေပၚ ခဏခ်ထားတဲ့ ရဟန္းေတာ္ကို စၿပီး စားပါေလေရာ။ သား ေကာင္ကို စားတဲ့ေနရာမွာ က်ားနဲ႔ ေၾကာင္ မတူပါဘူး၊ ေၾကာင္မ်ားက ေခါင္းဘက္က စၿပီးေတာ့ စားေပမယ့္ က်ားကေတာ့ ေျခ ေထာက္ က စၿပီးေတာ့ စားတယ္လို႔ ဆိုတယ္။ဒါေၾကာင့္ သူ႔လက္ထဲေရာက္ေနတဲ့ ရဟန္းေတာ္ကို ေအးေအး ေဆးေဆး ေျခေထာက္ကစၿပီး စားေတာ့တာပါပဲ၊ အဲဒီအခါ ရဟန္းေတာ္ကလည္း “ငါ့ေျခေထာက္ကို က်ားႀကီး စားေနတယ္” လို႔ မသုံးသပ္ဘဲ ခႏၶာကိုယ္ရဲ႕ ႏွိပ္စက္မႈပဲလို႔ ခႏၶာဘက္ကို စိတ္ဦးလွည့္ၿပီးေတာ့ အရွင္လတ္လတ္ က်ားစားခံရလို႔ ျဖစ္ေပၚလာတဲ့ ေဝဒနာကို သတိနဲ႔စိုက္ၿပီး ရႈမွတ္ေနပါသတဲ့။သတိဆိုတာ အတိတ္နဲ႔ အနာဂတ္တို႔ရဲ႕ ျဖားေယာင္းမႈက လြတ္ၿပီး ပစၥဳပၸန္တည့္တည့္မွာပဲ ရွိေနတာမို႔ ေဝဒနာကို သည္းခံ ရႈမွတ္ေနရင္း ဝိပႆနာဉာဏ္အစြမ္းေၾကာင့္ အနိစၥ-ဒုကၡ-အနတၱ လကၡာေရးသုံးပါး ျပတ္ျပတ္သားသား ထင္ျမင္လာၿပီး၊ က်ားႀကီးက ေျခဖ်ားကစၿပီး စားလိုက္တာ ေျခမ်က္စိလည္း ကုန္ေရာ၊ က်ားစားခံရတဲ့ ရဟန္းေတာ္က ေသာတာပန္ ျဖစ္သြားတယ္။ေနာက္ က်ားႀကီး ဆက္စားလို႔ ဒူးဆစ္ေလာက္လည္း ကုန္သြားေရာ ရဟန္းေတာ္က သကဒါဂါမ္ျဖစ္၊ ေနာက္ က်ားႀကီးက ဆက္စားလို႔ ခ်က္ေလာက္လည္း ကုန္သြားေရာ ရဟန္းေတာ္က အနာဂါမ္ျဖစ္လို႔။က်ားႀကီးက ရဟန္းေတာ္ကို စားတယ္၊ ရဟန္းေတာ္က ကိေလသာကို စားတယ္။“ဟယ္-က်ားႀကီး၊ မင္းကပဲ ငါ့ကို ကုန္ေအာင္ စားႏိုင္မလား၊ ငါကပဲ ကိေလသာကို ကုန္ေအာင္ စားႏိုင္မလား၊ အစား ၿပိဳင္ၾကတာေပါ့ကြာ”လို႔ မေျပာေသာ္လည္း ေျပာသကဲ့သို႔ အၿပိဳင္အဆိုင္ အားထုတ္လိုက္တာ က်ားႀကီးက စားလိုက္တာ ႏွလုံးသားနားကိုလည္း ေရာက္ေရာ ရဟန္းေတာ္ကလည္း ကိေလသာအား လုံး ကုန္ခန္းၿပီး ရဟႏၲာျဖစ္ေတာ္မူပါတယ္။ က်ားႀကီးက ႏွလုံးသားကိုလည္း စားလိုက္ေရာ ရဟန္းေတာ္သည္ ပရိနိဗၺာန္ စံသြားေတာ္မူပါတယ္။တိပိဋကဓရ၊ ဓမၼဘ႑ဂါရိက ေယာ ဆရာေတာ္ႀကီး= ဤဓမၼပုံျပင္ျဖင့္ (ေယာ) ဆရာေတာ္က—“အဆိုးေလာကဓံေတြဆိုတာ စိတ္ကို နီရဲလုနီးပါး ပူလာေအာင္ မီးဖုတ္ေပးလိုက္တဲ့ သေဘာပဲ။အဲဒီလို အခါမ်ိဳးမွာ ေလာကဓံဆင္းရဲ အပူမီးထဲက မိမိစိတ္ကေလးကို အပၸမာဒသတိ=ညႇပ္နဲ႔ ဆြဲယူလိုက္ဖို႔ လိုပါတယ္။ၿပီးရင္ သဒၶါတရား=ေရေအးနဲ႔ ေလာင္းေပး၊ ေယာနိေသာမနသိကာရ=တူနဲ႔ ထုေပးၿပီး ဘာဝနာပုံစံ ေပၚလာေအာင္ အသိဉာဏ္ကေလးနဲ႔ ဦးစီးမႈ ေပးလိုက္ရင္ က်ားပါးစပ္ထဲ ေရာက္ေနတဲ့ ရဟန္းေတာ္မွ ဘာဝနာအင္အားေတြ ေပၚလာၿပီး ရဟႏၲာ ျဖစ္ရေသးတယ္၊ က်ားစားခံရတဲ့ ေဝဒနာဆိုးႀကီးကိုေတာင္မွ သတိနဲ႔ ေတာ္လွန္ႏိုင္ေသးတယ္ဆိုရင္ ဒီ့ျပင္ ေလာကဓံေတြနဲ႔ ေတြ႕တဲ့အခါ သတိရဲ႕စြမ္းအားဟာ ဘယ္ေလာက္ အားကိုးႏိုင္တယ္ဆိုတာသတိျပဳမိဖို႔နဲ႔—ေလာကႀကီးအေနနဲ႔ ၾကည့္ရင္ က်ားကိုက္ခံရတာဟာ ျပႆဒါးေပါ့၊ ၿဂိဳလ္ဆိုး ဝင္တာေပါ့၊ ဒါေပမယ့္ သတိတရား လက္ကိုင္ထားလိုက္တာနဲ႔ က်ားကိုက္ခံရေပမယ့္ ရဟႏၲာအထိ ျဖစ္ရတယ္ဆိုေတာ့ ရက္ရာဇာေပါ့၊ ကံေကာင္းတာေပါ့။ဒါေၾကာင့္ သတိဟာ အဆိုးထဲမွ အေကာင္း ျဖစ္လာေအာင္၊ အရႈံးထဲမွ အျမတ္ေပၚလာေအာင္ လုပ္ေပးႏိုင္တဲ့ အံ့ၾသဖြယ္တရား၊ လူ၊ နတ္၊ နိဗၺာန္ သုံးတန္ေသာ ခ်မ္းသာကို အခ်ိန္မေ႐ြး ေနရာမေ႐ြး ရေစႏိုင္တဲ့ တရားတစ္ခု ျဖစ္တယ္ဆိုတာကို သတိျပဳမိဖို႔ လိုအပ္ေၾကာင္း ေျပာျပလိုရင္းျဖစ္ပါတယ္။ စာရႈသူမ်ားလည္း သတိမေမ့မေလွ်ာ့ပဲ ခ်မ္းသာျခင္းအစစ္ကိုေတြ႕ႏိုင္သူ မ်ား ျဖစ္ၾကပါေစ။(တိပိဋကဓရ ဓမၼဘ႑ဂါရိကေယာဆရာေတာ္)