သမင်မကြီးရဲ့ ဆုံးဖြတ်ချက်

သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ မွေးခါနီးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာထိုင်ချလိုက်တယ်။ကလေးမွေးတော့အံ့ဆဲဆဲ အချိန်မှာမိုးသည်းထန်စွာရွာချတယ်။ မိုးနဲ့အတူ မုန်တိုင်းပါ ပါလာတဲ့အတွက် ကောင်းကင် တစ်ခွင်ဟာ ကြောက်စရာကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေလက်နေတယ်။မုန်တိုင်းကြောင့် မြစ်ရေပြင်ဟာလည်း တဝုန်းဝုန်းနဲ့ကြမ်းသထက် ကြမ်းလာတယ်။အဲ့ဒီအချိန်မှာပဲ ယာတောထဲကို မိုးကြိုးပစ်ချ လိုက်တဲ့အခါ ယာတောခင်းကြီး ဟာလည်း မီးထလောင်တယ်။သမင်မကြီးရဲ့အနောက်မှာတော့ မုဆိုးတစ်ယောက်ဟာ မြှားနဲ့ ပစ်ဖို့ ချိန်ထားလိုက်ပြီ။ အရှေ့မှာလည်း ကျားတစ်ကောင်ဟာ သမင်မကြီးကို ခုန်အုပ်ဖို့ပြင်နေပြီ။ကဲ.. သမင်မကြီး ဘာလုပ်မယ် ထင်သလဲ။အရှေ့မှာကျား၊ အနောက်မှာ မုဆိုး၊ တောင်မှာ မီး၊မြောက်မှာ ရေ၊ မိုးပေါ်မော့ကြည့်ရင် လျှပ်စီးတွေနဲ့အောက်မှာ မြေပြင်။သမင်မကြီးဟာ လွတ်လမ်းလုံးဝမရှိတော့တဲ့အခါဘာလုပ်မယ် ထင်ကြလဲ။

သမင်မကြီးဟာ စိတ်ကိုအငြိမ်ဆုံး ထားပြီးတော့သူမွေးရမယ့်ရင်သွေးကိုပဲ မဖြစ်ဖြစ်အောင်မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီအချိန်မှာ ကျယ်လောင်စွာ မိုးချိန်းလိုက်တာ မုဆိုးဟာ ဟန်ပျက်သွားခဲ့တယ်။ဟန်ချက်ပျက်တော့ ပစ်လွှတ်လိုက်တဲ့ မြှားဟာအလိုက်သင့်လေး ခုန်အုပ်နေတဲ့ ကျားကို ပစ်မိ သွားတယ်။ဒါပေမယ့် ချက်ကောင်းကို မထိ။အဲ့ဒီမှာ ကျားဟာ အထိနာသွားတဲ့ အခါမှာတော့မြှားရှင်မုဆိုးဘက်ကို ဦးတည် ပြေးလွှားပြီး ခုန်အုပ်လိုက်တယ်။မုဆိုးနဲ့ကျားဟာ လုံးရင်းထွေးရင်းနဲ့ မြစ်ထဲကျ သေသွားပြီးယာတောမီးဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ်။ နောက်ဆုံး မိုးစဲသွားတဲ့အခါမှာ မြစ်ရေဟာ ပြန်လည်ငြိမ်သက်လာတယ်။ သမင်မကြီးဟာ ရင်သွေးလေးကိုအောင်မြင်စွာ မွေးလိုက်နိုင်ခဲ့တယ်။ပြောချင်တာက – ဘဝမှာ ထွက်ပေါက် မရှိလောက်အောင်အခက်အခဲတွေ ပိတ်ပင်နေတဲ့အခါ ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တစ်ခုကိုသာ အကောင်းဆုံး လုပ်မြဲဆက်လုပ်နေသင့်ပါတယ်။

Credit – မူရင်း

[zawgyi]

သမင္မႀကီးဟာ ကိုယ္ဝန္အရင့္အမာနဲ႔ ေမြးခါနီးဖြားခါနီး ယာေတာစပ္က ျမစ္ကမ္းေဘးမွာထိုင္ခ်လိုက္တယ္။ကေလးေမြးေတာ့အံ့ဆဲဆဲ အခ်ိန္မွာမိုးသည္းထန္စြာ႐ြာခ်တယ္။ မိုးနဲ႔အတူ မုန္တိုင္းပါ ပါလာတဲ့အတြက္ ေကာင္းကင္ တစ္ခြင္ဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ မဲေမွာင္ၿပီး လွ်ပ္စီးေတြလက္ေနတယ္။မုန္တိုင္းေၾကာင့္ ျမစ္ေရျပင္ဟာလည္း တဝုန္းဝုန္းနဲ႔ၾကမ္းသထက္ ၾကမ္းလာတယ္။အဲ့ဒီအခ်ိန္မွာပဲ ယာေတာထဲကို မိုးႀကိဳးပစ္ခ် လိုက္တဲ့အခါ ယာေတာခင္းႀကီး ဟာလည္း မီးထေလာင္တယ္။သမင္မႀကီးရဲ႕အေနာက္မွာေတာ့ မုဆိုးတစ္ေယာက္ဟာ ျမႇားနဲ႔ ပစ္ဖို႔ ခ်ိန္ထားလိုက္ၿပီ။ အေရွ႕မွာလည္း က်ားတစ္ေကာင္ဟာ သမင္မႀကီးကို ခုန္အုပ္ဖို႔ျပင္ေနၿပီ။ကဲ.. သမင္မႀကီး ဘာလုပ္မယ္ ထင္သလဲ။အေရွ႕မွာက်ား၊ အေနာက္မွာ မုဆိုး၊ ေတာင္မွာ မီး၊ေျမာက္မွာ ေရ၊ မိုးေပၚေမာ့ၾကည့္ရင္ လွ်ပ္စီးေတြနဲ႔ေအာက္မွာ ေျမျပင္။သမင္မႀကီးဟာ လြတ္လမ္းလုံးဝမရွိေတာ့တဲ့အခါဘာလုပ္မယ္ ထင္ၾကလဲ။သမင္မႀကီးဟာ စိတ္ကိုအၿငိမ္ဆုံး ထားၿပီးေတာ့သူေမြးရမယ့္ရင္ေသြးကိုပဲ မျဖစ္ျဖစ္ေအာင္ေမြးဖို႔ဆုံးျဖတ္လိုက္ပါတယ္။အဲဒီအခ်ိန္မွာ က်ယ္ေလာင္စြာ မိုးခ်ိန္းလိုက္တာ မုဆိုးဟာ ဟန္ပ်က္သြားခဲ့တယ္။ဟန္ခ်က္ပ်က္ေတာ့ ပစ္လႊတ္လိုက္တဲ့ ျမႇားဟာအလိုက္သင့္ေလး ခုန္အုပ္ေနတဲ့ က်ားကို ပစ္မိ သြားတယ္။ဒါေပမယ့္ ခ်က္ေကာင္းကို မထိ။အဲ့ဒီမွာ က်ားဟာ အထိနာသြားတဲ့ အခါမွာေတာ့ျမႇားရွင္မုဆိုးဘက္ကို ဦးတည္ ေျပးလႊားၿပီး ခုန္အုပ္လိုက္တယ္။မုဆိုးနဲ႔က်ားဟာ လုံးရင္းေထြးရင္းနဲ႔ ျမစ္ထဲက် ေသသြားၿပီးယာေတာမီးဟာလည္း မိုးေရေၾကာင့္ ၿငိမ္းသြားတယ္။ ေနာက္ဆုံး မိုးစဲသြားတဲ့အခါမွာ ျမစ္ေရဟာ ျပန္လည္ၿငိမ္သက္လာတယ္။ သမင္မႀကီးဟာ ရင္ေသြးေလးကိုေအာင္ျမင္စြာ ေမြးလိုက္ႏိုင္ခဲ့တယ္။ေျပာခ်င္တာက – ဘဝမွာ ထြက္ေပါက္ မရွိေလာက္ေအာင္အခက္အခဲေတြ ပိတ္ပင္ေနတဲ့အခါ ကိုယ္လုပ္ပိုင္ခြင့္ရွိတဲ့ အလုပ္တစ္ခုကိုသာ အေကာင္းဆုံး လုပ္ၿမဲဆက္လုပ္ေနသင့္ပါတယ္။