သားသမီးတိုင်း မိဘကိုချစ်ရင် မရှက်ပါနဲ့ (အချိန် ၂ မိနစ်လောက်ပေးပြီး ဖတ်ကြည့်ပေးပါ)

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ်” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်။” ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )ဒါပေမယ့် … ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။ တစ်န့တော့ …” ဖေဖေ … သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့” ဖြေတော့ တချို့သူတွေက သမီးကိုလှောင်ရယ်ကြတယ် ” သမီး … သိပ်ရှက်တယ် … ဖေဖေ … သမီးရှက်တယ်။”သမီးလဲ … သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေလိုချင်တာပေါ့ ”အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး” ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့ ဘဝပေးအခြေအနေက ဖေဖေကိုပညာတတ်ဖြစ်ဖို့မပေးခဲ့ဘူးလေ ”” ဖေဖေတို့မောင်နှမနှစ်ယောက်ဟာ ပညာတတ်သိပ်ဖြစ်ချင်ခဲ့တာ ”” အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာအငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင်စားခဲ့ရတာ ”” ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး ”” ဖေဖေတို့မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”

” ဟင်းသီးဟင်းရွက်ရောင်းလို့ … ရတဲ့ပိုက်ဆံကို … စု သူများဆီကတဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီးဖေဖေတို့မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ ”” ဖေဖေတို့ကဆင်းရဲတော့ … ဘယ်သူကမှဂရုမစိုက်ကြဘူး သမီးရေ ”” စာအုပ်အသစ်တွေမဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ် ”ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ … ” မင်းဘာစာအုပ်နဲ့ရေးထားတာလဲ ညစ်ပတ်စုတ်ပြတ်သတ်နေတာပဲ ရော့…ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ” စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ် ”အဲဒါနဲ့ … ဖေဖေ … လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ ” အရွယ်ရောက်လာတော့ ဖေဖေစက်ချုပ်ပညာကိုတတ်ကျွမ်းအောင် ဆရာတယောက်ဆီမှာ သင်ခဲ့တယ် ”” သမီးတို့မောင်နှမနှစ်ယောက်ကို ဖေဖေတို့မောင်နှမနှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ်လေ”ဖေဖေပြောတဲ့စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်။ဖေဖေက စကားတစ်ခွန်းပဲပြောတယ် ” ဂုဏ်ယူလိုက်စမ်းပါသမီးရေ … မရှက်ပါနဲ့ ငါ့မိဘတွေက သူတို့တတ်တဲ့အတတ်ပညာ ရှာလို့ပေးလို့ရတဲ့ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်…ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။တချိန်က … မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ … ဖေဖေ့ကျေးဇူးတွေကြောင့် … ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ … ဖေဖေ သမီး … မရှက်တော့ဘူး … ဖေဖေ ” သူငယ်ချင်းတို့ … မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင်ရှက်နိုင်ပါတယ်။အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ်အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို … မရှက်ပါနဲ့ အားမငယ်သင့်တာကို … အားမငယ်ပါနဲ့။ဒါကြောင့် မိဘကိုချစ်ရင်မရှက်ပါနဲ့။

credit – မူရင်း

[zawgyi]

အလယ္တန္း အထက္တန္း ေက်ာင္းသူဘဝတုန္းက ေက်ာင္းတက္ရင္ အတန္းေဖာ္သူငယ္ခ်င္းေတြက ေမးၾကတယ္” နင့္အေဖ ဘာလုပ္လဲ နင့္အေမ ဘာလုပ္လဲ ” လို႔ ေမးရင္ ကြၽန္မအရမ္းအားငယ္ရတယ္ ဝမ္းနည္းမိတယ္။” ငါရဲ႕ေဖေဖက စက္ခ်ဳပ္တယ္ ငါ့ရဲ႕ေမေမက ထမင္းခ်က္တယ္ ” ဆိုတဲ့ အေျဖကို မရဲမဝဲ့ သူငယ္ခ်င္းေတြကို ေျဖခဲ့ရတယ္။( ” ငါ့ေဖေဖက အင္ဂ်င္နီယာ ငါ့ေမေမက ေဒါက္တာ ” ဆိုၿပီး တခ်ိဳ႕သူငယ္ခ်င္းေတြလို ဂုဏ္ယူဝဲ့ႂကြားစြာ ေျဖခ်င္မိတယ္ )ဒါေပမယ့္ … ကြၽန္မ အေဖက စက္ခ်ဳပ္တယ္ အေမက ထမင္းခ်က္တယ္။ တစ္န႔ေတာ့ …” ေဖေဖ … သမီးကိုေလ သူငယ္ခ်င္းေတြက ေမးၾကတယ္ ေဖေဖေမေမက ဘာလုပ္တာလဲ ” တဲ့” ေျဖေတာ့ တခ်ိဳ႕သူေတြက သမီးကိုေလွာင္ရယ္ၾကတယ္ ” သမီး … သိပ္ရွက္တယ္ … ေဖေဖ … သမီးရွက္တယ္။”သမီးလဲ … သူငယ္ခ်င္းေတြရဲ႕အေဖအေမလို အင္ဂ်င္နယ္ယာ ေဒါက္တာ ပညာတတ္တဲ့ ေဖေဖေမေမလိုခ်င္တာေပါ့ ”အဲဒီအခ်ိန္မွာ ကြၽန္မအနားသို႔ ေဖေဖတိုးလာၿပီး” ဘယ္လိုေျပာလိုက္တာလဲ သမီးေရ ေဖေဖတို႔လည္း ပညာတတ္ျဖစ္ခ်င္ခဲ့တာေပါ့ ဘဝေပးအေျခအေနက ေဖေဖကိုပညာတတ္ျဖစ္ဖို႔မေပးခဲ့ဘူးေလ ”” ေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္ဟာ ပညာတတ္သိပ္ျဖစ္ခ်င္ခဲ့တာ ”” အေမကမုဆိုးမ ဆင္းရဲတယ္ သူမ်ားဆီမွာအငွားခံရတယ္ စားဝတ္ေနေရးအတြက္ပဲ ထမင္းမငတ္ေအာင္စားခဲ့ရတာ ”” ေဖေဖတို႔ကို ေက်ာင္းတက္ဖို႔ ဖတ္စာအုပ္ေတြ ဗလာစာအုပ္ေတြ မဝယ္ေပးႏိုင္ခဲ့ဘူးသမီး ”” ေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္က စာအရမ္းသင္ခ်င္လို႔ ေတာင္ေပၚက ဟင္းသီးဟင္း႐ြက္ေတြကို သြားခူးၿပီးေရာင္းတယ္ ”” ဟင္းသီးဟင္း႐ြက္ေရာင္းလို႔ … ရတဲ့ပိုက္ဆံကို … စု သူမ်ားဆီကတဆင့္ စာအုပ္အေဟာင္းေလးေတြဝယ္ၿပီးေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္ ေက်ာင္းတက္ခဲ့ရတာ ”” ေဖေဖတို႔ကဆင္းရဲေတာ့ … ဘယ္သူကမွဂ႐ုမစိုက္ၾကဘူး သမီးေရ ”” စာအုပ္အသစ္ေတြမဝယ္ႏိုင္ဘူး သူမ်ားဆီကဝယ္တဲ့စာအုပ္အေဟာင္းေလးနဲ႔ စာေရးခဲ့တယ္ ”ဆရာကို အမွတ္ျခစ္ဖို႔ စာအုပ္သြားထပ္ေတာ့ … ” မင္းဘာစာအုပ္နဲ႔ေရးထားတာလဲ ညစ္ပတ္စုတ္ျပတ္သတ္ေနတာပဲ ေရာ့…ကြာ ” ဆိုၿပီး ေဖေဖ့စာအုပ္ကို ဆရာက လႊင့္ပစ္တယ္သမီးေရ” စာအုပ္ကထဲက စာ႐ြက္ေလးေတြ တ႐ြက္စီကြာၾကသြားခဲ့တယ္ ေဖေဖလည္း အရမ္းရွက္လို႔ ငိုၿပီးစာ႐ြက္ေလးေတြကို တ႐ြက္ခ်င္းစီ ေကာက္ခဲ့ရတယ္ ”အဲဒါနဲ႔ … ေဖေဖ … ေလးတန္းေျဖၿပီး ေက်ာင္းနားခဲ့ရတယ္ သမီးေရ ” အ႐ြယ္ေရာက္လာေတာ့ ေဖေဖစက္ခ်ဳပ္ပညာကိုတတ္ကြၽမ္းေအာင္ ဆရာတေယာက္ဆီမွာ သင္ခဲ့တယ္ ”” သမီးတို႔ေမာင္ႏွမႏွစ္ေယာက္ကို ေဖေဖတို႔ေမာင္ႏွမႏွစ္ေယာက္လို မျဖစ္ရေလေအာင္ ေဖေဖတတ္တဲ့စက္ခ်ဳပ္ပညာနဲ႔ ပညာတတ္ျဖစ္ေအာင္ ပညာသင္ရေအာင္ ေက်ာင္းတက္ရေအာင္ ထားေပးတယ္ေလ”ေဖေဖေျပာတဲ့စကားေတြကို နားေထာင္ရတာေတာ့ ကြၽန္မရင္ထဲဝမ္းနည္းၿပီး မ်က္ရည္စက္ေတြ က်လာတယ္။ေဖေဖက စကားတစ္ခြန္းပဲေျပာတယ္ ” ဂုဏ္ယူလိုက္စမ္းပါသမီးေရ … မရွက္ပါနဲ႔ ငါ့မိဘေတြက သူတို႔တတ္တဲ့အတတ္ပညာ ရွာလို႔ေပးလို႔ရတဲ့ပိုက္ဆံနဲ႔ ငါ့အစ္ကိုကို ဘြဲ႕ရေအာင္ ေက်ာင္းထားေပးခဲ့တယ္…ငါ့ကို အခုေက်ာင္းထားေပးေနတယ္ ဆိုၿပီး ေျပာလိုက္စမ္းပါ သမီးေရ ” တဲ့ေလ ။တခ်ိန္က … မေျပာႏိုင္ခဲ့တဲ့စကားေတြကို အခုေတာ့ … ေဖေဖ့ေက်းဇူးေတြေၾကာင့္ … ရဲဝဲ့စြာေျပာႏိုင္ခဲ့ၿပီ … ေဖေဖ သမီး … မရွက္ေတာ့ဘူး … ေဖေဖ ” သူငယ္ခ်င္းတို႔ … မိတ္ေဆြတို႔ေရ ” ငယ္တဲ့အခ်ိန္မွာေတာ့ စဥ္းစားဉာဏ္ အေတြးအေခၚ ဗဟုသုတ မရွိေသးတဲ့ အ႐ြယ္မို႔ ရွက္တတ္ရင္ရွက္ႏိုင္ပါတယ္။အသက္အ႐ြယ္ႀကီးလာလို႔ စဥ္းစားဉာဏ္အေတြးအေခၚ ဗဟုသုတေတြကို ရင့္က်က္လာတဲ့အခါ မရွက္သင့္တာကို … မရွက္ပါနဲ႔ အားမငယ္သင့္တာကို … အားမငယ္ပါနဲ႔။ဒါေၾကာင့္ မိဘကိုခ်စ္ရင္မရွက္ပါနဲ႔။