သိကြားမင်းဆင်းကယ်တာတောင် သူတောင်းစားဘဝမစွန့်လွှတ်တဲ့သူ

တခါတုန်းကပေါ့။ မြို့တမြို့မှာ သူတောင်းစား တယောက် ရှိတယ်။ ဆင်းဆင်းရဲရဲ တောင်းစားနေ ရတာကို မကြည့်ရက်လို့ သိကြားမင်းက လူ့ ပြည် ဆင်းလာပြီး”အသင်လူသား ငါသင့်ကို ကူညီမယ်။ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်း ပြောပါ” “ကောင်း ပါပြီ သိကြားမင်း””ငါ နင့်ကို ပိုက်ဆံ ငါးသိန်း ပေးရင် သင်ဘာလုပ်မလဲ” ဆိုတော့ သူတောင်းစားက စဉ်းစားပြီး “ဖုန်းဝယ်မယ်” လို့ ဖြေတယ်။သိကြားမင်းက “ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ” ဆိုတော့ သူတောင်းစားက “သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲ မေးပြီး အဲဒီ နေရာ သွားတောင်းမယ်” တဲ့။

သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝ မပြောင်းဘူး ဆိုပြီး “ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲ” ဆိုတော့သူတောင်းစားက တချက် ထပ်တွေးလိုက်ပြီး ပြောလိုက်တယ်။ “ဆိုင်ကယ်တစီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့ နေရာတွေကို မြန်မြန် သွားတောင်းလိုက် မှာပေါ့” တဲ့။သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး “သိန်းတရာ ပေးမယ်ကွ ဘာလုပ်မလဲ” မေးတော့ သူတောင်းစားက “ကားဝယ်ပြီး တမြို့လုံး လိုက်တောင်းမယ်” တဲ့။သိကြား မင်းက မဖြစ်ပါဘူး ဆိုပြီး “နောက်ဆုံး အနေနဲ့ သိန်းငါးရာ ပေးမယ် ဘာလုပ်မလဲ”ဆိုတော့ သူတောင်း စားက ပျော်ပြီး”ဟာ တမြို့လုံးမှာ ရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တမြို့လုံးကို သူတယောက်တည်း တောင်းစားမှာပေါ့” တဲ့။ သင်ခန်းစာ။ ။ အတွေးအခေါ် အဟောင်း ခံယူချက် အဟောင်းတွေ မစွန့်နိုင်သရွေ့ သူတောင်းစား ဘဝက လွတ်မှာ မဟုတ်ပါဘူး။

Credit – ဓမ္မအလင်းရောင်

[zawgyi]

တခါတုန္းကေပါ့။ ၿမိဳ႕တၿမိဳ႕မွာ သူေတာင္းစား တေယာက္ ရွိတယ္။ ဆင္းဆင္းရဲရဲ ေတာင္းစားေန ရတာကို မၾကည့္ရက္လို႔ သိၾကားမင္းက လူ႔ ျပည္ ဆင္းလာၿပီး”အသင္ လူသား ငါသင့္ကို ကူညီမယ္။ ဒါေပမဲ့ သင္ဘယ္လို လုပ္မလဲ ဆိုတာ ကိုေတာ့ အမွန္အတိုင္း ေျပာပါ” “ေကာင္းပါၿပီ သိၾကားမင္း””ငါ နင့္ကို ပိုက္ဆံ ငါးသိန္း ေပးရင္ သင္ဘာလုပ္မလဲ” ဆိုေတာ့ သူေတာင္းစားက စဥ္းစားၿပီး “ဖုန္းဝယ္မယ္” လို႔ ေျဖတယ္။သိၾကားမင္းက “ဖုန္းဝယ္ၿပီး ဘာလုပ္မလို႔လဲ” ဆိုေတာ့ သူေတာင္းစားက “သူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီး ဘယ္ေနရာေတာင္းေကာင္းလဲ ေမးၿပီး အဲဒီ ေနရာ သြားေတာင္းမယ္” တဲ့။သိၾကားမင္းက အင္း ဒီေငြေလာက္နဲ႔ သူ႔ဘဝ မေျပာင္းဘူး ဆိုၿပီး “ဒါဆို သိန္းငါးဆယ္ ေပးမယ္ ဘာလုပ္မလဲ” ဆိုေတာ့သူေတာင္းစားက တခ်က္ ထပ္ေတြးလိုက္ၿပီး ေျပာလိုက္တယ္။ “ဆိုင္ကယ္တစီး ဝယ္ၿပီး ေတာင္းလို႔ ေကာင္းတဲ့ ေနရာေတြကို ျမန္ျမန္ သြားေတာင္းလိုက္ မွာေပါ့” တဲ့။သိၾကားမင္းက မျဖစ္ေသးပါဘူး ဆိုၿပီး “သိန္းတရာ ေပးမယ္ကြ ဘာလုပ္မလဲ” ေမးေတာ့ သူေတာင္းစားက “ကားဝယ္ၿပီး တၿမိဳ႕လုံး လိုက္ေတာင္းမယ္” တဲ့။သိၾကား မင္းက မျဖစ္ပါဘူး ဆိုၿပီး “ေနာက္ဆုံး အေနနဲ႔ သိန္းငါးရာ ေပးမယ္ ဘာလုပ္မလဲ” ဆိုေတာ့ သူေတာင္းစားက ေပ်ာ္ၿပီး”ဟာ တၿမိဳ႕လုံးမွာ ရွိတဲ့ သူေတာင္းစားေတြကို ပိုက္ဆံေပး ႏွင္ထုတ္ၿပီး တၿမိဳ႕လုံးကို သူတေယာက္တည္း ေတာင္းစားမွာေပါ့” တဲ့။ သင္ခန္းစာ။ ။ အေတြးအေခၚ အေဟာင္း ခံယူခ်က္ အေဟာင္းေတြ မစြန႔္ႏိုင္သေ႐ြ႕ သူေတာင္းစား ဘဝက လြတ္မွာ မဟုတ္ပါဘူး။