သူတစ်ပါး မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ

ဗာရာဏသီပြည်မှာ ယသပါဏီမင်းကြီး မင်းပြုစဉ် ဘုရားလောင်းဟာ ဓမ္မဓဇ အမည်ရှိတဲ့ ပုရောဟိတ်အမတ် ဖြစ်နေတယ်။ ကာဠက ခေါ်တဲ့ စစ်သူကြီးနဲ့ ဆတ္တပါဏိ ခေါ်တဲ့ ဆတ္တာသည်တို့ကလည်း မင်းဆီမှာ ခစားနေကြတယ်။ ကာဠကဟာ စစ်သူကြီးတာဝန်အပြင် တရား ဆုံး ဖြတ်မှုတွေကိုပါ ပူးတွဲတာဝန်ယူထားတယ်။တစ်‌နေ့တော တရားရှုံးတဲ့ အမှုသည်တစ်ယောက်ဟာ တရားရုံးထဲကနေ ငိုယိုထွက်လာပြီး ဓမ္မဓဇအမတ်ရဲ့ ခြေအစုံကို ဖက်ကာ မျှမျှတတ ဆုံးဖြတ်ပေးဖို့ တိုးလျှိုးတောင်းပန်တယ်။ အကျိုးအကြောင်းကို စုံစမ်းကြည့်တဲ့အခါ တ ရားနိုင်သင့်ရက်နဲ့ ရှုံးနိမ့်ခဲ့ရသူဖြစ်ကြောင်း သိသွားပြီး ဓမ္မဓဇကိုယ်တိုင် တရားရုံးကို ပြန်ခေါ်ကာ ပြန်လည်စစ်ဆေးကြားနာပေးတယ်။ အမှန်တ ကယ် တရားအနိုင်ရဖြစ်ကြောင်း သက်သေခိုင်ခိုင်လုံလုံ ပြသကာ အဲဒီလူကို အနိုင်ပေးကြောင်း ကြေညာလိုက်တယ်။ လူအများကလည်း တစ်ခဲနက် ကောင်းချီးပေးကြတယ်။ ဒီအကြောင်းကို မင်းကြီး သိတဲ့အခါ လွန်စွာ အားရကျေနပ်သွားပြီး အဲဒီနေ့ကစလို့ ဓမ္မဓဇကို တရား သူကြီးရာထူး ပေးအပ်လိုက်တယ်။ တံစိုးလက်ဆောင် စားပေါက်ပိတ်သွားတဲ့ ကာဠကအမတ်က ဓမ္မဓဇကို ရန်ညိုးဖွဲ့ပြီး မင်းထံ ကုန်းချောတယ်။ မင်းကို သိမ်းသွင်းစည်းရုံပြီး ဓမ္မဓဇကို မဖြစ်နိုင်တဲ့လုပ်ငန်းတွေ စေခိုင်းပြီး အပြစ်ရှာဖို့အကြံပေးလိုက်တယ်။ မင်းက ဓမ္မဓဇကို ခေါ်ပြီး “ပညာရှိအမတ်၊ ငါဟာ လက်ရှိဥယျာဉ်ဟောင်းကို မကစားလိုတော့၊ မနက်ဖြန်ကျရင် ဥယျာဉ်သစ်မှာ ကစားချင်တယ်။ ဥယျာဉ်သစ်တစ်ခု ဖန်ဆင်းလော့၊ မဖန်ဆင်းနိုင်က သင့်ကို သတ်ရလိမ့်မယ်” လို့ အမိန့်ပေးလိုက်တယ်။ဓမ္မဓဇက ဒါဟာ ကာဠကစစ်သူကြီး ချောက် ချမှန်း သိလိုက်တယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ ဖြေရှင်းနိုင်မဲ့နည်းလမ်းကို စဉ်းစားနေတယ်။ အဲဒီအချိန် ဘုရားလောင်းရဲ့ အခက် အခဲကို သိသွားတဲ့ သိကြားမင်းက ဓမ္မဓဇထံ ရောက်လာပြီး သာယာလှတဲ့ ဥယျာဉ်သစ်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်တယ်။

အဲဒီနောက် မင်းက မဖြစ်နိုင်လောက်ဘူးလို့ ထင်ထားတဲ့ ရတနာခုနစ်ပါးအတိပြီးတဲ့ ရေကန်၊ ဆင်စွယ်ပြသာဒ်နဲ့ ပြသာဒ်ကို အလင်းရောင်ပေးနိုင်တဲ့ ပတ္တမြားတို့ကို ဖန်ဆင်းပေးပြန်တယ်။ ဓမ္မဓဇလည်း သိကြားမင်းရဲ့ အကူအညီနဲ့ မင်းကြီး စေခိုင်းထားသမျှကို အချိန်မီ ဖြည့် ဆည်းဆောင်ရွက်နိုင်ခဲ့တယ်။တဖန် ကာဠကစစ်သူကြီးက “အရှင်မင်းကြီး၊ ဓမ္မဓဇကို နတ်တွေ ကူညီပေးနေပုံရပါတယ်။ ဒီတစ်ခါတော့ နတ်‌ တွေ ကူညီမပေးနိုင်အောင် အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို ဖန်ဆင်းခိုင်းတော်မူပါ” လို့ လျှောက်တင်တယ်။ မင်းလည်း ကာဠကစစ်သူကြီး လျှောက်တင်တဲ့အတိုင်း ဓမ္မဓဇကို စေခိုင်းပြန်တယ်။ ဒီတစ်ခါတော့ ဓမ္မဓဇလည်း မကြံတတ်တော့ဘူး။ သိကြားမင်းဟာ တ ခြားအရာတွေ ကူညီနိုင်ပေမဲ့ ဒီတစ်ခုကို မဖန်ဆင်းပေးနိုင်ကြောင်း သိတယ်။ ဒါကြောင့် တစ်ပါးသူလက်ချက်နဲ့ သေရတာထက် တောထဲမှာ သေရခြင်းက ပိုမြတ်တယ်လို့ ဆင်ခြင်ပြီး တောထဲကို ဝင်သွားတယ်။ သစ်ပင်ခြေရင်းမှာ ထိုင်းပြီး လောကဓံတရားတို့ နှိပ်စက်ပုံကို စဉ်း စားဆင်ခြင်နေတယ်။အဲဒီအချိန်မှာ သိကြားမင်းက တောလိုက်မုဆိုးအသွင်းနဲ့ ဘုရားလောင်းရှိရာကို ရောက်လာတယ်။ အကျိုးအကြောင်းကို မေးမြန်းပြီးတော့မှ “အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို အလိုရှိရင် ဆတ္တာသည် ဆတ္တပါဏိကို ပြပါလေ” လို့ ဆိုပြီး ပြန်သွားတယ်။ဓမ္မဓဇဟာ အိမ်ကို ပြန်လာခဲ့ပြီး ဆတ္တပါဏိကို လက်ကဆွဲကိုင်ကာ မင်းကြီးရှေ့မှောက်ကို ဝင်လာခဲ့တယ်။ “အရှင်မင်းကြီး၊ အင်္ဂါလေးပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို အလိုရှိပါက ဆတ္တပါဏိကို ဥယျာဉ်စောင့် ခန့်တော်မူပါ” လို လျှောက်တင်လိုက်တယ်။ ဒီတော့မှ မင်းက ဆတ္တပါဏိကို အင်္ဂါလေးပါးနဲ့ပြည့်စုံသူဟုတ်မဟုတ် မေးမြန်းရာ ဆတ္တပါဏိက “အရှင်မင်းကြီး၊ အကျွန်ုပ်သည် ငြူစူခြင်းလည်းမရှိ၊ သေရည် သေရက်ကိုလည်း မသောက်၊ ချစ်ခြင်းလည်း ကင်းတယ်၊ အမျက်လည်း မထွက်တတ်ပါ။ ဒါကြောင့် အင်္ဂါလေးပါးနဲ့ ပြည့်စုံပါသူ ဟုတ်ပါတယ်” လို့ လျှောက်တယ်။အဲဒီအခါ မင်းက ပရိသတ်ကို မျက်ရိပ်မျက်ခြည် ပြလိုက်ရာ အမတ်၊ ပုဏ္ဏား၊ သူကြွယ် စသူတို့ကို ကာဠကစစ်သူကြီးကို ဖမ်းပြီး ဝိုင်းဝန်းရိုက်နှက်ကြလို့ အဲဒီနေရာမှာပင် ကာဠကစစ်သူကြီး သေဆုံးသွားလေတော့တယ်။Moral – သူတစ်ပါး မကောင်းကြံလျှင် ကိုယ်သာဘေးဒဏ် ထိတတ်သည်။

credit – မူရင်း

[zawgyi]

ဗာရာဏသီျပည္မွာ ယသပါဏီမင္းႀကီး မင္းျပဳစဥ္ ဘုရားေလာင္းဟာ ဓမၼဓဇ အမည္ရွိတဲ့ ပုေရာဟိတ္အမတ္ ျဖစ္ေနတယ္။ ကာဠက ေခၚတဲ့ စစ္သူႀကီးနဲ႔ ဆတၱပါဏိ ေခၚတဲ့ ဆတၱာသည္တို႔ကလည္း မင္းဆီမွာ ခစားေနၾကတယ္။ ကာဠကဟာ စစ္သူႀကီးတာဝန္အျပင္ တရား ဆုံး ျဖတ္မႈေတြကိုပါ ပူးတြဲတာဝန္ယူထားတယ္။တစ္‌ေန႔ေတာ တရားရႈံးတဲ့ အမႈသည္တစ္ေယာက္ဟာ တရား႐ုံးထဲကေန ငိုယိုထြက္လာၿပီး ဓမၼဓဇအမတ္ရဲ႕ ေျခအစုံကို ဖက္ကာ မွ်မွ်တတ ဆုံးျဖတ္ေပးဖို႔ တိုးလွ်ိဳးေတာင္းပန္တယ္။ အက်ိဳးအေၾကာင္းကို စုံစမ္းၾကည့္တဲ့အခါ တ ရားႏိုင္သင့္ရက္နဲ႔ ရႈံးနိမ့္ခဲ့ရသူျဖစ္ေၾကာင္း သိသြားၿပီး ဓမၼဓဇကိုယ္တိုင္ တရား႐ုံးကို ျပန္ေခၚကာ ျပန္လည္စစ္ေဆးၾကားနာေပးတယ္။ အမွန္တ ကယ္ တရားအႏိုင္ရျဖစ္ေၾကာင္း သက္ေသခိုင္ခိုင္လုံလုံ ျပသကာ အဲဒီလူကို အႏိုင္ေပးေၾကာင္း ေၾကညာလိုက္တယ္။ လူအမ်ားကလည္း တစ္ခဲနက္ ေကာင္းခ်ီးေပးၾကတယ္။ ဒီအေၾကာင္းကို မင္းႀကီး သိတဲ့အခါ လြန္စြာ အားရေက်နပ္သြားၿပီး အဲဒီေန႔ကစလို႔ ဓမၼဓဇကို တရား သူႀကီးရာထူး ေပးအပ္လိုက္တယ္။ တံစိုးလက္ေဆာင္ စားေပါက္ပိတ္သြားတဲ့ ကာဠကအမတ္က ဓမၼဓဇကို ရန္ညိဳးဖြဲ႕ၿပီး မင္းထံ ကုန္းေခ်ာတယ္။ မင္းကို သိမ္းသြင္းစည္း႐ုံၿပီး ဓမၼဓဇကို မျဖစ္ႏိုင္တဲ့လုပ္ငန္းေတြ ေစခိုင္းၿပီး အျပစ္ရွာဖို႔အႀကံေပးလိုက္တယ္။ မင္းက ဓမၼဓဇကို ေခၚၿပီး “ပညာရွိအမတ္၊ ငါဟာ လက္ရွိဥယ်ာဥ္ေဟာင္းကို မကစားလိုေတာ့၊ မနက္ျဖန္က်ရင္ ဥယ်ာဥ္သစ္မွာ ကစားခ်င္တယ္။ ဥယ်ာဥ္သစ္တစ္ခု ဖန္ဆင္းေလာ့၊ မဖန္ဆင္းႏိုင္က သင့္ကို သတ္ရလိမ့္မယ္” လို႔ အမိန႔္ေပးလိုက္တယ္။ဓမၼဓဇက ဒါဟာ ကာဠကစစ္သူႀကီး ေခ်ာက္ ခ်မွန္း သိလိုက္တယ္။ ဒါေၾကာင့္ အိမ္ျပန္ေရာက္တဲ့အခါ ေျဖရွင္းႏိုင္မဲ့နည္းလမ္းကို စဥ္းစားေနတယ္။ အဲဒီအခ်ိန္ ဘုရားေလာင္းရဲ႕ အခက္ အခဲကို သိသြားတဲ့ သိၾကားမင္းက ဓမၼဓဇထံ ေရာက္လာၿပီး သာယာလွတဲ့ ဥယ်ာဥ္သစ္ႀကီးတစ္ခုကို ဖန္ဆင္းေပးလိုက္တယ္။အဲဒီေနာက္ မင္းက မျဖစ္ႏိုင္ေလာက္ဘူးလို႔ ထင္ထားတဲ့ ရတနာခုနစ္ပါးအတိၿပီးတဲ့ ေရကန္၊ ဆင္စြယ္ျပသာဒ္နဲ႔ ျပသာဒ္ကို အလင္းေရာင္ေပးႏိုင္တဲ့ ပတၱျမားတို႔ကို ဖန္ဆင္းေပးျပန္တယ္။ ဓမၼဓဇလည္း သိၾကားမင္းရဲ႕ အကူအညီနဲ႔ မင္းႀကီး ေစခိုင္းထားသမွ်ကို အခ်ိန္မီ ျဖည့္ ဆည္းေဆာင္႐ြက္ႏိုင္ခဲ့တယ္။တဖန္ ကာဠကစစ္သူႀကီးက “အရွင္မင္းႀကီး၊ ဓမၼဓဇကို နတ္ေတြ ကူညီေပးေနပုံရပါတယ္။ ဒီတစ္ခါေတာ့ နတ္‌ ေတြ ကူညီမေပးႏိုင္ေအာင္ အဂၤါေလးပါးနဲ႔ ျပည့္စုံတဲ့ ဥယ်ာဥ္ေစာင့္ကို ဖန္ဆင္းခိုင္းေတာ္မူပါ” လို႔ ေလွ်ာက္တင္တယ္။ မင္းလည္း ကာဠကစစ္သူႀကီး ေလွ်ာက္တင္တဲ့အတိုင္း ဓမၼဓဇကို ေစခိုင္းျပန္တယ္။ ဒီတစ္ခါေတာ့ ဓမၼဓဇလည္း မႀကံတတ္ေတာ့ဘူး။ သိၾကားမင္းဟာ တ ျခားအရာေတြ ကူညီႏိုင္ေပမဲ့ ဒီတစ္ခုကို မဖန္ဆင္းေပးႏိုင္ေၾကာင္း သိတယ္။ ဒါေၾကာင့္ တစ္ပါးသူလက္ခ်က္နဲ႔ ေသရတာထက္ ေတာထဲမွာ ေသရျခင္းက ပိုျမတ္တယ္လို႔ ဆင္ျခင္ၿပီး ေတာထဲကို ဝင္သြားတယ္။ သစ္ပင္ေျခရင္းမွာ ထိုင္းၿပီး ေလာကဓံတရားတို႔ ႏွိပ္စက္ပုံကို စဥ္း စားဆင္ျခင္ေနတယ္။အဲဒီအခ်ိန္မွာ သိၾကားမင္းက ေတာလိုက္မုဆိုးအသြင္းနဲ႔ ဘုရားေလာင္းရွိရာကို ေရာက္လာတယ္။ အက်ိဳးအေၾကာင္းကို ေမးျမန္းၿပီးေတာ့မွ “အဂၤါေလးပါးနဲ႔ ျပည့္စုံတဲ့ ဥယ်ာဥ္ေစာင့္ကို အလိုရွိရင္ ဆတၱာသည္ ဆတၱပါဏိကို ျပပါေလ” လို႔ ဆိုၿပီး ျပန္သြားတယ္။ဓမၼဓဇဟာ အိမ္ကို ျပန္လာခဲ့ၿပီး ဆတၱပါဏိကို လက္ကဆြဲကိုင္ကာ မင္းႀကီးေရွ႕ေမွာက္ကို ဝင္လာခဲ့တယ္။ “အရွင္မင္းႀကီး၊ အဂၤါေလးပါးနဲ႔ ျပည့္စုံတဲ့ ဥယ်ာဥ္ေစာင့္ကို အလိုရွိပါက ဆတၱပါဏိကို ဥယ်ာဥ္ေစာင့္ ခန႔္ေတာ္မူပါ” လို ေလွ်ာက္တင္လိုက္တယ္။ ဒီေတာ့မွ မင္းက ဆတၱပါဏိကို အဂၤါေလးပါးနဲ႔ျပည့္စုံသူဟုတ္မဟုတ္ ေမးျမန္းရာ ဆတၱပါဏိက “အရွင္မင္းႀကီး၊ အကြၽႏ္ုပ္သည္ ျငဴစူျခင္းလည္းမရွိ၊ ေသရည္ ေသရက္ကိုလည္း မေသာက္၊ ခ်စ္ျခင္းလည္း ကင္းတယ္၊ အမ်က္လည္း မထြက္တတ္ပါ။ ဒါေၾကာင့္ အဂၤါေလးပါးနဲ႔ ျပည့္စုံပါသူ ဟုတ္ပါတယ္” လို႔ ေလွ်ာက္တယ္။အဲဒီအခါ မင္းက ပရိသတ္ကို မ်က္ရိပ္မ်က္ျခည္ ျပလိုက္ရာ အမတ္၊ ပုဏၰား၊ သူႂကြယ္ စသူတို႔ကို ကာဠကစစ္သူႀကီးကို ဖမ္းၿပီး ဝိုင္းဝန္း႐ိုက္ႏွက္ၾကလို႔ အဲဒီေနရာမွာပင္ ကာဠကစစ္သူႀကီး ေသဆုံးသြားေလေတာ့တယ္။Moral – သူတစ္ပါး မေကာင္းႀကံလွ်င္ ကိုယ္သာေဘးဒဏ္ ထိတတ္သည္။