သူတစ်ပါး အကျိုးဆောင်တတ်သည့် မောင်ရွှေအ

ရှေးသောအခါ တောရွာတစ်ရွာတွင် သူတစ်ပါးအကျိုးကို မဆောင်ရွက်ရလျှင် မနေနိုင်သော အကျင့်ရှိသည့် သူဆင်းရဲတစ်ဦး ရှိလေသည်။ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းသည် အလွန်ကောင်းမြတ်သည်ဟု သူကယုံကြည်သော်လည်း သူ၏မိဘဆွေမျိုး အသိုင်းအဝိုင်းတို့က သူ့ကို ရိုးလွန်းအလွန်းသည်ဟု မြင်ကြသည်။ ထို့ကြောင့် သူအား ‘ မောင်ရွှေအ ’ ဟု ခေါ်ကြလေသည်။တစ်နေ့သော် မောင်ရွှေအသည် တောထဲမှ ဝါးများကို ခုတ်ယူလာပြီး အိမ်ရောက်၍ ပခုံးပေါ်မှ ပစ်ချလိုက်သည်နှင့်တပြိုင်နက် အိမ်နီးချင်းများနှင့် သူငယ်ချင်းများက တစ်ယောက်တစ်လုံးစီ ယူသွားကြသည်။မောင်ရွှေအမှာမူ ဝမ်းသာပီတိဖြစ်ကာ ပြုံးပျော်သော မျက်နှာဖြင့် ကြည့်နေလေသည်။ ထိုအခါ သူ၏ မိခင်က “ ငါ့သားလို လူမျိုးက သိပ်ရှားလှတယ်.. ငါ့သားရေ မင်း ဒီပုံစံဆို စုမိဆောင်းမိ ရှိမယ် မထင် .. ကိုယ့်ဖို့ ကိုယ်သိပါ ငါ့သား..” ဟု ပြောသော် မောင်ရွှေအက “ အမေရယ်.. သား ဒီလိုကူညီနေရရင်ကို ပျော်နေတာဗျ.. ပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာက ပေးဆပ်ခွင့်ရတော့ ဘဝကြီးက နေမပျော်ဘူးလားဗျ.. ” ဟု ပြန်တုံ့ပြန်သည်။ထိုစကားများ နားထောင်နေသော ဖခင်မှ “ အမေကြီးရေ.. ဒီလိုဆို မဖြစ်တော့ဘူး .. ဘာကြောင့် ဒီလောက်ထိ တုံးအလွန်းတာလဲကို သိနိုင်ဖို့.. တောထဲမှာ သီတင်းသုံးနေတဲ့ ရသေ့ပညာရှိကြီးဆီ သွားမေးခိုင်း လိုက် .. ” ဟု ဆိုပြီး မောင်ရွှေအအား တောထဲမှာရှိသည့် ရသေ့ကြီးထံ သွားမေးစေ၏။ မောင်ရွှေအသည် ငြင်းဆိုခြင်း အလျဉ်းမရှိ သူ၏မိဘများ မှာကြားသည့်အတိုင်း တောထဲသွားလေသည်။မောင်ရွှေအသည် ခရီးအတော်ဝေးလာသော် မောပန်းလှ၍ ညောင်ပင်အရိပ်တွင် ဝင်ရောက်နားနေခိုက် ကျေးငှက်တစ်ကောင်က “ အဆွေလူသား.. အဘယ်ကိစ္စဖြင့် အဘယ်အရပ်သွားမလို့လဲ.. ” ဟု မေးရာ မောင်ရွှေအက မိမိ၏ အကြောင်းစုံကို ပြောပြသည်။ ကျေးငှက်က “ အဆွေလူသား.. ကျွန်ုပ်သည်လည်း ဤညောင်ပင်ကြီးမှ လွဲ၍ အခြားမည်သည့် နေရာမှ မသွားနိုင်ဖြစ်နေတယ် .. ဤညောင်ပင်မှ မခွဲနိုင် မခွာနိုင် ဖြစ်နေသည်ကို မည်သို့ပြုလုပ်ရမည့်အကြောင်း ရသေ့ကြီးအား မေးခဲ့ပါ..” ဟု အကူ အညီတောင်းရာ မောင်ရွှေအသည် “ကောင်းပါပြီ ကျုပ် မေးခဲ့ပါမယ်..” ဟု ဆိုပြီး ခရီးဆက်ခဲ့လေသည်။ခရီးအတန်ဝေးသော် လမ်းဘေးရှိ ဇရပ်ကြီးတစ်ခုကိုတွေ့၍ ဝင်နားရာ ၊ ထိုဇရပ်တွင် ထိုင်နေသည့် သူကြွယ်ကြီးက “ အဆွေ အဘယ်ကိစ္စဖြင့် အဘယ်အရပ်သို့ သွားမလို့လဲ.. ” ဟု မေးလေသည်။ မောင်ရွှေအက မိမိဖြစ်စဉ်ကို ပြောပြသည်။ သူကြွယ်ကြီးက “ ကျွန်ုပ်မှာလည်း နာတာရှည်ရောဂါ စွဲကပ်နေတာ ကြာပါပြီ.. မည်သို့ပျောက်ကင်းအောင် လုပ်ဆောင်ရမည်ကို ရသေ့ပညာရှိကြီးအား အကြံမေးခဲ့ပေးပါ မောင်မင်း.. ” ဟု အကူအညီတောင်း သည်။ ထိုသို့အကူအညီတောင်းသည်ကို မောင်ရွှေအသည် “ မပူပါနဲ့ သူဋ္ဌေးမင်း .. ကျွန်တော် မေးခဲ့ပါမယ်.. ” ဟု ဆိုပြီးလျှင် ဆက်လက် ခရီးနှင်ခဲ့သည်။ထို့နောက် တောင်ပေါ်မရောက်ခင် မြစ်ကမ်းဘေးတွင်ထိုင်လျက် ရေအလျဉ်ကို ကြည့်နေစဉ် ရေထဲမှာ မိကျောင်းတစ်ကောင်ထွက်လာပြီး “ အဆွေလူသား.. အဘယ်ကိစ္စဖြင့် အဘယ်အရပ်သို့ သွားမလဲ.. ” ဟု မေးရာ မောင်ရွှေအသည် ရှေ့ကလိုပင် သူ့ဖြစ်စဉ်ကို ပြောပြပြန်သည်။ မိကျောင်းကြီးကလည်း “ ကျွနု်ပ်မှာ ခေါင်းကိုက်ဝေဒနာ စွဲကပ်နေ၍ မည်သို့ကုစားရမည့်အကြောင်းကို ရသေ့ပညာရှိအား မေးခဲ့ပေးပါ..” ဟု မှာကြားပြန်ရာ မောင်ရွှေအသည် “ စိတ်ချ အသင်မိကျောင်း မေးခဲ့ပေးပါမယ်..” ဟု ပြောပြီး ရသေ့ပညာရှိ သီတင်း သုံးရာ တောင်ပေါ်သို့ တက်သွားလေသည်။ရသေ့ပညာရှိထံ ရောက်သော် ရသေ့ကြီးက “ အဘယ်ကိစ္စဖြင့် လာခဲ့ပါသလဲ.. ” ဟု မေးလေသည်။ မောင်ရွှေအသည် “ ကျေးငှက်တစ်ကောင်သည် ညောင်ပင်ကြီးတစ်ပင်မှ ဘယ်အရပ်မှ ပျံမသွားနိုင်ဘဲ မခွဲခွာရက်ဖြစ်နေပါတယ်.. ထိုအချင်းအရာကို မည်သိုဖြေရှင်းရမလဲ ကျွန်တော်မျိုးကို လျှောက်မေးဖို့ မှာလိုက်ပါတယ် ဘုရား.. ” ဟု လျှောက်ထား၏။ “ အဆွေလူသား ထိုကျေးငှက်ဟာ အရင်ဘဝဟောင်းက သူပိုင် ရွှေအိုးတစ်လုံးနှင့် ငွေအိုးတစ်လုံးကို ညောင်ပင်ခြေရင်းမှာ မြှုပ်ထားခဲ့ဖူးတယ်.. ထိုအိုးနှစ်လုံးကို တူးဖော်၍ သူတစ်ပါးအား ပေးကမ်းခဲ့သော် အခြားအရပ်ကို လွတ်လပ်စွာ ပျံသွားနိုင်လိမ့်မယ်.. ” ဟူ၍ ဖြေကြားလေသည်။

တစ်ဖန် မောင်ရွှေအသည် “ အရှင်ရသေ့.. ပစ္စည်းပေါများ ကြွယ်ဝတဲ့ သူဋ္ဌေးတစ်ဦးကလည်း နာတာရှည်ရောဂါ စွဲကပ်နေသဖြင့် အဘယ်ကုသနည်းနဲ့ ကုသရမလဲ မေးခိုင်းလိုက်ပါတယ်.. ” ဟု လျှောက်ထားရာ “ အဆွေလူသား ထိုသူကြွယ်ကြီးသည် သူ၏ ပစ္စည်းဥစ္စာတို့ကို စွဲလမ်းစိတ်ကြီးမား၍ နာတာရှည်ရောဂါ စွဲကပ်နေခြင်းဖြစ်တယ်.. သူ၏ပစ္စည်းဥစ္စာ တစ်ဝက်ခန့်ကို သူတစ်ပါးအား ရက်ရောစွာ ပေးစွန့်ပါက သူ ကြွယ်၏ရောဂါ ပျောက်ကင်းသွားလိမ့်မယ်.. ” ဟု ဖြေဆိုလေသည်။မောင်ရွှေအသည် “အရှင်ရသေ့ .. မြစ်ထဲရှိ မိကျောင်းကြီးတစ်ကောင်ဟာ ခေါင်းကိုက်ဝေဒနာ စွဲကပ်နေပါတယ်.. ဒီဝေဒနာကို ပျောက်ကင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကိုလည်း မေးပါရစေ ဘုရား..” ဟု ရ သေ့ကို ထပ်မံလျှောက်တင်ပြန်၏။ ထိုအခါ “ အဆွေလူသား.. ထိုမိကျောင်းကြီးရဲ့ ဦးခေါင်းထဲမှာ ပတ္တမြားတစ်လုံးရှိနေလို့ ခေါင်းကိုက်ဝေ ဒနာစွဲကပ်နေတာပါ.. ဒီပတ္တမြားကို ထုတ်ယူပြီး တစ်ပါးသူကို ရက်ရောစွာ ပေးစွန့်လိုက်ပါက ဝေဒနာသက်သာသွားပါလိမ့်မယ်.. ” ဟု ဖြေဆိုလေသည်။မေးခွန်းသုံးခွန်းမေးပြီးသကာလ မောင်ရွှေအသည် ကျေးငှက်၊ သူကြွယ်၊ မိကျောင်းတို့သုံးဦးတို့၏ အကျိုးကို ဆောင်ရ၍ အလွန်ပင် ဝမ်းမြောက်နေသည်။ တောတောင်ထဲရှိ ရသေ့ပညာရှိကြီးထံ ရောက်လာရသည့် မိမိ၏ မေးခွန်းမေးရန်ပင် မေ့သွားကာ “ အခုလို ဖြေ ကြားပေးတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်.. ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါ ဘုရား.. ” ဟု နှုတ်ဆက်ပြီး တောင်ပေါ်က ပြန်ဆင်းခဲ့လေသည်။တောင်အောက်ရှိ မြစ်နံဘေးမှာ စောင့်နေသော မိကျောင်းထံရောက်သည့်အခါ ဦးခေါင်းထဲမှာ ပတ္တမြားရှိနေသောကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားနေရတာဖြစ်ကြောင်း ပြောပြ၍ မိကျောင်းကြီးက ဝမ်းသာစွာဖြင့် ပတ္တမြားလုံးကို မောင်ရွှေအအား ထုတ်ယူစေခဲ့သည်။ ထိုသို့ထုတ်ယူပြီးသည်နှင့် မိကျောင်း၏ဝေဒနာသည် အရှင်းပျောက်ကင်း သက်သာသွားသည်။ မိကျောင်းလည်း မောင်ရွှေအကို ကျေးဇူး ဆပ်သောအားဖြင့် “ အဆွေလူသား.. ဒီပတ္တမြားကို အသင်လိုအပ်တဲ့အခါ ထုခွဲရောင်းချပါလေ.. ” ဟု ဆိုကာ ရေထဲဆင်းသွားလေ၏။ပြီးနောက် ခရီးဆက်နှင်လာ၍ ဇရပ်အနီး ဖြတ်သောအခါ သူကြွယ်၏ နာတာရှည်ဖြစ်ရသည့် အကြောင်းအရင်းကို သူအား ပြောပြလေသည်။ သူကြွယ်ကြီးကလည်း “ ဒါဖြင့် ကျွနု်ပ်ရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ဝက်တိတိကို အခုလိုကူညီပေးတဲ့ အမောင့်အား ပေးပါမယ်..” ဟု သဒ္ဒါထက်သန်စွာ ပြောဆို၍ တခဏမှာပင် သူကြွယ်၏ရောဂါလက္ခဏာတွေ ကင်းစင်ပြီးလျှင် ကျန်းမာသွက်လက်သော လူတစ်ဦးအဖြစ် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ထို့နောက် မောင်ရွှေအသည် ညောင်ပင်ရှိကျေးငှက်ထံ ရောက်လာပြန်၍ ရသေ့ကြီးမိန့်လိုက်သည့်အတိုင်း ပြောသောအခါ ကျေးငှက်သည် ဝမ်းမြောက်စွာဖြင့် “ အဆွေလူသား.. ရွှေအိုးနဲ့ငွေအိုးကို ယခုပင် တူးဖော် သယ်ယူသွားပါတော့..” ဟု ဆိုပြီး မိမိလိုရာ အရပ်ကို လွတ်လပ်စွာ ပျံသန်းသွားလေတော့သည်။ မောင်ရွှေအမှာလည်း အခြားသူများကို ကူညီပြီး သူဆင်းရဲဘဝမှ ရုန်းထွက်နိုင်မည့် မိမိအဖြစ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အိမ်ပြန်ရောက်လျှင် သူ၏မိဘနှစ်ပါးလည်း ပျော်ရွှင်နိုင်မည်ဟု မြင်ယောင်၍ မိမိတော ရွာကို ပျော်ရွှင်စွာ ပြန်လာလေတော့သည်။ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးပါအောင်မြင်တတ်သည့် အကြောင်းကို ဒီပုံပြင်လေးက သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Credit – Cartoon Bakery

[zawgyi]

ေရွးေသာအခါ ေတာ႐ြာတစ္႐ြာတြင္ သူတစ္ပါးအက်ိဳးကို မေဆာင္႐ြက္ရလွ်င္ မေနႏိုင္ေသာ အက်င့္ရွိသည့္ သူဆင္းရဲတစ္ဦး ရွိေလသည္။ သူတစ္ပါးအက်ိဳးကို ေဆာင္႐ြက္ျခင္းသည္ အလြန္ေကာင္းျမတ္သည္ဟု သူကယုံၾကည္ေသာ္လည္း သူ၏မိဘေဆြမ်ိဳး အသိုင္းအဝိုင္းတို႔က သူ႔ကို ႐ိုးလြန္းအလြန္းသည္ဟု ျမင္ၾကသည္။ ထို႔ေၾကာင့္ သူအား ‘ ေမာင္ေ႐ႊအ ’ ဟု ေခၚၾကေလသည္။တစ္ေန႔ေသာ္ ေမာင္ေ႐ႊအသည္ ေတာထဲမွ ဝါးမ်ားကို ခုတ္ယူလာၿပီး အိမ္ေရာက္၍ ပခုံးေပၚမွ ပစ္ခ်လိုက္သည္ႏွင့္တၿပိဳင္နက္ အိမ္နီးခ်င္းမ်ားႏွင့္ သူငယ္ခ်င္းမ်ားက တစ္ေယာက္တစ္လုံးစီ ယူသြားၾကသည္။ေမာင္ေ႐ႊအမွာမူ ဝမ္းသာပီတိျဖစ္ကာ ၿပဳံးေပ်ာ္ေသာ မ်က္ႏွာျဖင့္ ၾကည့္ေနေလသည္။ ထိုအခါ သူ၏ မိခင္က “ ငါ့သားလို လူမ်ိဳးက သိပ္ရွားလွတယ္.. ငါ့သားေရ မင္း ဒီပုံစံဆို စုမိေဆာင္းမိ ရွိမယ္ မထင္ .. ကိုယ့္ဖို႔ ကိုယ္သိပါ ငါ့သား..” ဟု ေျပာေသာ္ ေမာင္ေ႐ႊအက “ အေမရယ္.. သား ဒီလိုကူညီေနရရင္ကို ေပ်ာ္ေနတာဗ်.. ပတ္ဝန္းက်င္ကို တစ္ေထာင့္တစ္ေနရာက ေပးဆပ္ခြင့္ရေတာ့ ဘဝႀကီးက ေနမေပ်ာ္ဘူးလားဗ်.. ” ဟု ျပန္တုံ႔ျပန္သည္။ထိုစကားမ်ား နားေထာင္ေနေသာ ဖခင္မွ “ အေမႀကီးေရ.. ဒီလိုဆို မျဖစ္ေတာ့ဘူး .. ဘာေၾကာင့္ ဒီေလာက္ထိ တုံးအလြန္းတာလဲကို သိႏိုင္ဖို႔.. ေတာထဲမွာ သီတင္းသုံးေနတဲ့ ရေသ့ပညာရွိႀကီးဆီ သြားေမးခိုင္း လိုက္ .. ” ဟု ဆိုၿပီး ေမာင္ေ႐ႊအအား ေတာထဲမွာရွိသည့္ ရေသ့ႀကီးထံ သြားေမးေစ၏။ ေမာင္ေ႐ႊအသည္ ျငင္းဆိုျခင္း အလ်ဥ္းမရွိ သူ၏မိဘမ်ား မွာၾကားသည့္အတိုင္း ေတာထဲသြားေလသည္။ေမာင္ေ႐ႊအသည္ ခရီးအေတာ္ေဝးလာေသာ္ ေမာပန္းလွ၍ ေညာင္ပင္အရိပ္တြင္ ဝင္ေရာက္နားေနခိုက္ ေက်းငွက္တစ္ေကာင္က “ အေဆြလူသား.. အဘယ္ကိစၥျဖင့္ အဘယ္အရပ္သြားမလို႔လဲ.. ” ဟု ေမးရာ ေမာင္ေ႐ႊအက မိမိ၏ အေၾကာင္းစုံကို ေျပာျပသည္။ ေက်းငွက္က “ အေဆြလူသား.. ကြၽႏ္ုပ္သည္လည္း ဤေညာင္ပင္ႀကီးမွ လြဲ၍ အျခားမည္သည့္ ေနရာမွ မသြားႏိုင္ျဖစ္ေနတယ္ .. ဤေညာင္ပင္မွ မခြဲႏိုင္ မခြာႏိုင္ ျဖစ္ေနသည္ကို မည္သို႔ျပဳလုပ္ရမည့္အေၾကာင္း ရေသ့ႀကီးအား ေမးခဲ့ပါ..” ဟု အကူ အညီေတာင္းရာ ေမာင္ေ႐ႊအသည္ “ေကာင္းပါၿပီ က်ဳပ္ ေမးခဲ့ပါမယ္..” ဟု ဆိုၿပီး ခရီးဆက္ခဲ့ေလသည္။ခရီးအတန္ေဝးေသာ္ လမ္းေဘးရွိ ဇရပ္ႀကီးတစ္ခုကိုေတြ႕၍ ဝင္နားရာ ၊ ထိုဇရပ္တြင္ ထိုင္ေနသည့္ သူႂကြယ္ႀကီးက “ အေဆြ အဘယ္ကိစၥျဖင့္ အဘယ္အရပ္သို႔ သြားမလို႔လဲ.. ” ဟု ေမးေလသည္။ ေမာင္ေ႐ႊအက မိမိျဖစ္စဥ္ကို ေျပာျပသည္။ သူႂကြယ္ႀကီးက “ ကြၽႏ္ုပ္မွာလည္း နာတာရွည္ေရာဂါ စြဲကပ္ေနတာ ၾကာပါၿပီ.. မည္သို႔ေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ရမည္ကို ရေသ့ပညာရွိႀကီးအား အႀကံေမးခဲ့ေပးပါ ေမာင္မင္း.. ” ဟု အကူအညီေတာင္း သည္။ ထိုသို႔အကူအညီေတာင္းသည္ကို ေမာင္ေ႐ႊအသည္ “ မပူပါနဲ႔ သူေ႒းမင္း .. ကြၽန္ေတာ္ ေမးခဲ့ပါမယ္.. ” ဟု ဆိုၿပီးလွ်င္ ဆက္လက္ ခရီးႏွင္ခဲ့သည္။ထို႔ေနာက္ ေတာင္ေပၚမေရာက္ခင္ ျမစ္ကမ္းေဘးတြင္ထိုင္လ်က္ ေရအလ်ဥ္ကို ၾကည့္ေနစဥ္ ေရထဲမွာ မိေက်ာင္းတစ္ေကာင္ထြက္လာၿပီး “ အေဆြလူသား.. အဘယ္ကိစၥျဖင့္ အဘယ္အရပ္သို႔ သြားမလဲ.. ” ဟု ေမးရာ ေမာင္ေ႐ႊအသည္ ေရွ႕ကလိုပင္ သူ႔ျဖစ္စဥ္ကို ေျပာျပျပန္သည္။ မိေက်ာင္းႀကီးကလည္း “ ကြၽႏု္ပ္မွာ ေခါင္းကိုက္ေဝဒနာ စြဲကပ္ေန၍ မည္သို႔ကုစားရမည့္အေၾကာင္းကို ရေသ့ပညာရွိအား ေမးခဲ့ေပးပါ..” ဟု မွာၾကားျပန္ရာ ေမာင္ေ႐ႊအသည္ “ စိတ္ခ် အသင္မိေက်ာင္း ေမးခဲ့ေပးပါမယ္..” ဟု ေျပာၿပီး ရေသ့ပညာရွိ သီတင္း သုံးရာ ေတာင္ေပၚသို႔ တက္သြားေလသည္။ရေသ့ပညာရွိထံ ေရာက္ေသာ္ ရေသ့ႀကီးက “ အဘယ္ကိစၥျဖင့္ လာခဲ့ပါသလဲ.. ” ဟု ေမးေလသည္။ ေမာင္ေ႐ႊအသည္ “ ေက်းငွက္တစ္ေကာင္သည္ ေညာင္ပင္ႀကီးတစ္ပင္မွ ဘယ္အရပ္မွ ပ်ံမသြားႏိုင္ဘဲ မခြဲခြာရက္ျဖစ္ေနပါတယ္.. ထိုအခ်င္းအရာကို မည္သိုေျဖရွင္းရမလဲ ကြၽန္ေတာ္မ်ိဳးကို ေလွ်ာက္ေမးဖို႔ မွာလိုက္ပါတယ္ ဘုရား.. ” ဟု ေလွ်ာက္ထား၏။ “ အေဆြလူသား ထိုေက်းငွက္ဟာ အရင္ဘဝေဟာင္းက သူပိုင္ ေ႐ႊအိုးတစ္လုံးႏွင့္ ေငြအိုးတစ္လုံးကို ေညာင္ပင္ေျခရင္းမွာ ျမႇဳပ္ထားခဲ့ဖူးတယ္.. ထိုအိုးႏွစ္လုံးကို တူးေဖာ္၍ သူတစ္ပါးအား ေပးကမ္းခဲ့ေသာ္ အျခားအရပ္ကို လြတ္လပ္စြာ ပ်ံသြားႏိုင္လိမ့္မယ္.. ” ဟူ၍ ေျဖၾကားေလသည္။တစ္ဖန္ ေမာင္ေ႐ႊအသည္ “ အရွင္ရေသ့.. ပစၥည္းေပါမ်ား ႂကြယ္ဝတဲ့ သူေ႒းတစ္ဦးကလည္း နာတာရွည္ေရာဂါ စြဲကပ္ေနသျဖင့္ အဘယ္ကုသနည္းနဲ႔ ကုသရမလဲ ေမးခိုင္းလိုက္ပါတယ္.. ” ဟု ေလွ်ာက္ထားရာ “ အေဆြလူသား ထိုသူႂကြယ္ႀကီးသည္ သူ၏ ပစၥည္းဥစၥာတို႔ကို စြဲလမ္းစိတ္ႀကီးမား၍ နာတာရွည္ေရာဂါ စြဲကပ္ေနျခင္းျဖစ္တယ္.. သူ၏ပစၥည္းဥစၥာ တစ္ဝက္ခန႔္ကို သူတစ္ပါးအား ရက္ေရာစြာ ေပးစြန႔္ပါက သူ ႂကြယ္၏ေရာဂါ ေပ်ာက္ကင္းသြားလိမ့္မယ္.. ” ဟု ေျဖဆိုေလသည္။ေမာင္ေ႐ႊအသည္ “အရွင္ရေသ့ .. ျမစ္ထဲရွိ မိေက်ာင္းႀကီးတစ္ေကာင္ဟာ ေခါင္းကိုက္ေဝဒနာ စြဲကပ္ေနပါတယ္.. ဒီေဝဒနာကို ေပ်ာက္ကင္းေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းကိုလည္း ေမးပါရေစ ဘုရား..” ဟု ရ ေသ့ကို ထပ္မံေလွ်ာက္တင္ျပန္၏။ ထိုအခါ “ အေဆြလူသား.. ထိုမိေက်ာင္းႀကီးရဲ႕ ဦးေခါင္းထဲမွာ ပတၱျမားတစ္လုံးရွိေနလို႔ ေခါင္းကိုက္ေဝ ဒနာစြဲကပ္ေနတာပါ.. ဒီပတၱျမားကို ထုတ္ယူၿပီး တစ္ပါးသူကို ရက္ေရာစြာ ေပးစြန႔္လိုက္ပါက ေဝဒနာသက္သာသြားပါလိမ့္မယ္.. ” ဟု ေျဖဆိုေလသည္။ေမးခြန္းသုံးခြန္းေမးၿပီးသကာလ ေမာင္ေ႐ႊအသည္ ေက်းငွက္၊ သူႂကြယ္၊ မိေက်ာင္းတို႔သုံးဦးတို႔၏ အက်ိဳးကို ေဆာင္ရ၍ အလြန္ပင္ ဝမ္းေျမာက္ေနသည္။ ေတာေတာင္ထဲရွိ ရေသ့ပညာရွိႀကီးထံ ေရာက္လာရသည့္ မိမိ၏ ေမးခြန္းေမးရန္ပင္ ေမ့သြားကာ “ အခုလို ေျဖ ၾကားေပးတဲ့အတြက္ အလြန္ဝမ္းေျမာက္မိပါတယ္.. ကြၽန္ေတာ္မ်ိဳးကို ျပန္ခြင့္ျပဳပါ ဘုရား.. ” ဟု ႏႈတ္ဆက္ၿပီး ေတာင္ေပၚက ျပန္ဆင္းခဲ့ေလသည္။ေတာင္ေအာက္ရွိ ျမစ္နံေဘးမွာ ေစာင့္ေနေသာ မိေက်ာင္းထံေရာက္သည့္အခါ ဦးေခါင္းထဲမွာ ပတၱျမားရွိေနေသာေၾကာင့္ ေခါင္းကိုက္ေဝဒနာကို ခံစားေနရတာျဖစ္ေၾကာင္း ေျပာျပ၍ မိေက်ာင္းႀကီးက ဝမ္းသာစြာျဖင့္ ပတၱျမားလုံးကို ေမာင္ေ႐ႊအအား ထုတ္ယူေစခဲ့သည္။ ထိုသို႔ထုတ္ယူၿပီးသည္ႏွင့္ မိေက်ာင္း၏ေဝဒနာသည္ အရွင္းေပ်ာက္ကင္း သက္သာသြားသည္။ မိေက်ာင္းလည္း ေမာင္ေ႐ႊအကို ေက်းဇူး ဆပ္ေသာအားျဖင့္ “ အေဆြလူသား.. ဒီပတၱျမားကို အသင္လိုအပ္တဲ့အခါ ထုခြဲေရာင္းခ်ပါေလ.. ” ဟု ဆိုကာ ေရထဲဆင္းသြားေလ၏။ၿပီးေနာက္ ခရီးဆက္ႏွင္လာ၍ ဇရပ္အနီး ျဖတ္ေသာအခါ သူႂကြယ္၏ နာတာရွည္ျဖစ္ရသည့္ အေၾကာင္းအရင္းကို သူအား ေျပာျပေလသည္။ သူႂကြယ္ႀကီးကလည္း “ ဒါျဖင့္ ကြၽႏု္ပ္ရဲ႕ပိုင္ဆိုင္မႈေတြထဲက တစ္ဝက္တိတိကို အခုလိုကူညီေပးတဲ့ အေမာင့္အား ေပးပါမယ္..” ဟု သဒၵါထက္သန္စြာ ေျပာဆို၍ တခဏမွာပင္ သူႂကြယ္၏ေရာဂါလကၡဏာေတြ ကင္းစင္ၿပီးလွ်င္ က်န္းမာသြက္လက္ေသာ လူတစ္ဦးအျဖစ္ ႐ုတ္ခ်ည္း ေျပာင္းလဲသြားခဲ့သည္။ထို႔ေနာက္ ေမာင္ေ႐ႊအသည္ ေညာင္ပင္ရွိေက်းငွက္ထံ ေရာက္လာျပန္၍ ရေသ့ႀကီးမိန႔္လိုက္သည့္အတိုင္း ေျပာေသာအခါ ေက်းငွက္သည္ ဝမ္းေျမာက္စြာျဖင့္ “ အေဆြလူသား.. ေ႐ႊအိုးနဲ႔ေငြအိုးကို ယခုပင္ တူးေဖာ္ သယ္ယူသြားပါေတာ့..” ဟု ဆိုၿပီး မိမိလိုရာ အရပ္ကို လြတ္လပ္စြာ ပ်ံသန္းသြားေလေတာ့သည္။ ေမာင္ေ႐ႊအမွာလည္း အျခားသူမ်ားကို ကူညီၿပီး သူဆင္းရဲဘဝမွ ႐ုန္းထြက္ႏိုင္မည့္ မိမိအျဖစ္ကို ဝမ္းေျမာက္ဝမ္းသာျဖစ္ကာ အိမ္ျပန္ေရာက္လွ်င္ သူ၏မိဘႏွစ္ပါးလည္း ေပ်ာ္႐ႊင္ႏိုင္မည္ဟု ျမင္ေယာင္၍ မိမိေတာ ႐ြာကို ေပ်ာ္႐ႊင္စြာ ျပန္လာေလေတာ့သည္။ အမ်ားအက်ိဳးေဆာင္ရင္ ကိုယ့္အက်ိဳးပါေအာင္ျမင္တတ္သည့္ အေၾကာင္းကို ဒီပုံျပင္ေလးက သင္ခန္းစာေပးထားတာျဖစ္ပါတယ္။