သူတစ်ပါး အိမ်ထောင်ဖျက်ဖြိုခွဲသူတွေ ခံစားရမယ့် အရာ(၅) မျိူး

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်..ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်..ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာမဟုတ်ပါဘူး..။ သူတစ်ပါးမိ သားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူတွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်..။(၁) ပူလောင်ခြင်း – သူတစ်ပါးအိမ် ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေ အမြဲတမ်းခံစားနေရမယ့်အရာကတော့ပူလောင်ခြင်းပါပဲ..သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလိုမှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာတဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှအေးချမ်းရမှာမဟုတ်ပါဘူး..တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူးရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်းမသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။ (၂) စိုးရိမ်ထိတ်လန့်ခြင်း – ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်းပူပင်သောကရောက်နေရမှာပါ..ဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များတခြားသူနောက်ပြန်ပါသွားမလဲ၊ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန်လုံး စိုးရိမ်သောကရောက်နေရမှာပါ..ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြား မှာနည်းနည်းလေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။

(၃) ဝဋ်လည်ခြင်း – ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ်..ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်..ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှသူတို့ပြန်ခံစားရမှာပါ..သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်းလာမှာ မဟုတ်သလို တစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါ ကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။(၄) လူတွေရဲ့အထင်အမြင်သေးခြင်း – သူတစ်ပါးအိမ် ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေ ဟာဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေးစားတော့မှမဟုတ်သလိုဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါဘူး..သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ်..ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။(၅) နောင်တတရား – သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက် ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်။သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါအရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာရှိတော့မှာ မဟုတ်ပါဘူး။အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်ကအမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး ။

Credit – TrueMan

[zawgyi]

ေလာကမွာ ေၾကာက္စရာအေကာင္းဆုံးနဲ႔ အယုတ္ညံ့ဆုံးလုပ္ရပ္ေတြထဲမွာသူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္..ဒီလိုလူေတြက ယာယီေတာ့ ေပ်ာ္႐ႊင္ရမယ္..ဒါေပမယ့္ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမႈ၊ ေပ်ာ္႐ႊင္မႈကိုရရွိမွာမဟုတ္ပါဘူး..။ သူတစ္ပါးမိ သားစုကိုၿဖိဳခြဲတဲ့သူေတြ၊ေဖာက္ျပန္တဲ့သူေတြခံစားရမယ့္အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္..။(၁) ပူေလာင္ျခင္း – သူတစ္ပါးအိမ္ ေထာင္ကိုၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့သူေတြ အၿမဲတမ္းခံစားေနရမယ့္အရာကေတာ့ပူေလာင္ျခင္းပါပဲ..သူတို႔ရင္ထဲမွာ ေနာင္တရသလိုလို၊ ေက်နပ္သလိုလိုမွားေနသလိုလို၊ မွန္ေနျပန္သလိုလို မေသခ်ာမေရရာတဲ့ခံစားခ်က္ေတြ အမ်ိဳးမ်ိဳးျဖစ္ေနၿပီး ဘယ္ေတာ့မွေအးခ်မ္းရမွာမဟုတ္ပါဘူး..တစ္ခါတေလအလိုလိုေနရင္း ေဒါသေတြထြက္ ရႉးရႉးရွားရွားေတြျဖစ္ၿပီးဘာေတြကိုေဒါသထြက္လို႔ထြက္မွန္းမသိေအာင္ကို ပူေလာင္ၿပီး အ႐ူးတစ္ေယာက္လို ျဖစ္ေနမွာပါ။ (၂) စိုးရိမ္ထိတ္လန႔္ျခင္း – ဒီလိုလူမ်ိဳးေတြရဲ႕ပတ္သက္မႈဟာ မတရားသျဖင့္ရရွိထားတဲ့ ပတ္သက္မႈ မ်ိဳးျဖစ္တာေၾကာင့္ အၿမဲတမ္းပူပင္ေသာကေရာက္ေနရမွာပါ..ဒါ့အျပင္ဘယ္ေတာ့ဝဋ္ျပန္လည္မလဲ၊ဘယ္ေတာ့မ်ားတျခားသူေနာက္ျပန္ပါသြားမလဲ၊ကိုယ့္ကိုယ္ဘယ္ေတာ့ထားသြားမလဲဆိုၿပီး တစ္ခ်ိန္လုံး စိုးရိမ္ေသာကေရာက္ေနရမွာပါ..ဒါ့အျပင္ ၾကာလာတဲ့အခါသူတို႔ၾကား မွာနည္းနည္းေလး ျပႆနာ ရွိလာတာနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္အျပစ္တင္ၿပီး စိတ္ညစ္ၿပီးရင္းညစ္လာရမွာပါ။(၃) ဝဋ္လည္ျခင္း – ဝဋ္ဆိုတာက တကယ္ကိုလည္ပါတယ္..ခုေခတ္မွာ ဝဋ္လည္တာပိုေတာင္ျမန္ပါေသးတယ္..ဒါေၾကာင့္ ဒီလိုလူေတြဟာ သူတစ္ပါးကို မ်က္ရည္က်ေအာင္၊ရင္ကြဲေအာင္၊နာက်င္ေအာင္လုပ္ခဲ့သမွ်သူတို႔ျပန္ခံစားရမွာပါ..သူတစ္ပါးမ်က္ရည္နဲ႔တည္ေဆာက္ထားတဲ့သူတို႔ေတြရဲ႕ ပတ္သက္မႈဟာ ဘယ္ေတာ့မွ ေပ်ာ္စရာေကာင္းလာမွာ မဟုတ္သလို တစ္ခ်ိန္မွာ က်ိန္းေသေပါက္ဝဋ္ျပန္လည္လာတဲ့အခါ က်ရင္ သူတို႔ကို ကူညီမယ့္သူ၊ သနားမယ့္သူ တစ္ေယာက္မွေတာင္ရွိမွာ မဟုတ္ပါဘူး။(၄) လူေတြရဲ႕အထင္အျမင္ေသးျခင္း – သူတစ္ပါးအိမ္ ေထာင္ကိုၿဖိဳခြဲတဲ့သူ၊ ေဖာက္ျပန္တဲ့သူေတြ ဟာဘယ္ေလာက္ပဲ စည္းစိမ္ဥစၥာေတြရွိရွိ၊ ဘယ္ေလာက္ပဲပညာအရည္အခ်င္းျမင့္ျမင့္ ဘယ္သူကမွသူတို႔ကို ေလးစားေတာ့မွမဟုတ္သလိုဘယ္သူကမွလည္း သူတို႔ကိုယုံၾကည္ေတာ့မွာမဟုတ္ပါဘူး..သူတို႔ရဲ႕ စည္းစိမ္ဥစၥာ၊ နာမည္၊ ဂုဏ္ေၾကာင့္သာအေပၚယံေပါင္းခ်င္ေပါင္းမယ္၊ ဒါေပမယ့္ စိတ္ထဲမွာေတာ့သူတို႔ကို အထင္အျမင္အရမ္းေသးေနမွာျဖစ္ပါတယ္..ဒုကၡေရာက္တဲ့အခ်ိန္ေတြမွာေတာင္ ကူညီမယ့္သူတစ္ေယာက္မွ ရွိမွာ မဟုတ္ပါဘူး။(၅) ေနာင္တတရား – သူတစ္ပါးရဲ႕အိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ ျပန္တဲ့သူေတြဟာ ေနာင္တတရားနဲ႔ အဆုံးသတ္ရေလ့ရွိပါတယ္။သူတို႔ရဲ႕ သားသမီးေတြရဲ႕ နာက်ည္းျခင္းကိုခံရတဲ့အခါအရာအားလုံးကို ေနာင္တရၿပီး စစ္မွန္တဲ့ ေမတၱာတရားကို ေတာင့္တလာတဲ့အခါမွာ ဘယ္သူမွ သူတို႔အနားမွာရွိေတာ့မွာ မဟုတ္ပါဘူး။အရင္အခ်ိန္ေတြ၊ အရင္တုန္းကျဖဴစင္ခဲ့တဲ့ အတိတ္ေတြကိုဘယ္ေလာက္ပဲျပန္ လိုခ်င္လိုခ်င္ သူတို႔ကိုယ္တိုင္ကအမဲစက္ျဖစ္ေနတဲ့အတြက္ ဘယ္ေတာ့မွျပန္ၿပီး မျဖဴစင္ႏိုင္ေတာ့ပါဘူး ။