သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေနဲ့

အသားမဲတာ ၊ အရုပ်ဆိုးတာ ၊ ဝတာ ၊ ပိန်တာ ၊ ပညာမတတ်တာ၊ ဆင်းရဲတာ ၊ ခက်ခဲကြမ်းတမ်းတာ ၊အစသဖြင့်တွေးပြီး စိတ်ဓာတ်မကျပါနဲ့။လောကကြီးမှာ မင်းထက်အဖြစ်ဆိုးလူတွေတစ်ပုံကြီးပါ။ သေချာတစ်ခုက မင်းရဲ့အလှကို ဘယ်သူမှ မြင်စရာမလိုပါဘူး။ အရေးကြီးတာက မင်းကိုယ်မင်း ယုံကြည်မှုရှိဖို့ပဲ အဓိကကျတယ်။ တစ်ခြားသူတွေက မင်းကို အသားမဲတယ်ပဲပြောပြော၊ ပညာမတတ်ဘူးဘဲပြောပြော၊ ရုပ်ဆိုးတယ်ပဲပြောပြော၊ ဆင်းရဲလို့ သူတောင်းစားခေါ်ခံရလဲ ဂရုစိုက်စရာမလိုပါဘူး။ သူ့တို့အမြင်ဟာ မင်းဘဝအတွက်အရေးမပါဘူး။ အ ဓိက က မင်းဘဝအခြေအနေကို မင်းလက်ခံနိုင်ဖို့ပဲလိုပါတယ်။ ဘယ်သူကပဲ မင်းကိုမဖြစ်နိုင်ဘူး ၊ မလုပ်နဲ့ခက်ခဲကြမ်းတမ်းတယ်လို့ပြောရင် သူ့တို့ပြောတဲ့ စကားအောက်မှာ မင်းရဲ့ယုံကြည်မှုတွေ ကြေမွမသွားစေနဲ့။ မင်းဘဝအတွက် မင်းလျှောက်ရမယ့်လမ်းမှာတစ်ခြားသူတွေရဲ့ ချီးမွန်ခြင်း ကဲ့ရဲ့ခြင်းတွေက မရေးမပါခဲ့ဘူး။ မင်းသိထားဖို့က မင်းရဲ့ယုံကြည်မှုကို မင်းအားကိုးရမယ်၊ မင်းဘဝအခြေအနေကို မင်းလက်ခံနိုင်ရမယ်၊ မင်းဘဝရဲ့ကံတရားပေါ်မှာ မင်းကျေကျနပ်နပ်လက်ခံပြီး ကြိုးစားဖို့သာဖြစ်တယ်။ လူတစ်ယောက်ရဲ့ဘဝရှင်သန်မှုမှာ အရုပ်လှခြင်း၊ အရုပ်ဆိုးခြင်း၊ ပိန်ခြင်း၊ ဝခြင်းဆိုတာဟာ အရေးမပါခဲ့ဘူး။ အရုပ်ချောမှ ၊ ပညာတတ်မှ အောင်မြင်မှုပန်းတိုင်ကိုရောက်မယ်လို့ ဘယ်သူကမှ ကန့်သတ်မထားခဲ့ဘူး။

တကယ်လို့ ကန့်သတ်ထားတယ်ဆိုရင် အဲဒါ ဘယ်သူမှမဟုတ်ဘူး။ မင်းရဲ့အောင်မြင်မှုကို တားဆီးပိတ်ပင်ဖို့ ဆင်ခြေတွေပေးတတ်တဲ့ မင်းကိုယ်တိုင်ပဲဖြစ်လိမ့်မယ်။ ဘဝကို အောင်မြင်အောင်ကြိုးစားဖို့ ခက်ခဲလားလို့မေးရင် ခက်ခဲပါတယ်။ ဒါပေမယ့် အဲ့ဒီ အခက်အခဲကို ဘယ်သူမှ မရင်ဆိုင်ချင်ကြဘူး။ ဒါကြောင့်လည်း လူတိုင်းက အောင်မြင်မှုနဲ့ဝေးကွာသွားကြတာပါ။ ဒါကြောင့် ခက်ခဲနေတဲ့ အချိန်မှာ အားတင်းထားပါ။ ကြိုးစားနေတဲ့အချိန်မှာ စိတ်ဓာတ်မကျပါနဲ့။ အောင်မြင်မှုဆိုတာ စွန့်စားခြင်းတမျိုးပဲ။ အကိုင်းအခက်တွေနဲ့ ဝေဝေဆာဆာလှပနေတဲ့ ညှောင်ပင်ဟာ ညှောင်ပင်ကြီးဖြစ်ဖို့ ညှောင်စေ့အခွံထဲမှာ အရက်တော်တော်ကြာအောင်အိပ်စက်ခဲ့ရတယ်။ အောင်မြင်နိုင်ဖို့ဆိုတာက စွန့်စားရဲတဲ့ သတ္တိလဲ လိုအပ်ပါတယ်။ ဒီလိုပါပဲ။ လောကအလယ်မှာ ရင်ကျော့ခေါင်းမော့ လှပနေတဲ့ ကြာပန်းဟာ ရေပုတ်ရေဆွေးထဲမှာအရက်တော်တော်ကြာအောင် ရုန်းကန်ခဲ့ရတယ်။ မင်းဘဝ လှပနိုင်ဖို့ အခက်အခဲတွေကိုရင်ဆိုင်ရမယ်။ ပညာမတတ်တာကို စိတ်မညစ်ရဘူး။ အ ရုပ်မချောတာကို စိတ်မပျက်ရဘူး။ ဝတာကို စိတ်မနာရဘူး။ ဆင်းရဲတာကို စိတ်ဓာတ်မကျရဘူး။ စိတ်ရှည်သည်းခံပြီး လမ်းကြောင်းမှန်အောင် လျှောက်နိုင်မှ အောင်မြင်မှာဖြစ်တယ်။ တစ်ခြားသူတွေရဲ့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွန်းခြင်းဟာ မင်းပန်းတိုင်မဟုတ်ဘူး။ သူများပါးစပ်မှာ မင်းဘဝကို လမ်းမဆုံးစေနဲ့။ လောကဓံကို မကြောက်ရဘူး။ ဘဝပင်လယ်ထဲမှာ ယုံကြည်မှုဆိုတဲ့ လှေတစ်စီးနဲ့ ပဲ့တစ်ချောင်းကိုင်ပြီး မရပ်မနားကူးခပ်ပြီး ခရီးရောက်ဖို့ ခရီးဆက်နေရမယ်။ အဲဒါ လူတစ်ယောက်ရဲ့ဘဝ ရပ်တည်မှုပဲ။

Credit to original

[zawgyi]

အသားမဲတာ ၊ အ႐ုပ္ဆိုးတာ ၊ ဝတာ ၊ ပိန္တာ ၊ ပညာမတတ္တာ၊ ဆင္းရဲတာ ၊ ခက္ခဲၾကမ္းတမ္းတာ ၊အစသျဖင့္ေတြးၿပီး စိတ္ဓာတ္မက်ပါနဲ႔။ေလာကႀကီးမွာ မင္းထက္အျဖစ္ဆိုးလူေတြတစ္ပုံႀကီးပါ။ ေသခ်ာတစ္ခုက မင္းရဲ႕အလွကို ဘယ္သူမွ ျမင္စရာမလိုပါဘူး။ အေရးႀကီးတာက မင္းကိုယ္မင္း ယုံၾကည္မႈရွိဖို႔ပဲ အဓိကက်တယ္။ တစ္ျခားသူေတြက မင္းကို အသားမဲတယ္ပဲေျပာေျပာ၊ ပညာမတတ္ဘူးဘဲေျပာေျပာ၊ ႐ုပ္ဆိုးတယ္ပဲေျပာေျပာ၊ ဆင္းရဲလို႔ သူေတာင္းစားေခၚခံရလဲ ဂ႐ုစိုက္စရာမလိုပါဘူး။ သူ႔တို႔အျမင္ဟာ မင္းဘဝအတြက္အေရးမပါဘူး။ အ ဓိက က မင္းဘဝအေျခအေနကို မင္းလက္ခံႏိုင္ဖို႔ပဲလိုပါတယ္။ ဘယ္သူကပဲ မင္းကိုမျဖစ္ႏိုင္ဘူး ၊ မလုပ္နဲ႔ခက္ခဲၾကမ္းတမ္းတယ္လို႔ေျပာရင္ သူ႔တို႔ေျပာတဲ့ စကားေအာက္မွာ မင္းရဲ႕ယုံၾကည္မႈေတြ ေၾကမြမသြားေစနဲ႔။ မင္းဘဝအတြက္ မင္းေလွ်ာက္ရမယ့္လမ္းမွာတစ္ျခားသူေတြရဲ႕ ခ်ီးမြန္ျခင္း ကဲ့ရဲ႕ျခင္းေတြက မေရးမပါခဲ့ဘူး။ မင္းသိထားဖို႔က မင္းရဲ႕ယုံၾကည္မႈကို မင္းအားကိုးရမယ္၊ မင္းဘဝအေျခအေနကို မင္းလက္ခံႏိုင္ရမယ္၊ မင္းဘဝရဲ႕ကံတရားေပၚမွာ မင္းေက်က်နပ္နပ္လက္ခံၿပီး ႀကိဳးစားဖို႔သာျဖစ္တယ္။ လူတစ္ေယာက္ရဲ႕ဘဝရွင္သန္မႈမွာ အ႐ုပ္လွျခင္း၊ အ႐ုပ္ဆိုးျခင္း၊ ပိန္ျခင္း၊ ဝျခင္းဆိုတာဟာ အေရးမပါခဲ့ဘူး။ အ႐ုပ္ေခ်ာမွ ၊ ပညာတတ္မွ ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္မယ္လို႔ ဘယ္သူကမွ ကန႔္သတ္မထားခဲ့ဘူး။တကယ္လို႔ ကန႔္သတ္ထားတယ္ဆိုရင္ အဲဒါ ဘယ္သူမွမဟုတ္ဘူး။ မင္းရဲ႕ေအာင္ျမင္မႈကို တားဆီးပိတ္ပင္ဖို႔ ဆင္ေျခေတြေပးတတ္တဲ့ မင္းကိုယ္တိုင္ပဲျဖစ္လိမ့္မယ္။ ဘဝကို ေအာင္ျမင္ေအာင္ႀကိဳးစားဖို႔ ခက္ခဲလားလို႔ေမးရင္ ခက္ခဲပါတယ္။ ဒါေပမယ့္ အဲ့ဒီ အခက္အခဲကို ဘယ္သူမွ မရင္ဆိုင္ခ်င္ၾကဘူး။ ဒါေၾကာင့္လည္း လူတိုင္းက ေအာင္ျမင္မႈနဲ႔ေဝးကြာသြားၾကတာပါ။ ဒါေၾကာင့္ ခက္ခဲေနတဲ့ အခ်ိန္မွာ အားတင္းထားပါ။ ႀကိဳးစားေနတဲ့အခ်ိန္မွာ စိတ္ဓာတ္မက်ပါနဲ႔။ ေအာင္ျမင္မႈဆိုတာ စြန႔္စားျခင္းတမ်ိဳးပဲ။ အကိုင္းအခက္ေတြနဲ႔ ေဝေဝဆာဆာလွပေနတဲ့ ေညႇာင္ပင္ဟာ ေညႇာင္ပင္ႀကီးျဖစ္ဖို႔ ေညႇာင္ေစ့အခြံထဲမွာ အရက္ေတာ္ေတာ္ၾကာေအာင္အိပ္စက္ခဲ့ရတယ္။ ေအာင္ျမင္ႏိုင္ဖို႔ဆိုတာက စြန႔္စားရဲတဲ့ သတၱိလဲ လိုအပ္ပါတယ္။ ဒီလိုပါပဲ။ ေလာကအလယ္မွာ ရင္ေက်ာ့ေခါင္းေမာ့ လွပေနတဲ့ ၾကာပန္းဟာ ေရပုတ္ေရေဆြးထဲမွာအရက္ေတာ္ေတာ္ၾကာေအာင္ ႐ုန္းကန္ခဲ့ရတယ္။ မင္းဘဝ လွပႏိုင္ဖို႔ အခက္အခဲေတြကိုရင္ဆိုင္ရမယ္။ ပညာမတတ္တာကို စိတ္မညစ္ရဘူး။ အ ႐ုပ္မေခ်ာတာကို စိတ္မပ်က္ရဘူး။ ဝတာကို စိတ္မနာရဘူး။ ဆင္းရဲတာကို စိတ္ဓာတ္မက်ရဘူး။ စိတ္ရွည္သည္းခံၿပီး လမ္းေၾကာင္းမွန္ေအာင္ ေလွ်ာက္ႏိုင္မွ ေအာင္ျမင္မွာျဖစ္တယ္။ တစ္ျခားသူေတြရဲ႕ ေဝဖန္ျခင္း၊ ကဲ့ရဲ႕ျခင္း၊ ခ်ီးမြန္းျခင္းဟာ မင္းပန္းတိုင္မဟုတ္ဘူး။ သူမ်ားပါးစပ္မွာ မင္းဘဝကို လမ္းမဆုံးေစနဲ႔။ ေလာကဓံကို မေၾကာက္ရဘူး။ ဘဝပင္လယ္ထဲမွာ ယုံၾကည္မႈဆိုတဲ့ ေလွတစ္စီးနဲ႔ ပဲ့တစ္ေခ်ာင္းကိုင္ၿပီး မရပ္မနားကူးခပ္ၿပီး ခရီးေရာက္ဖို႔ ခရီးဆက္ေနရမယ္။ အဲဒါ လူတစ္ေယာက္ရဲ႕ဘဝ ရပ္တည္မႈပဲ။