သူ့ကိုမုန်းလျှင် ကိုယ်ရှုံးသည်

ရာဇဂြိုဟ်ပြည်မှာပါ ချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့သားလေးတစ်ယောက်ရှိတယ် ။ သူ့နာမည်က ဇမ္ဗုက တဲ့… ။ငယ်ငယ်က ထ မင်းကျွေးရင်ငိုတယ် မစားဘူး။ကိုယ့်မစင်ပဲ လျှာလေးနဲ့လျက် လျက် ပြီးစားတယ် ။ကလေးအရွယ်မို့ မသိတတ်သေးတာပဲလို့ ထင်ခဲ့တာပေါ့ ။အကျင့်က မပျောက်ဘူး ကြီးလာတော့ မိဘတွေက ရှက်လို့အဝတ်မဝတ်တဲ့ အစေလက အာဇီဝကတွေထံ ပို့လိုက်တယ် ။အချိန်တန်ဆွမ်း စားခေါ်တော့ သူက မလိုက်ဘူး ။ဗိုက် မဆာဘူးလိုလို ဘာလိုလိုနဲ့ ကျန်ခဲ့တာပါ သူက ဘာစားလဲဆိုတော့ မစင်တွင်းကိုဖွင့်ပြီး အား ရပါးရ စားသတဲ့ နောက်တော့ အာဇီဝကတွေက ကျောင်းကို ပြန်ချောင်းတော့မိပါတယ် ။သူ့ကို ကျောင်းက ထုတ်လိုက်တယ် ။ ဒါနဲ့ အိမ်သာများတဲ့နေရာ စျေးတန်းကို ရွေးလိုက်ပါတယ် ။သူ့အတွက်အတော်ဟန်ကျဆိုပဲ..။သူနေတဲ့ပုံစံက ဒီလိုပါ လက်တစ်ဖက်က ကျောက်ဖျာကိုထောက် ခြေတစ်ဖက်က မြှောက်ပြီး ဒူးထောက်နေပါတယ် ။ပြီးတော့ ပါးစပ်လဲ ဖွင့်ထားပြီး သူများတွေ မေးရင် လေကိုသာစားတယ်လို့ဖြေပါတယ် ။ခြေတစ်ဖက် မြှောက်ထားရတာက ကမ္ဘာကြီးလေးမှာ စိုးလို့တဲ့ ။ဒီလိုနဲ့ မစင်တွေ စားခဲ့တာ(၅၅) နှစ်ကြာသွားခဲ့ပါတယ် ။တစ်နေ့တော့ ဘုရားရှင် ကြွတော်မူပြီး တရားဟောရပါတယ် ။နောက်ဆုံး ရဟန္တာဖြစ်သွားပါတယ် ။(၅၅) နှစ် ဘာလို့ မစင်တွေစားခဲ့ရတာလဲဆိုတော့ တစ်ခုသောဘဝမှာ သူက ရဟန်းတစ်ပါးဖြစ်ခဲ့တယ် ။ကျောင်းကိုလာတဲ့ရဟန်းတစ်ပါးကို ရွာထဲက ဒကာ က ကြည်ညိုလို့….ကုတင် / ဆွမ်း / ဆတ္တာသည် / သင်္ကန်းထို လေးမျိုးကို ဒကာ က လှူမယ်ဆိုလို့ ကျောင်းနေရဟန်းကအာဂန္တု ရဟန်းကို ထို လာဘ်လာဘတွေကို မရစေချင်တာဒါနဲ့သူက ညနေချမ်းအခါ အာဂန္တု ရဟန်းထံသွားပြီး . . . သင်သည် ငါ့ဒကာ လှူမယ့်ဆွမ်းကို စားမဲ့အစား မစင်စားတာကမှ မြတ်သေးတယ်လို့ ပြောခဲ့မိတယ် ။

သင်သည် ခေါင်းကို ဓားနဲရိတ်မယ့်အစား ဆံပင်ကို နှုတ်တာကမှ မြတ်သေးတယ်လို့ ပြောခဲ့မိတယ် ။သင်သည် သင်္ကန်းဝတ်မဲ့အစား အဝတ်မစည်းပဲနေတာကမှမြတ်သေးတယ် လို့ပြောခဲ့မိတယ် ။သင်သည် ကုတင်နဲ့အိပ်ရတာထက် မြေကြီးမှာ အိပ်ရတာကမြတ်သေးတယ်လို့ပြောခဲ့မိတယ် ။´တကယ်ဆို ခဏလာတဲ့ ဧည့်သည်ပဲ သူပြန်သွားရင် ဒီပစ္စည်းတွေ ကိုယ့်ကျောင်းမှာ အကုန်ကျန်ခဲ့မှာ ယူသွားလို့လဲ မရပါဘူး ။ဒီလိုလေးများ စဉ်းစားမိလိုက်ရင်-ခုတော့ . . . သူပြောခဲ့မိတာက ရဟန္တာဆိုတာ သူ မသိခဲ့ဘူး (၅၅) နှစ်တိုင်အောင် အဝတ်မဝတ်ရဘူး ။ဆံပင်အနှုတ်ခံရတယ် မြေကြီးပဲအိပ်ရတယ် ။မစင်ကိုပဲ (၅၅) နှစ်ကြာအောင်စားခဲ့ရတယ် ´´သူ့ကို ခဏလေးမုန်းတဲ့စိတ်နဲ့ ပြောဖြစ်ခဲ့ပေမဲ့ ကိုယ့်မှာတော့ ဘဝတိုင်းရှုံးခဲ့ရတယ် ။ငရဲမှာ ဘယ်လောက်ကြာ ခံရသလဲဆိုရင် ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရား (ဘုရားနှစ်ဆူကြား) အဝီစိငရဲမှာ ခံခဲ့ရပါတယ် ။အဲလောက်ထိ ကြာတယ်နော် ။ကြောက်စရာ ကောင်းလိုက်တာ ရှင်… ။သြော်– သူ့ကိုမုန်းရင် ကိုယ်ရှုံးသည် ဝန် တိုမိတာ ခဏလေးရယ်ပါ ။ဝန်တိုခြင်း..မစ္ဆရိယဆိုတာ တယ်ကြောက်စရာ ကောင်းပါလားရှောင်နိုင်ကြပါစေ ။အသိ သတိရှိကြပါစေ ဘဝဆိုတာ ခဏလေးပါ ။ပုံပြင် မဟုတ်ဘူး/ ဒိုင်ယာရီ မဟုတ်ဘူး /ယုံတမ်း စကားတွေလည်း မဟုတ်ပါဘူး ဆိုတာ သိစေချင်ပါသည် ။

Credit…June Pyae Sone

[zawgyi]

ရာဇၿဂိဳဟ္ျပည္မွာပါ ခ်မ္းသာတဲ့ မိဘႏွစ္ပါးက ေမြးဖြားလာတဲ့သားေလးတစ္ေယာက္ရွိတယ္ ။ သူ႔နာမည္က ဇမၺဳက တဲ့… ။ငယ္ငယ္က ထ မင္းေကြၽးရင္ငိုတယ္ မစားဘူး။ကိုယ့္မစင္ပဲ လွ်ာေလးနဲ႔လ်က္ လ်က္ ၿပီးစားတယ္ ။ကေလးအ႐ြယ္မို႔ မသိတတ္ေသးတာပဲလို႔ ထင္ခဲ့တာေပါ့ ။အက်င့္က မေပ်ာက္ဘူး ႀကီးလာေတာ့ မိဘေတြက ရွက္လို႔အဝတ္မဝတ္တဲ့ အေစလက အာဇီဝကေတြထံ ပို႔လိုက္တယ္ ။အခ်ိန္တန္ဆြမ္း စားေခၚေတာ့ သူက မလိုက္ဘူး ။ဗိုက္ မဆာဘူးလိုလို ဘာလိုလိုနဲ႔ က်န္ခဲ့တာပါ သူက ဘာစားလဲဆိုေတာ့ မစင္တြင္းကိုဖြင့္ၿပီး အား ရပါးရ စားသတဲ့ ေနာက္ေတာ့ အာဇီဝကေတြက ေက်ာင္းကို ျပန္ေခ်ာင္းေတာ့မိပါတယ္ ။သူ႔ကို ေက်ာင္းက ထုတ္လိုက္တယ္ ။ ဒါနဲ႔ အိမ္သာမ်ားတဲ့ေနရာ ေစ်းတန္းကို ေ႐ြးလိုက္ပါတယ္ ။သူ႔အတြက္အေတာ္ဟန္က်ဆိုပဲ..။သူေနတဲ့ပုံစံက ဒီလိုပါ လက္တစ္ဖက္က ေက်ာက္ဖ်ာကိုေထာက္ ေျခတစ္ဖက္က ေျမႇာက္ၿပီး ဒူးေထာက္ေနပါတယ္ ။ၿပီးေတာ့ ပါးစပ္လဲ ဖြင့္ထားၿပီး သူမ်ားေတြ ေမးရင္ ေလကိုသာစားတယ္လို႔ေျဖပါတယ္ ။ေျခတစ္ဖက္ ေျမႇာက္ထားရတာက ကမာၻႀကီးေလးမွာ စိုးလို႔တဲ့ ။ဒီလိုနဲ႔ မစင္ေတြ စားခဲ့တာ(၅၅) ႏွစ္ၾကာသြားခဲ့ပါတယ္ ။တစ္ေန႔ေတာ့ ဘုရားရွင္ ႂကြေတာ္မူၿပီး တရားေဟာရပါတယ္ ။ေနာက္ဆုံး ရဟႏၲာျဖစ္သြားပါတယ္ ။(၅၅) ႏွစ္ ဘာလို႔ မစင္ေတြစားခဲ့ရတာလဲဆိုေတာ့ တစ္ခုေသာဘဝမွာ သူက ရဟန္းတစ္ပါးျဖစ္ခဲ့တယ္ ။ေက်ာင္းကိုလာတဲ့ရဟန္းတစ္ပါးကို ႐ြာထဲက ဒကာ က ၾကည္ညိဳလို႔….ကုတင္ / ဆြမ္း / ဆတၱာသည္ / သကၤန္းထို ေလးမ်ိဳးကို ဒကာ က လႉမယ္ဆိုလို႔ ေက်ာင္းေနရဟန္းကအာဂႏၲဳ ရဟန္းကို ထို လာဘ္လာဘေတြကို မရေစခ်င္တာဒါနဲ႔သူက ညေနခ်မ္းအခါ အာဂႏၲဳ ရဟန္းထံသြားၿပီး . . . သင္သည္ ငါ့ဒကာ လႉမယ့္ဆြမ္းကို စားမဲ့အစား မစင္စားတာကမွ ျမတ္ေသးတယ္လို႔ ေျပာခဲ့မိတယ္ ။သင္သည္ ေခါင္းကို ဓားနဲရိတ္မယ့္အစား ဆံပင္ကို ႏႈတ္တာကမွ ျမတ္ေသးတယ္လို႔ ေျပာခဲ့မိတယ္ ။သင္သည္ သကၤန္းဝတ္မဲ့အစား အဝတ္မစည္းပဲေနတာကမွျမတ္ေသးတယ္ လို႔ေျပာခဲ့မိတယ္ ။သင္သည္ ကုတင္နဲ႔အိပ္ရတာထက္ ေျမႀကီးမွာ အိပ္ရတာကျမတ္ေသးတယ္လို႔ေျပာခဲ့မိတယ္ ။´တကယ္ဆို ခဏလာတဲ့ ဧည့္သည္ပဲ သူျပန္သြားရင္ ဒီပစၥည္းေတြ ကိုယ့္ေက်ာင္းမွာ အကုန္က်န္ခဲ့မွာ ယူသြားလို႔လဲ မရပါဘူး ။ဒီလိုေလးမ်ား စဥ္းစားမိလိုက္ရင္-ခုေတာ့ . . . သူေျပာခဲ့မိတာက ရဟႏၲာဆိုတာ သူ မသိခဲ့ဘူး (၅၅) ႏွစ္တိုင္ေအာင္ အဝတ္မဝတ္ရဘူး ။ဆံပင္အႏႈတ္ခံရတယ္ ေျမႀကီးပဲအိပ္ရတယ္ ။မစင္ကိုပဲ (၅၅) ႏွစ္ၾကာေအာင္စားခဲ့ရတယ္ ´´သူ႔ကို ခဏေလးမုန္းတဲ့စိတ္နဲ႔ ေျပာျဖစ္ခဲ့ေပမဲ့ ကိုယ့္မွာေတာ့ ဘဝတိုင္းရႈံးခဲ့ရတယ္ ။ငရဲမွာ ဘယ္ေလာက္ၾကာ ခံရသလဲဆိုရင္ ကႆပျမတ္စြာဘုရားနဲ႔ ေဂါတမျမတ္စြာဘုရား (ဘုရားႏွစ္ဆူၾကား) အဝီစိငရဲမွာ ခံခဲ့ရပါတယ္ ။အဲေလာက္ထိ ၾကာတယ္ေနာ္ ။ေၾကာက္စရာ ေကာင္းလိုက္တာ ရွင္… ။ေၾသာ္– သူ႔ကိုမုန္းရင္ ကိုယ္ရႈံးသည္ ဝန္ တိုမိတာ ခဏေလးရယ္ပါ ။ဝန္တိုျခင္း..မစၦရိယဆိုတာ တယ္ေၾကာက္စရာ ေကာင္းပါလားေရွာင္ႏိုင္ၾကပါေစ ။အသိ သတိရွိၾကပါေစ ဘဝဆိုတာ ခဏေလးပါ ။ပုံျပင္ မဟုတ္ဘူး/ ဒိုင္ယာရီ မဟုတ္ဘူး /ယုံတမ္း စကားေတြလည္း မဟုတ္ပါဘူး ဆိုတာ သိေစခ်င္ပါသည္ ။